Saturday, January 14, 2006

စောက်ရူး


ကျွန်တှော ညနက်နက်မှာ တစ်ယောက်ထဲ ထိုင်နေတယ်။ ကျွန်တှော ထိုင်နေရာ အိမ်ခေါင်မိုး ပှေါက ကြည့်ရင် ကြယ်တွေကို မြင်နေရ ပါတယ်။ အစအဆုံး မမြင်နိုင်တဲ့ ကောင်းကင် လွင်ပြင် တလျောက်မှာ ကျွန်တှော့ စိတ်တွေက ကြယ်သွားရာ လမ်းကြောင်းတွေနဲ့ အတူ လွင့်မျော နေတယ်။ ကျွန်တှောက သီချင်းသံ တိုးတိုးလေးကို ဖွင့်လိုက်တယ်။ ဗီသိုဘင်ရဲ့ မွန်းလိုက်ဆိုနာတာ။ ခင်ဗျားတို့ ရဲ့ချစ်ခြင်းတရားက ဘာပါလဲ။ ကျွန်တှောရဲ့ စိတ်တစ်ခုလုံးဟာ တိတ်ဆိတ် ငြိမ်သက်တဲ့ ကောင်းကင်အောက်မှာ စနဿဒယားသံရဲ့ ခှေါဆောင်ရာကို ပါသွားတယ်။ အလွမ်း အကြွင်းအကျန် တစ်ချို့က ကျွန်တှော့ သတိရခြင်းကို ဖြစ်စေတယ်။ အရာရာဟာ ငြိမ်းချမ်းလိုက်တာ။ အပူအပင်တွေအားလုံး မေ့သွားတယ်။ လူတွေရဲ့ ယုတ်မာမှု တွေကို မေ့သွားတယ်။ ကျွန်တှော မျက်ရည်တချို့ ကျလာတယ်။ သာမန် လူတွေအတွက် အံ့ဩစရာ ဖြစ်နေကောင်း ဖြစ်နေနိုင်ပေမယ့် ကျွန်တှောလို စောက်ရူး တစ်ကောင် မျက်ရည်ကျတာ ကျွန်တှော့ အတွက်တော့ ဘာမှ မထူးဆန်းလှပါဘူး။ အားလုံးရဲ့ ချစ်ခြင်းတရားတွေ ဖြူစင်မှုတွေ သံယောဇဉ်တွေ အမှတ်တရတွေနဲ့ မေတဿတာတရား သက်သက်တွေကို ခံစားရတဲ့အခါ ခင်ဗျားတို့ မျက်ရည် မကျဖူးဘူး ဆိုရင် ကျွန်တှောပြောသလို ညနက်နက်ထဲမှာ တစ်ယောက်ထဲ ဗီသိုဘင်ရဲ့ မွန်းလိုက်ဆိုနာတာ လေးကို နားထောင်ကြည့်ပါလို့ အကြံပြုပါရစေ။

စောက်ရူးအက်ဆေးမှ -

NLS , Essay

No comments: