Tuesday, August 23, 2005

ငါ့ရဲ့မြင်းမှာအတောင်မပါခဲ့ဘူး

ငါရောက်ခဲ့တယ်
တောတွေတောင်တွေရေမြေအဆုံးအထိ
ကျဉ်းမြောင်းတဲ့ မြစ်ဖျားတွေရဲ့အစအထိ
ပိရမစ်တွေနဲ့ ဝန်ရာစေိုးတန်းတွေအထိ
နောက်ဆုံး
အသိဉာဏ်သီး ရှိတယ်ဆိုတဲ့ ဥယျာဉ်ထဲအထိပေါ့
ငါ့ရဲ့မြင်းမှာအတောင်မပါခဲ့ဘူး
တကယ်တော့
မုတ်သုန်မိုးရေစက်တွေကိုလည်းမစောင့်ခဲ့ပါဘူး
ဆောင်းဦးပေါက်မြူငွေ့တွေလည်းမမျှောခဲ့ပါဘူး
ကြိုးပြတ်နေတဲ့လေးတစ်လက်ရဲ့သွားရာခရာစေီးက
ငါ့ရဲ့မြင်းမှာအတောင်မပါခဲ့ဘူး
တိတ်တိတ်နေတာကောင်းမယ်
ငါ့ရဲ့မြင်းမှာအတောင်မပါခဲ့ဘူး
မသိခြင်းတဝက်နဲ့အသိတရားငတ်မွတ်ရာကာလထဲ
ငါ့ရဲ့မြင်းမှာအတောင်မပါခဲ့ဘူး
နံနက်စောစောပွင့်ဖူးတဲ့ရွက်သစ်လေးတွေဘယ်မှာလဲ
ငါ့ရဲ့မြင်းမှာအတောင်မပါခဲ့ဘူး
ချိုမြသောနှုတ်ခမ်းပါးလေးတွေပျောက်ဆုံးခဲ့ကြပြီ
ငါ့ရဲ့မြင်းမှာအတောင်မပါခဲ့ဘူး
ဒါပေမယ့်
ငါကမြေပုံတော့အသေအချာဖတ်တတ်တယ် ။။


လင်းဆက်
Poem

No comments: