Monday, January 23, 2006

ခေါင်းလောင်းထိုးသံတွေ ကြားတဲ့အခါ

အေးစက်သော ခေါင်းလောင်းထိုးသံတွေ ကြားတဲ့အခါ



သူက ခရီးအဝေးဆုံးကို တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး
လမ်းတွေကသာ လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေကြရ
စကြဝဠာအဆုံး
တပြန့်တပြောကျယ်လွန်းတဲ့ မှောင်မည်းသော ချောက်များထဲမှာ
အလင်းရောင်မှိန်ပြပြတစလောက်မှ သူမြင်တွေ့ခွင့်ရပါရဲ့လား
ခေါင်းလောင်းထိုးသံလေးတွေကြားတိုင်း
အားလုံးရဲ့ မျက်ရည်စက်တွေလည်း ရစ်ရစ်ဝိုင်းဝိုင်း
စာရွက်လေးပှေါမှာ ရယ်သံတွေကြားတိုင်း
အားလုံးရဲ့ နှလုံးသားတွေလည်း ညို့ညို့ဆိုင်းဆိုင်း
ရထားလွန်းဆွဲသံတွေ နီးကပ်လာတိုင်း
ဖယောင်းပန်းရနံ့တွေလည်း အုံ့အုံ့မှိုင်းမှိုင်း
ဘယ်သူတွေ လန့်နိုးခဲ့ကြသလဲ
ဘယ်သူတွေ ရုတ်တရက် အေးစက်သွားခဲ့ကြသလဲ
ဘယ်သူတွေကရော သူ့ခရီးစဉ်ကို သိခဲ့ကြသလဲ
ဘယ်သူတွေက သူ့ခရီးစဉ်ကို စီစဉ်ခဲ့ကြသလဲ
ဒီလိုနဲ့
ကြေကွဲဖွယ်သံစဉ်များ သယ်ဆောင်လာသောရထားက
သူ့ကို ရှုတ်ထွေးခြင်းများစွာနဲ့အတူ တင်ဆောင်သွားခဲ့လေတယ်
သူ့ခရီးဆောင်အိတ်လေးထဲမှာ
ဘာတွေပါသွားမယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးပေါ့
ငါတို့အားလုံးကတော့
လွမ်းဆွတ်ခြင်းနဲ့ ချစ်ခြင်းမေတဿတာတွေ တခမ်းတနား ထည့်ပေးလိုက်တယ်ဆိုတာတော့
သူဖွင့်ကြည့်ခွင့်ရတဲ့အခါ
လေးနက်စို့နင့်စွာ သိသွားမှာပါ
အေးစက်သော ခေါင်းလောင်းထိုးသံတွေ ကြားတဲ့အခါ။


ကွယ်လွန်သွားတဲ့ သူငယ်ချင်းတစ်ယောက်အတွက်

No comments: