Friday, October 22, 2010

Cyclone 04B.Giri

ဆိုက်ကလုံး ဖြတ်သန်းနေတာကြောင့် ဓာတ်အားလိုင်းတွေ ကျိုးပျက်ပြီး လျှပ်စစ်အနဿတရာယ် မဖြစ်ရအောင် မနက်ဖြန်မနက် သုံးနာရီလောက်မှာ တစ်နိုင်ငံလုံး မဟာဓာတ်အားလိုင်းကြီးကို ဖြတ်တောက်ထားမယ်လို့ သိရပာတယ်။ မီးတွေပြတ်မသွားခင် ရေတင်စရာရှိတာ ကြိုတင်၊ လုပ်စရာရှိတာ ကြိုလုပ် နိုင်အောင်လို့ပာ။ အင်တာနက်လိုင်းတွေလည်း ပြတ်သွားမယ်လို့ ထင်ပာတယ်။ 

2010-10-22_124323.jpg
2010-10-22_124755.jpg
2010-10-22_125359.jpg
2010-10-22_125533.jpg

Read and fetch the latest weather news there


--
NYI LYNN SECK

http://blog.nyilynnseck.com
http://www.google.com/profiles/lynnseck
http://www.linkedin.com/in/nyilynnseck
http://www.facebook.com/nyilynnseck
http://picasaweb.google.com/lynnseck
http://twitter.com/lynnseck

Every secret of a writer's soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)

Wednesday, October 13, 2010

Scenarios

ဘာရယ် မဟုတ်ပာဘူး။ နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေထဲက အနည်းအကျဉ်း မှတ်မိတာလေးတွေနဲ စဉ်းစားမိတာလေးတွေပာ။ ဒီနေ့ အလုပ်လုပ်စရာ ရှိပေမယ့် ဘယ်လိုမှ လုပ်လို့မရအောင် စိတ်နဲ့လူနဲ့ မကပ်တာမို့ ပှောလာတာလေးတွေ ချရေးလိုက်တယ်။


Scenario (1)
အခြေခံလူတန်းစားထဲက လူတစ်ယောက် ရှိတဲ့ ဝတ်ကောင်းစားလှလေး ဝတ်ပြီးတော့ ဧည့်ခံပွဲတစ်ခုကို လမ်းလျှောက်သွားတယ်။ ကားတစ်စင်းက အတင်းဖြတ်မောင်းတယ်။ လမ်းမှာ တင်နေတဲ့ ရေက အဲဒီလူရဲ့ အဝတ်အစား အားလုံးမှာ စိုရွှဲကုန်တယ်။ အဲဒီလူဟာ ဒောသတကြီးနဲ့ ချမ်းသာတဲ့လူတွေကို ကှောဆဲပစ်လိုက်တယ်။ ဒီလိုနဲ့ ဆင်းရဲသားနဲ့ လူချမ်းသာတွေကြားမှာ အာဃာတတွေ ကြီးထွားလာကြတယ်။ တကယ်တော့ ဒာဟာ အဖြစ်အပျက် များစွာထဲက တစ်ခုထဲရှိပာသေးတယ်။ တကယ်လို့သာ လမ်းကို ရေမတင်အောင်၊ ချိုင့်မရှိအောင် ခင်းပေးထားလို့ရှိရင် ဒာမျိုးတွေ လျော့ကျသွားမှာပဲလို့ တတိယလူ အနေနဲ့ တွေးမိတယ်။

Scenario (2)
နယ်စပ်မြို့လေး တစ်မြို့မှာ ကားတွေကို ဝစ်သောက်ကနေ လိုင်စင်ပေးဝင်တော့ အောက်ဆုံးက ခဲခြစ်တဲ့ အလုပ်သမား တစ်ယောက် ကားတစ်စီးစီက ရတာက ဘတ်တစ်ထောင်တဲ့။ တစ်ရက်ကို ကားဆယ်စီးလောက်ပဲ လိုင်စင်ဝင်ဦးတော့ သူရတာက ဘတ်တစ်သောင်း။ မြန်မာငွေ သုံးသိန်း။ တစ်လကို သိန်းကိုးဆယ်။ ဘဝရဲ့ သုံးပုံတစ်ပုံ ပညာတွေ နင်းကန်သင်ပြီး အလုပ်လုပ်နေတဲ့ ပညာတတ်တွေ ပိုက်ဆံဘယ်လို ရှာနေရသလဲ။ ဒီနိုင်ငံဟာ အနှစ်မဲ့တဲ့ တိုင်းပြည်မဟုတ်ပေမယ့် အနှစ်မဲ့တဲ့သူတွေ စားသာတဲ့ တိုင်းပြည်လို့ သိလာတယ်။

Scenario (3)
ရန်ကုန်မြို့မှာ ကားတွေ တအားကြပ်လာတယ်။ ယာဉ်ကြောတွေ ကောင်းမွန်အောင် အရင်မလုပ်ဘဲနဲ့ ကားတွေ ပေးသွင်းလိုက်တော့ ပိုက်ဆံရှိတဲ့လူတွေသာ ကားရသွားတယ်။ ဆင်းရဲသားတွေ ပိုဒုကဿခရောက်ကြတယ်။ စုတ်ပြတ်နေတဲ့ ယာဉ်လိုင်းပောင်းစုံက မီးခိုးတလူလူ ထွက်နေတဲ့ ညစ်ပတ်နေတဲ့ ကားတွေကို တိုးဝှေ့စီးရင်း ကိုယ့်ခရီးစဉ်ကို အကြာကြီး စီးနေရတော့တယ်။ ဆက်စဉ်းစားကြည့်ရင် ဒီလိုအခြေအနေနဲ့ ရုံးရောက်လာတဲ့ လူတစ်ယောက်ဟာ ဘယ်လိုမှ စိတ်ထားမကြည်လင်ဘူး။ မရွှင်လန်းနိုင်ဘူး။ ဒီတော့ သူလုပ်သမျှ အလုပ်တွေမှာလည်း ရလဒ် မကောင်းနိုင်ဘူး။ အိမ်ပြန်တော့လည်း ဒီလိုပာပဲ။ ညစ်ထေးနေတဲ့စိတ်ဟာ အဆင်မပြေတာလေး တစ်ခုဖြစ်တဲ့အခာ မိသားစုကြားမှာ ပြသဿသနာ အကြီးကြီး ဖြစ်သွားရပြန်တယ်။ ချမ်းသာတဲ့လူနဲ့ ဆင်းရဲတဲ့လူ မြန်မာပြည်မှာ ဘယ်ဟာ ပိုများသလဲ။ 

Scenario (4)
တစ်ခာတစ်လေ အစိုးရဟာ သနားဖို့ကောင်းတယ်လို့ မြင်မိတယ်။ သူတို့ကို ဘယ်သူကမှ မကြိုက်ဘူး။ မပောင်းချင်ကြဘူး။ အစိုးရနဲ့ ပောင်းတဲ့ လူတွေကလည်း အမြတ်ထုတ်ဖို့နဲ့ ကိုယ်ကျိုးရှာတဲ့လူတွေ များတယ်။ အဲဒီလိုလူတွေ လိမ်တင်သမျှကို မသိတာက ပိုသနားဖို့ ကောင်းတယ်လို့ မြင်မိတယ်။ အဲဒီလူတွေ ရသွားတဲ့ ပရောဂျတ်တွေက ပိုက်ဆံတွေက ပြည်သူတွေရဲ့ ပိုက်ဆံတွေမို့ ပြည်သူတွေဟာ ပိုပိုပြီးတော့ သနားဖို့ ကောင်းနေပြန်တယ်။ 

Scenario (5)
တစ်ခာတုန်းက ညွှန်မှူးတစ်ယောက် ကားရောင်းပြီး အစိုးရဘဏ်မှာ ပိုက်ဆံသွားအပ်တယ်။ သူ့မိန်းမက သူလုပ်လိုက်မယ် ပြောတာကို လက်မခံဘူး။ သူကိုယ်တိုင် အပ်တယ်။ စောင့်နေ စောင့်နေ စောင့်နေလိုက်တာ နှစ်နာရီလောက်သာ ကြာသွားတယ်။ သူ့အလှည့် ရောက်မလာဘူး။ ဒာနဲ့ ဒောသတွေ ထွက်လာပြီး ဆဲဆိုလို့ ကားဆီ ပြန်ရောက်လာတယ်။ သူ့မိန်းမက ဆင်းသွားပြီး သွားလုပ်လိုက်တာ ၁၅မိနစ်လောက်ပဲ ကြာတယ်။ ပြီးသွားရော။ ဘဏ်မှာ ငွေအပ်ဖို့ဆိုရင် ကိုယ့်ငွေ ရေတွက်စေချင်တဲ့အခာ ပိုက်ဆံပေးရသဗျာ။ သိန်း ဆယ်ဂဏန်းဆိုရင် သုံးထောင်လောက်၊ ရာဂဏန်းဆိုရင်တော့ ငားထောင်လောက်တဲ့။ မလုပ်ပေးတာ မဟုတ်ဘူးနှော။ အဲဒာမပေးရင် ကိုယ့်အလှည့်ရောက်မလာတော့ဘူးလေ။ ပေးထားတဲ့ လူတွေရဲ့ဟာကို အရင်လုပ်နေရလို့။

Scenario (6)
ကိုယ်က လာဘ်ပေးလာဘ်ယူ ကိစဿစကို အလွန်ရွံမုန်းပာတယ်။ ဒီလိုနဲ့ တစ်ခာတော့ ပတ်(စ်)ပို့ သက်တမ်းတို့းဖို့ ကြုံလာတယ်။ ကိုယ်တိုင် တန်းစီတယ်။ ကိုယ်တိုင် စာရွက်စာတမ်း လုပ်တယ်။ ပွဲစားခ နှမြောလို့ မဟုတ်ပာဘူး။ ပေးကို မပေးချင်တာ။ ပြသဿသနာပောင်း သောင်းခြောက်ထောင်နဲ့ အဆင်မပြေဖြစ်တဲ့အခာ အရပ်ကူပာ လူဝိုင်းပာ လုပ်ရတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အိုကေသွားတယ် ဆိုပာတော့။ ဘာလာဘ်မှ မပေးလိုက်ရပာဘူး။ တစ်ခုပဲ အလှူခံ ငွေဖလားကြီးတွေ ရှေ့ချပြီး စေတနာရှိသလောက် အလှူငွေလေး ထည့်သွားပာဦး ပြောတဲ့အခာ နည်းနည်း ထည့်ရင် ငာ့ကို ဆက်ရစ်ဦးလေမလား၊ နည်းနည်းလေး ထည့်ရင်ဖြင့် ငာ့ဟာ အဆင်မှ ပြေပာ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဖောဖောသီသီ ထည့်လိုက်ရတာမို့ ပွဲစားခလောက်နီးပား ပြောင်သွားကြောင်းပာ။ ပြီးတော့ တကယ်တမ်း ပြောရရင် စေတနာ လုံးဝ မရှိပာဘူး။ စေတနာမရှိဘဲ ပေးလိုက်ရတဲ့ ပိုက်ဆံမို့ ကုသိုလ်လည်း မလိုချင်ပာ။

Scenario (7)
ကျွန်တှော ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ကျောင်းသွားတဲ့အခာ မိဘလိုက်ပို့တာ အတှောရှားပာတယ်။ ကျောင်းဘယ်လောက်ဝေးဝေး ခြေလျင်သွားတယ်၊ စက်ဘီးနဲ့သွားတယ်။ အခုခေတ် ကလေးတွေကို လိုက်ပို့နေလိုက်ကြတာ မြင်ရတော့ ပျှောပွဲစား ထွက်တဲ့ အတိုင်းပဲ။ ကျဉ်းမြောင်းတဲ့ ရန်ကုန်ရဲ့ လမ်းတွေဟာ ကျောင်းတက် ကျောင်းဆင်းချိန်တွေဆို တခြားကားတွေတောင် သွားလို့ မရတော့ပာဘူး။ ယာဉ်ထိန်းရဲတွေလည်း ဘာမှ မလုပ်နိုင်သလို ဘာမှလည်း မလုပ်ကြပာဘူး။ ဒီအတိုင်း ကြည့်နေရတာပဲ။ ကလေးတွေဟာ နောင်တစ်ခေတ်ရဲ့ ခောင်းဆောင်တွေဆိုပြီး မြန်မာတွေက ပင့်ထားလေတော့ ကလေးတွေကလည်း ကားတွေ ဘယ်လိုပိတ်ပိတ် ဂရုမစိုက်ပာဘူး။ ကူးချင်ရာကူးတယ်။ ကူးချင်သလိုကူးတယ်။ မိဘတွေကလည်း သူတို့ကလေး အဆင်ပြေဖို့ပဲ ကြည့်တော့တယ်။ တကယ်တမ်းတော့ ကလေးတွေဆိုတာ ဘာမှ မဟုတ်သေးဘူး။ သူတို့တွေကြောင့် အချိန်အများကြီးပေးပြီး ကားပိတ်ခံနေရတဲ့ လူကြီးပောင်း သောင်းခြောက်ထောင် ဘက်ကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်တယ်လို့ ထင်လာမိတယ်။

Scenario (8)
တစ်ခာတုန်းက အရာရှိကြီး တစ်ယောက်ရဲ့ အခန်းကို သွားပာတယ်။ အောက်က စောင့်နေတဲ့ လုံခြုံရေးအစောင့်က တခြားသူတွေနဲ့ စကားပြောနေတယ်။ အမျိုးသမီးတစ်သိုက် မျက်နှာငယ်လေးတွေနဲ့ ဘာတွေ ပြောနေမှန်းတော့ မသိပာဘူး။ ဒာနဲ့ ကျွန်တှောလည်း ကိုယ့်ဘာကိုယ်ပဲ အထဲ ဝင်သွားလိုက်တယ်။ အဲဒီတော့မှ လှမ်းမြင်ပြီး ဟေ့ရောင် လာဦး၊ ဘယ်သွားမလို့လဲ၊ သတင်းပို့ရမယ်ဆိုတာ မသိဘူးလား ဘာညာနဲ့ အတည်ကြီး ဟောက်ပာတော့တယ်။ ကျွန်တှော အတှော စိတ်ပျက်သွားမိတယ်။ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန် စမတ်ကျကျ ဝတ်စားထားတာပာ။ ကိုယ့်ကို ဟောက်နေတဲ့သူက တပ်ကြပ်အဆင့်လောက်။ ပြီးတော့ ချိုချိုသာသာလေး ဟေးညီလေး ဘယ်သွားမယ်ဆိုတာ ဒီကို သတင်းပို့ခဲ့ပာဦးလို့ ပြောလိုက်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်ဟာကို ဘလိုင်းကြီး မရှိမဲ့ ရှိမဲ့ အာဏာ လာပြနေလေတော့ ပြည်သူတွေ မချစ်ကြတာလည်း မဆန်းပေဘူးလို့ တွေးမိပာတယ်။ 

Scenario (9)
ရန်ကုန်ရဲ့ မြို့နယ် တစ်ခုမှာပာ။ ရပ်ကွက်ထောက်ခံစာ သွားတောင်းတော့ ဥကဿကဋဿဌ မအားဘူးတဲ့၊ အစည်းအဝေး တက်နေတယ်တဲ့၊ အလုပ်တွေ ရှုပ်နေတယ်တဲ့၊ မလုပ်သေးနိုင်ဘူးတဲ့၊ ဘယ်အချိန်မှ ပြန်လာခဲ့ပာတဲ့။ ပြန်ချိန်းတဲ့ အချိန်တွေကလည်း ဆယ်နာရီ ဆယ့်တစ်နာရီ။ ထပ်သွားပြန်တော့လည်း ထပ်ချိန်းပြန်ရော။ ပြောတဲ့ မျက်နှာထားက ရှစ်ခောက်ချိုး။ ကြာတော့ အဲဒီလူဟာ ရပ်ကွက်ရုံးဆို အသံတောင် မကြားချင်တော့ဘူး။ 

Scenario (10)
နာဂစ်တုန်းက ကိစဿစလေး တစ်ခုပာ။ မြို့တစ်မြို့မှာပော့။ ကိုယ်တွေက အဲဒီမှာ နေရလွန်းလို့ မျက်စိမှိတ်ပြီးတောင် လမ်းသွားလို့ ရနေပြီ။ တစ်ရက် ရွာကိုသွားဖို့ ဖန်လာတော့ မနက် ၉နာရီ လှေဆိပ်မှာ လူတွေက ရှုပ်လို့၊ အယိုင်အနဲ့ ဈေးဆိုင်လေးတွေကလည်း တန်းစီလို့၊ မှောင်ခိုဆီရောင်းနေတဲ့ ဆိုင်တွေလည်း ပြည့်လို့၊ ပုစွန်သားငား ရောင်းနေတဲ့ ဈေးတန်းလေးကလည်း ရှိသေး။ လမ်းကလည်း ရွှံ့တွေဗွက်တွေ ဒင်းကြမ်းနဲ့။ ဒီမြင်ကွင်းက နေ့တဓူဝ မြင်နေရတဲ့ မြင်ကွင်း။ ကျွန်တှောတို့လည်း အဲဒီအနား ကှောဖီသောက်ပြီး ရွာဘက် ထွက်လာကြတယ်။ ကျွန်တှောတို့ ပြန်လာတော့ ညဆယ်နာရီ။ အရင်တက်နေကြ လှေဆိပ်ကလေးကပဲ တက်လာတယ်။ အိမ်ပြန်တယ်။ အိပ်တယ်။ နောက်တစ်နေ့မနက် လှေဆိပ်ဆင်းတော့ မျက်စိတောင် လည်သွားတယ်။ အဲဒာတွေ တစ်ခုမှ မရှိတော့ဘူး။ အစုတ်အပျက်တွေ နေရာမှာ ရွက်ဖျင်တဲ အသစ်တွေ နေရာယူထားကြတာ။ အဲဒီရွက်ဖျင်တဲတွေထဲ ဆန်အိတ်တွေက အပြည့်။ ကိုယ့်လှေဆီတောင် ဘယ်လိုသွားရမယ် မသိတော့ဘူး။ ဟ ဘယ်လို ဖြစ်တာလည်း ဆိုပြီး မေးကြည့်တော့ အဲဒီနေ့ ပုဂဿဂိုလ်ကြီးတစ်ယောက် လာမှာမို့လို့တဲ့ဗျား။ တစ်ရက်အတွင်းမှာ ပြောင်းလဲသွားတာ။ လူကြီးလာတော့ ဒီလို စီမံထားတာတွေ တွေ့ပြီး သဘောတကျကျနဲ့ လိုအပ်သည်များကို မှာကြားပြီး ပြန်သွားလေသတည်းပော့။ နောက်ပိုင်းကျတော့လည်း အရင်လို ပြန်ဖြစ်သွားတော့တာပာပဲ။ အဲ ကျန်သေးတယ်။ အဲဒီနေ့က လာတဲ့အထဲမှာ ပာလာတဲ့ နိုင်ငံခြားသား သံတမန်တစ်ယောက် ထင်ပာရဲ့။ All tents are so clean ဆိုပြီး ပြုံးပြီး ပြောသွားသတဲ့။ အင်းပော့လေ ဒီလောက် မိုးတွေရွာ ဗွက်တွေထူတဲ့ ဒေသမှာ တန့်အသစ်ကြီးတွေနဲ့ အထဲက ဆန်အိတ်တွေကလည်း သန့်ပြန့်လို့ ဖိနပ်မစီးတဲ့ အလုပ်သမားတွေရဲ့ ခြေရာလက်ရာတွေလည်း မတွေ့ရဆိုတော့ သူသဘောကျသွားတာ နေမှာပော့လေ။ 

Scenario (11)
နိုင်ငံတကာမှ ဖုန်းပြောရင် ဟဲလို ဆိုတဲ့ စကားလုံးလေးကို တစ်ခွန်းကိုပဲ အများဆုံး သုံးကြတယ်။ မြန်မာပြည်မှာတော့ ဟဲလို ကြားရလား ကြားရလား လို့ သုံးပာဒ သုံးရတယ်ခင်ဗျ။ ခက်တာက ကြားရလားကို မေးတာကို ကြားရတယ်ဗျ။ ကြားရလားရဲ့နောက်က စကားတွေကိုတော့ မကြားရတော့ပြန်ဘူး။ 

Scenario (12)
အမျိုးသမီးတစ်ယောက် ခွေးကိုက်ခံရတယ်။ ပြင်းပြင်းထန်ထန်ကို အကိုက်ခံရတာ။ ကိုက်တဲ့ခွေးက အိမ်ထဲကနေ ထွက်လာပြီး အပြင်ကလူကို ကိုက်တာ။ ဒီလိုကိုက်ခံရတဲ့ လူပောင်းလည်း မနည်းတော့ဘူး။ အဲလိုဖြစ်တိုင်း အဲဒီအိမ်က ပိုက်ဆံပေးလျှောသတဲ့။ အဲဒီအိမ်က ကျောက်မျက်လုပ်ငန်း လုပ်နေတဲ့ နာမည်ကြီး ကချင်လူကုံထံ အိမ်တစ်အိမ် ဆိုပာတော့။ အဲဒီလို ခွေးကိုက်တာကိုတွေ့တော့ လမ်းထဲက လူတွေကဝိုင်းလာပြီး ခွေးကို မောင်းထုတ်၊ အိမ်ရှင်ကို ထွက်လာဖို့ ပြောတယ်။ တောင်းပန်ဖို့ဝေးစွ ဘယ်သူမှ ထွက်မလာဘူး။ ပိုက္ဆံအေလ်ွာှလိုခ်င္တာ မဟုတ္ဘူး။ လူသားချင်း စာနာထောက်ထားမှု မရှိတာကို ပြောတာ။ ဒီတော့ မြို့နယ်ရဲစခန်းမှာ တရားစွဲတယ်။ ဘာမှ မတောင်းဆိုဘူး။ ခွေးကို မွေးတယ်ဆိုရင် သေသေချာချာ ချည်ပြီးမွေး ဆိုတာရယ်၊ အိမ်ရှင်က လာတောင်းပန်ဖို့ရယ်။ ဒီလောက်ပဲ။ ဒီလိုနဲ့ တိုင်ချက် ဖွင့်လိုက်တယ်။ တစ်လလည်း အကြောင်းမထူး၊ နှစ်လလည်း အကြောင်းမထူး။ နောက်ဆုံး တာဝန်ယူထားတဲ့ ရဲအရာရှိကို မေးတော့ တိုးတိုးလေး ဖြေရှာပာတယ်။ သူတို့လည်း ဆင့်ခှောပာတယ်တဲ့။ အဲဒီ အိမ်ကိုလည်း သွားကို ခှောပာသတဲ့။ နောက်ဆုံး အဲဒီအိမ်က ရှင်တို့ ဒီလို လုပ်နေတာက သူတို့နာမည် ပျက်သတဲ့၊ ဆက်လုပ်နေရင် အထက်ကို တိုင်မယ်ဆိုပြီး ဟောက်တာမို့ မြို့နယ်ရဲစခန်းက အဲဒီအမှုကို ကိုယ့်သဘောနဲ့ကိုယ် ခံရတဲ့သူတွေ မေ့သည်အထိ ဆွဲဆန့်ထားလိုက်တာ ခုအထိပာပဲ။ အဲဒီအတွက် တရားဥပဒေသည် ပြည့်သူ့အတွက် ဆိုတဲ့စကားဟာ ပြည်သူတွေကြားမှာ အလကားလို ဖြစ်သွားခဲ့ရတယ်။ 

Scenario (13)
တစ်ခာတုန်းကပာ လူကြီးတစ်ယောက်က အထက်မြန်မာပြည် တစ်နေရာက သူ့လုပ်ငန်း တစ်ခုရဲ့ နာမည်ကို အဂဿငလိပ်လို ပောင်းထားတာ သုံးလေးမျိုး ဖြစ်နေတာ တွေ့ရတာမို့ ဘယ်ဟာ အမှန်လဲလို့ အောက်လက်ငယ်သားတွေကို မေးတယ်ခင်ဗျ။ အားလုံးက ကျွန်တှောတို့ဟာ အမှန်ပာလို့ ဖြေကြတယ်။ အမှန်က အဲဒီနာမည်ကြီးက အမှားကြီးဗျ။ သို့ပေသိ စကတည်းက မှားနေလေတော့ အဲဒာကြီးက အတည်ကို ဖြစ်လို့။ ပိုခက်တာက အဲဒီလိုပောင်းတာ မှားတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း မသိကြတာပာပဲ။ ကျွန်တှောတို့ဟာ အမှန်ပာပဲ လုပ်နေကြတယ်။ အဲဒီအချိန်က ကိုယ်က အနားမှာ ရှိနေပာတယ်။ ပြောချင်လိုက်တာများ ပားစပ်ကို ယားလို့။ မြန်မာစာကို အဂဿငလိပ်မှု ပြုတဲ့အခာ ရေးထုံးကို မကြည့်ဘဲ အသံထွက်ကို လိုက်ပြီး ရေးရတယ်ခင်ဗျ။

Scenario (14)
ဗိုလ်အောင်ကျှောလမ်းနား ရောက်တိုင်း သူငယ်ချင်း တစ်ယောက်ပြောတာ သတိရမိတယ်။ သူက တရုတ်။ ဝန်ကြီးများရုံးကို ကျွန်တှောက ဒီရုံးကြီးအကြောင်း သိလားဆိုတော့ သိဘူးတဲ့။ ဒာနဲ့ ဒီရုံးကြီးက တစ်ချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ကြီးတွေ လုပ်ကြံခံရတဲ့ နေရာကြီးပော့လို့ ပြောတော့ ဟာ ဒာကြီးကို ဘာလို့ ဆက်သုံးနေတာလဲတဲ့၊ ငာတို့ဆီမှာဆိုရင် သမိုင်းဝင်နေရာဆိုပြီး ပြတိုက်လုပ်လိုက်မှာတဲ့။ ကမ်ဘောဒီးယားက ခမာအကျဉ်းထောင်ဟောင်းတွေ ပြတိုက်လုပ်ထားပြီး ပြစားတော့ ကမဿဘာလှည့် ခရီးသည်တွေဆီက ပိုက်ဆံရ၊ နိုင်ငံသားတွေကျတော့ မျိုးချစ်စိတ်တွေ တိုးတက်လာ။ အကောင်းနဲ့ အဆိုးကို ခွဲခြားသိလာ။ တရုတ်တောင်သိတယ်ဗျာ။

--
NYI LYNN SECK

http://blog.nyilynnseck.com
http://www.google.com/profiles/lynnseck
http://www.linkedin.com/in/nyilynnseck
http://www.facebook.com/nyilynnseck
http://picasaweb.google.com/lynnseck
http://twitter.com/lynnseck

Every secret of a writer's soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)

Tuesday, October 12, 2010

ရထားက ကြယ်တွေဆီ ခုတ်မောင်းသွားပြီ

ရထားက ကြယ်တွေဆီ ခုတ်မောင်းသွားပြီ (၁)


သူ ဘူတာလေးမှာ ထိုင်နေတယ်။ ရထားရဲ့ ထွက်ခွာခာနီး အချက်ပေးသံတွေ ဆူညံလာတယ်။ သူဘူတာလေးမှာ ထိုင်နေတယ်။ လူတွေလည်း လှုပ်ရှားနေကြပြီ။ ဈေးသည်တွေလည်း ရထားကနေ ခွာစပြုပြီ။ ရထားရဲ့ ဘီးလုံးတွေ စလိမ့်နေပြီ။ ဖြေးဖြေးလေး။ ဂျုံးဂျုံးဂျက်ဂျက်။ ရထားဟာရုန်းတယ်။ တွန်းထိုးလှုပ်ရှားတယ်။ မသွားချင် သွားချင်ဟန်နဲ့ နောက်ဆုံးတော့ ဘူတာကနေ ထွက်ခွာသွားတော့တယ်။ သူ ဘူတာလေးမှာ ထိုင်နေဆဲပဲ။ ရထားစက်ခောင်းက မီးခိုးအမျှင်တန်းတွေဟာ ငြိမ်သက်သွားတဲ့ ပတ်ဝန်းကျင်မှာ မျောလွင့်လို့။ ဘူတာမှာ လူတစ်ယောက်ဆို တစ်ယောက်မှ မရှိတော့ဘူး။ သူထိုင်နေတယ်။ သူဆက်ထိုင်နေဆဲပဲ။ သူထိုင်နေတယ် ဆိုတာထက် သူဟာ ထွက်ခွာသွားတဲ့ ရထားကို ငေးကြည့်နေတယ်ဆိုရင် ပိုမှန်လိမ့်မယ် ထင်ပာရဲ့။ နောက်ဆုံးတော့ ရထားဟာ တဖြေးဖြေးနဲ့ သူ့မြင်ကွင်းထဲကနေ လုံးဝကို ပျောက်ကွယ်သွားတော့တယ်။

တကယ်တော့ သူဟာ ခရီးသွား တစ်ယောက်ပဲ ဖြစ်တယ်။ ဒာပေမယ့် သူဘယ်သွားနေလဲဆိုတာလည်း သူမသိခဲ့ဘူး။ သူ့လက်ထဲမှာ စာလေးတစ်စောင် ရှိနေတယ်။ စာထဲမှာ ထွက်ခွာသွားတဲ့သူနဲ့ ကျန်နေရစ်ခဲ့သူ နှစ်ယောက်မှာ ဘယ်သူက ပိုဝမ်းနည်းဖို့ ကောင်းသလဲလို့ ရေးထားတယ်။ သူဟာ ဒီစာကို ငေးကြည့်နေမိတယ်။ တကယ်တော့ ဒီစာလေးကို အကြိမ်ပောင်းများစွာ ဖတ်ပြီးခဲ့ပြီ။ ဒီစာကို ဖတ်ခဲ့ပြီးတဲ့ အချိန်ကစလို့လည်း သူခရီးတွေ သွားခဲ့တယ်။ ခရီးတွေ ဆိုရာမှာ ရထားနဲ့ ခရီးသွားတာ အများဆုံးပဲ။ အဲဒီလို သွားတိုင်းလည်း သူ့စိတ်တွေ မွန်းကြပ်လာတဲ့အခာတိုင်း လမ်းဘူတာမှာ ဆင်းပြီး ဒီလို ရထားထွက်သွားတာကို ငေးကြည့်မိပြန်တာပဲ။ သူသိချင်တယ်။ ထွက်ခွာသွားတဲ့သူနဲ့ ကျန်နေရစ်ခဲ့သူ နှစ်ယောက်မှာ ဘယ်သူက ပိုဝမ်းနည်းဖို့ ကောင်းသလဲ။ အဲဒီအရာကို သူသိချင်နေတယ်။ ထွက်ခွာသွားသူဟာ ရထားဖြစ်ပြီးတော့ ကျန်နေရစ်သူက သူပော့။ ဒီလို တွေးတွေးပြီး ဘူတာတွေမှာ ထိုင်နေဖြစ်ခဲ့တာ အကြိမ်ပောင်းများစွာ။ အခုရထားလည်း ထွက်ခွာသွားပြီပဲ။ ငာ ဝမ်းနည်းနေလားလို့ သူစဉ်းစားနေမိတယ်။ 

ရထားဟာ ထွက်ခွာသွားခဲ့ပြီ။ သူ့ရဲ့ ခြေရာတွေ မကျန်ခဲ့ဘူးလား။ သူတွေးနေတယ်။ ဥဩဆွဲသံတွေ၊ မီးခိုးငွေ့တွေ၊ လူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ရထားရှိနေစဉ်က လှုပ်လှုပ်ရှားရှား ရှိနေသမျှ အရာအားလုံး အခုဆို ငြိမ်သက်လို့။ ရထားထွက်ခွာခာနီး အချက်ပြဥဩသံတွေ ကြားတုန်းက သူဘာဖြစ်လို့ လိုက်မသွားခဲ့မိတာလဲလို့ တွေးမိပြန်တယ်။ တကယ်ဆို သူကိုယ်တိုင်က ဆင်းနေရစ်ခဲ့တာ။ ဒာကိုလည်း သူမေ့မထားပာဘူး။ လူပောင်းများစွာကို တင်ဆောင်ထားတဲ့ ရထားဟာ သူကျန်နေရစ်ခဲ့တာကိုရော သိရဲ့လား။ သူ့ဘေးနားမှာ ထိုင်နေတဲ့ ခရီးသည်တွေကရော သိရဲ့လား။ သူမရှိတော့ နေရာပိုကျယ်ကျယ် ထိုင်ရတယ်ဆိုပြီး သူတို့ ပျော်ရင်ပျှောနေကြမှာပော့။ သူ့အတွက်တော့ ရထားထွက်သွားတာဟာ လွမ်းဆွတ်စရာ ကောင်းတယ်။ အဲဒီထက် ရထားထွက်သွားတာကို ကြည့်နေရတာကိုက ပိုပြီး လွမ်းဆွတ်စရာ ကောင်းတယ်။ 

ညို့မှိုင်းနေတဲ့ မိုးသားတိမ်ပုပ်တွေကနေ မိုးစက်တွေ ခပ်ဖွဲဖွဲ ကျလာတယ်။ မိုးစက်တချို့က မလုံတဲ့ ဘူတာခောင်မိုးကနေ သူ့အပှောကို ခုန်ဆင်းလို့နေတယ်။ သူ မရှောင်ဖယ်ပာဘူး။ အဲဒီလို မိုးစက်လေးတွေ မျက်နှာကို လာလာထိတဲ့ ခံစားချက်ကို သူသဘောကျတယ်။ အပြင်က ရာသီဥတုဟာ မိုးကြောင့် အေးစက်နေတယ်။ အလင်းရောင်ကလည်း တဖြည်းဖြည်း ဆုတ်ယုတ်လို့ လာနေတယ်။ အလင်းကုန်ရင် အမှောင်တွေ ရောက်လာတော့မယ်။ သူ့အတွက်တော့ အမှောင်ဆိုတာ ကြောက်စရာ ကောင်းမနေဘူး။ အဲဒီထက် တိတိကျကျ ဆိုရရင် ချစ်တယ်။ အမှောင် ဆိုတာကို သတဿတဝာတွေ အတှောများများက ကြောက်ကြတော့ အမှောင်လာတာနဲ့ အဲဒီ အမှောင်ကို စွန့်ခွာသွားကြတယ်။ အဲဒီအတွက် အမှောင်ဟာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်လို့ နေတတ်တယ်။ တကယ်တော့ အဲဒီလို လူသူ မရှုပ်ဘဲ တိတ်ဆိတ် နေတာကိုကပဲ သူ့အတွက်ကတော့ ကြီးမားတဲ့ ဆုလာဘ်တစ်ခု ဖြစ်လို့နေတယ်။ အမှောင်ထဲမှာ သစ်ပင်တွေ စကားပြောကြတယ်။ အမှောင်ထဲမှာ သစ်ပင်တွေ အသက်ရှူကြတယ်။ အမှောင်ထဲမှာ တိတ်ဆိတ်ခြင်း အသံကို ကြားရတတ်တယ်။ အေးစက်နေတဲ့ ပတ်ဝန်းကျင်နဲ့ ရာသီဥတုကတော့ သူ့ကို အနည်းငယ် ဒုကဿခပေးလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ အနွေးထည်ရယ်လို့ တသီးတခြား ပာမလာခဲ့ဘူး။ ပြီးတော့ သူသိပ်နေမကောင်းဘူး။ 

မိုးစက်တွေနဲ့အတူ ရေခဲလက်ချောင်းလို အေးစက်တဲ့ လေစီးကြောင်းတွေကလည်း သူထိုင်နေတဲ့ နေရာလေးကို ဝင်ဝင်လာသေးတယ်။ မိုးနဲ့လေရဲ့ အသံဟာ ညရဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်လိုက်တယ်။ သူ့ ခရီးဆောင် အိတ်ထဲကနေ မှန်အိမ်လေး တစ်လုံးကို တယုတယ ထုတ်ယူလိုက်တယ်။ ဒီမှန်အိမ်လေးကို မှန်အိမ်လေးဆိုတဲ့ သီချင်း နားထောင်ပြီးပြီးချင်းမှာပဲ သူဝယ်ယူခဲ့တာ။ မြို့တှောကြီးရဲ့ လမ်းဘေးက အဟောင်းဆိုင်လေး တစ်ခုကနေ ဈေးကြီးပေးပြီး ဝယ်ခဲ့ရတယ်။ သူဒာကို ဝယ်လာတုန်းက သူ့သူငယ်ချင်းတွေက ရယ်မောကြတာပော့။ မှန်အိမ်အဟောင်းကြီး ဘာလုပ်မလို့လဲ ဆိုပြီးတော့။ ပြောသေးတယ် မီးပျက်ရင် ထွန်းဖို့လားတဲ့။ သူဘာမှ ပြန်မဖြေခဲ့ဘူး။ မှန်အိမ်လေးတွေဟာ ကွဲရှလွယ်တယ် ဆိုတာကို သူတို့ မေ့နေကြတယ်။ မှန်အိမ်ဆိုတာ မီးထွန်းဖို့လောက်ပဲ သူတို့ စဉ်းစားမိကြတယ် ထင်ပာရဲ့။ ဒီအတွက် သူတို့နဲ့ ငြင်းခုန်ဖို့ မလိုပာဘူး။ ကျွန်တှော့အနေနဲ့သာ ဒီလို ကွဲလွယ်ရှလွယ် ပစဿစည်းလေးကို ဘယ်လောက်ထိ ထိန်းသိမ်းနိုင်မလဲဆိုတာ သိချင်မိတာ။ ဒီဘူတာလေးမှာ မီးလည်း မရှိဘူး။ 


to be continued
--
Posted via Email
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz