Thursday, February 16, 2012

ရှေးဟောင်းရန်ကုန်

ရန်ကုန်မြို့ကြီးတွင်၊ ရှေးမြန်မာမင်းတို့ လက်ထက်တှောအခာက။ မြို့၏ အခြေအနေ၊ ရပ်စုရပ်ကွက်တို့ တည်ယှိသည်ကို ဖှောပြခြင်းအကြောင်း။

၁။ ဘုရားသွားသော ဓာတ်ရထားလမ်း။ မြင်းပြိုင်ကွင်းအနီး။ ကျားကူးသိမ်ကြီး ယှိသည်။ ရှေးက ၎င်းသိမ် အရှေ့အနီး။ ဘုန်းကြီးဦးညောင်ကျောင်း ယှိသည်။ ၎င်းအရှေ့ ဘုန်းကြီးဦးဝိမလကျောင်း ယှိသည်။ ၎င်းအရှေ့ ဘုန်းကြီး ဦးဥတဿတမကျောင်း ယှိသည်။ [မှတ်ချက်။ ရှေးက ဦးဝိစာရလမ်းကို Voyles Road ဟုခှောသည်။ ထိုအခာက ဗွိုင်းလမ်းသည် ယခု တပ်မတှောခန်းမရှေ့နားရှိ ပန်တျာလမ်းအထိသာ ရှိသည်။ တပ်မတှောစစ်သမိုင်းပြတိုက်၊ တပ်မတှောခန်းမ၊ အမျိုးသားရေကူးကန်နေရာ၊ မင်းမနိုင်အိမ်ရာများသည် ထိုကာလက မြင်းပြိုင်ကွင်းကြီး ဖြစ်သည်။ ကျားကူးကျောင်းတိုက်ကို ယနေ့တိုင် ရွှေတိဂုံဘုရားလမ်း၊ တပ်မတှော စစ်သမိုင်းပြတိုက်ဘေးတွင် တွေ့မြင်နိုင်သည်]

၂။ ဘုရားသွားသော ဓာတ်ရထားလမ်း အရှေ့ဖက်အနီး ယခုတိုက်အိမ်ဝင်းခြံအတွင်းရှိ စေတီသည် စကြာဝန်ကြီးဘုရား ခှောသည်။ ၎င်းဘုရားအရှေ့ ပန်းပဲတန်းလမ်း။ ၎င်းအရှေ့ မြို့ပြင် အရှေ့တောင်ထောင့် အရပ်တွင်။ မြမဿမာ။ ကလယ်။ ပသီ။ တရုတ်။ ၎င်းလူမျိုးတို့ သုသဿသန်သင်းချိုင်းကြီး ယှိသည်။ ယခု ဆူးလေဘုရား မြောက်ဘက်လမ်း။ ဖရေဇာလမ်းထောင့်တွင် ကုလားသင်းချိုင်း ဝင်းခြံကာလျက် ယှိသေးသည်။ [မှတ်ချက်။ စကြာဝန်ကြီးဘုရား ဆိုသည်မှာ ဘိုးတှောဘုရား လက်ထက်က စကြာဝန်ကြီးတည်သော လောကမာရ်အောင် ဘွဲ့အမည်ရ ဘုရားဖြစ်သည်။]

၃။ ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ ပန်းပဲးတန်း။ သံဖြူတန်းလမ်း ၂ ခုအကြားတွင်။ ရှေးက မှန်ကင်းကျောင်းတိုက် ယှိသည်။ ဂိုဏ်းထောက်ကြီးဦးရွှန်း နေသည်။ ကျောင်းတှောတိုက်လဲး ခှောသည်။

၎။ ၎င်း မှန်ကင်းကျောင်းတိုက်။ တောင်ဘက်တွင်။ သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ယှိသည်။ အမြင့် အတောင် ၃၀ ခန့် ယှိသည်။ မဟာရံတံတိုင်း မီးတားမယှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ယှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ယှိသည်။

၅။ ဆူးလေဘုရားအရှေ့။ ယခုယှိသော ပန်းခြံနေရာ၏ အနီး အရှေ့ဘက်။ တောင်ဘက်တွင် ကုလား။ မြမဿမာများ နေထိုင်သော အိမ်ခြေယှိသည်။ ဆူးလေဘုရားမြောက် ဘုန်းကြီးဦးကုလားကျောင်း ယှိသည်။ ဘုန်းကြီးဦးကုလားသည် ပဲးခိုးမြို့ဆရာတှော ဦးမာ၏ ဂိုဏ်းထောက် ဖြစ်သည်။ [မှတ်ချက်။ ယခု မဟာဗနဿဓုလပန်းခြံ နေရာမှာ အဂဿငလိပ်ခေတ်က Fytche Square ပန်းခြံဖြစ်သည်။]

၆။ ယခု ဆေးရုံဟောင်းအရှေ့။ မဂိုတန်းလမ်း အနောက်ဘက်နေရာတွင် ရှေးက တောင်ဘီလူးကျောင်းတိုက် ယှိသည်။ ယခု ခရေပင် ၂ပင် ယှိသေးသည်။ [မှတ်ချက်။ ဆေးရုံဟောင်းမှာ ယခု ဗိုလ်ချုပ်ဈေး မျက်စောင်းထိုးရှိ လေဟာပြင်ဈေး နေရာပင် ဖြစ်သည်။]

၇။ ယခုထောင်ကြီး နေရာတွင် ရှေးက ဥယျာဉ်တှော ပြုလုပ်ထားသည်။ [မှတ်ချက်။ ထောင်ကြီးနေရာမှာ ယခု ဘုန်းကြီးလမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့်မှ သူနာပြုတကဿကသိုလ် နေရာပင် ဖြစ်သည်။ ၎င်း ထောင်ကြီး၏ တောင်ဘက်၊ ဗိုလ်ချုပ်လမ်း၏ တဘက်တွင် ထောင်ဥယျာဉ်ဟူ၍လည်း ရှိခဲ့ဖူးသည်။]

၈။ တိရစဿဆာန်ရုံဥယျာဉ်ဟောင်း။ ယခု ဆေးရုံသစ်ကြီးနေရာတွင် ရှေးက တရုပ်လူမျိုးတို့ ဆောက်လုပ်ထားသော ဘုံအိမ်ကျောင်းတစ်ခု ယှိသည်။ [မှတ်ချက်။ ဆေးရုံသစ်ကြီးမှာ ယခင် လေဟာပြင်ဈေး နေရာတွင် ရှိနေရာမှ ယနေ့ခေတ် နေရာသို့ အသစ်တည်ဆောက် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိရစဿဆာန်ရုံဟောင်းမှာ ဗိုလ်ချုပ်လမ်းတစ်နေရာတွင် ရှိခဲ့ဖူးသည်ဟုသာ သိရပြီး နေရာအတိအကျ မသိခဲ့ရသှောလည်း ယခုစာအရ ယခုဆေးရုံသစ်ကြီးနေရာသည် ဟိုးရှေးယခင် ရန်ကုန်တိရစဿဆာန်ဥယျာဉ်၏ မူလနေရာဖြစ်ကြောင်း သိရသည်။ ၁၉၁၄ ရန်ကုန်မြေပုံအရ ယင်းနေရာကို ယခင်က Agri Hortic Gardens ဟု ခှောကြောင်း သိရသည်။]

၉။ ယခု သိမ်ကြီးဈေး အလယ်နေရာတွင်။ ရှေးက ဆူးလေဘုရားပုံ စေတီကြီးတဆူ ယှိသည်။ ရွှေတိကုံ။ နောင်တှောကြီးစေတီထက် ကြီးသည်။ စေတီအရှေ့ဘက်ကပ်လျက်။ ယခုတည်ရှိသော သိမ်ကြီးတန်ဆောင်း အာရုဏ်ခံ ဖြစ်သည်။ ၎င်းသိမ်ကြီး၏ တောင်ဘက်တွင် တပ်ကလေးဈေး ယှိသည်။ ၎င်းအရှေ့မြောက် ဘုန်းကြီးဦးပုညကျောင်းတိုက် ယှိသည်။

၁၀။ ဆေးရုံဟောင်းတောင်ဘက်။ ယခုယှိသော မဟာပိနဿနဲတိုက်။ ပုဏားတိုက်ဟူ၍ ခှောသည်။ ရှေးကအတိုင်း တည်ယှိသည်။ ၎င်းအနောက်မြောက်ထောင့်တွင်။ ဒူးရင်းဆရာတှောကျောင်းတိုက် ယှိသည်။ ၎င်း ဆရာတှောသည် ရန်ကုန်မြို့ ဂိုဏ်းအုပ်ကြီး ဖြစ်သည်။ ဆေးရုံဟောင်းနေရာတွင်။ ဘုန်းကြီးခင်ကြီးဖြူကျောင်းတိုက် ယှိသည်။

၁၁။ ယခု ဟိုက်စကူးကျောင်းနေရာတွင် ဘုန်းကြီးဦးမေဒာ။ ဦးအာဒိစဿစတို့ကျောင်းတိုက်။ အရှေ့အနောက်ယှဉ်လျက် ယှိသည်။ ၎င်း ဟိုက်စကူးကျောင်းအရှေ့။ ယခု အဂဿငလိပ်ဘုရားရှိခိုးကျောင်း နေရာတွင်။ ဂိုဏ်းထောက်ဆရာတှော ဦးဂနဿဓကျောင်းတိုက် ဖြစ်သည်။ ၎င်းကျောင်း အရံအတွင်း။ ရွှေရေဧး ခှောသော ရေတွင်း တခု ယှိသည်။ သောက်တှောတွင်းလဲး ခှောသည်။ ကုန်းဘောင်မင်း သောက်တှောမူသည်ကို အစွဲပြု၍။ သောက်တှောတွင်းဟု ထင်ရှားသည်။ ယခု ရေတွင်းကို မြေဖို့လိုက်သဖြင့် ကျောင်းဝင် ရထားလမ်းဖြစ်လျက် ယှိသည်။ [မှတ်ချက်။ မည်သည့် ဟိုက်စကူးကျောင်းကို ဆိုလိုသည် မသိရသှောလည်း [၁၃] အရ လသာ(၂) နေရာဟု ခန့်မှန်းရလေသည်။ ယခင်က ဆာအာသာဖယ်ရာ နေထိုင်ခဲ့သော အိမ်ရာမှာ ဦးအာဒိစဿစကျောင်းအရံအတွင်း ကျရောက်သည်ဟု သိရသည်။ ယခု စိန့်မေရီဘုရားရှိခိုးကျောင်း နေရာမှာ ယခင်က ဦးဂနဿဓကျောင်းတိုက် ဖြစ်ကြောင်းလည်း သိရသည်]

၁၂။ ယခု သရက်တောကျောင်းတိုက် နေရာတွင်။ ရှေးက တောကြီးဖြစ်လျက် ယှိသည်။ ရွှေဘိုဘုရင်လက်ထက်။ ရန်ကုန်မြို့ဝန် ဦးယှမ်းကလေး။ သံတှောဆင့်ရေဝန် မောင်တူတို့က။ ကျောင်းဆောက်၍ အင်းဝမြို့က ကြွလာသော။ ဘုန်းတှောကြီး ဦးမဏိကို ပင့်၍ တင်လှူ ကိုးကွယ်ကြသည်။ ပဌမဦးစွာ ဆောက်သော ကျောင်းဖြစ်သည်။ သာကရာဇ်။ ၁၂၁၄ ခုနှစ် ဒုတိယအရေးတှော ဖြစ်ပြီးနောက်။ ဖယ်ရာမင်းကြီးက။ ဤနေရာတွင် ကျောင်းပောင်း ၅၀ ရွှေ့ပြောင်းနေထိုင်စေ။ သဃဿငာတှောတို့အတွက် ကျောင်းမြေအတည် ဂရန်ပေးအပ်လေသည်။ သရက်တောကျောင်းတိုက်ဟု အမည်ထင်ရှားခြင်း ဖြစ်သည်။

၁၃။ ဤအခာက ဖယ်ရာမင်းကြီး နေအိမ်သည်။ ယခုဟိုက်စကူးခှော ကျောင်းကြီး၏ အနောက်ဖက်ယှဉ်လျက်။ အစိုးရကောလိပ်ကျောင်းသစ် နေရာတွင် ယှိသည်။ ဖယ္ရာအိမ္ဟူ၍ အဂဿငလိပ္အကဿခရာ ကမဿဗည်းတပ်လျက် ယှိသည်။ ၎င်းနေရာ မြမဿမာမင်းလက်ထက်က ဘုန်းတှောကြီး ဦးအာဒိစဿစကျောင်းအရံအတွင်း ကျသည်။ [ဆာအာသာဖယ်ရာ နေထိုင်ခဲ့သော အိမ်ရာကို နောက်ပိုင်းတွင် ဖယ်ရာပြတိုက် (Phayre Museum) အဖြစ် ပြုလုပ်ထားခဲ့ပြီး ယခုခေတ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်း၊ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတှောလမ်းထောင့် နေရာ ဖြစ်သည်]

၁၄။ ယခု ကွမ်းခြံမီးရထားရုံကြီး တောင်ဘက်။ မန်ဂိုမာရီလမ်းကပ်လျက်။ ဈေးအရှေ့ဘက်တွင် တည်ယှိသော ဘုန်းတှောကြီးကျောင်းတိုက်သည်။ မြမဿမာမင်းလက်ထက်က သစ်ဆိမ့်ကုန်းကျောင်းတိုက် ခှောသည်။ သစ်ဆိမ့်ကုန်းခှောသည်မှာ။ သစ်ဆိမ့်ပင်ကြီးတပင် ပောက်လျက်ယှိသည်ကို အစွဲးပြု၍ ခှောသည်။ အဂဿငလိပ်မင်း လက်ထက်တှောအခာ။ မှောလမြိုင်မြို့က။ ဘုန်းတှောကြီးတပား ကြွလာသီတင်းသုံးတှောမူသည်ကို အစွဲးအလန်း အမှတ်ပြု၍။ မှောလမြိုင်ကျောင်းဟု ယခုတိုင် ထင်ယှားလေသည်။

၁၅။ ယခု ထောင်ကြီး အနောက်ဘက်။ ရေခဲစက်ရုံ၏ အနောက်မြောက်ဘက်အနီး။ ကုန်းတန်းကြီးတွင်။ မြမဿမာမင်းလက်ထက်က။ ဘုရားငုတ်တိုကြီးတဆူ ယှိသည်။ ၎င်းစေတီကြီးကို ပှောတှောမူဟု ခှောကြသည်။ ၁၂၁၃ ခုနှစ်တွင်။ ၎င်းစေတီငုတဿတိုက ရောင်ခြည်တှောလွှတ်သောကြောင့်။ ဘုရားပွဲတှော ပြုလုပ် ပူဇှောကြပာသည်။ ယခု အဂဿငလိပ်စာသင် ကုရင်ကျောင်းနေရာ ဖြစ်သည်။ [မှတ်ချက်။ ယခုခေတ် အလုံ ဆက်သွယ်ရေးစခန်းရှေ့ရှိ ကရင်ကျမ်းစာသင်ကျောင်းနေရာ ဖြစ်သည်။ မွန်အမည် ကျိုက်ဒေးတဲး ခှောသည်။ မြန်မာလို ကျောက်ကုန်းဘုရား ဆိုလိုသည်။ အပိုဒ် ၄၈ လည်းရှုပာ]

၁၆။ ၎င်းကျောင်း အနောက်ဘက်နေရာတွင်။ ရှေးက သင်းချိုင်းနေရာ ဖြစ်သည်။ ၎င်းသင်းချိုင်းအနောက်။ အလုံရပ်ဟု ခှောသည်။ ယခု အလုံဂတ်တဲ နေရာ၏ မြောက်ဖက်ကုန်းတန်းတွင်။ ရှေးက သုဘရာဇာသင်းချိုင်းနေရာ ဖြစ်သည်။

၁၇။ ဆူးလေဘုရားအနီး။ ဓာတ်ရထားလမ်းခြားလျက်။ အနောက်မြောက်ထောင့်တွင်ယှိ ကုလားပလီနေရာသည်။ ဆူးလေဘုရားမြေ ဖြစ်သည်။ ၎င်းပလီ အနောက်မြောက်အနီးတွင်။ ရှေးက ဆူးလေနတ်စင် ယှိသည်။ နတ်ထိန်း မရေး ဆိုသူ အမြဲး နေသည်။ [မှတ်ချက်။ ၃၂ လမ်းထိပ်ရှိ ဗလီနေရာကို ဆိုလိုသည်]

၁၈။ ဆူးလေဘုရား အရှေ့မြောက်။ ယခု မြူနီစပယ်ရုံး အရှေ့တွင်။ ရှေးက မသာတံခား ဟူ၍ ယှိသည်။ တောင်မြောက် သွားသောလမ်း ယှိသည်။ ၎င်းလမ်းအရှေ့ ခွေးသေဝဘုရားငုတဿတို ယှိသည်။ ၎င်းဘုရား အနောက်တွင်။ ခွေးသေဝသိမ်တခု ယှိသည်။ ၎င်းဘုရားငုတဿတိုရှေ့တွင်။ ပန်းတောကျောင်းဟူ၍၎င်း။ ခယေပင်ကျောင်း ဟူ၍၎င်း ယှိသည်။ ၎င်းကျောင်းအရံအတွင်းက။ ရေတွင်းကို ကဒတ်ငန်းရေတွင်း ခှောသည်။ ၎င်းရေတွင်း အရှေ့ဘက်။ မြေတံတားလမ်း ယှိသည်။ [မှတ်ချက်။ မဟာဗနဿဓုလလမ်း၊ ၃၆ လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား အေဘီစီဘား အနီးတွင် ဘုရားငယ်တစ်ဆူ ရှိသည်။ ၎င်းဘုရားမှာ ခွေးသေဝဘုရား ဟုတ်မဟုတ် မသေချာပေ]

၁၉။ ယခု စပတ်လမ်း။ ကာဝီသူဌေးတိုက်နေရာသည်။ ရှေးက ရွှေကျင်မင်းကြီးအိမ်ရာ ဖြစ်သည်။ [မှတ်ချက်။ ဗိုလ်အောင်ကျှောလမ်း ဖြစ်သည်]

၂၀။ ဆူးလေဘုရား တောင်ဘက်စောင်းတန်းလမ်းမှာ။ ရှေးက ကျုံးကူးတံတား ယှိသည်။ ၎င်းတံတားမှာ ရင်ခွဲးစရပ်ကြီးတခု ဆောက်ထားလျက် ရှိသည်။

၂၁။ ဆူးလေဘုရား အနောက်စောင်းတန်းလမ်း။ ယခု ဒီဇူဆာဆေးတိုက် မြောက်။ ကျုံးပတ်လည်ရေဝိုင်းလျက်။ ကျွန်းငယ်တခုပှောတွင်။ ရေလယ်ကျောင်းဟု ခှောတွင်လျက် ယှိသည်။ ကျောင်းထိုင်ဘုန်းတှောကြီး ဦးမြတ်ခဲး ခှောသည်။ စစ်ကဲး ဦးမြိုင် ဆရာဖြစ်သည်။

၂၂။ ယခု ဘုရားလမ်း။ ကျားကူးသိမ်တောင်။ ပဲးခိုးကျောင်းတိုက် ယှိသည်။ ၎င်းကျောင်းတိုက်အနောက်။ ယခု မြင်းပြိုင်ကွင်း အလယ်တွင်။ မြမဿမာစစ်ကဲး ဦးမြိုင့်အိမ် ယှိသည်။ ၎င်းအိမ် အရှေ့တောင်တွင် မဂဿငလာဈေး ရှိသည်။ [မှတ်ချက်။ အမျိုးသားရေကူးကန်နှင့် အိုလံပစ်ဟှောတယ်ဝင်းနေရာ ဖြစ်မည်]

၂၃။ ယခု ဂှောရာကုန်း။ ရှေးက ဆံတှောကြိုလမ်း။ အမတ်ကြီး ညီအစ်ကို ၂ ယောက် စေတီ တဆူစီ အရှေ့အနောက် တည်ထားသည်။ အကိုတည်သော စေတီကို။ တလိုင်းဘာသာ။ ကျိုက်ခပောက်စနွတ် ခှောသည်။ မြမဿမာလို ခပောက်ကား ၇ တောင်။ စနွတ်ကား တာ ခှောသည်။ ကျိုက်ကား။ ဘုရား ခှောသည်။ အဓိပဿပာယ်မှာ ၇ တောင်တာဘုရား ဆိုလိုသည်။ ဘကြီးတှောဘုရားဟု မြမဿမာမင်းလက်ထက်က တွင်သည်။ ၎င်းဘုရားနေရာ ယခု နေအိမ် ဖြစ်နေသည်။

၂၄။ အရှေ့ဘက် ညီတည်သော ဘုရားကို။ တလိုင်းလို။ ကျိုက်ခပောက်ဆွတ် ခှောသည်။ မြမဿမာလို ခပောက်ကား ၇ တောင်။ ဆွတ်ကား ခုန်နိုင်သည်။ ကျိုက်ကား ဘုရား ခှောသည်။ အဓိပဿပာယ္မွာ။ ၇ တောင် ခုန်နိုင်သောဘုရား ဆိုလိုသည်။ မြမဿမာမင်းလက်ထက်။ မင်းလက်ဝဲးဘုရား တွင်သည်။ ယခု အိမ်ဖြစ်နေသည်။

၂၅။ တိကုန်စေတီတှောကြီးအရှေ့ဘက် စောင်းတန်းအဆင်း။ သရက်ပင်ကြီးယှိသည်။ ၎င်းသရက်ပင်ကြီး၏ အရှေ့တွင်။ ရှေးက။ ကိုးတုံ စရပ်ကြီး (၇) ဆောင် ယှိသည်။ လူတထောင်ခန့် တည်းခိုနိုင်သည်။ ၎င်း စရပ်ကြီး အနောက်လမ်းခြားလျက်။ ဒူးရင်းဥယျာဉ်တှော ယှိသည်။ ၎င်းဥယျာဉ် အရှေ့ဘက်။ မြေစရပ်ကြီးတခု ယှိသည်။ လူပောင်းတထောင် တည်းခိုနိုင်သည်။ ဒူးရင်းဥယျာဉ်သည်။ ယခု သုဓမဿမာစရပ် နေရာကျသည်။ ကိုးတုံစရပ်ကြီးသည် ဘုရားအရှေ့ဘက် စောင်းတန်းလမ်း။ အုတ်တံတားအဆုံး။ မြောက်ဘက်သွားသောလမ်းနေရာ မြေကွက် ဖြစ်သည်။

၂၆။ ရှေးက ကြားတောရကျောင်းတိုက်။ ဘဟန်းကျောင်းတိုက် နေရာများသည်။ ဆင်နေကျားအောင်းဖြစ်သော တောကြီးစိမ့်ကြီး ဖြစ်လျက်ယှိသည်။ ဖုန်းဆိုးနေရာ။ ကျခတ်ဝားများလဲး ပောက်လျက် ယှိသည်။

၂၇။ တိကုန်ဘုရားကြီးမြောက်ဘက်စောင်းတန်းအဆင်း။ ရေကန်ကို သွေးဆေးကန် ခှောခြင်းသည် မဟုတ်။ နိမ့်ယှိုင်းသော ရှိုကြီးကို ကန်ဘောင် အရှေ့ဘက်က ဆည်းကာထားခြင်း ဖြစ်သည်။ ၎င်းကန်ကြီး မြောက်ဘက်ကုန်းသည်။ ရှေးက ကုသဿသနဿနာရံုဘုရား တည်ထားလျက် ယှိသည်။ ကုသဿသိနဿနာရုံကြီးကုန်း။ ၎င်းအနောက်ဘက်က။ ကုသဿသိနဿနာရုံကလေးကုန်းဟု ခှောတွင်လျက် ယှိသည်။ ယခု ဆင်ကုန်း ခှောကြသည်။ သွေးဆေးကန်အစစ်မှာ။ အုတ်မဟာရံတံတိုင်း ကာထားသော။ ရေကန်ငယ်ကို ဆိုလိုသည်။

၂၈။ တိကုန်စေတီတှော။ တောင်ဘက်။ ဓာတ်ရထားလမ်း စရပ်တန်းအဆုံး။ ရှေးက စေတီ ၂ ဆူနှင့်။ ခြသေဿင့ ၂စီး တည်ထားလျက် ယှိသည်။ မုတ်ဦးစေတီ။ မုတ်ဦးခြသေဿင့ ခှောသည်။ ယခု စေတီတဆူ မယှိ ဖြစ်သည်။ အနောက်ဖက် မျက်နှာကလဲး ဤနည်းအတူ ယှိသည်။ ယခု မယှိဖြစ်သည်။ ၎င်းများကို ရှင်စောပု ကုသိုလ်ဖြစ်သည်။ အရှေ့ဖက်။ မြောက်ဖက်က မယှိဖြစ်သည်။ ၎င်းခြသေဿင့စေတီများနှင့်အညီ။ ကုန်းတှောကို မဟာရံတံတိုင်း ဝိုင်းကာလျက် ရှေးက ယှိလေသည်။

၂၉။ တိကုန်ဘုရားကြီး ကုန်းတှောအောက်ခြေ။ တောင်ဘက်ဥယျာဉ်နှင့်ရေကန်။ အနောက်ဖက်။ ရေကန်။ မြောက်ဖက်။ ရေကန်။ အရှေ့ဘက်။ ရေကန်တို့သည်။ ရှေးက မယှိ။ ယခု အဂဿငလိပ်မင်းလက်ထက်မှ။ မြေကို တူးယူသော နေရာများသည်။ ယခု ရေကန် ဖြစ်နေကြသည်။ ရှေးက ကုန်းတှော မဟာရံတံတိုင်းနေရာ ဖြစ်သည်။

၃၀။ ဘုရားကုန်းတှော အရှေ့ဖက်။ ယခု သုဓမဿမာစရပ်နေရာသည်။ ကုန်းဘောင်ဘုရင် ဥယျာဉ်တှော နေရာ ဖြစ်သည်။ ရွှေကျင်မင်းကြီးဦးခိုင် လက်ထက်။ ၎င်းဥယျာဉ်တှောက။ ဒူးရင်းသီးထွက်၍။ ဒူးရင်းတှော ရှေ့တှောရောက် ဆက်သရသည်။ ၎င်း ဒူးရင်းဥယျာဉ်တှောမှူး။ မောင်နှော ဖြစ်သည်။

၃၁။ ဘုရားကြီးကုန်းတှော။ တနဂဿငေနြေထာင့္ယွိ။ သွေးဆေးကန်ခှောသော ကျောင်းတိုက်သည်။ ရှေးကယှိရင်း ကျောင်းတိုက်ဟောင်း ဖြစ်သည်။ ၎င်းကျောင်းတိုက်တွင် သီတင်းသုံးတှောမူသော။ ဘုန်းတှောကြီးဘွဲ့။ ဦးသဒဿဓမဿမ ခှောသည်။ ကုန်းဘောင်မင်း။ ရန်ကုန်မြို့တွင် စံနေတှောမူ<စည်>။ သာသနာပိုင် ဦးညေယျက။ ဂိုဏ်းအုပ်အဖြစ်ကို ခန့်ထားတှော မူခဲ့သည်။ [မှတ်ချက်။ ရှေးအခာက "ဉ" ညကလေးကို ကျက်သရေမရှိဟု သတ်မှတ်ကြသောကြောင့် ညလေးသတ် နေရာများတွင် ညသတ်ဖြင့် အစားထိုး သုံးစွဲလေ့ ရှိကြသည်]

၃၂။ ဘုရားကြီးမြောက်ဖက်။ ယခုမြို့ပတ်လမ်းအနီးယှိ။ ဦးပြားတောရာ ဟူ၍၎င်း။ အလယ်တောရာ ဟူ၍၎င်း။ ခှောတွင်သော ကျောင်းတိုက်သည်။ ရှေးက တောင်ပိုင်ဆရာတှော၏။ တောရာကျောင်း ဖြစ်သည်။ ၎င်းကျောင်းကုန်း အနောက်မြောက်ထောင့် အရပ်တွင်။ ဘုန်းကြီး ဦးကြံတက်။ တောရာကျောင်း ယှိသည်။ ၎င်းကျောင်း မြောက်ဖက်က ရုပ်စုံတောရာကျောင်း ယှိသည်။ ယခု ဗိုလ်အိမ်နှင့် ခြံမြေ ဖြစ်လျက် ယှိသည်။

၃၃။ ဗောဓိကုန်း ခှောတွင်သည်မှာ။ ကုန်းဘောင်မင်း။ ရန်ကုန်မြို့တွင် စံတှောမူနေခိုက်အခာ။ သမီးတှောအကြီး အတုလဒေဝီ။ ပုဂံမင်းနှစ်မတှော။ ၎င်းမင်းသမီးက။ သီဟိုဠ်ကျွန်းက။ ဗောဓိညောင်ကို ပင့်ယူ၍။ အုတ်ပလဿလင်နှင့် စိုက်ထား ကိုးကွယ်တှော မူခဲ့သည်။ နောက်ဘုန်းကြီးကျောင်း တည်လာသောအခာ။ ဗောဓိကုန်းကျောင်းဟု ခှောတွင်လျက်ယှိသည်။ [မှတ်ချက်။ ယင်းဗောဓိကုန်းမှာ ယခုအခာ အင်းလျားလမ်းမှ ချိုးဝင်ရသော ဗောဓိရိပ်သာလမ်း အတွင်းပိုင်းပင် ဖြစ်သည်။ လမ်းပိတ် ဖြစ်သည်]

၃၄။ ဗောဓိကုန်းကျောင်းတိုက် မြောက်ဖက် မနီးမဝေးတွင်။ ကျုံးယောင်ယောင် ထင်ရသည်။ ၎င်းကျုံးခြားလျက်။ မြို့ရိုးယောင်ယောင် အရှေ့အနောက်။ လျားလျက် ယှိသည်။ ၎င်းမြို့ရိုး မြောက်ဖက်အတွင်း။ ဘုရားငုတဿတို အရှေ့အနောက်တန်းလျက်။ ငားဆူယှိသည်။ ရှေးက ငားဆူတောဟူ၍ ခှောတွင်သည်။ ကုန်းဘောင်ဘုရင် အမိန့်အရ။ တာဝန်း။ ၁၀၀၀ ပတ်လည် ပိုင်းခြား၍။ ငားဆူတောမြေကို။ တိကုန်စေတီတှောမြတ်အား။ ဝတဿထုကံမြေအဖြစ် လှူဒာန်းတှော မူခဲ့သည်။

၃၅။ ဘုရားကြီးကုန်းတှော စနေထောင့်။ ယခု မြင်းပြိုင်ကွင်း။ အဂဿငလိပ်ဘုရားရှိခိုးကျောင်း တောင်ဘက်က။ ပေတရာလမ်းသည်။ ယခု စတူးဝက်လမ်း ခှောသည်။ ၎င်းအရှေ့ဘက် တက်သွားသော လမ်းသည်။ ရှေးက ကုန်းဘောင်မင်း မြို့တည်။ နန်းစိုက် စံတှောမူစည်က။ နန်းတှောရှေ့လမ်း ခှောတွင်သည်။ ရှေးကလမ်းဟောင်း ဖြစ်သည်။ နန်းတှောနေရာသည် အဂဿငလိပ်ဘုရားရှိခိုးကျောင်း၏ တောင်ဘက် မြင်းတာပတ်လမ်းထိပ်က ပေတရာလမ်းပှောကျလျက် ရှေးကယှိသည်။

၃၆။ ဆူးလေဘုရားလမ်း။ မီးရထားဂုန်းတံတားကြီးမြောက်ဖက်။ ဆေးဆရာဝန်နေသော အိမ်ကုန်းသည်။ ရှေးက နန်းတှောကုန်း ခှောသည်။ မည်သည့်မင်း စံတှောမူသည်ကို စုံစမ်း မရပာ။ ကုန်းဘောင်မင်း စံတှောမူစည်က။ ၎င်းနေရာတွင်။ သားတှော ပုခန်းမင်းသားကြီး။ အိမ်တှောဆောက်လုပ် စံနေတှောမူကြောင်းကို ပြောကြသည်။ [မှတ်ချက်။ အောင်ဆန်းကွင်း အနောက်ဘက်ရှိ ကုန်းကြီး ဖြစ်မည်။ ယခုအခာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ နိုင်ငံခြားစာသင်ကျောင်း၊ အိမ်ရာများ ဖြစ်နေပြီ]

၃၇။ ယခု မြို့ပတ်လမ်းခှော။ ဝင်တဆှောလမ်းမြောက်ဖက်။ ကပ်လျက်ရှိသော ကျောင်းတိုက်သည်။ ရှေးက ရှင်စောပုသုသာန်ကျောင်း ခှောတွင်သည်။ နောက် သုသဿသန်ကျောင်း ခှောသည်။ ၎င်းကျောင်း မြောက်အနိမ့်တွင် ဘုရားငုတဿတိုယောင်ယောင် ယှိနေသည်မှာ။ ရှင်စောပုအရိုးအုတ်နန်းပြသာဒ်ဟု ရှေးက ခှောတွင်ကြသည်။ [မှတ်ချက်။ ထိုဘုရားကို ယခုအခာ စမ်းချောင်း City Mart နောက်ဘက်မှ ဝင်သွားပာက ပထမဆုံး တွေ့သောလမ်း (ရှင်စောပုဘုရားလမ်း) တွင် တွေ့နိုင်သည်]

၃၈။ ရှေးက ရန်ကုန်မြို့ မြစ်ဆိပ်ကမ်း တလျောက်တွင်။ လူနေအိမ်ခြေ စည်ကားလျက် ယှိသည်။ ၎င်းကမ်းနားတွင်။ အရှေ့အနောက် လျားလျက်ယှိသော အရပ်များကား။ ဝားတန်းကြီးရပ်။ ကျောက်တံတားရပ်။ ပုဆိုးတန်းရပ်။ ကုန်သေးတန်းရပ်။ စာဆိုတန်းရပ်။ စပ်တန်းရပ်များ ယှိကြသည်။ ကုန်းဘက်က မဂဿငလာဈေးရပ်။ ရွှေပြည်မှန်ကင်းရပ်။ ယှံးတံတားရပ်။ ရန်ပုံကွင်းရပ်။ မြေထဲးမင်းကြီး ဦးကျှောရွေး အိမ်ဝင်းတှော။ ပုဇွန်ထောင်။ ဗိုလ်တထောင် အရပ်များ ယှိသည်။ ပုဇွန်ထောင် အရပ်သည် ရှေးက ပုဇွန်ထောင် စားသောက်နေထိုင်ကြသောသူတို့ အရပ်ဖြစ်သည်။

၃၉။ ၁၂၁၄ခုနှစ်။ အဂဿငလိပ်မင်း ကြီးစိုး၍။ ဆူးလေစေတီမြတ်ကို မဏဿဍိုင်ထားပြီးလျှင်။ မြို့ကွက်နေရာ ပေးသောအခာ။ ဝားတန်းကြီးရပ်က လူများနေ၍ ယခု ဝားတန်း ခှောသည်။ ကျောက်တံတားရပ်က လူများနေ၍။ ယခု ကျောက်တံတား တွင်သည်။ ပုဆိုးတန်းရပ်က လူများနေ၍။ ယခု ပုဆိုးတန်းတွင်သည်။ ကုန်သေးတန်းရပ်က လူများနေ၍။ ယခု ကုန်သေးတန်း တွင်သည်။ စာဆိုတန်းက။ လူများနေ၍။ စာဆိုတန်း တွင်သည်။ စာဆိုတန်းသည်။ ရှေးက စာဆိုစီကုံးတတ်သော ကဗျာဆရာတို့ နေသည်ကို အစွဲးပြု၍။ စာဆိုတန်း တွင်သည်။ အမိန့်တှောရ ဦးပုတ်နီတို့ သားချင်းတစုသည်။ စာဆိုသီကုံးနိုင်သော အရာနှိုက် ကျှောစောကြသည်။

၄၀။ ရန်ကုန်မြို့ ကမ်းနား အလံတင်ရာနေရာတွင်။ ရှေးက။ ဖောင်တှောတံတား ယှိသည်။ ၎င်းအနောက် စဉ့်အိုးဝန်တံတား။ ၎င်းအနောက် မအောင်တံတား။ ၎င်းအနောက် မဧးသာတံတား။ ၎င်းအနောက် ခွေးချေးတံတား။ ၎င်းအနောက် ရံပုံကွင်းတံတား။ ၎င်းအနောက်။ ဦးမှုံ့တံတား။ ၎င်းအနောက်။ ဦးကွေးတံတား။ ၎င်းအနောက်။ အာဝတ်ကျင်းတံတား။ ၎င်းအနောက်။ ယှံးတံတား။ ၎င်းအနောက်။ ဗုံအိမ်တံတား။ ၎င်းအနောက် တံတားတှောကြီး။ ၎င်း တံတားတှောကြီးသည် ကုန်းဘောင်မင်း တက်တှောမူသော တံတားတှောကြီး ဖြစ်သည်။ ဘောင်တှောတံတားကား။ ရှင်ဘုရင် ဘောင်တှော ဆိုက်ကပ်တှောမူသော တံတားဖြစ်သည်။ ကမ်းနားဈေးအနောက်။ ယခုစက်ရုံကြီးတည်သော နေရာတွင်။ ရှေးက ရန်ပုံကွင်းတံတား ယှိသည်။ ၎င်းတံတားက။ လက်အောက်မင်းငယ်များ တက်ရသောတံတား ဖြစ်သည်။

၄၁။ ယခု နာရီစင်နှင့် တည်ယှိသော။ သိမ်ကြီးဈေးခှောသော နေရာတွင်။ ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ယှိသည်။ တိကုန်စေတီ၏ နောင်တှောကြီးခန့် ယှိသည်။ ၎င်းဘုရားကုန်းမှာ အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်း သစ်သားကို ကာရံထားသည်။ ၎င်းဘုရားအနီးတွင်။ သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍။ တလိုင်းဘာသာ။ ကျိုက်မဲးသံကရော ခှောတွင်။ ယခု ကျိုက်မဲးသံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်။ ရဟနဿတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ယှိသည်။ ဘုရားပတ်လည်။ အဆင့်နဲ့။ မြေအုတ်ကြွပ်မိုးသော စရပ်များယှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက် ဘုရားကုန်းတှောကို တက်ရန်။ ဘုရားအရှေ့စောင်းတန်းလမ်း ယှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလဲး ယှိသည်။ [မှတ်ချက်။ သိမ်တှောကြီးမှာ ယနေ့မြင်တွေ့နေရဆဲ သိမ်တှောကြီးပင် ဖြစ်ပြီး၊ ယခင်ဘုရားစေတီ နေရာမှာ ယခု ၂၅ လမ်း၊ ၂၆ လမ်း အထက်ဘလောက် ဘယဆေးဆိုင်တန်းများ နေရာတွင် ဖြစ်ပေမည်]

၄၂။ ၁၂၁၆ ခုနှစ်က။ ကျိုက်မဲးသံချိုဘုရားကို။ ကုလားများက။ အထက်ကြေးဝိုင်းကစ၍ တူးဖှောဖြိုချပာသည်။ ထိုအခာ။ ဘုရားရောင်ခြည်တှောတို့သည်။ ထွက်ပှောကွန့်မြူး၍။ ဆူးလေစေတီတှောသို့ အရောက်။ တန်းလျက် အတှောကြာ ယှိနေပြီးနောက်။ ကုလားများက ကြိုးနဲ့ချည်၍ ဆွဲးချရာ။ တောင်ဘက်မျက်နှာသို့ လဲးပြိုကျပာသည်။ [မှတ်ချက်။ ခရစ်နှစ် ၁၈၅၄ ခုနှစ်တွင် ဖြစ်သည်]

၄၃။ ရွှေဆိုင်းတန်းဈေး။ ဈေးချို။ ဟင်းသီးဟင်းရွက်ဈေး နေရာများသည်။ ရှေးက။ ဘုန်းကြီးဦးပုည ကျောင်းတိုက်နေရာ ဖြစ်ပာသည်။

၄၄။ ယခု ထောင်ကြီးတောင်ဘက်။ တောင်ယာနေရာသည်။ ရှေးက ဝန်ထောက်ကလေးကျောင်းတိုက် ခှောသည်။ ၎င်းကျောင်းတိုက်တွင် ဘုန်းကြီးဦးပေ ကျောင်းထိုင် သီတင်းသုံးတှောမူသည်။ တီးလိုက်ဘုံပွေ။ မလမ်းလင်နေ။ ဘုန်းကြီးဦးပေ။ နှင်းဝေဝေ သေငယ်ဇော။ ဦးပေမော ဇောချွေးပြန်။ ဟု ရှေးက လူကြီးလူငယ်တို့ သီဆိုကြသည်။ အဓိပဿပာယ်ကို မပြောနိုင်ကြပာ။

၄၅။ ယခု ကျုံးကြီးလမ်းနှင့်။ ဘုန်းကြီးလမ်းဆုံ နေရာတွင်။ ရှေးက ဘုရားငုတဿတို တဆူ ယှိသည်။ ၎င်းဘုရားငုတဿတို ဖျက်၍ လမ်းပြုလုပ်လေသည်။ ၎င်းလမ်းကို။ ယခု ဘုရားငုတဿတိုတန်းဟု အခှောများကြသည်။ ၎င်းလမ်း အနောက်ဖက်။ ရှေးက မြမဿမာသင်းချိုင်းနေရာ ဖြစ်သည်။ ယခု အိမ်ခြေ စည်ကားလျက် ယှိသည်။

၄၆။ ခွေးသေဝဘုရားကို။ တလိုင်းဘာသာ။ ကျိုက်ကမာကမု ခှောသည်။ မြမဿမာလို။ ကျိုက်က ဘုရား။ ကမာက ရေကန်။ ကမုက ကင်ပွန်းပင်။ ခှောသည်။ အဓိပဿပာယ်မှာ ကင်ပွန်းပင်ရေကန်ဘုရား ခှောသည်။

၄၇။ ယခုေခာှေဝာှေသာ ဗိုလ္တေထာင္ဘုရားကို။ ကျိုက်ဒေးအဲး ခှောသည်။ မြမဿမာလို။ ကျိုက်က ဘုရား။ ဒေးက ကုန်း။ အဲးက သာချင်းသီတို့ နေရာ။ အဓိပဿပာယ် သာချင်းသီတို့နေရာကုန်းဘုရား ဆိုလိုသည်။ ၎င်းဘုရားကို သီဟဒီပမင်း၏ သရဲးကြီးတည်သော ဘုရားဖြစ်သည်။ [မှတ်ချက်။ သာချင်းသီ= သာချင်းသီဆိုတတ်သူများ]

၄၈။ အထက်ကအပိုဒ် ၁၅ တွင် ဖှောပြသော ထောင်ကြီးအနောက်ဖက်။ ရေခဲးစက်ရုံအနီး တောင်ကုန်းတွင်။ ရှေးကတည်ယှိသော ဘုရားငုတဿတိုသည်။ တလိုင်းဘာသာ။ ကျိုက်ဒေးတဲး ခှောသည်။ မြမဿမာလို။ ကျိုက်က ဘုရား၊ ဒေးက ကုန်း။ တဲးက ကျောက် ခှောသည်။ အဓိပဿပာယ္မွာ။ ကျောက်ကုန်းဘုရား ဆိုလိုသည်။ [မှတ်ချက်။ အပိုဒ် ၁၅ လည်း ရှုပာ]

၄၉။ ယခု ဒာလဟိုဇီလမ်းနှင့် လမ်းမတှောလမ်း ဆုံးရာ။ အနောက်မြောက်ထောင့်။ စတုဘုမဿမိကဆေးတိုက်။ တကဿကသိုလ်ဆေးတိုက် နေရာများသည်။ ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတှောများ ယှိသည်။ ၎င်း အနောက်နားက ကျောင်းတိုက် စရပ် ရေကန် ခြသေဿင့ရုပ်များ ရှေးကယှိသည်။ [မှတ်ချက်။ ဒာလဟိုဇီလမ်းသည် ယခု မဟာဗနဿဓုလလမ်း။ ယခု သံဈေးရှေ့ နေရာများ ဖြစ်ပေမည်။]

၅၀။ သွေးဆေးကန် ခှောတွင်သည်မှာ။ သိဂဿငုတဿတရကုန္းေတာှကို။ ဥကဿကလာပမင်းကြီးနှင့်တကွ။ ဘုရားတည်ရန် တောချုံများကို သုတ်သင်ယှင်းလင်းကြရာ။ ဗိုလ်ခြေတို့ ဖျားနာကြသောကြောင့်။ ၎င်းဖျားသော ဝေဒနာတို့မှ။ ပပျောက်ရန်။ သိကြားမင်းက ရေကန်ဖန်ဆင်း၍ သွေးဆေးများကို ခတ်ထားလေသည်။ ၎င်းကန်ကရေကို ဗိုလ်ခြေတို့ သုံးသောက်ကြရသဖြင့်။ အဖျားဝေဒနာ ကင်းယှင်းကြလေသည်။ ၎င်းကန်ကို သွေးဆေးခတ်သည်ကို စွဲး၍။ သွေးဆေးကန်ခှောတွင်ကြောင်း ပြောကြသည်။ ယုတဿတိယွိလွ၏။ ဘုရားသမိုင်းတွင်မဆို။ တလိုင်းဘာသာမဟုတ်။ မြမဿမာဘာသာ ခှောတွင်လေသည်။ [မှတ်ချက်။ ယင်းသွေးဆေးကန် ဆိုသည်မှာ ယခု သိမှတ်နေကြသော ရွှေတိဂုံဘုရား အရှေ့မြောက်မုခ် အာဇာနည်ဗိမာန်နားမှ ကန်ကြီး မဟုတ်ချေ။ သွေးဆေးကန်အစစ်မှာ။ အုတ်မဟာရံတံတိုင်း ကာထားသော။ ရေကန်ငယ်ကို ဆိုလိုသည်။ အမှတ် ၂၇ လည်းရှု။]

မှတ်ချက်။ အထက်ပာ အချက် ငားဆယ်ကို JBRS တွင် မှောဖီဆရာသိန်း ရေးခဲ့သည့်အတိုင်း ဖှောပြထားခြင်း ဖြစ်ပြီး အောက်ခြေ မှတ်ချက်များမှာ ယခုခေတ်ကာလနှင့် နှိုင်းယှဉ်ကာ ကိုယ်ပိုင် သုံးသပ်ချက် ထုတ်ထားခြင်း ဖြစ်ပာသည်။ လွဲမှား လိုအပ် ချွတ်ချှောခြင်းများ ရှိလျှင် ပြင်ဆင်ကြပာကုန်။


ဆက်လက်ဖြည့်စွက်မည်။

ကိုးကား
ရန်ကုန်မြေပုံ။ ၁၈၉၃၊ ၁၉၁၂၊ ၁၉၁၄၊ ၁၉၂၄၊ ၁၉၃၂
JBRS

4 Responses to “ရှေးဟောင်းရန်ကုန်”

sawthanlwin said...

[မှတ်ချက်။ ရှေးက ဦးဝိစာရလမ်းကို Voyles Road ဟုခှောသည်။
ှုဦးဝိစာရလမ်းအပေါ်ပိုင်းကိုတော့ ရှေးက တိုင်းဂါး
အလီ Roadဟုခေါ်ကြောင်းကြားဖူးပါသည်။
ရွေတိဂုံဘုရားပေါ်သို့ကျားတက်ရာမှထိုအမည်ပေး
ခဲ့သည်ဟုသိရပါသည်။
ယခင်ကဟံသာဝတီိအ၀ိုင်းအနီးရှိဓါတ်အားခွဲရုံတွင်
တိုင်းဂါးအလီ ဟုရေးသားထားသည်ကိုတွေ့ဖူးပါသည်။

NLS said...

TDL< 34, 40 added

phoethutaw said...

JBRS CD ၀ယ်လိုက်တာလား..။ ဟီး။ တချို့ ဟာလေးတွေတော့ နဲနဲခြင်းစီ ရှိတယ်။ ဂျာနယ်ထုတ်မလား. ကိုညင်းဆက်.. JMBS ?း)

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz