Tuesday, February 28, 2006

သူငယ်ချင်း မှင်စာ

ဘဝပေါင်းများစွာ စုံခဲ့တဲ့ ကျွန်တှော့အတွက် မြန်မာပြည် အနှံ့မှာ သူငယ်ချင်းတွေ အများကြီး ရခဲ့တယ်။ တစ်ချို့လည်း ကိုယ့်အပှေါ ကောင်းကြတယ်။ တစ်ချို့လည်း ကိုယ့်အပှေါ မကောင်းကြဘူး။ မကောင်းတဲ့ အကြောင်းတော့ မရေးချင် တော့ပါဘူး။ ကောင်းတဲ့ သူတွေကိုပဲ ရွေးပြီး ရေးပါတော့မယ်။ ပထမဆုံး တစ်ယောက် ကတော့ ကျွန်တော့ သူငယ်ချင်း အရင်းကြီး သူရ ပေါ့။ ဒီကောင်နဲ့ ကျွန်တှောက အရင်က မတည့်ကြဘူး။ ပထမတွေ့တော့ ရေကြောင်းမှာ။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရဘူး။ နောက်ပိုင်း စာအတူတူ ကျက်ရင်းနဲ့ အတှော ပေါင်းမိ သွားကြတယ်။ နောက် တက်ကသိုလ်မှာ အတူတူ တက်ဖြစ်ကြတော့ ပိုပြီး ပေါင်းဖြစ်သွား တော့တယ်။ သူနဲ့ ကျွန်တှောနဲ့ ကျောင်းတှောမှာ ကတည်းက ကဗျာတွေ စာတွေ ရေးကြတယ်။ နှစ်ယောက်တည်း Today News ဆိုတဲ့ ကျောင်းတွင်း ဂျာနယ်လေးကို ထုတ်ကြတယ်။ ညဆို စာမကျက်ကြဘဲ သတင်းတွေ ရေးကြတယ်။ မနက်ကြရင် ကျောင်းနံရံမှာ ကပ်ကြတယ်။ ဆရာမတွေက လိုက်ဖမ်း ကျွန်တှောတို့က ထွက်ပြေးပေါ့။ လက်ရေးကို ဖျက်ပြီး ရေးကြတော့ ဘယ်သူလဲ ဆိုတာ သူတို့ တပ်အပ် မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် ကျွန်တှောတို့ မှန်းလည်း သူတို့ သိပါတယ်။ နောက်ဆုံး ကျွန်တှော့ကို သူတို့က ကျောင်းရဲ့ အနုပညာ အတွင်းရေးမှူး ခန့်လိုက်တယ်။ ကျွန်တှော့ အထက်မှာ ဆရာမ နှစ်ယောက်ရှိတယ်။ ကျွန်တှောတို့က မျိုးစုံ စည်းရုံးလို့ ကျောင်းသူ ကျောင်းသားတွေက ကဗျာတွေ စာတွေ ရေးကြတယ်။ ကျွန်တှောက စီစစ်ပြီး တင်တယ်။ လုံးဝ နိုင်ငံရေး မပါတာတောင် တင်မပေးဘူး ခင်ဗျား။ ခင်တော့ မောင်တော့ ကဗျာတွေ စာတွေဆို တင်ပေးတယ်။ မီးလျှံတွေ မုန်တိုင်းတွေ စတဲ့ နိမိတ်ပုံတွေ ပါလာရင် ပယ်တယ်။ ကျွန်တှောလည်း စိတ်ဓါတ် ကျသွားတယ်။ Generation Gap ဖြစ်နေတော့ လူငယ်တွေ ဆိုလိုတာကို အသက် ၆၀ နီးပါး ဆရာမကြီး လိုက်မမှီတော့ဘူး ထင်ပါရဲ့။ နောက်ဆုံး ကျွန်တှောတို့လည်း ၃ ခါလားပဲ တရားဝင် နံရံကပ်စာစောင် လုပ်ဖြစ်ခဲ့တယ်။ သူနဲ့ ကျွန်တှောကတော့ ကိုယ့်ဘာသာပဲ ကဗျာတွေ စာတွေ ရေးကြ တော့တယ်။ သီချင်းတွေ ရေးကြတယ်။ တစ်ယောက်စာကို တစ်ယောက် ဝေဖန်ကြတယ်။ အားပေးကြတယ်။ ရန်ကုန်မှာ ကျွန်တှောတို့ သူငယ်ချင်းတွေ စုပြီး နေကြတယ်။ အဲဒီ ဘဝလေးဟာ ပျှောဖို့ကောင်းတယ်။ အခုတော့ ကျွန်တှောတို့လည်း ကိုယ့်အလုပ် သူ့အလုပ်နဲ့ နေရာတွေ ဝေးနေကြပြီး စာချင်းပဲ အဆက်အသွယ် ရှိကြတော့တယ်။ ဒီကောင်လည်း အချိန်ကျလို့ အိမ်ယာတောင် ထူထောင်တော့မယ် ထင်ပါရဲ့။ သူတို့ပွဲမှာ လက်ဖွဲ့ ကောင်းကောင်း ပေးမယ်လို့ ကျွန်တှော ဂတိပေးထားတယ်။ မူပိုင်ရှင်မကြီး ဆိုတဲ့ သီချင်းကို ကြားတိုင်း ဒီကောင့်ကို သတိရမိတယ် ခင်ဗျား။ ဇာတ်လမ်းလေးတွေ ရှိလို့ပါ။

သူငယ်ချင်း မှင်စာသို့ အမှတ်တရ

Tags : Essay , Friend , Thura

No comments: