Sunday, January 13, 2013

December 2012 Summary

၁။ ကားနှစ်စီး ရပ်ထားတယ်။ ကိုယ်က နောက်ကနေ ဒုတိယကားရဲ့ဖင်ကိုတေ့ပြီး ရပ်လိုက်တယ်။ သူပြန်ထွက်တော့ အတော်ဒုက္ခရောက်မှာ အသေအချာပဲ။ 

၂။ မီးပွိုင့်မှာ ကားတွေ တန်းစီပြီး ရပ်စောင့်နေကြတယ်။ ကိုယ်က နောက်ကနေ တန်းစီရင် နောက်ကျမယ်။ ဒီတော့ လမ်းပြောင်းပြန်မောင်းပြီး ရှေ့ဆုံးရောက်အောင်သွား သူများရှေ့က ဖြတ်ဝင်တယ်။ 

၃။ ည ၁၂ နာရီလောက် မုဒ်တွေ ဖီးလ်တွေ အရမ်းတက်လာပြီး အော်ကြီးဟစ်ကျယ် သီချင်းဆို ဂစ်တာတီးတယ် ငါ့ဘဝငါသာဘုရင် ဘယ်သူ့ကိုမှ ဘာမထင်။ 

၎။ သူသူငါငါ နေတဲ့အိမ်မှာ ကိုယ့်အခန်းတံခါးကို ညင်ညင်သာသာ မပိတ်ဘူး ဆောင့်ပိတ်တော့ တခြားအခန်းကလူတွေ ထိတ်လန့်ကြရတယ်။ 

၅။ ထမင်းပွဲ တစ်ခုစားတယ်။ အားလုံးအရင် ကိုယ်က ဦးအောင် အသားတွေ အများကြီး စားပစ်လိုက်တယ်။ ဟိုလူတွေလက်နှေးနေတာ ခံပေါ့။

လောကမှာ မင်္ဂလာတရားဆိုတာ အရမ်းကို သိမ်မွေ့ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး အခက်အခဲ၊ အကြပ်အတည်း၊ ဒေါသ၊ မစ္ဆိယ၊ ဝမ်းနည်းမှု မဖြစ်အောင် ကိုယ်တိုင် လွယ်လွယ်လေး လုပ်နိုင်တာ အများကြီးပါ။ အတ္တတွေကို သတိပြုမိနိုင်ပါစေ။

 

ဟိုးတုန်းကတော့ ဦးကျော်ဆန်းကြီး အပြစ်ပုံပုံချပြီး ဆင်ဆာကို အကြောင်းပြလို့ ဟိုဟာရိုက်မရလို့ပါ ဒီဟာ ရိုက်မရလို့ပါနဲ့။ အခုနောက်ပိုင်း ရပါပြီ ရိုက်ကြပါတော့ ဆိုတော့ သရဲကားလိုလို ဘာလိုလိုတွေလောက်ပဲ ပြူးပြူးပြဲပြဲထွက်လာ။ ဘာအနှစ်သာရမှ မရှိ။ ဟာသကားဆိုတာကလည်း Hangover လောက်တောင် အဆင့်ရှိအောင် မရိုက်နိုင်။ အကယ်ဒမီ အများကြီးရတဲ့ကားက သူများကားကို ဝန်မခံဘဲခိုးချ။ ပေးတဲ့လူတွေက အဲဒါကြီးက တရုတ်ကားမှီးထားတာကြီးမှန်း အွန်လိုင်းမှာ ပွလာမှ သိသတဲ့။ ကောင်းရော။ တကယ်တမ်းက လက်ညှိုးထိုးစရာလူ မရှိတော့ရင်လည်း ဘာမှ အဆင့်ရှိရှိ မလုပ်တတ်တော့ဘူးရယ်။

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေးပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော | ဧရာဝတီ (burma.irrawaddy.org) "နဲနဲလေးတော့ အချိန်ထပ်ပေးပါဦးအန်တီ။ တစ်နိုင်ငံလုံး ကွန်ကရစ်လည်း ခင်းမပြီးသေးဘူး။ မီးလောင်ပြီး တောပြုန်းသွားရင် သစ်ပင်တွေ အလကားဖြစ်ကုန်မစိုးလို့ ဟိုဘက် ပို့လိုက်ဦးမယ်။ အိုင်တီလည်း အခြေမတည်သေးဘူး ဂြိုဟ်တုတွေဘာတွေ လွှတ်ရဦးမယ်။ တောင်တွေကလည်း နဲနဲပဲ ဖြိုရသေးတယ်။ GAS ကနေ ရွှေထွက်အောင် ဖိုထိုးနေတာလည်း အောင်ခါနီးပါပြီ။ နဲနဲလေးတော့ အချိန်ထပ်ပေးပါဦး အန်တီ။ ကျေးဇူး။

 

အတော်တော့ ရယ်ရတဲ့ ကိစ္စပဲ။ ခိုးကူးခွေတွေ တားမြစ်တာကို လက်ခံပါတယ်။ ဒါပေမယ့် တချိန်က သူများသီချင်း ကော်ပီဆိုခဲ့ကြပြီး ဆလီဗျစ်တီ ဘဝကိုလည်း ခံယူသေး အခုကျတော့လည်း ခိုးကူးရောင်းတဲ့ သူတွေကို ဖမ်းသင့်တယ် ဘာညာနဲ့ ဦးဆောင် နေကြပြန်တော့လည်း အတော်ရယ်ရတယ်။ 

 

အစိုးရယန္တယားကြီးမှာ မလိုအပ်ဘဲ (သူတို့အတွက်တော့ လိုတာပေါ့လေ) ဝန်ထမ်းတွေ အများကြီး ဖြစ်နေတယ်။ ဝန်ထမ်းများရင် ယေဘုယျအားဖြင့် Production များရမယ် (ဒါမှမဟုတ်) အရည်အသွေးကောင်း Product ကို ရရမယ်။ အခုတော့ မလိုအပ်ဘဲ ဝန်ထမ်းများနေပေမယ့် အရည်အသွေး မကောင်းတဲ့ Gov Product ဖြစ်တဲ့ Service နဲနဲလေးပဲ ရနေတယ်။ ဝန်ထမ်းတွေကို အပြစ်မတင်လိုတော့ပေမယ့် မလိုအပ်ဘဲ ဝန်ထမ်းတွေ များနေတာဟာ တိုင်းပြည်ဘဏ္ဍာကို ထိခိုက်တယ်။ မကုန်သင့်တဲ့ ပိုက်ဆံတွေ ကုန်တဲ့အပြင် အကျိုးမထူးဘူး။ လစာမလောက်ငှတာကို မစို့မပို့ တိုးပေးမယ့်အစား ဝန်ထမ်းလျော့ချပြီး ကျစ်ကျစ်လစ်လစ် လူတွေပဲချန်ထားပြီး ထိထိရောက်ရောက် တိုးပေးနိုင်ရင် ပိုကောင်းမယ်။ အစိုးရဝန်ထမ်း လျော့ချရေးကို တိုက်တွန်းသင့်ပြီ။

 

9 January 2013

သမဂ္ဂအဆောက်အဦးကြီး ဖောက်ခွဲခဲ့တာကလည်း သူလိုလိုငါလိုလို

သင်္ကြန်မှာ ဗုံးဖောက်ခွဲတာကလည်း ဘယ်သူမှန်း မသိဘူး

ငါးလောင်းပြိုင်လူသတ်သမားကလည်း လူမသိသူမသိ

မြောက်ဥက္ကလာမှာ အုပ်စုဖွဲ့ လူသတ်ခဲ့တဲ့ အမှုလည်း မေ့ကုန်ပေါ့

ဗိုလ်ချုပ်ကြီးတင်ဦးကို ပါဆယ်ဗုံးခွဲ လုပ်ကြံတာကရော ဘယ်သူလဲ

ကားနဲ့ တရွတ်တိုက်ဆွဲ အသတ်ခံရပြီး သေသွားတဲ့ လူရော နေကောင်းရဲ့လား

နိုင်ငံတော် အာဏာလုဖို့တောင် ကြိုးစားခဲ့ဖူးသူတွေလည်း လွတ်လာကြပြီ

ဘိန်းခင်းတွေဆိုတာလည်း အစီရင်ခံစာတွေထဲ ပန်းနှမ်းတွေ ဖြစ်လို့သွား

ဒဂုံစင်တာနဲ့ ထရိတ်စင်တာ ဗုံးခွဲတဲ့ တရားခံတွေရော အေးဆေးပဲလားဟင်

-----

-----

-----

-----

လျှောက်တွေးမနေနဲ့ ဒါလေးပဲ အသေကျက်ထား။ ရာဇဝတ်ဘေး ပြေးမလွတ် (မပြေးနဲ့ ဒီအတိုင်းပဲ အေးဆေးနေ)

 

8 January, 13

ပညာလည်း သိပ်မပါ အလွယ်တကူ လုပ်လို့ရပြီး အထက်တန်းကျောင်းသား လောက်ကိုတောင် တစ်ပတ်လောက် သင်ပေးရင် တတ်တဲ့ဟာမျိုးနဲ့ အဲဒီအကြောင်း မသိတဲ့ လူတွေအပေါ်မှာ မတရား ပိုက်ဆံယူတဲ့ ကောင်တွေကို အင်မတန်မှ စက်ဆုပ်ရွံရှာတယ်။ နှိုက်ချက်ကတော့ ကမ်းကုန်တယ်ကွာ။

 

အထပ်မြင့်တိုက်တစ်ခု၏ ဝရံတာမှ ကြည့်နေဆဲမှာပါ ရေပြင်ကြီးသည် ခုံးခုံးထလာက မြေပြင်အဝှန်းကို ဖုံးလွှမ်းလေသည်။ ဒုတိယမြောက် ဆူနာမီဖြစ်သတည်း။ ရေထုအမြင့်နှင့် ကျယ်ပြန့်မှု ပမာဏက ပထမဆူနာမီထက် များသော်လည်း အင်အားကတော့ ပထမဟာလောက် မပြင်းကြောင်း ကြုံလိုက်ရသည်။ (ယနေ့အိပ်မက်)

 

7 January 2013

ခမာ ပန်းကနုတ်တွေကို လေ့လာမိတဲ့အခါ ပုဂံခေတ် မြန်မာ့ အနုလက်ရာတွေဟာ ခမာတွေဆီကနေ ရယူခဲ့တယ်လို့ တွေးမိပါတယ်။ ဒီလို တွေးမိတာကို တချို့က အပြစ်တင်တာလည်း ရှိမယ် ထင်ပါတယ်။ သမိုင်းမှာ ပုဂံပြည်ကို ဂျွမ်းစစ်သည်တွေ ချီတက်လာလို့ ကျန်စစ်သားတို့ တိုက်ရတယ်လို့ ဆိုတယ်။ အဲဒီမှာ နိုင်တဲ့အခါ သုံ့ပန်းတွေထဲက ဒီအနုလက်ရာတွေကို ရတယ်လို့ ထင်မိတယ်။ ပုဂံက ကျောက်ဆစ်ပန်းဆွဲတွေ၊ ဘီလူးပန်းကိုက်၊ ဘီလူးပန်းဆွဲတွေ၊ စိန်တောင်တွေ၊ နဂါး၊ ဘီလူး၊ မကာန်း ပုံတွေ လေ့လာဖူးတယ်ဆိုရင် ဒီရှေးဟောင်း ခမာလက်ရာတွေနဲ့ ယှဉ်တွဲ သုံးသပ်ကြည့်စေချင်တာပါပဲ။ ယူတယ် ဆိုပေမယ့် ရှေးခေတ် မြန်မာ့ကနုတ်တွေက ပိုနွဲ့နှောင်းပြီး ပိုလှပ၊ ပိုအသေးစိတ်အောင် ရှေးပညာရှင်များက တီထွင်နိုင်ခဲ့ကြပါတယ်။ 

 

မေး။ ပြည်တွင်းစစ်ပွဲတွေအပေါ် ဘာများ ပြောချင်ပါသလဲခင်ဗျာ

ဖြေ။ ရပ်တန့်စေချင်ပါပြီ။ အားလုံးထက်ကို ကျွန်တော်တို့ ခရိုနီတွေက ပိုပြီး ရပ်တန့်စေချင်တာ ရင်ထဲက သစ္စာပါ။ သေတာ ကြေတာတွေထက် ကျွန်တော်တို့က ခရိုနီဆိုတော့ ကျောက်မျက်ကွက်၊ ရွှေကွက်တွေ၊ သစ်ကွက်တွေ လုပ်ကိုင်နေတာ ရပ်တန့်ထားရတာ ကြာပြီလေ။ စင်ကာပူကလူတွေ အခွန်နှစ်ထပ် ဆောင်းရတာက ပုံသေ သတ်မှတ်ချက် ရှိသေးတယ်။ ကျွန်တော်တို့က အစိုးရကိုလည်း လုပ်ကွက်ရဖို့ ပေးရကမ်းရ၊ လေလံပေးရ အခွန်ဆောင်ရ၊ ကေအိုင်အေ၊ ကေအိုင်အိုကိုလည်း ဆက်ကြေးပေးရနဲ့ ဘယ်လောက်ဆိုပြီး သတ်မှတ်ချက်လည်း မရှိပါဘူး။ အောင်ရင် အောင်သလောက် ပေးရတာပဲ။ တရားမဝင် ခိုးထုတ်တာမှာလည်း တရုတ်က ခေါင်းပုံဖြတ် လူလည်လုပ်လို့ ဆုံးတာတွေလည်း အများကြီးရယ်။ အခုလို မငြိမ်းချမ်းတော့ ရင်းနှီးထားသမျှတွေ ငွေမြုပ်ပြီး နာလံ သိပ်မထူပါဘူးဗျာ။ ဒီတော့ကာ ငြိမ်းချမ်းရေး ရရင်လည်းရ၊ တိုင်းရင်းသား လက်နက်ကိုင်က တစ်ပြည်လုံး သိမ်းရင်လည်းသိမ်း၊ စစ်အစိုးရက အပြုတ်တိုက်ရင်လည်းတိုက် တစ်ခုခု ဖြစ်မှ ဖြစ်မယ်။ အခုလို နှစ်ရှည် အီလေးဆွဲပြီး ဂျပန်လို ကလိနေကြ၊ နှစ်ဖက်စလုံးက ဂျပန်မလို အော်နေကြတာက ကျုပ်တို့ ခရိုနီတွေ စီးပွားပျက်အောင် ညှိလုပ်နေသလားတောင် ထင်မိတယ်။ ခရိုနီ သိပ်စိတ်ညစ်တယ်။ အော် နိုင်ငံရေးလား.. ခရိုနီအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ တစ်ယောက်ထဲ တတွတ်တွတ် ပြောနေတဲ့ ဘပြောင်ကြီးလည်း လက်မလွှတ်သလို၊ အောက်ခြေက လူတွေနဲ့ အတော်ကင်းကွာပြီး တစ်ယောက်ထဲ လုပ်နေရှာတဲ့ အန်တီစုကိုလည်း အားပေး ထောက်ခံနေပါတယ်။ ဟုတ်ဟုတ်.. နောက်တစ်ခါ လေလံပစ်ရင် ဘာဖြစ်ဖြစ် ဆွဲဖို့ရာ စိတ်ကူးနေပါတယ်။

 

3 January 2013

လူတစ်ယောက်ဟာ သူလုပ်ချင်တဲ့ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး 3rt Party လူတစ်ယောက်နဲ့ တွေ့တဲ့အခါ ချက်ချင်း အဆင်ပြေသွားတယ်။ ဒါဟာ အခုစိုက် အခုစားလို့ရတဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။ လူတိုင်းလည်း မဖြစ်နိုင်ဘူး။ ဒီနောက်ကွယ်မှာ နှစ်ပေါင်းများစွာ ဒီလူကျင့်သုံးလာတဲ့ ပေါင်းသင်းဆက်ဆံရေး၊ ရပ်တည်မှု၊ ကိုယ်ကျင့်တရား၊ ဦးတည်ချက်၊ ယုံကြည်မှု၊ စွမ်းရည်တွေနဲ့ သက်ဆိုင်ပါတယ်။ ဒီဘက်ခေတ်မှာ Social Networking ဟာ အရေးပါလာပါတယ်။ ဘယ်ပွိုင့်ကို ထောက်လိုက်တာနဲ့ ဘယ်မီးပွိုင့်နိုင်မလဲဆိုတာ သိဖို့ ဘာအကျိုး အမြတ်မှ မရတဲ့ အချိန်တွေ၊ စွမ်းအားတွေ အများကြီး ရင်းနှီးရနိုင်တယ်။ 

 

ရင်တွေမောတယ်

သက်ပြင်းတွေ ခဏခဏချရတယ်

ခေါင်းမူးလာတယ်

ဘယ်လောက်အိပ်အိပ် အိပ်ရေးဝတယ် မရှိဘူး

အကြောတက်သလိုလို အအိပ်ခက်သလိုလို ဖြစ်ဖြစ်လာတယ်

အလုပ်ကြီးကြီးတစ်ခု ပိလာတဲ့အခါမျိုးမှာပေါ့လေ။ လုပ်နိုင်မယ်လို့တော့ ထင်ပါတယ်။ သူများ ရင်းနှီးမြှုပ်နှံထားတာ အကျိုးအမြတ် ထွက်မထွက်ထက် ကိုယ်မလုပ်နိုင်လို့ စိတ်ပျက်အားလျော့ပြီး ရပ်သွားတာမျိုး ဘယ်တော့မှ မဖြစ်လို။ Planning, Organizing, Management နဲ့ SOP ဟာ အင်မတန် အရေးပါပါတယ်။ အဲဒါလေး Rhythm မိရင်ကို အနုပညာအရည်အသွေးကို ဖယ်ထားဦး ရလဒ်က ကောင်းနိုင်တယ်။ အဲဒါမိသွားရင် ပါဆင်နယ်တွေ ဖယ်ထား လုပ်ရတဲ့ အလုပ်တိုင်းဟာ ပျော်ရွှင်စရာ ဖြစ်လာပါလိမ့်မယ်။"

 

31 Dec 2012

တကယ်တမ်း မြန်မာ့ရုပ်ရှင်ရော သရုပ်ဆောင်တွေရော ဖွတ်ပဲ။ အားလုံး အိုဗာအက်တင်းတွေချည်းပဲ။ ရုပ်ရှင်ကို ကြည့်နေရင် ရုပ်ရှင်လို့ သိနေသမျှ ကာလပတ်လုံး၊ သရုပ်ဆောင်နေတာလို့ သိနေသမျှ ကာလပတ်လုံး၊ ဇာတ်ကားနဲ့ လိုက်ပြီး မခံစားရသမျှ ကာလပတ်လုံး၊ အပြင်မှာ မပြောတဲ့ စကားတွေ ဇာတ်ကားထဲ ပြောနေသမျှ ကာလပတ်လုံး ဖွတ်ဖြစ်နေဦးမှာပဲ။ ဒါတောင် ဆုမရလို့ ပေါက်ကွဲကြ ကြေကွဲကြ ဖြစ်နေကြတာ ရယ်ရတယ်။

 

29 Dec 2012

နောက်ကြည့်မှန်သာမက အပေါ်ကြည့်မှန်လည်း တပ်ထားပါ။ ဖြစ်နိုင်လျှင် တတ်နိုင်လျှင် ရေဒါတပ်ပါ။ အချိန်မရွေး သင့်ကို လေယာဉ်တိုက်နိုင်သည်။ မှတ်ချက်။ ဝစ်သောက်ဆိုင်ကယ်၊ ဝစ်သောက်ကားများ ဆိုပါက လျှော်ကြေးပေးလိမ့်မည် မဟုတ်။ 

ပုံ

လေကြောင်းလိုင်းများ

 

29 Dec 2012

တစ်ယောက်က အဖေခေါ်၊ တစ်ယောက်က အောက်ဆွဲ။ ကျော့်ကိုချစ်မလား ဇော့်ကိုချစ်မလား ပါပါ။ တော်စမ်းကွာ မင်းတို့နှစ်ယောက်စလုံး ငါ့ကို စိတ်ညစ်အောင် လုပ်တယ်။ ဝေဒနာတွေပေးတယ်။ ထိုးကြစမ်း တစ်ယောက်နဲ့ တစ်ယောက်။

 

ခရိုနီဖြစ်ချင်စိတ် တဖွားဖွား ပေါ်နေတယ်။

 

28 Dec 2012

ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု ရော်ဘင်စု 

ဘယ်ကရရ ပိုက်ဆံက ပိုက်ဆံပဲ

 

၂၀၁၂ မြန်မာ့ဖေ့ဘွခ်တစ်ခွင်မှာ ပြဲပြဲစင်အောင် နာမည်ကျော်ခဲ့တဲ့ ထိပ်တန်း (၂၀) ပါ။

လောင်လန်းလုလျီ (အောင်ဆန်းစုကြည်)

လိန်းလိန် (သိန်းစိန်)

လင်လောင်လင့်လူး (တင်အောင်မြင့်ဦး)

လင်းလိုလိုင် (မင်းကိုနိုင်)

လိုင်းလောက်လမ်း (စိုင်းမောက်ခမ်း)

လိုလိုလျီး (ကိုကိုကြီး)

လန်းလွှေ (သန်းရွှေ)

လော်လူးလောင် (မော်ဖူးမောင်)

လိုးလီးလွန် (မိုးသီးဇွန်)

လောင်လွေး (အောင်ဝေး)

လမ်လူး (ဇမ်နူး)

လိန်လိန်း (အိန်အိန်း)

လင်းလောင်လှိုင် (မင်းအောင်လှိုင်)

လီလိုလက်လီး (ဒီမိုဖက်တီး)

လလာလျောင် (မဟာကြောင်)

လုပ်လာလိုလို (ဥက္ကာကိုကို)

လန်းလင်လေလျာ (နန်းခင်ဇေယျာ)

လင်လွှေ (ခင်ရွှေ)

လင်လာလင့်လျော် (သဉ္ဇာဝင့်ကျော်)

လောင်လင်း (အောင်မင်း)

လလင် (သဇင်)

 

Frida Kahlo သာ သက်ရှိထင်ရှား ရှိသေးပြီး ရော်ဘင်စု ပုံကို သူ့နာမည်ကျော် စတိုင်နဲ့ဆွဲ အဲဒါကို ရံပုံငွေဆိုပြီး လေလံပစ်ရင် ဘယ်သူတွေ အလုအယက် ဝင်ဆွဲကြမလဲ ပြုံးစိစိနဲ့ စောင့်ကြည့်ချင်တယ်။

 

ရော်ဘင်စုရဲ့ အင်္ကျီအရောင် အစပ်အဟပ်က ဂေါ်လီပါပဲလား။ ကိုယ်တိုင် ဝတ်ဖို့ပဲ ထိုးခဲ့တာလား။ လေလံပစ်ဖို့ အစကတည်းက ရည်ရွယ်ထိုးတာလား။ ဘာပဲဖြစ်ဖြစ် ဟိုဂစ်စုတ်ကြီးကိုတော့ မကျော်နိုင်ခဲ့ဘူး။

 

 

ရော်ဘင်စု 

မြင်းကြီးဒုန်းစိုင်းစီးပြီး ထွက်လာပြီ

မတရား အမြတ်ထုတ် ဂုတ်သွေးစုပ်ထားသူတွေ တန်းစီ

ဒါပေမယ့်

စစ်ကိုင်းကိုတော့ဖြင့် မရောက်စေချင်သည်။

 

လင်းဆက် ၂၇ ဒီဇင်ဘာ ၂၀၁၂ ည ၁၁ နာရီ

ကဗျာမရေးဖြစ်တာ ကြာပါပြီ။ ကဗျာဆိုတာ စိတ်ထဲမှာ ဖြစ်ချင်တာ ခံစားရတာကို ဖော်ကျူးတာ တစ်မျိုးပါပဲ။ ဒီနေ့တော့ ဘာရယ်မဟုတ်ဘူး ရော်ဘင်ဟု ဇာတ်လမ်းလေး ပြန်သတိရမိလို့ ရေးဖြစ်တယ်။

 

အန်တီစုလည်း ပိုက်ဆံရှာတတ်သားပဲ။ လူတွေ ပြောပြောနေတဲ့ ခရိုနီ ခရိုနက်တွေကလည်း အနုပညာဇီးရိုးနဲ့ ကဗျာမဆန်တဲ့ ဂစ်တာကြီး မတရားဈေးပေးပြီး ဝယ်သလို ဖောရှောဝယ်ကြဦးမှာပဲ။ ဘာပဲပြောပြော ရော်ဘင်စု :)

 

ကိုယ်မနေတော့တဲ့ အိမ်အတွက် ADSL လိုင်းလေး ပြန်ကျကြောင်း အမိန့်စာလွှာ ရရှိပြီး သကာလ၊ မရမ်းကုန်းရုံးနဲ့ မြို့ထဲ အပ်အင်ဒေါင်း ပြေးလွှားပြီး ပိုက်ဆံတွေသွင်းပြီး သကာလ တစ်လလောက်ကြာသော အခါတွင်မှ အင်တာနက် သုံးလို့ရပြီ ဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။ ကလင်းဂါးဗားမန့်၊ ဂွတ်ဂါးဗားမန့် နေရာတွင် ပုလင်းဂါးဗားမန့်၊ ဖွတ်ဂါးဗားမန့်ဟု ပြောင်းလဲ ဖတ်ရှုပေးပါရန်။

 

တစ်ရက်တစ်ရက် ဘုရင့်နောင် တံတားကို လမ်းလျှောက်ဖြတ်ကူးနေကြတဲ့သူတွေ အများကြီး တွေ့ရတယ်။ ဒါနဲ့ ဒီနေ့ ကားလည်း မပါလာတော့ တက်စီသမားကို ဘုရင့်နောင်မီးပွိုင့်အထိပဲ ပို့ခိုင်းပြီး လှိုင်သာယာ တိုးဂိတ်အထိ လမ်းလျှောက်ကြည့်တယ်။ စင်္ကာပူမှာ ကျောင်းတက် အလုပ်လုပ်ခဲ့သူပီပီ ကျွန်တော့် လမ်းလျှောက်နှုန်းက ပြောရရင် အတော်မြန်ပါတယ်။ အဲဒါတောင် နာရီဝက်တိတိ ကြာတယ်။ ဖုံတွေကလည်း မွှန်ထနေတာပဲ။ လျှောက်ရတဲ့ ပလတ်ဖောင်းတွေက မညီမညာဆိုတော့ အင်မတန်မှ ဟန်ချက်ပျက်တယ်။ ချိုင့်တွေ ခွက်တွေလည်း အများကြီးပဲ။ ဟန်ကျပန်ကျ ဝတ်ထားပြီး တံတားတလျောက် လမ်းလျှောက်နေတဲ့ ကျွန်တော့်ကို တချို့ကလည်း အထူးတဆန်းလို ကြည့်ကြတယ်။ လျှောက်နေမကျတော့ ခြေထောက်တွေလည်း တောင့်လို့ပေါ့။ ဘာပဲဖြစ်ဖြစ် မြစ်ကို ဖြတ်တိုက်လာတဲ့ လေအေးအေးလေးတွေတော့ ခံစားလိုက်ရတာပဲ။ အခြေခံ လူတန်းစားတွေရဲ့ ဒုက္ခကိုလည်း အတော် သိလိုက်ရတယ်။ ဝန်ကြီးတွေ အရာရှိကြီးတွေ မြေပြင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ နဲနဲ ဒုက္ခခံ လျှောက်ကြည့်သင့်တယ် ထင်တာပဲ။ လန်ခရူဇာနဲ့ ဖြတ်သွားနေရုံနဲ့တော့ လူတွေ ဘယ်လို ဒုက္ခရောက်နေမှန်း ကိုယ်ချင်းစာ တတ်မယ် မထင်ဘူး။ ဒီညတော့ အိပ်ကောင်းမှာ သေချာပါပြီ။

 

စာဖတ်တာ ဘာဖြစ်သလဲဆိုတာ့ သိရုံတင် မဟုတ်ဘူး အကြောင်းရင်း ဇစ်မြစ် အစစ်အမှန်တွေလည်း သိရတာပေါ့။ မသီတာ (စမ်းချောင်း) ရဲ့ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် စာအုပ်ဖတ်ရတာ အတော်သဘောကျမိတယ်။ ရန်အောင်မောင်မောင် ထောင်တစ်သက် အတွေ့အကြုံများက ဗဟုသုတရတယ်။ ဦးဝင်းတင်ရဲ့ လူ့ငရဲ ဖတ်ရတုန်းက အာဃာတနဲ့ အပူမီးတွေပဲ ရတယ်လို့ ခံစားရတယ်။ တူတော့ မတူဘူးပေါ့လေ ရန်အောင်မောင်မောင်က ထောင်မှူး၊ ဦးဝင်းတင်ကတော့ ထောင်ချခံခဲ့ရတာကိုး။ မသီတာ စာအုပ်မှာ သမိုင်းအတွက် အရေးပါတဲ့ အချက်တစ်ခု ပါတယ်။ ဟိုမှာ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ရေးပါတယ် ဆိုပြီး ပြန့်နေတဲ့ မူရင်း Rudward Kipling ရဲ့ If (အကယ်၍သာ) ဆိုတဲ့ ဘာသာပြန် ကဗျာလေးဟာ ဒေါ်အောင်ဆန်းစုကြည် ရေးတာ မဟုတ်ဘဲ သူရေးထားတယ် ဆိုတာလေး ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် တစ်ခါက ပြောပြလို့ သူရေးတာပါတဲ့။

 

(လ) ဗုဒ္ဓဟူးနံတွေ ခေတ်စားနေပါလား။ လက်ပတောင်း၊ လဒ၊ လေယာဉ်၊ လဲဗီး (Levy) ကိစ္စ၊ လူပြဿနာ (ရိုဟင်ဂျာအရေး)၊ လာဘ်မစားရေး၊ လမ်းပြမြေပုံ၊ လယ်ယာမြေကိစ္စ ဘာကျန်သေးလဲဟင်။ လဒူတွေ လိမ်နေတာတော့ ထည့်မပြောချင်တော့ပါဘူးဗျာ။

 

23 Dec 2012

P1: အရင်အလုပ် ပြန်လုပ်ချင်နေတယ်

P2: အရင်အလုပ်က ဘာအလုပ်လဲဗျ

P1: ဘာမှ မလုပ်တဲ့ အလုပ်လေ

 

14 Dec 2012

Meeting, Seminar, Conference တွေမှာ ဖုန်းအသံ တိန်းတောင် တိန်းတောင် မထွက်အောင် Silence လုပ်ထားသင့်တယ်ဆိုတာ ယဉ်ကျေးမှုရှိတဲ့သူတိုင်း မပြောဘဲ သိကြတယ် ထင်တာပဲ။ အတော် စိတ်ပျက်ရတယ်။

 

11 Dec 2012

ကျွန်တော့် တပ်မမှူးက ဗိုလ်မှူးကြီးသန်းရွှေ ဖြစ်သည်။ သူနှင့်ကျွန်တော် တစ်ခါမှ မဆုံဘူးသေး။ ယခု ပထမဆုံးအကြိမ် တွေ့ရခြင်း ဖြစ်သည်။ သူက တပ်မမှူးနှင့်ပင် မတူ။ အလွန် ရိုးရိုးကုပ်ကုပ်နေသည်။ ဟိတ်ဟန် လုံးဝမရှိ။ မာနလည်းမကြီး။ တစ်ခါမှ မတွေ့ဘူးသေးသော ကျွန်တော့်ကို ဖော်ဖော်ရွေရွေ လေးလေးစားစား ဆက်ဆံသည်။ စကားပြောလည်း အလွန်ကောင်းသည်။ ..... ။ အလာပ သလ္လာပ စကားများပြောရင်း သူ့အတွက် တောကောင်များ ဝယ်လာကြောင်းပြောရာ သူက အညာသားဖြစ်သော်လည်း အညာစာများ မကြိုက်ကြောင်း၊ အောက်သူနှင့် အိမ်ထောင်ကျခဲ့သည်မှာ ကြာပြီဖြစ်၍ အောက်အရပ်၊ အောက်အစားအစာ၊ အထူးသဖြင့် ငါးပိရေကျိုကို ပိုကြိုက်ကြောင်း ရယ်မော၍ ပြောသည်။

နှစ် ၅၀ ကျော် ကိုယ်တွေ့များ (၂)၊ ဗိုလ်ထွန်းကြည်၊ စာ-၁၅၈

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း မကောင်းရေးတဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက်မှ မတွေ့သေးပါလား။ ဟိုအရူးပြောတဲ့ စကားနဲ့ ပြောရရင်တော့ ငါပိရည်ကြိုက်တဲ့ အောက်တန်းစားကြီး မြန်မာပြည်ကို နှစ်ပေါင်း နှစ်ဆယ်လောက် မင်းလုပ် အုပ်ချုပ်သွားတယ် ပြောရမယ်။ ဟက်ဟက်။

 

ချမ်းသာတဲ့လူဖြစ်ဖြစ် ဆင်းရဲတဲ့လူဖြစ်ဖြစ် ကိုယ့်အပူတွေနဲ့ကိုယ် ကိုယ့်ဒုက္ခနဲ့ကိုယ် ရှိကြတာပါပဲ။ လူတိုင်းအတွက် ကိုယ့်ပြဿနာသည်သာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပြဿနာလို ဖြစ်နေကြရတယ်။ ရုန်းကန်လှုပ်ရှား နေကြရတာကိုး။ ဒါပေမယ့် ငါ့ပြဿနာသည်သာ အကြီးဆုံး ဘယ်သူမှ ငါ့လောက် ဒုက္ခတွေ ပင်ပန်းကြီးစွာ ခံစားမနေရဘူးလို့ တွေးမိတဲ့အခါ လူတိုင်းမှာ ကိုယ့်အထွာနဲ့ကိုယ် အခက်အခဲတွေ ပြဿနာတွေ ရှိနေကြတယ်ဆိုတာကိုလည်း တစ်ပြိုင်ထဲ တွေးမိဖို့ပါပဲ။

 

မြန်မာပြည်မှာ ရဟန်းသံဃာဦးရေက မရှိဘူးဆိုရင်တောင် ၅ သိန်းလောက် ရှိမယ်လို့ ထင်မိတယ်။ သံဃာတော်တွေဟာ ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲ ထည့်ခွင့် ရသင့်ပါသလား မရသင့်ဘူးလား။ အခုလောလောဆယ်တော့ မရကြဘူး။

 

ဦးသိန်းစိန်က လက်ပတောင်းတောင် အရေးမှာ သံဃာတော်တွေကို ရက်ရက်စက်စက် မီးလက်နက်နဲ့ နှိမ်နင်းခဲ့တယ်။ ပြည်သူတွေက အားကိုးပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ စကားတွေပဲ ပြောနေပါတယ်တဲ့။ စဉ်းစားမိတယ် သူတို့ နှစ်ယောက်ကို ကန့်ကွက်ပြီး အကြင်နာတရား ကြီးမားတဲ့ ပါဂျောင်က ခေါင်းဆောင်ကြီးတွေကို တင်ကြမလား၊ ဒါမှမဟုတ် ခေါင်းဆောင်ဆိုတာ မဖြစ်မနေ စစ်တပ်က ဖြစ်ရမယ်ဆိုလည်း သိပ်နူးညံ့ပြီး ညင်ညင်သာသာ ကိုင်တွယ်တတ်တဲ့ ၈ လုံးကြီး ထောက်ခံကြမလား။ ဒါမှမဟုတ် တစ်ခါတုန်းက ကိုယ့်လူတွေပဲ သောင်းသောင်းဖျဖျ အားပေးခဲ့ကြတဲ့ ဝေနှင်းပွင့်သုန်လေးကိုပဲ ရာထားသင့်သလား။

 

7 Dec 2012

နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံမှု ဆိုတဲ့ စာအုပ်ဖတ်ရင်း ဘာသွားစဉ်းစားမိလဲဆိုတော့ ဘာလုပ်လုပ် အရေးကြီးတာလုပ်ရင် ဘယ်သူ့မှ မပြောလေနဲ့ ဆိုတာရယ် နိုင်ငံရေးမှာ ဘယ်သူ့ကိုမှ ခင်မင်မှုနဲ့ အလိုက်အထိုက် မဆက်ဆံနဲ့ ဆိုတာရယ်။ အမှုတွဲထဲ ဆွဲသွင်းခံရသူတွေ မနည်းဘူးရယ်။

 

အိမ်က ဦးစိုးသိန်း ကောင်းမှု အကြောင်းပြုပြီး ဝယ်ခဲ့တဲ့ အစုတ်တကာ့ထိပ်ခေါင် MSW Prado အတုကြီးကို ဒဏ်ကြေးပေး အလုံးချိန်းဖို့ မေးမြန်းကြည့်တဲ့အခါ ရှဲလ်နဲ့ မီးခွက်က တူရပါမယ်တဲ့။ ဒါနဲ့ ကမ္ဘာအေးဘုရားလမ်းက သူတို့ အရောင်းစင်တာကို သွားပြီး အဲဒါတွေ ဝယ်လိုပါကြောင်း မေးမြန်းတဲ့အခါ Production ပိတ်လိုက်တာ ကြာပြီးဖြစ်ကြောင်း ဝယ်လို့ မရနိုင်တော့ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဲဒီလူကြီးတွေ စက်မှု(၂)က ကားတွေထုတ်ကြောင်း ကြေငြာခဲ့တာပေါ့ဗျာ။ :(

 

တစ်ရက်က အနုပညာ လောကထဲ ခြေချဖို့ ကြိုးစားနေတဲ့ ညီငယ်တစ်ယောက်နဲ့ တွေ့ဖြစ်တော့ သူ ဝက်သားမစားတာ သိလိုက်ရတယ်။ ဒါနဲ့ ဘာကြောင့် ရှောင်သလဲမေးတော့ သူတို့ဆရာက အနုပညာလုပ်ငန်း လုပ်တဲ့သူ ဝက်သားစားရင် မင်းညီနောင်က မကြိုက်ဘူး ဆိုလို့တဲ့။ ဟ မင်းညီနောင်က အနုပညာသမားမှ မဟုတ်တာ ရှက်ကီ အရမ်းထုတဲ့ သူတွေ။ သူတို့အဖေ ဗျတ္တဆိုတာ ဘင်္ဂလားက လာတာရော သိလားဆိုတော့ ဟာဗျာ ဟုတ်လို့လားတဲ့ ကဲ ဘယ်လိုလုပ်မလဲး)

 

ဘေးမကြီးကို ရနောင်မင်းသားက အတင်းကြံလို့ အဘေးကြီးနဲ့ အတူ အောက်ပြည်ရွာကို ထွက်ပြေးလာ။ အဘေးကြီးက နယ်ချဲ့ အင်္ဂလိပ်ကိုတော်လှန်။ မြောင်းမြမှာ ကျည်ဆံထိ ကွယ်လွန်။ သားတစ်ယောက် သမီးတစ်ယောက်ကျန်။ အဘေးမကြီးမှာ အတိုးတွေတက်ပြီး ချစ်တီးက အဘေးမကြီးက အတင်းသိမ်းပိုက်။ ကလေးတွေကို အိမ်က မိန်းမကြီးက ခေါ်ပြီးထွက်ပြေး။ ဒီလိုနဲ့ အဘိုးနဲ့ အဘွားဟာ ငယ်ငယ်လေးထဲက သူကြီးတစ်ယောက်အိမ်မှာ နွားကျောင်းရ။ အဘိုးက စာတော်လို့ ရွာဦးဆရာတော်အမိန့်နဲ့ မြို့ကျောင်းပို့ စာသင်။ ပထမကျောင်းသား သပိတ်မှာပါဝင်။ သေနတ်တစ်ချက်ထွက်ရင် လောက်စလုံးတစ်ချက် ထွက်ရမယ်" ဆိုတဲ့ ရဲရဲတောက်မိန့်ခွန်းကြောင့် လူသိများ။ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ် ပါတီနိုင်ငံရေး မလုပ်ဘူးဆိုပြီး ဒေသမှာပဲနေပြီး ပြည်သူဘက်က ရပ်တည်။ ဗိုလ်ချုပ်တို့ ဘီအိုင်အေမှာ တပ်သားအဖြစ် အမှုထမ်း၊ သစ္စာဖောက်တစ်ယောက်ကြောင့် ဂျပန်အသတ်ခံရ။ အဖွားကိုက သူကြီးအိမ်က ထန်းရည်သမား သူကြီးသားကကြံပြီး ထားခဲ့။ အဖွားက လောကဒဏ်ကို ကြံ့ကြံ့ခံရင်း ကလေးကိုမွေး၊ ပဲခူးကို ပြောင်းနေ။ ပဲခူးငလျင်ကြီးလှုပ်တော့ အုတ်ပိပြီးကွယ်လွန်။ ကျန်ခဲ့တဲ့ ကလေးက မျိုးချစ်စိတ် တအားပြင်းထန်ပြီး ဗကပထဲဝင် တောခို။ ပြောက်ကျားခေါင်းဆောင်အဖြစ် ထင်ရှား။ သခင်သန်းထွန်း ကွယ်လွန်ပြီး နောက်ပိုင်း ဗကပကနေ ထွက်ပြေး သေနတ်ပစ်ရာမှာ လက်တည့်လွန်းလို့ မုဆိုးအဖြစ်နဲ့ ဇာတ်မြှုပ် နေထိုင်။ ဗကပက သစ္စာဖောက်ဆိုပြီး လိုက်သတ်လို့ ဧရာဝတီတိုင်းဘက် ဇာတ်မြှုပ်နေထိုင်။ ဒေးဒရဲသူ တစ်ယောက်နဲ့ရ။ သားသုံးယောက် သမီး နှစ်ယောက်မွေး။ ဦးနေဝင်းနဲ့ အမှတ်မထင်တွေ့ပြီး ဘကြီးအကြောင်း ပြောဖြစ်ရာက ဘကြီးဖြစ်သူက တစ်ခါတုန်းက ဂျပန်တော်လှန်ရေးမှာ ဦးနေဝင်းအသက် ကယ်ဖူးတာ ဆက်စပ်မိပြီး ဦးနေဝင်းက ချီးမြှောက်။ မြို့နယ် ပါတီယူနစ်မှာ အတွင်းရေးမှူးဖြစ်။ သားအကြီးကောင်က စစ်ထဲဝင်၊ အလတ်က အင်ဒိုနီးရှားမှာ အလုပ်သွားလုပ်၊ အငယ်ကောင်က အိမ်အလုပ်လုပ်ရင်း ရန်ကုန်မှာ ကျောင်းတက်၊ သမီးနှစ်ယောက်လည်း ရန်ကုန်တက္ကသိုလ်ကြီးတက်။ ၈၈အရေးအခင်းမှာ သားအငယ်ကောင် အဖမ်းခံရ။ ထောင်ခါတော့ တဖက်နိုင်ငံထွက်ပြေး အခုချိန်အထိ သေသလားရှင်သလား မသိရ။ သမီးနှစ်ယောက်လည်း တကွဲတပြားစီ ထွက်ပြေးရင်း တစ်ယောက်က ရောင်းစားခံရ။ တစ်ယောက်က ဗိုလ်တစ်ယောက်နဲ့ ကြိုက်ပြီး စစ်ဗိုလ်ကတော်ဖြစ်။ အလတ်ကောင်က အင်ဒိုးနီးရှားမှာ အလုပ်လုပ်ရုံး မီးတောင်ပေါက်တာကို ဓာတ်ပုံသွားရိုက်ရာက ချော်ရည်ပူလောင်ပြီးသေ။ အကြီးကောင်က ဧရာဝတီတိုင်းဘက် တာဝန်ကျရာက နာဂစ်ဖြစ်တော့ ပါသွား။ ဗိုလ်ကတော် သမီးအကြီးက တာဝန်ကျရာ တာချီလိတ်ဘက်လိုက်အသွား တာလေကို ဈေးသွားဝယ်ချိန် ငလျင်မိပြီးသေ။ အဖေဖြစ်တဲ့ ပါတီယူနစ်ဟောင်းကြီးလည်း သားသမီးအားလုံး ကုန်သွားလို့ စိတ်ဓာတ်တွေကျပြီး ဟိုဟိုဒီဒီလျောက်သွားရာက ရခိုင်ဘက်မယ် မူဂျာဟစ်ဘင်္ဂလီကဖမ်းပြီး နှိပ်စက်တာနဲ့သေ။ ချစ်တီးကုလား သိမ်းပိုက်ခံရတဲ့ အဘေးမကြီးဟာ ကလေးတစ်ယောက်မွေး၊ ဦးနေဝင်းလက်ထက် ကုလားတွေ ပြည်တော်ပြန်ပို့တော့ အဲဒီကလေးလေးဟာ မျက်စိလေး ကလယ်ကလယ်နဲ့ အိန္ဒိယကို အသွား ဘူးသီးတောင် မောင်းတောရောက်တော့ ဟိုဘက်မကူးတော့ဘဲ အခြေချနေထိုင်။ သူကနေ သားသမီး ၁၂ ယောက်မွေး။ ပါတီယူနစ်ဟောင်းကြီးကို သတ်တဲ့သူဟာ အဲဒီသူ့သားသမီးတွေထဲက တစ်ယောက်ဖြစ်နေ။ သေသွားတဲ့ ပါတီယူနစ်ဟောင်းကြီးဆီက သူတို့မျိုးနွယ်စု မှတ်တမ်းတွေနဲ့ ဓာတ်ပုံတွေ မြင်ပြီးတော့ သူသတ်လိုက်မိတာ သူ့အမျိုးအနွယ်ကြီးပါလား ဆိုတာ သိသွားပြီး သူ့အဖေကိုပြောတော့ သူ့အဖေလည်း ဟတ်အတက်ရပြီးသေ။ ကျန်တဲ့သူအားလုံးလည်း ရခိုင်အရေးအခင်းမှာ ပစ်ကြခတ်ကြနဲ့သေ။ ဒီလောက် ဇာတ်အိမ်ခိုင်မာပြီး သနားစရာကောင်းမယ့် အရမ်းဇာတ်နာလေတဲ့ ဇာတ်လမ်းမျိုး ရှိဦးမယ် မထင်ဘူး။ ဟဲဟဲ။

 

မြန်မာပြည်မှာ ရုံးကြီးကနားကြီး ဟိတ်ကြီးဟန်ကြီး ဆိုင်ကြီးအခန်းကြီးနဲ့ အလုပ်လုပ်ရင် အမှုလွတ်တယ်။ ခိုးကူးခွေ တိုက်ဖျက်ရေးဆိုပြီး လုပ်လိုက်လို့ တရုတ်တန်းက အခွေဆိုင်လေးတွေ ပျောက်သွားတာကို တွေးမိတာပါ။ ပြောရရင် ဆိုင်ကြီးနဲ့ ခပ်တည်တည် ရောင်းနေတဲ့ တုံကျင်းတို့၊ မန်မိုရီတို့၊ စီးတီးမတ်က ဆိုင်တွေမှာ ရောင်းနေတဲ့ နိုင်ငံခြားအခွေတွေလည်း တရားမဝင် ဆင်ဆာမဲ့တွေပဲလေ။ ကြည့်ပါရစေဗျာ မြန်မာကားတွေ သောက်သုံးမကျလွန်းလို့ မကြည့်ချင်ပါဘူး တရားမဝင် ဆင်ဆာမဲ့ နိုင်ငံခြား ဇာတ်ကားလေးတွေ ကြည့်ပြီး နေထိုင်နေကြရတာပါ။

 

3 Dec 2012

လယ်ယာ အများအပြားမှ ကောက်နှံများကို လယ်ကွင်း တစ်ခုတည်းသို့ ယူလာပြီး သူတို့၏ သီးနှံထွက် အလွန်ကောင်းသည်ဟု ပါတီအကြီးအကဲများအား ပြသသည်။ ထိုကဲ့သို့သော ဟန်ပြ လယ်ကွင်းများကို နိုင်ငံခြားသားများ၊ သတင်းထောက်များ၊ အခြားဒေသမှ လာရောက် ကြည့်ရှုသူများ၊ စိုက်ပျိုးရေး သိပ္ပံပညာရှင်များကို ပြသကြသည်။ ......။ ကိုယ့်ကိုကိုယ်လိမ်ရင်း သူများကိုပါ လိမ်တတ်လာသည်။ .....။ သူများနည်းတူ ကောက်နှံ အံ့မခန်းထွက်အောင် မစိုက်ပျိုးနိုင်သူများသည် သံသယ ဝင်လာကြသည်။ ပြီးတော့ မိမိကိုယ်မိမိ အပြစ်တင်ကြသည်။ ....။ ကောက်ပဲသီးနှံ အံ့မခန်းထွက်ပါသည်။ အထွက်တိုးပါသည်ဟု ဝန်မခံသူကို ဝန်ခံအောင် ရိုက်နှက်သည်။ ငန်းရိုင်းများ၊ ကျော်အောင်၊ စာ-၂၄၅-၂၄၆

ဆရာကျော်အောင် ဘာသာပြန်တဲ့ ငန်းရိုင်းများကို တစ်ရက်နည်းနည်းချင်း အချိန်ယူ ဖတ်ဖြစ်ရာက ဖတ်နေရင်း ဖတ်နေရင်း တရုတ်ပြည်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ အရမ်းတူနေတာ သိလာရတယ်။ တနည်းအားဖြင့် ဦးနေဝင်းရော ဦးသန်းရွှေရော မော်စီတုံးကို ကြိတ်ပြီး ကြိုက်ခဲ့လေသလားတောင် စဉ်းစားနေမိတယ်။ 

 

ဤခေတ်ထဲမှာပင် အရာရှိကြီးများ၏ သားသမီးများသည် သီးခြားလူတန်းစား တစ်ခု ဖြစ်လာသည်။ သူတို့ ကိုယ်တိုင်က အထက်တန်းလွှာ သားသမီးများဘဝကို ခံယူလာသည်။ ထင်ရှားသိသာအောင် ပြသည်။ သူတို့မှာ အာဏာရှိသည် သူတို့ကို မထိရဟူသော စရိုက်မျိုး ဖော်ပြလာကြသည်။ အရာရှိကြီး သားသမီးများစွာသည် မောက်မာ ဝင့်ဝါသည်။ မော်နှင့် ထိပ်ပိုင်းခေါင်းဆောင်များက သူတို့အကြောင်း မကြာခဏပြောသည်။ သတင်းစာများတွင် သူတို့အကြောင်း တိုင်တန်း ရေးသားကြသည်။ သူတို့သည် အထူးအခွင့်ထူးခံ အင်အားစုတစ်ခု ဖြစ်လာသည်။ ငန်းရိုင်းများ၊ ကျော်အောင်၊ စာ-၂၉၆

 

2 Dec 2012

နေမျိုးဇင်ဆိုတဲ့လူ အရင်တုန်းကလည်း မကြိုက်ဘူး အခုလည်း မကြိုက်ဘူး။ သူလည်း စစ်တပ်က ထွက်လာတာပဲ။ အကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့ အောက်ခြေကလူတွေကို ဘလိုင်းကြီး သွားခွပ်နေတယ်။ ရဲက မင်းနဲ့ငါပြောတော့ မခံနိုင်ဖြစ်ပြီး စစ်သွေးလေးက ကြွလာ မင်းနဲ့ငါ မပြောနဲ့ ငါက ဗိုလ်ကြီးဟောင်း လုပ်သေးတယ်။ သူတို့ကို ပြောလို့ ရတာမဟုတ်ဘူးဆိုတာ မသိတာလည်း မဟုတ်ဘဲနဲ့။ ရယ်ရွှင်ဖွယ်ပဲ။ ရဲတွေ မိုက်ရိုင်းတာကတော့ ထည့်ကို ပြောမနေတော့ပါဘူးလေ။

 

 

No response to “December 2012 Summary”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz