Saturday, January 28, 2006

One of My favourite Book

တစ်သက်တာ ပတ်လုံး ဖတ်ခဲ့ ရတဲ့ မြန်မာ စာအုပ်တွေထဲမှာ အနှစ်သက်ဆုံး စာအုပ်တစ်အုပ်ကို မနေ့က မှ ဖတ်လိုက်ရတယ်။ “ ဆရာကြီး ဒေါက်တာ သန်းထွန်း ရဲ့ ငါပြောချင်သမျှ ငါ့အကြောင်း ” ဆိုတဲ့ စာအုပ်ပါပဲ။ စာမျက်နှာ ၁၅၇ မျက်နှာ ရှိပြီး ဆရာကြီးရဲ့ အတွေးအမြင် အယူအဆ၊ သဘောထားတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ကျွန်တှော့ ဘဝတစ်သက်တာမှာ ဆရာကြီးလို ဆရာမျိုး တစ်ယောက်လောက် တွေ့ခွင့် ကြုံချင်ပါဘိ။ သူဟာ တခေတ်မှာ တစ်ယောက်ထွန်းတဲ့ ပညာရှင်ပဲ။ ဖတ်နေရင်းက သူကွယ်လွန်သွားတာကို ယူကျုံးမရ ဖြစ်နေမိတယ်။

ခင်ဗျားရေးတဲ့ ခေတ်ဟောင်း မြန်မာရာဇဝင် ပြည်သူ လက်ထဲကို မရောက်ဘူးလို့ သူများကပြောတော့ ဆရာကြီးက - “ ငါရေးတာ လူထုလက်စွဲ မဟုတ် လို့ “ ပြန်ဖြေခဲ့ပါသတဲ့။ တန်ဖိုးရှိသော စာဟာ လူတိုင်းနဲ့ မထိုက်တန် ဆိုတာကို နားလည် လိုက်ပါတယ်။

ဆရာကြီးရဲ့ စကားပြော ရေးဟန်ဟာ ကျွန်တှော အနှစ်သက်ဆုံး အရေးအသားပဲ။ မြန်မာတိုင်း ဖတ်သင့်တဲ့ စာအုပ်ပါပဲ။ အဖိုးတန်တဲ့ စာတွေ စကားတွေ ဖြစ်ရပ်တွေ သမိုင်း အထောက်အထားတွေ အများကြီး တွေ့ရတယ်။ ဆရာ့ စာတွေကို ဖတ်ရင် အဆိုးမြင်ဝါဒ ရှိသူရယ် လို့ ထင်ရနိုင်ပေမယ့် ခေတ်ကာလတစ်ခုမှာ ပညာရှင်တစ်ယောက် အဖိနှိပ် အကန့်သတ်ခံရပြီး တန်ဖိုးအထား မခံ ရလို့ နာကျည်းစိတ်နဲ့ အထေ့အငေါ့ လေးတွေ ဖြစ်လာတယ်လို့ ကျွန်တှော ယူဆမိတယ်။

ဆရာကန်တော့ ပွဲလုပ်ပြီး ကျောင်းသားတွေ ကန်တော့ ကြတော့ ဆရာက- ဒါ လာဘ်ပေးတာ တစ်မျိုးပဲလို့ တွက်ပါသတဲ့။ ပြီးတော့ ဆုမပေးပါဘူးတဲ့။ မင်းတို့ ပေးတာက နည်းတယ်. ငါကပြန်ပြီး နိဗာန်ဆု မပေးနိုင်ဘူး.။ မင်းတို့နဲ့ မတန်ဘူး ရယ်လို့ ဆိုပါတယ်။ လေးစားဖွယ်ကောင်းသော ဆရာ။

ကျွန်တှော့မှာ ဆရာ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက် ရန်ကုန် ပြန်ရင် ဒီစာအုပ်လေးကို မရရအောင် ဝယ်ပြီး သိမ်းထားမယ် လို့ စိတ်ကူးထားတယ်။ ဒါမျိုးဟာ တစ်သက်မှာ တစ်ခါ ဖတ်ရခဲပါတယ်။

မတှောလိုက်ရတဲ့ ဆရာ့ကို ဒီစာအုပ်ဖတ်ပြီး ကန်တော့ပါတယ်။ ပညာရှင် ပီသသော ဆရာ။


မှတ်ချက် ။ ဒီစာအုပ် အီးဘွခ်ကို Myanmar Pyi Thar နဲ့ Cherry Thit Sar မှာ အခမဲ့ ရယူနိုင်ပါတယ်။


Tags : Dr. Than Htun , Essay , Website , Ebook , Idea

No comments: