Tuesday, January 31, 2006

Khin One

နှင်း



တောင်ကုန်းလေးတစ်ခုပှေါကိုတက်လှမ်းတော့
လမ်းခရီးမှာ ကျေးငှက်တွေကို အဖှောပြုခဲ့တယ်
ရေတွင်းလေးတစ်ခုကိုတွေ့တော့ ရေငင်သောက်ရင်း
တွင်းထဲကိုငုံ့ပြီး နှင်းရေလို့အှောခဲ့တယ်
ကြာပန်းတွေ ပြည့်နေတဲ့ ချစ်ရေကန်ကိုလည်း
မဖြတ်သန်းနိုင်ခဲ့ပါနှင်းရယ်
ဘေးကကွေ့ရှောင်လို့သာ သွားဖို့တတ်နိုင်ခဲ့ပြီ
မြင်ရုံနဲ့ ကျေနပ်တတ်ပြီ

နေမကွယ်သေးတဲ့ညနေခင်းမှာ ရင်ခုန်ငြိမ်းတဲ့အခါ
လျော့ရဲတဲ့အပြုံးလေးကို ကိုယ်လည်းပြန်ပြုံးနိုင်မှာ
ဘယ်တော့များလည်းနှင်းရယ်
ဘယ်တော့များလည်းနှင်းရယ်

ပြာလဲ့ရင်းနှီးတဲ့ပင်လယ်ကို
အခုတော့ နှင်းတစ်ယောက်တည်း ငေးမောမျှောကြည့်နေရမယ်
ရေလှိုင်းလေးတို့ရယ်
နှင်းအတွက်ကို ကိုးကွယ်မိသူရဲ့ အရိပ်အရောင်များ
အလွမ်းဖြေဖို့ သယ်ယူသွားပါ
တစ်ယောက်တည်းထားခဲ့ရသူအဖို့မှာ
ခံစားရပုံတွေ နားလည်နိုင်ပေါ့နှင်းရယ်
ကိုယ်လည်းနှင်းကိုလွမ်းတယ်
အခုတော့ ပင်လယ်ပဲရှိတယ်
ပင်လယ်ဟာကိုယ်ပဲ ယုံမှားနေရော့မယ်။


ခင်ဝမ်း

Khin One Poem

No comments: