Wednesday, October 12, 2005

အိပ်စက်ခြင်းများနဲ့ ငါနိုးနေခဲ့သူ

အိပ်စက်ခြင်းများနဲ့ ငါနိုးနေခဲ့သူ


ဖျတ်ကနဲသတိရလိုက်မိချိန်မှာ ငါအိပ်ပျှောသွားတယ်
အလင်းရောင်ဟာ အမှောင်ဆုံးအရပ်မှာ အလင်းဆုံးပဲ
ငှက်ကလေးတွေ တေးဆိုသံကို မခံစားတတ်သောလောက
စိမ်းလန်းသောသစ်တောတွေရဲ့ အနမ်းကို မခံစားတတ်သောလောက
ကံတရားထက် လူတွေကို သူ့တစ်ကိုယ်လုံးပုံအပ်ထားတဲ့ လောက
ငြိမ်သက်စွာ အနားယူတတ်ပါစေ။
ကျွန်တှော့မှာ ဓါးပါးပါးလေးတစ်ချောင်းရှိစဉ်တုန်းကပေါ့
ကျွန်တှောပိုင်ဆိုင်ရာ ကိတ်မုန့်တစ်လုံးကိုခွဲဝေပေးဖို့ဆိုပြီး
ဝံပုလွေ တွေ မျက်နှာဖုံးစွပ်ပြီး ခဏခဏ ကပြကြ
တောသုံးထောင်က ခြသေဿင့တွေ လာလာ ဟောက်ဟိန်းကြ
ရက်သမားတွေ မူးမူးပြီး အမြည်းလာတောင်းကြ
သူယောင်သီးတွေက မာရီလင်မွန်ရာစေိုးလ်လို ဖူးပွင့်ကြ
လူ့ဗာလတွေက ပုဆိုးခြုံထဲက လက်သီးပုန်းပြကြ
ယုန်နဲ့လိပ်က ညှိနှိုင်းပြီး ပြိုင်တူပန်းဝင်ကြ
အာဗီညွန်ကမိန်းမတွေက ကပိုကရို အလဲအလှယ်ပြုလိုကြ
ကျွန်တှောလည်း ဘာမှန်းမသိဘဲ အားနာနာနဲ့ ခွဲဝေရနဲ့
ဓါးလည်းသွေးလွန်းရင်းတုန်းသွားပြီး
ရှိခဲ့တဲ့ကိတ်မုန့်လေးလည်း လှီးလွန်းရင်း ဆုံးသွားပြီး
ငါ့မျက်လုံးတွေသာမှုန်ရီလာခဲ့
အားလုံးက ပြန်သွားခဲ့ကြပြီ။
အခုတော့ပြီးဆုံးသွားပါပြီမေမေ
နောက်တစ်ခါပြန်လှည့်ဖို့ရာ တံတားဟာမရှိတော့ဘူး
တခါတခါ ဘဝဟာဒီလိုပဲ
တပြန့်တပြော မြစ်တွေကိုဖြတ်ကူးဖို့ကလွယ်လွန်းပြီး
ကျဉ်းမြောင်းသေးငယ်တဲ့ စည်းတွေကျမှ ဖြတ်ဖို့ခက်နေရ
လူတွေအတင်းပြဌာန်းထားတဲ့ လူပီသအောင်မနေတတ်သမျှ
ကျွန်တှောက ဖဲဆက်ရိုက်ဖြစ်နေဦးမှာပဲ။


လင်းဆက်

Tags : NLS , Poem

1 comment:

Anonymous said...

phe` tha mar!!!!!!!!!!