Tuesday, October 18, 2005

Why I m being for?

ကိုထူးအိမ်သင်ရဲ့ သီချင်းတွေ တစ်ညလုံး နားထောင်ဖြစ်တယ်။ ညတွေကို အိပ်ပစ်ရမှာ သိပ်နှမြောတယ်။ အသက်တာ ကာလတိုတိုလေးမှာ အိပ်စက်ခြင်းတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်သူတွေကို အားကျမိပါရဲ့။ တန်ဖိုး ရှိတာတွေ လုပ်နေလားလို့မေးရင်တော့ လူတွေ တန်ဖိုးမရှိဘူး မထင်တဲ့အရာတွေ ငါတန်ဖိုးထားတဲ့ အရာတွေကို လုပ်နေတယ်။ ငါကရော တကယ် တန်ဖိုးထားလို့လား။ အဲလိုတော့လည်း မဟုတ်ပြန်ဘူး။ ငါဟာ ဘာကို တန်ဖိုးထားလဲ ငါဘာကို ဖြစ်ချင်နေတာလည်း။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျှောလောက်က ငါဘာလို့ မဖြစ်ခဲ့ရတာလည်း။ ကမဿတာကြီးကို အေးမြတဲ့ မေတဿတာတရားတှောကို ပြသခဲ့တဲ့ မြတ်စွာဘုရားရှင်ကို ငါဟာ မမီခဲ့ဘူး။ ဘယ်သူတွေကများ ငါ့ကိုတရားချနိုင်မလဲ။ ငါ့စိတ်တွေဟာ ပူလောင်နေတယ်။ အေးချမ်းခြင်းကို ပြင်းပြင်းပြပြ လိုချင်တဲ့ စိတ်တွေကလည်း ပူလောင်တာပါပဲ။ ဪ ဒီလိုနဲ့ အသက် သက်တမ်း ၅၀ သာနေရဦးမယ်ဆိုရင် နောက်ထပ် နှစ်တွေဟာ ပူလောင်နေရာစေး ဦးမှာပဲ။ ငါကိုယ်တိုင်လည်း ပူလောင်ရတယ်။ ငါနဲ့ ပတ်သတ်သူတွေလည်း ပူလောင်ရတယ်။ ငါဘာလို့များ မွေးဖွားလာရတာလည်း။ ငါဘာမှကို မလုပ်နိုင်ခဲ့ဘူး။ ငါဟာလူပို သက်သက်ပဲ။

Tags : Essay , NLS , Diary

No comments: