Scenario 28
မန္တလေးကနေ အုန်းချောတို့ ဘာတို့ ကျော်ပြီးရင် ပြင်ဦးလွင်အတက် ၁၂မိုင် စခန်းမှာ အေးရှားဝေါ(လ်)ရဲ့ ယာဉ်ဖြတ်သန်းခ ကောက်ခံတဲ့ တိုး(လ်)ဂိတ် တစ်ခုရှိတယ်။ မြန်မာပြည် ကျွန်တော် သွားခဲ့ဖူးသမျှ နေရာတွေထဲမှာ အကောက်ကျစ်ဆုံး ဂိတ်တစ်ခု ဖြစ်ပါတယ်။ တစ်တန်အထက် ကားဖြတ်သွားရင် ကျပ် ၆၀၀ ပေးဆောင်ရပါတယ်။ ပေးဆောင်ရတာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက
(၁) ပိုက်ဆံယူတယ် မတောင်းရင် ပြေစာ မပေးဘူး။
(၂) ပြေစာတောင်းလို့ ပေးရင် ကိုယ့်ကားဖြတ်တဲ့အချိန်က ပြေစာ မဟုတ်ဘူး၊ အသင့်လုပ်ထားတဲ့ ပြေစာတစ်စောင် ကောက်ပေး လိုက်တယ်။
(၃) အဲဒါကို ကွန်ပလိန်းလုပ်ရင် ပြေစာအသစ်တစ်စောင် ထပ်ထုတ်ပေးတယ်၊ ဒါပေမယ့် အချိန်တွေ ရက်စွဲတွေက တလွဲဖြစ်နေတယ်၊ ဖြစ်နေတာမှ နောင်လာမယ့် ၂၀၂၃ လို သက္ကရာဇ်နဲ့။
(၄) လက်လုပ်ပြေစာမျိုး ရှိသေးတယ်။
(၄) ဒီသုံးခုလောက် လုပ်လိုက်လို့ရှိရင် အဲဒီက တာဝန်ကျနေတဲ့ လူဟာ တင်းတင်းမာမာ ဟောက်ပါတော့တယ်။
ကျွန်တော် အခါ ၁၀၀ ဖြတ်တယ်။ အခါ ၁၀၀ အဲလို ကြုံရတယ်။ သေချာတာက အဲဒီက ဝန်ထမ်းတွေ မသမာမှု လုပ်နေတာပါပဲ။ သူတို့ ဒီလို မသမာ လုပ်တဲ့အတွက် အေးရှားဝေါ(လ်) အနေနဲ့ ဝင်ငွေ အများကြီး ထိခိုက်တယ်။ အဲလို ထိခိုက်တဲ့အခါ ကုမ္ပဏီအနေနဲ့ ရည်မှန်းထားတဲ့ ပြန်ဝင်ငွေ မရဘူးဆိုပြီး လမ်းအသုံးပြုခ ထပ်တိုး ကောက်ခံမယ်။ အဲဒီအခါ ပြည်သူလူထုပဲ ခံရတာပါပဲ။ ကုမ္ပဏီလည်း မမှားဘူး၊ ပြည်သူလူထုလည်း မမှားဘူး။ အဲဒီ အကျင့်ပျက်ဝန်ထမ်းတွေ မှားနေကြတာ။ ဘယ်ကို တိုင်ရမှန်း မသိလို့ အခါခါ ဖြတ်တိုင်း အခါခါ မကျေမနပ် ဖြစ်နေရတာ ဘယ်တော့များမှ အမှန်အတိုင်း ဖြစ်လာပာ့မလဲလို့ တွေးနေမိတယ်။ အစိုးရဝန်ထမ်းတင် မဟုတ်ပါဘူး။ ကုမဿ္ပဏီဝန်ထမ်းတွေမှာလည်း ယုတ်မာတဲ့လူတွေ ရှိနေတတ်တာ သတိပြုဖို့ လိုပါလိမ့်မယ်။
အထက်ကဟာက Scenario(27-40) မှာ တင်ထားခဲ့တဲ့အကြောင်း။ ကိုယ်က ချလံတွေ ဖြတ်ပိုင်းတွေဆို သိမ်းမထားတတ်တဲ့သူမို့ သက်သေက မခိုင်လုံဘူး ဖြစ်နေတယ်။ ဒီတစ်ခေါက်တော့ သက်သေနဲ့တကွ ဖမ်းပြလိုက်ပါတယ်။ ပထမပုံက ဂိတ်ကို မဝင်ခင်ပုံပါ။ ညာဘက်မှာ ကင်မရာရဲ့ EXIF ဒေတာဖိုင် ရှိပါတယ်။ အချိန်ကို ကြည့်ပါ။ နောက်တစ်ပုံက ဂိတ်ကို ဖြတ်ပြီး ပြေစာကို ရိုက်ထားတာပါ။ အချိန်တွေကို သတိပြုစေလိုပါတယ်။
2 Responses to “Asia World's employees corruption”
ဖတ်ဖူးပါတယ်လို့..... အချိန်နဲ့ တွဲခိုင်းသကိုး :D
Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog
Post a Comment
Trackbacks
Leave a trackback