Wednesday, March 21, 2012

ဝင်းမင်းသန်း နောက်ဆက်တွဲ

Purple Plain ထဲက မင်းသမီး ဝင်းမင်းသန်း အကြောင်းကို ဟိုးတုန်းက ဘလော့မှာ တို့ထိ ရေးခဲ့ဖူးတယ်။ နောက်ပိုင်း အင်တာနက်ပေါ်မှာ သူ့အကြောင်း ရေးတဲ့သူတွေ များလာတယ်။ ၄၇လမ်းထိပ်က Memory ဆိုတဲ့ အခွေဆိုင်မှာလည်း အဲဒီ ခရမ်းရောင်လွင်ပြင် အခွေကို ဝယ်လို့ရတယ်။ ပြန်ဖတ်ရသမျှ စာအုပ်တွေထဲ ကိုသန်း(ကြည့်မြင်တိုင်) ရေးထားတဲ့ နိုင်ငံရေး အတွေ့အကြုံများ စာအုပ် နှစ်အုပ်ထဲမှာသာ သူ့အကြောင်း တွေ့ရတယ်။ တော်တော်များများကလည်း ဒါကိုပဲ ကိုးကားနိုင်တာမို့ ဇာတ်လမ်းက တဝက်တပျက် ဖြစ်နေတယ်။ မောင်ကြော့ဝေရဲ့ (ငရဲခွေးကြီး လွတ်နေသည်နှင့် တရားခွင်ရောက် စာပေမြင်ကွင်းစုံ) ဆိုတဲ့ စာအုပ်ထဲမှာ စိတ်ဝင်စားဖွယ် နောက်ဆက်တွဲလေး တွေ့ရတာမို့ တင်ပေးလိုက်ပါတယ်။ မီဒီယာကြောင့် ဘာမှမဆိုင်ဘဲ နာမည်ပျက်ပြီး လောကီကို စိတ်ကုန်လို့ သီလရှင်ဝတ်သွားတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက် အကြောင်းပေါ့။ (မိုးဟေကိုလောက်တောင် လောကဓံကို တောင့်မခံနိုင်ရှာသူလို့ ကြံဖန် တွေးမယ်ဆိုလည်း ရမယ် ထင်ပါရဲ့ :))





ပထမဆုံး ဒါလေးကို ဖတ်ပါ။ [Click]
ဒုတိယ မင်္ဂလာပါမှာ တင်ထားတဲ့ ကိုသန်းရေးထားတာကို ဖတ်ကြည့်ပါ။ [Click]
နောက်ဆုံးမှ ဒါကို ဖတ်ပါ။ [Click]
ဒါမှမဟုတ်လည်း ဒီမှာဖတ်ပါတော့။
ဝင်းမင်းသန်း

6 Responses to “ဝင်းမင်းသန်း နောက်ဆက်တွဲ”

black.pirate said...

သော်တာဆွေရဲ့ ဝတ္ထုတိုတစ်ပုဒ်ထဲမှာ တစ်ခါတွေ့ဖူးတယ်။ အဲဒီကတည်းက ပါပယ်ပလိန်းကို ကြည့်ချင်လို့ လိုက်ရှာတာ ဟိုးတလောကမှ ပန်းဆိုးတန်းက အခွေဆိုင်မှာ တွေ့တယ်။

Thanks for sharing. I never watched that movie though I heard about it since my childhood. Hope to manage to see it soon.

မြန်မာအမျိုးသမီးတွေရဲ့ အိနြေ္ဒသိက္ခာကို ကမ္ဘာကသိအောင် ပြနိုင်ခဲ့လို့ နိုင်ငံတကာက ချီးကျုးလေးစားခဲ့ရပေမဲ့ ကိုယ့်ပြည်တွင်းက မီဒီယာတွေကြောင့် အရှက်တကွဲဖြစ်ရတဲ့ မင်းသမီးအတွက် တကယ်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ စာနယ်ဇင်းဆိုတာလည်း လူတစ်ယောက်ရဲ့ ဘဝကိုပါ သတ်နိုင်တဲ့အထိ အစွမ်းထက်တာမို့ မှန်ကန်တိကျ သေချာတဲ့ သတင်းဖြစ်ဖို့တော့ စာနယ်ဇင်း မီဒီယာ သမားတိုင်း အားထုတ်သင့်တယ် လို့ မြင်ပါတယ်။

NLS said...

အဲလိုသာ ပြောနေကြတာပါ မချောရယ်။ ကျွန်တော် အဲဒီရုပ်ရှင်ကြည့်တော့ သူသရုပ်ဆောင်နေတဲ့ပုံက မခို့တရို့နဲ့ မင်းသားကို မြှူနေသလိုလို၊ ပဲပေးနေသလိုလို။ ၀တ်စားတာတော့ လုံခြုံပါတယ်။

Thu said...

More infos related with "Purple Plain":
နောက် တခါ..ဗမာပြည်မှာ.. စစ်ပြီးခေတ်က.. ဟိုးလေး တကြော်.. စိတ်ဝင် စား ခဲ့ ကြတဲ့.. Purple Plain ရုပ်ရှင် မှာ.. ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲ ဖက် သရုပ်ဆောင် ဖို့.. ဦးစွာ သဘောတူ ခဲ့ သူ ဖြစ် ကြောင်း.. လည်း သိလိုက် ရတယ်။
အဲဒီ မှာ... ဗမာ့ ယဉ်ကျေး မူ နဲ့ မလျော် တဲ့.. ထုတ်လုပ်သူဖက်က..တောင်းဆိုချက် တွေ ကြောင့်...သူမ ဖက်က..ဖျက်သိမ်း ခဲ့ တယ်လို့ ဆို တယ်။ အဲဒီ နောက် မှ သာ.. ၀င်းမင်းသန်း နဲ့သဘောတူ ပြီး.. ရုပ်ရှင် ကို ဆက်လက် ရိုက်ကူး ခဲ့ တာ ဖြစ်ပေ လိမ့် မည်။
‘It was so Hollywood, it was ridiculous; it was an insult to
anything that had to do with Burma,’ she said. ‘When the film did come to Burma there was a big hue and cry. Things in the pagoda, things a Buddhist would never
do.’
http://kthwe.blogspot.com/2010/05/blog-post_02.html

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz