Tuesday, January 31, 2006

Blogging by Myanmar Language

ကျွန်တှော ဒီနေ့ မြန်မာ ဘလောခ့် ရေးသူ တစ်ဦး ဖြစ်တဲ့ ကိုငြိမ်းချမ်း ရဲ့ ဘလောခ့်ကို ဖတ်ရင်းက ကျွန်တှော ဘာလို့ မြန်မာလို ဘလော့ ရေးဖြစ်တာလည်း ဆိုတာကို ပြန်စဉ်းစား ကြည့်မိတယ်။ ကျွန်တှော့အတွက် ဘလောခ့်မှာ စာရေးရတာ ဒိုင်ယာရီနဲ့ အတူတူပဲ။ ပန်းချီဆွဲတဲ့ Sketch Book ပဲ။ သူများကို သတင်းပေးချင်ရင် သုံးတဲ့ မီဒီယာပဲ။ ဖတ်ချင်သူ လာဖတ်လို့ ရတယ်။ မဖတ်ချင်သူ ဒီအတိုင်း နေလို့ ရတယ်။ လာဖတ်တဲ့ သူတွေ မရှိလည်း ကျွန်တှောရင်ထဲက ခံစားချက်တွေကို ရေးလိုက်ရလို့ ပေါ့သွားတယ်။ တချို့လည်း ပါးစပ်နဲ့ ပြောမထွက်ခဲ့ တာတွေကို လက်နဲ့ ချရေးမိတဲ့ သဘောပါ။ တစ်ခါတစ်ခါ လူတွေနဲ့ စကားမပြောချင်ရင် ဘလောခ့်မှာ စာတွေ အများကြီး ရေးဖြစ်တယ်။ ကျွန်တှော့ မိသားစု ခံစားချက်တွေ အကြောင်း အချစ်အကြောင်း၊ ဘဝအကြောင်း အစုံပါပဲ။ တစ်ချို့လူတွေက အရိပ်အခြေကို ကြည့်ပြီး လူတွေကို နားလည်တတ်တယ်။ တစ်ချို့ လူတွေက ပြောပြမှ နားလည်တယ်။ တစ်ချို့တွေက ပြောပြလည်း နားမလည်ဘူး။ အဲဒီလို လူမျိုးတွေ နဲ့ စကား မပြောချင်တဲ့ အခါ ဒီဘလှောခ့်မှာ လာပြီး ရင်ဖွင့် ဖြစ်တယ်။

ဒီဘလောခ့် ယဉ်ကျေးမှုလေး ပှေါလာတာကို အရမ်း သဘောကျမိပါတယ်။ ပထမဆုံး စကဿငာပူ ရောက်ခါစမှာ Xanga မှာ ဘလောခ့် ကို စတင်သိခဲ့တယ်။ ဒါပေမယ့် BlogSpot မှာ အတှောလေး ရေးမိတော့ တှောတှောလေး သဘောကျတာနဲ့ ဒီမှာပဲ ဆက်ရေး ဖြစ်တော့တယ်။ ကိုငြိမ်းချမ်း ပြောသလို ကျွန်တှောတို့ ရေးတာတွေက ထွေရာလေးပါး ဘလောခ့်စာပေါ့ဗျာ။ ဟိုးရှေးခေတ် ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပရပိုဒ်စာ တွေကနေ စလိုက်တာ အခု ဘလောခ့်စာ ခေတ်ကို ရောက်လာပြီ။ ဆရာဇှောဂျီတို့ ၊ ညိုမြ ကို ခေတ်စမ်းစာပေရဲ့ ဖခင်ကြီးတွေလို့ သတ်မှတ်မယ် ဆိုရင် ကျွန်တှောတို့ လက်ရှိ မြန်မာ ဘလောခ့်ဂါ တွေကိုလည်း နောင် ခေတ်စားလာမယ့် ခေတ်သစ် မြန်မာ ဘလောခ့်ဂါတွေ ရဲ့ ရှေးဦး ဖန်တီးသူတွေလို့ အားနာပါးနာ သတ်မှတ်မယ်ဆို ရပါလိမ့်မယ် ခင်ဗျား။ <:)


လက်ရှိ Myanmar Blog များ

ကိုမောင်လှ
ကိုငြိမ်းချမ်း
ဒသန
မောင်ဇန်
မိနွယ်
ကယ်လ်ဗင်
မြန်မာမှောဒန်ကဗျာများ


Website , Myanmar

2 comments:

. said...

ပို့စ်နဲ့တော့ မဆိုင်ဘူး..။
ဒါလေးတွေရော..မှတ်မိသေးလား။ ၂၀၀၄လောက်က ဖြစ်မယ်ထင်တယ်။ ရဟူးအီးမေးရော ပတ်စ်ဝက်ရော မေ့သွားပြီ။ :)

http://groups.yahoo.com/group/myanmar_cultures/

http://groups.yahoo.com/group/lynn_seck/

NLS said...

မှတ်မိတာပော့ အမရဲ့။ အဲဒီတုန်းက အတှောလုပ်ခဲ့တာ။ ရွှေပြည်ကြီး ပြန်ရောက်မှ ရဟု သုံးမရတာနဲ့ ဆက်မလုပ်ဖြစ်တော့တာတွေ။ ငယ်ငယ်တုန်းက တှောတှော လုပ်နိုင်တာ။ အခုတော့ ပျင်းနေတာနဲ့ :(