Monday, January 23, 2006

Mahabharata

ဒီနေ့ မဟာဘရတ စာအုပ်ကြီး ပထမပိုင်း ပြီးသွားပြီ။ ပြီးအောင် ဖတ်မယ်ဆိုပြီး တစ်ညလုံး ထိုင်ဖတ် ပစ်လိုက်တယ်။ စာမျက်နှာ ၉၀၀ ကျှော ပြီးသွားပြီ။ တစ်လလောက် ဖတ်လိုက်ရတယ်။ ကောင်းလိုက်တာ။ မြန်မာ ပြန် အကျဉ်း ဖတ်ခဲ့ရ တုန်းကတည်းက စိတ်ဝင် စားခဲ့တာ။ အခုမှ အာသာ ပြေတော့တယ်။ ရှေးနှစ်ပေါင်း များစွာက ရသေ့တစ်ပါးက ဘယ်လိုလုပ်များ ဒီလောက် ကောင်းတဲ့ အီပစ် တစ်ခုကို ဖန်တီးနိုင်ပါလိမ့်နှော။ မသိတာတွေ အများကြီး သိလာရတယ်။ ပဏဿဍဝမင်းသားတွေနဲ့ ကောရဝ မင်းသားတွေ ဖြစ်တဲ့ စစ်။ ကရစ်သျှနား ဘုရားသခင် စစ်ရထားမောင်းသူ အဖြစ်နဲ့ ပါဝင်တဲ့ စစ်၊ ရမက်တွေ၊ အညှိုးတွေနဲ့ ပြည့်နေတဲ့ စစ်၊ အိလျဒ် နဲ့ ဪဒေးဆပ် ထက် အများကြီး သာတယ်။ ဖတ်ခဲ့ ဖူးသမျှ စာအုပ်တွေထဲမှာ မဟာဘာရတ နဲ့ တစ်ထောင့်တစ်ည ကို အကြိုက်ဆုံးပဲ။ အင်း နောက် ထပ် ဒုတိယပိုင်း ဖတ်ရဦးမယ်။ ဒီစာအုပ်ကို ဆရာကြီး သခင်ဘသောင်းလို စွဲမက်ဖို့ ကောင်းအောင် ဘာသာပြန်တဲ့ လူရှိရင် သိပ်ကောင်းမှာပဲ။ ဖတ်တဲ့ သူတိုင်း ကြိုက်ကြမှာပဲ။ ရန်ကုန်မှာ ကျန်ခဲ့တဲ့ မြန်မာပြန်က စာမျက်နှာ ၂၀၀ လောက်ပဲ ရှိတယ်။ အခု မူရင်းက အတွဲ ၁ဂ တွဲ။ ဒါမျိုးစာအုပ် ဖတ်ရတာ တန်တယ်။ ကုန်သွားတဲ့ ပိုက်ဆံ ထက်ကို ပိုပြီးတန်တယ်။ လီဗိုက် တစ်ထည်ဝ ဝယ်ဝတ်မယ့် အစား ဒါမျိုး ဝယ်ရတာ ဘဝရဲ့ ပျှောရွှင်စရာ တစ်ခုပဲ။

Diary , Idea , Essay , Mahabharata

No comments: