Wednesday, January 27, 2010

ခေတ်မီ ဖွံ့ဖြိုး တိုးတက်

Diary 26.01.2010

အိပ်ရာဝင်တော့မလို့လုပ်မှ မနေ့ညက မက်တဲ့အိပ်မက်ကို ပြန်သတိရလာတယ်။ တောင်ကုန်းလေး တစ်ခုပှောမှာ ထောင့်လေးထောင့်ရှိတဲ့ ပုဂံဘုရားတွေလို စေတီကြီးတစ်ခု အောက်ပိုင်းက မြေအောက်မှာ နစ်နေတယ်။ အဲဒီနစ်နေတဲ့ အပိုင်းရဲ့ အတွင်းဘက်က လှိုဏ်ပတ်လမ်းတဲ့။ စေတီရဲ့ အောက်ဘက် အလယ်တည့်တည့် အခန်းမှာ ဧရာမသစ်ပင်ကြီး တစ်ပင် ရှိနေတယ်။ သူ့ကိုငုံပြီး စေတီတည်ထားသလိုမျိုး။ အဲဒီဘေးမှာတော့ တှောတှောကြီးတဲ့ သပိတ်ကြီးရှိတယ်။ သပိတ်က ဒီခေတ်သပိတ်လို မဟုတ်ဘူး။ ပိုပြားတယ်။ လက်တစ်ဖက်စာ အဝိုင်းရှိတယ်။ ထူးခြားတာက ပျော့တယ်။ ကောက်ရိုးရောင်။ ကျွန်တှော လျှောက်ကိုင် ကြည့်မိပြီး ရှေးလူတွေ ဘယ်လောက် ကြီးထွားလို့ ဒီလို သပိတ်မျိုး ကိုင်တာလဲလို့ စဉ်းစားနေမိသေးတယ်။ သူ့ဘေးမှာ ရွှေချထားသလို ဘုန်းကြီးတစ်ပားရဲ့ ရုပ်အလောင်းရှိတယ်။ ဒီအတိုင်းပဲ။ နာမည်က ကသဿသဖလို့ ရွှေပြားနဲ့ ရေးထားတယ်။ စေတီပတ်လမ်းအတိုင်း ကျွန်တှော လျှောက်ကြည့်တယ်။ အဲဒီနောက်ပိုင်းတွေ မမှတ်မိတော့ဘူး။ မှတ်မိသမျှ ချရေးထားလိုက်တယ်။

Saturday, January 23, 2010

Some media's comment about Myanmar Bloggers

အခုခေတ် Blog ပှောမှာ ရေးနေကြတဲ့ Blogger တွေကိုရော ကဗျာဆရာလို့ သတ်မှတ်လို့ရလားဆိုတော့ အဲဒာတွေကို အရင်တုန်းကတော့ အထင်သေးတယ်။ ဒီ Blog ကဗျာတွေက ဘာဖြစ်လို့လဲဆိုတော့ ဖြတ်သန်းမှုပော့။ ဖြတ်သန်းမှုမှာ ဂျာနယ်မှာဆိုရင် အယ်ဒီတာ ရှိတယ်လေ။ အယ်ဒီတာကမှ စိစစ် ရွေးချယ်တာကိုး။ သူတို့ အရင်တုန်းက ပှောစကတော့ ကိုယ့်ဟာကိုယ်ရေး၊ ကိုယ့်ဟာကိုယ်တင်ပော့။ အဲဒီအခာကျရင်တော့ တှောတှောလေးကို ကဗျာတွေက အရည်အသွေး ညံ့ပာတယ်။ အခုနောက်ပိုင်းကျတော့ အဲဒီလို မဟုတ်တော့ဘူး။ ၅နှစ်လောက်ကြာပြီး ပြန်ကြည့်တဲ့အခာကျတော့ ကဗျာတွေကလည်း အရည်အသွေး တကယ်တက်လာတယ်။ ပြီးတော့ သူတို့ဆီမှာက ဒီလိုလေ၊ Blog တစ်ခုမှာ ဆိုရင် ဝင်ကြည့်တဲ့လူတွေ ရှိတယ်။ သူတို့က ဝင်ကြည့်ပြီးတော့ မှတ်ချက်တွေ ပေးကြတယ်။ မှတ်ချက်တွေ ပေးတော့ သူတို့ရေးတဲ့ နေရာမှာ ထိန်းထိန်းသိမ်းသိမ်း ရှိလာတယ်။ အဲဒီတော့ ကဗျာတွေလည်း တှောတှောကောင်းလာပာပြီ။ သူတို့က မဂဿဂဇင်း၊ ဂျာနယ်မှာ ရေးတဲ့ လူတွေထက် ပိုပြီးတော့ အနုပညာ ဖန်တီးခွင့်မှာ လွတ်လပ်တယ်။ အဲဒာက တပန်းသာတဲ့ အချက်ပော့လေ။

သစဿစာနီ၊ လျှက်တပြက်ဂျာနယ်၊ အတွဲ(၂) အမှတ်(၆၈)၊ ၂၀၁၀ ဇန်နဝာရီ ၁၅၊ စာ-၂၇

ဆရာသစဿစာနီ သုံးသပ်ပြတာဟာ အပြုသဘော ဆောင်တယ်လို့ ခံစားရတယ်။ ဒာပေမယ့် ဆရာပြောတဲ့ အထဲမှာ နဲနဲလေး လွဲနေတဲ့ အချက် တချို့ ရှိနေလို့ နဲနဲ ပြင်ချင်မိတယ်။ ဆရာပြောတဲ့ ၅နှစ်လောက် ကြာပြီး ဆိုတဲ့ စကားမှာ အဲဒီငားနှစ်လောက်တုန်းက မြန်မာဘလော့ ရေးတဲ့သူဟာ လက်ချိုးရေလို့ရပာတယ်။ ကဗျာရေးတဲ့သူက ပိုလို့တောင် နည်းသေးတယ်။ နောက်တစ်ခုက အဲဒီအချိန်က ဘလော့ရေးတဲ့သူ တှောတှောများများဟာ ဖိုရမ်တွေမှာ တှောတှောကြာကြာ၊ ပိုစ့်ထောင်ပောင်းများစွာ ရေးခဲ့ပြီးတဲ့သူတွေ များပာတယ်။ ကျွန်တှော၊ ကိုမောင်လှ၊ မနိုင်း၊ မပန်းနွယ်၊ ကိုနဗဏ၊ ကိုထွန်းခိုင်၊ စတဲ့ လူလတ်ပိုင်းတွေကနေ ထူးမြတ်၊ လင်းလက်ကြယ်စင်၊ ပုဃံနတ် စတဲ့ လူငယ်တွေ တှောတှောများများဟာ ဖိုရမ်ထွက်တွေပာ။ ပြောရရင် ဖိုရမဿမာ ဘဝကနေ ဘလော့ဂာ ဘဝ ရောက်လာကြသူ များတယ်လို့ ဆိုနိုင်ပာတယ်။ ဘလော့ခေတ် မတိုင်ခင်က ဖိုရမ်ခေတ် အလွန်ထွန်းတောက်ခဲ့တာကိုး။ တကယ်ကို ပိုစ့်ထောင်ပောင်းများစွာ ရေးခဲ့ကြတာ။ ကျွန်တှော ကိုယ်တိုင်လည်း ဖိုရမဿမာဘဝမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာအရေအတွက်၊ စာအရေအတွက်ဟာ ဘလော့ဂာဘဝ ရေးဖြစ်ခဲ့တဲ့ အရေအတွက်ထက် ဆယ်ဆလောက် ကွာပာတယ်။ အခုနောက်ပိုင်းမှာတော့ ဖိုရမ်တွေ အားနည်းလာပြီး တိုက်ရိုက် ဘလော့ဂာဘဝကို ခံယူသူတွေ များတယ်လို့ ယူဆပာတယ်။ ဆရာပြောတဲ့ အနုပညာဖန်တီးခွင့် ပိုလွတ်လပ်တယ် ဆိုတဲ့ စကားကိုတော့ အကြွင်းမဲ့ ထောက်ခံမိပာတယ်။


ဆရာသမား တစ်ဦးမှ ဘလော့ဂ်ဂာပောင်း ၂၀၀၀ ကျှော ရှိသည်ဟု ပြောဆိုဖူးပာသည်။ ဘလော့ဂ်ဂာများကို နယူးမီဒီယာများဟု သတ်မှတ်ကြသည်များလည်း ရှိပာသည်။ ဘလော့ဂ်ဂာများသည် မည်သည့် အရည်အချင်း ရှိရမည်၊ ရှိသင့်သည်ဆိုသော ကန့်သတ်ချက် မရှိသလို ဘလော့ဂ်ဂာသည် မိမိမည်သူမည်ဝာဖြစ်ကြောင်း ကိုယ်တိုင် တိတိကျကျ မြွက်ဟ အသိပေး ထုတ်ပြန်ကြေညာရန်လည်း မလိုအပ်ပာ။ ဘလော့ဂ်ဂာများထဲတွင် နာမည်ကြီးများ၊ နာမည်ကျှောများလည်း ပာဝင်နေကြောင်း လေ့လာ တွေ့ရှိရပာသည်။ စာနယ်ဇင်းများတွင် စာနယ်ဇင်းကျင့်ဝတ် ရှိကြသလိုမျိုး ဘလော့ဂ်ဂာကျင့်ဝတ်ကို ဥပဒေကဲ့သို့ ပြဋဿဌာန်းနိုင်ရန် ကြိုးပမ်းကြလျှင် မည်မျှ ကောင်းလေမည်လဲဟု စဉ်းစားမိပာသည်။ မဆီမဆိုင် အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဆိုသော အသံများကိုလည်း ကြားယောင်နေမိပာသည်။

လမ်းလျှောက်အယ်ဒီတာမှတ်စု၊ လျှက်တပြက်ဂျာနယ်၊ အတွဲ(၂) အမှတ်(၆၇)၊ ၂၀၁၀ ဇန်နဝာရီ ၈၊စာ-၉

လမ်းလျှောက် အယ်ဒီတာ ဘယ်သူလဲတော့ မသိပာ။ ဒာပေမယ့် သူပြောထားပုံကို ဖတ်ကြည့်တဲ့အခာ ရှေးရိုးစွဲ ဗျူရိုကရေစီဝာဒကြီး လက်ကိုင်ထားချင်နေတုန်းပဲလို့ ခံစားမိပာတယ်။ ကျင့်ဝတ်တွေ ကျင့်ထုံးတွေ ပြောနေတဲ့ အဆိုပာ ဂျာနယ်လောကမှာရော အဲဒီ ကျင့်ဝတ်ကျင့်ထုံးတွေကို လိုက်နာကြရဲ့လားလို့ စဉ်းစားနေမိပာတယ်။ စည်းကမ်းကို လက်ခံပာတယ်။ ဒာပေမယ့် လွတ်လပ်ခွင့်ဟာ နယူးမီဒီယာပှောက စီတီဇင်ဂျာနယ်လစ် ဘလော့ဂာတွေရဲ့ အသက်ပဲ ဖြစ်ပာတယ်။ ပြီးတော့ ဒာဟာလည်း သမရိုးကျ စာနယ်ဇင်း လောကကနေ သီးခြားခွဲထွက်လာတဲ့ အွန်လိုင်းယဉ်ကျေးမှုတစ်ခု ဖြစ်ပာတယ်။ နောက်တစ်ခုက ဒီလို စည်းမျဉ်းတွေ မသတ်မှတ်ထားလို့ ဘလော့ဂာတွေ ရေးချင်ရာ စိတ်ကူးတည့်ရာ ရေးနေကြသလား ဆိုတာပာပဲ။ ကျွန်တှော ယုံကြည်တာ တစ်ခု ရှိပာတယ်။ ဒာက ဘလော့ဂာဖြစ်ဖို့ လွယ်တယ်၊ ဘလော့ရေးဖို့လည်း လွယ်တယ်၊ ဒာပေမယ့် အောင်မြင်တဲ့ ဘလော့ဂာတစ်ယောက်ဖြစ်ဖို့၊ ဘလော့တစ်ခုကို အကြာကြီး ထိန်းသိမ်းနိုင်ဖို့ ဆိုတာ လုံးဝမလွယ်ကူပာဘူး။ မဂဿဂဇင်း ဝတဿထုတွေမှာ စာရေးတဲ့ သူတွေလိုပာပဲ။ စစချင်း ရေးစကာလမှာတော့ မြေစမ်းခရမ်းပျိုး လက်ကျင့်ကြရတာပာပဲ။ ဘလော့လောကမှာလည်း စရေးတဲ့ သူတစ်ယောက်အတွက် အခက်အခဲ ကာလတွေ ရှိနေပာတယ်။ စာနယ်ဇင်း လောကမှာ နာမည်ပျက်တွေ ရှိသလို ဘလော့လောကမှာ ရှိတာလည်း မဆန်းပာဘူး။ နေရာတိုင်းမှာ ရှိတာ သဘာဝပာ။ လွတ်လပ်တဲ့ ဘလော့ဂာဓလေ့စရိုက်ကို ဘောင်ခတ်ဖို့ ကြိုးစားရင်တော့ လက်မခံနိုင်ပာဘူး။

Barcamp Yangon 2010's First Day Discussion Topics and Presenters

First day of Barcamp Yangon 2010 was finished successfully and it was came and participated by 1796 Barcampers, according to Survey Result!!
  1. Converting multi formatted fonts to Zawgyi without changing anything by Ye Myat Thu
  2. Podcasting: Broadcasting yourself to the world.
  3. I Love Ubuntu by Ko Ko Ye
  4. Online Myanmar Poem 2.0 by Poet Thit Sar Ni
  5. .Net frame work Infrastructure (2.0/3.5) by Nay Myo Aung
  6. Optical Communications: Fiber Optics & Copper Cables by Ye Kyaw Min
  7. Learn Python by Mike Amy
  8. Django "A Python web frame work for perfectionist with deadlines" by John Berns
  9. Web Single Sign on with SAML
  10. Unicode etc by Zaw Htut
  11. Jomala CMS, Easy Easy by Agga
  12. Opensource: Very Basic byLwin Maung Maung
  13. Mysteryzillion by Sithu
  14. Open Knowledge Open Source, Cambodia by Nobert Klein
  15. IT and Ethic by Kyaw Thiha
  16. Web Develop: PHP by Htay Win
  17. Social Media & Civic Engagement by Thet Aung
  18. Wifi and Wireless by Tin Htoo Khaing
  19. Mobile Web Development with iPhone by Htoo Tay Zar
  20. Technology for Disaster Resistance by Nay Yan Oo
  21. How is Barcamp in Japan, SG, India, Africa by Preetam
  22. Smart Card System by Nay Tun

Tuesday, January 12, 2010

Barcamp Yangon 2010 Invitation

Barcamp Yangon 2010

Barcamp

ဘားကမ့်ဆိုတာ လွတ်လပ်ပော့ပားတဲ့ ဘယ်သူမဆို ပာဝင်ဆင်နွှဲနိုင်တဲ့ နည်းပညာ ဖလှယ်ပွဲတစ်ခု ဖြစ်ပာတယ်။ Web 2.0 ခေတ်မှာ လူတွေ လက်ခံလာတဲ့ ပူးပောင်းလုပ်ဆောင်ခြင်း၊ အသိပညာ ဖလှယ်ခြင်း Collaboration and Knowledge Sharing ဆိုတာကို အခြေခံပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင် ဟုတ်သူနဲ့ မဟုတ်သူတွေကြား အသိပညာ ကွာခြားချက်ကို ကျဉ်းမြောင်းလာအောင် လုပ်ဆောင်ကြတဲ့ Community Activity တစ်ခုလည်း ဖြစ်ပာတယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့သူတွေက နားထောင်နေရတာမျိုး မဟုတ်ဘဲ ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေကို ကိုယ့်အနေနဲ့လည်း ဖွင့်ဟ ပြောဆိုနိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ဆက်ဆံနိုင်ခွင့်ကိုလည်း ရရှိစေမှာပာ။ Seminar တွေလို One to Many သွားတဲ့ ပုံစံမျိုး မဟုတ်ဘဲ Many to Many သွားတဲ့ ပုံစံမျိုးလည်း ဖြစ်ပာတယ်။


Barcmap Yangon

ကျင်းပရာ နေရာကို လိုက်ပြီး နာမည်တွေ ပေးတတ်ကြတယ်။ နိုင်ငံ တှောတှောများများမှာ Barcamp ကို ကျင်းပပြုလုပ်ခဲ့ပြီး ကျင်းပပြုလုပ်နေဆဲ ဖြစ်ပာတယ်။ အခု Barcamp ကတော့ မြန်မာနိုင်ငံ အနေနဲ့ ပထမဆုံး ကျင်းပဖြစ်မယ့် Barcamp ဖြစ်ပာတယ်။ ပြီးတော့ ဒာမျိုး ကွန်ဖရန့်ဟာ တစ်ခာမှ ပြုလုပ်ခဲ့ခြင်းမျိုး မရှိတာမို့ ပထမဆုံး ကွန်ဖရန့်လို့လည်း ဆိုနိုင်ပာတယ်။ ဒာကို အခြေခံပြီး နောက်ပိုင်းမှာ အခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း နေရာဒေသအလိုက် Barcamp တွေ ကျင်းပပြုလုပ်လာနိုင်ဖို့ ရှိပာတယ်။ ဒီ Barcamp Yangon ကိုလည်း မြန်မာပြည် တဝှန်းလုံးက စိတ်ဝင်စားသူ ဘယ်သူမဆို တက်ရောက် ဆင်နွှဲနိုင်ပာတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ အနယ်နယ် အရပ်ရပ်ကလူတွေ တက်ရောက်ကြပာတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ ဝာသနာရှင် ပညာရှင်တွေ၊ နိုင်ငံခြားသား ပညာရှင်တွေအပြင် နိုင်ငံရပ်ခြားက ပညာရှင်တွေလည်း လာရောက်ကြမှာ ဖြစ်ပာတယ်။


ရည်ရွယ်ချက်

လူငယ်တွေကို အဓိက ရည်ရွယ်ပာတယ်။ လူငယ်တွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် နည်းပညာ ဖလှယ်မှုတွေ၊ အသိပညာ ဖလှယ်မှုတွေ စတဲ့ ကောင်းမွန်တဲ့ ဓလေ့စရိုက်တွေ ပြန့်ပွားလာစေဖို့ပာ။ ပြီးတော့ နည်းပညာကို ကိုယ့်ပတ်ဝန်းကျင်အတွက် ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်မလဲ ဆိုတာကို ဝာသနာတူရာ အခြားသော မိတ်ဆွေများနဲ့ တိုင်ပင် ဆွေးနွေးလာနိုင်စေဖို့ပာ။ နောက်တစ်ခုက အင်တာနက်ကို ဘယ်လို နေရာတွေမှာ အကျိုးရှိရှိ အသုံးချနိုင်လဲ ဆိုတာကို မီးမောင်းထိုး ပြချင်တာပာ။ ပြီးတော့ မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ တဟုန်ထိုး တိုးတက်လာစေချင်တာပာ။


ဖွဲ့စည်းပုံ

Barcamp Yangon ပွဲကို မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များ အသင်းက ကြီးမှူးပြီး ပြည်တွင်း IT အလွှာပောင်းစုံက လူငယ်အများစု ပာဝင်တဲ့ Barcamp Organizer Team က အကောင်အထည်ဖှော ကျင်းပမှာ ဖြစ်ပာတယ်။ အဲဒီပွဲ နှစ်ရက်အတွင်းမှာ အသုံးပြုမယ့် မြန်နှုန်းမြင့် ဝိုင်ယာလက် အင်တာနက် ဆက်သွယ်ရေး စနစ်တွေကို Redlink Company က ပံ့ပိုးပေးထားပာတယ်။ Barcamp ကို ဘယ်သူမှ ထိန်းချုပ်ထားတာမျိုး အုပ်ချုပ်တာမျိုး မရှိပာဘူး။ ဖြစ်မြောက်အောင် ကမကထပြု ဆောင်ရွက်ကြတဲ့ Organizer အဖွဲ့သာ ရှိပာတယ်။ Barcamp ပွဲ အောင်မြင်ဖို့ ဆိုတာက တက်ရောက်လာသူ အားလုံးက တခဲနက် ပာဝင်ဆင်နွှဲကြမှသာ အောင်မြင်မှု ရရှိတာမျိုးပာ။ လောလောဆယ် Barcamp Yangon အတွက် Organizer အဖွဲ့တွေ ဖွဲ့ထားပာတယ်။ အဲဒီပွဲ ဖြစ်မြောက်အောင် Volunteer အနေနဲ့ ပာဝင်ကူညီချင်တဲ့ သူတွေလည်း လိုအပ်ပာတယ်။


Barcamp Style

ဘားကမ့်ဟာ ဆီမီနာလို ပုံစံမျိုး မဟုတ်ပာဘူး။ သူ့ပုံစံဟာ လွတ်လပ်မှု ရှိပာတယ်။ ပြီးတော့ နွေးထွေးမှုလည်း ပိုရှိတယ်။ ဒီပွဲမှာ ပာဝင်ပြီး Presentation လုပ်မယ့် လူတွေဟာ တခာတလေ ကြိုတင်ပြင်ဆင်လာတတ်သလို၊ တခာတလေလည်း အဲဒီပွဲနေ့ရောက်မှ ပြင်ဆင်ပြီး Presentation လုပ်ကြတာမျိုးပာ။ သူများတွေ ပြောကြမယ့် ခောင်းစဉ်တွေကို ကြည့်ပြီးတော့လည်း ကိုယ့်မှာ အကြံပှောလာခဲ့ရင် Topic Registration နေရာမှာ ကိုယ်ပြောမယ့် ခောင်းစဉ်ကို သွားပေးပြီး ကြှောငြာဘုတ်မှာ ကပ်လိုက်ရုံပာပဲ။ ဒီနေရာမှာ ကိုယ်ပြောမယ့် ခောင်းစဉ်ကို စိတ်ဝင်တစား လာနားထောင်မယ့် သူတွေ ရှိလာအောင်လို့ စည်းရုံးရေး ဆင်းရတဲ့ အပိုင်းဟာလည်း ဘားကမ့်ရဲ့ ချစ်စရာ ဓလေ့တစ်ခု ဖြစ်ပာတယ်။ တချို့က ကိုယ့်ဟောပြောပွဲကို လာနားထောင်ရင် မုန့်ကျွေးမယ်ဆိုပြီး လာသမျှလူကို မုန့်ကျွေးဖို့ ပြင်ဆင်ကြရပာတယ်။ တချို့ကလည်း အမှတ်တရ ပစဿစည်းလေးတွေ ပေးတတ်တယ်။ တချို့က ကြှောငြာ စာရွက်တွေ လုပ်ပြီး ဝေကြပာတယ်။ ဘားကမ့်ကို လာတဲ့ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပြောမယ့် အကြောင်းကို စိတ်ဝင်စားလိမ့်မယ်လို့ တွက်ထားလို့ မရပာဘူး။ ကိုယ့်လိုပဲ အခြား အခန်းတွေမှာ တပြိုင်နက် ပြောမယ့် လူတွေ ရှိနေတယ်ဆိုတာကို ထည့်တွက်ရပာမယ်။ ဆီမီနာလို တစ်ချိန်မှာ တစ်ယောက်တည်း ပြောမှာမျိုးလည်း မဟုတ်ပာဘူး။ တချိန်တည်းမှာ လူလေးယောက်က မတူတဲ့ အခန်းတွေထဲမှာ မတူတဲ့ ခောင်းစဉ်တွေကို ဟောပြောနေကြမှာပာ။ သူတို့ရဲ့ ခောင်းစဉ်၊ သူတို့ရဲ့ Public Attraction ဟာ ကိုယ့်ထက် ကောင်းနေမယ်ဆိုရင် ကိုယ့်ဟောပြောပွဲမှာ လူရှိမှာ မဟုတ်ပာဘူး။ ဒာကြောင့် အခုနကလို နည်းလမ်းတွေနဲ့လည်း မဲဆွယ်ကြရပာတယ်။ အဲဒာကြောင့် ကိုယ်ပြောတဲ့ အကြောင်းအရာက ဘယ်လောက် ကောင်းသည်ဖြစ်စေ Audience ကို သိအောင် လုပ်ဖို့ကလည်း အရေးကြီးတဲ့ နေရာမှာ ပာဝင်ပာတယ်။ ဒာပေမယ့် ဒာဟာ အပြိုင်အဆိုင် သဘောမျိုးတော့ မဟုတ်ပာဘူး။


Barcamp Yangon ကို လာရောက်မည့်သူများ

အခု ပြုလုပ်တဲ့ ပထမဆုံး အကြိမ် Barcamp Yangon ကတော့ Information Technology အပှောမှာ အခြေခံထားတာ ဖြစ်တာမို့ IT နဲ့ ဆက်နွယ်နေတဲ့ လူကြီးလူငယ်အားလုံး ပာဝင်ပာလိမ့်မယ်။ ပြီးတော့ ဒာဟာ မြန်မာပြည်မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ပွဲဖြစ်တာမို့လည်း အနယ်နယ်အရပ်ရပ်က လူတွေအားလုံး တက်ရောက်ကြဖို့ ရှိပာတယ်။ နောက်ပြီး နိုင်ငံတကာက ပညာရှင်တွေလည်း ဒီပွဲကို လာတက်ကြမယ်လို့ သိရပာတယ်။ တကယ်တော့ Barcamp ဆိုတာ IT နယ်ပယ် တစ်ခုတည်းအပှောမှာ ရှိတာ မဟုတ်ပာဘူး။ Book Camp, Health Camp ဆိုပြီး အမျိုးမျိုး ရှိပာသေးတယ်။ ပထမဆုံးအကြိမ် Barcamp ရဲ့ အားသာချက် အားနည်းချက်တွေကို လေ့လာရင်း နောက်ပိုင်းမှာ အမျိုးမျိုးသော Barcamp တွေကို အနယ်နယ် အရပ်ရပ်မှာ ကျင်းပလာနိုင်ပာလိမ့်မယ်။ Barcamp Yangon ကို လာရောက်မယ့် လူဦးရေဟာ ၁၀၀၀ အထက်မှာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပာတယ်။


Barcamp Yangon ကို ယူလာသင့်သည့် ပစဿစည်းများ

ဒီပွဲကာလ နှစ်ရက်အတွင်းမှာ Redlink ကုမဿပဏီက မြန်နှုန်းမြင့် အင်တာနက် စနစ်ကို အခမဲ့ အသုံးပြုခွင့် ပေးမှာ ဖြစ်ပာတယ်။ တက်ရောက်လာသူ အချင်းချင်း ကောင်းနိုးရာရာ Software တွေ၊ နည်းပညာတွေ၊ အချက်အလက်တွေ ဖလှယ်ကြမှာမို့ အခွင့်အရေးကို လက်မလွှတ်ရအောင် အောက်ပာ ပစဿစည်းလေးတွေ ယူလာမယ်ဆို အကောင်းဆုံး ဖြစ်ပာတယ်။
• Laptop
• Thumb Drive/ External Drive
• DVD RW
• Note Book
• Power Cords
• Any staff you want to share with other participants


Barcamp Yangon မှာ ဒာတွေပေးမယ်
• Barcamp Yangon Tshirt
• Barcamp Yangon Cup
• Ball Pen
• Barcamp Yangon Logo Sticker
• Softwares & Presentations DVD


ကျင်းပမည့်နေ့ နေရာ အချိန်

Barcamp Yangon ကို ဇန်နဝာရီလ ၂၃-၂၄ နှစ်ရက်တိတိ ကျင်းပမှာ ဖြစ်ပာတယ်။ လှိုင်တကဿကသိုလ် အဟောင်းထဲက Myanmar Infotech မှာပာပဲ။ မနက် ၉ နာရီကနေ ညနေ ၅နာရီ အထိ ဖြစ်ပာမယ်။


သတင်းရယူရန်

Barcamp Yangon အတွက် ဘာတွေ ဆောင်ရွက်နေတယ် ဆိုတာကို www.barcampyangon.org မှာ တင်ပေးသွားပာမယ်။ ဿTwitter user တွေ အနေနဲ့ @barcampyangon ကို ထည့်သွင်းထားသင့်သလို အဲဒာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆိုရင်လည်း #barcampyangon သို့ #bcy2010 ဆိုတဲ့ ကုဒ်ကို အသုံးပြုပြီး ရှာဖွေနိုင်ပာတယ်။ အသေးစိတ် သိလိုတဲ့ အချက်တွေ ရှိမယ်ဆိုရင် Barcamp Yangon Public Relation Team ကို ဆက်သွယ်နိုင်ပာတယ်။


PR Team
ထိုက်ထိုက်အောင် (htaike2aung@gmail.com) ညီလင်းဆက် (lynnseck@gmail.com) (098020413) မင်းယွန်းသစ် (minnyoonthit@gmail.com)

Friday, January 8, 2010

My blog is banned

စိတ်မကောင်းပာဘူး။ ကျွန်တှော့ရဲ့ ဘလော့ကို Bagan ISP က ဘန်းလိုက်ပြီ။ ဟိုးအရင် Blogspot တွေ Wordpress တွေ ဘန်းထဲက ဖတ်တဲ့သူတွေ အခက်အခဲ မဖြစ်ရအောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်ခံပြီး ကိုယ်ပိုင် ဒိုမိန်းလေး ဝယ်ပြီး Redirect လုပ်ထားခဲ့တယ်။ အခုကတော့ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၀၀၅ကတည်းက စွဲစွဲမြဲမြဲ ရေးလာခဲ့တာ နောင်လည်း ဆက်ရေးနေဦးမှာပာပဲ။ ဘလော့တွေကို ဘယ်လိုဘန်းဘန်း တင်ချင်ရင် ဘယ်အီးမေးလ်ကနေမဆို တင်လို့ရတဲ့ Mail to Blogger စနစ် ရှိတာမို့ ဆက်ရေးနေဖြစ်မှာပာပဲ။ ကျွန်တှော ရေးခဲ့သမျှ ပိုစ့်တိုင်းဟာ ကိုယ့်တိုင် ခွန်အား၊ ဉာဏ်အား စိုက်ထုတ်ပြီး ကိုယ်ကြုံခဲ့ရသမျှ ရေးခဲ့တာမို့ ဘလော့ဂာ ဘဝကို တန်ဖိုးထားပာတယ်။

ဒီကို လာဖတ်တဲ့ မြန်မာပြည်ထဲက သူတွေ ဘန်းထားလို့ ဖတ်မရဘူးဆိုရင် Google Reader ကိုအသုံးပြုပြီး အဲဒီမှာ ကျွန်တော့ဘလော့ လိပ်စာကို ရိုက်ထည့်ပြီး Feed အနေနဲ့ ဖတ်လို့ ရပာတယ်။ အပှောညာဘက် ထောင့်မှာလည်း ရေးထားပာတယ်။ စာလာဖတ်တဲ့အခာ အနှောက်အယှက် ဖြစ်သွားရတဲ့အတွက် ပိတ်တဲ့သူတွေကိုယ်စား ကျွန်တှောကပဲ တောင်းပန်လိုက်ပာတယ်။ ကျေးဇူးတင်ပာ၏။

Avatar Movie Review



ညက နေပြည်တှော ရုပ်ရှင်ရုံမှာ AVATAR ဆိုတဲ့ကား သွားကြည့်တယ်။ Jame Cameron ရိုက်တဲ့ကား။ ဇာတ်ကား မထွက်ခင်ကတည်းက နာမည်ကျှောနေတာမို့ တှောတှော စိတ်ဝင်စား နေမိတာ။ ပထမတော့ လူပြာပြာကြီးတွေ တွေ့တွေ့နေရလို့ မကြည့်ချင်သလိုလို ဖြစ်နေရာက ရုပ်ရှင် အညွှန်းတွေမှာ ကောင်းမှကောင်းလို့ ညွှန်းကြတာမို့ ကြည့်ချင်လာတော့တယ်။ ရန်ကုန်မှာ စောစောစီးစီး ပြပေးတာကို ကျေးဇူးတင်မိပာတယ်။ မဟုတ်ရင် DVD ပဲကြည့်ဖြစ်မှာ။ ဒီဗီဒီ ကြည့်ရတာနဲ့ ရုပ်ရှင်နဲ့က မတူဘူး။ ရုပ်ရှင် ကြည့်ရတာကမှ တကယ့်အရသာရှိတာ။

ဒီဇာတ်ကားကို အခြေတည်ထားတာက ပှောလီဖီးမက် ဂြိုဟ်ရဲ့ ပန်ဒိုရာ ဂြိုဟ်ရံလ အပှောမှာ နေထိုင်ကြတဲ့ လူတူ ဂြိုဟ်သားမျိုးနွယ်စု တွေဆီကို ကမဿဘာမြေကလူတွေ သွားပြီး နယ်ချဲ့ကြတဲ့ အကြောင်းပာ။ နယ်ချဲ့တာကလည်း သူတို့မြေမှာ ရှိနေတဲ့ Unobtanium လို့ခှောတဲ့ သတဿတုတစ်မျိုးကို လိုချင်လို့ပဲ။ အဲဒဲဂြိုဟ်မှာ နေထိုင်ကြတဲ့ သူတွေကို Na'vi နဗီ လို့ ခှောကြတယ်။ သူတို့ အသားအရေဟာ အပြာရောင်ရှိပြီး လူတွေထက် အရပ်ပိုရှည်တယ် ခွန်အားပိုကြီးတယ်။ အမြီးတွေလည်း ရှိကြတယ်။ သူတို့ လူမျိုးနွယ်စု နာမည်ကိုတော့ Omaticaya လို့ ခှောတယ်။ သူတို့ အဓိက နေထိုင်တဲ့ Home Tree လို့ခှောတဲ့ ဧရာမ သစ်ပင်ကြီးအောက်မှာ လူတွေ လိုချင်တဲ့ အရာဝတဿထုက အများအပြား ရှိနေတယ်။ ဒာကြောင့် လူတွေက သူတို့ကို အဲဒီနေရာကနေ ရွှေ့ပြောင်း စေချင်တယ်။ ဒာကြောင့် ပထမဆုံး Diplomatic နည်းနဲ့ သူတို့နဲ့ ရင်းနှီးမှုယူပြီး သူတို့ကို အသာတကြည် ရွှေ့ပြောင်းသွားစေဖို့ရာ သူတို့နဲ့ အသွင်တူတဲ့ Avatar တွေကို ဖန်တီးပြီး သူတို့ဆီကို လွှတ်ပာတယ်။ မြန်မာအတွေး တွေးရင် ရုပ်ပြောင်းစိတ်ခွာပော့။ လူသားရဲ့ စိတ်ဝိညာဉ်ကို အခုန ဖန်တီးထားတဲ့ Avatar တွေမှာ ထည့်ပြီး အသွင်သစ် ဖန်တီးယူတာပာ။

မင်းသားက ကမ်းတက်စစ်သားဟောင်း အောက်ပိုင်းသေနေတဲ့သူ ဖြစ်ပာတယ်။ သူ့အမွှာအကိုက Avatar အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသတ်ခံခဲ့ရတယ်။ ဒာကြောင့် အဲဒီ လစ်လပ်နေရာအတွက် သူ့အကိုနဲ့ မျိုးဗီဇတူတဲ့ သူ့ကို ခှောတာပာ။ သူ့ရဲ့ ခြေထောက်ကို အကောင်းအတိုင်း ဖြစ်လာအောင် လုပ်ပေးမယ်ဆိုပြီး ကတိကဝတ်လည်း ပြုထားပာသေးတယ်။ သူ့ရဲ့ ပထမဆုံး Avatar ခရီးစဉ်မှာပဲ သူဟာ တောရိုင်းသတဿတဝာတွေရဲ့ တိုက်ခိုက်မှုကို ခံရပြီး တခြားသူတွေနဲ့ လူစုကွဲလို့ တောထဲမှာ ကျန်ခဲ့ရာက Na'vi အကြီးအကဲရဲ့ သမီးက သူ့ကို ကယ်တင်ပေးခဲ့တယ်။ ပြီးတော့ သူတို့ ဒေသကို ခှောသွားပြီး သူတို့တွေ တတ်တဲ့ အတတ်ပညာတွေကို သင်ပေးခဲ့တယ်။ ဒီလိုနဲ့ ကာလ အတှောကြာတဲ့ အခာမှာ မင်းသားဟာ သူတို့ရဲ့ ဓလေ့ထုံးစံ စကားတွေကို တှောတှော တတ်လာခဲ့ပြီး မင်းသမီးနဲ့လည်း ချစ်သူတွေ ဖြစ်လာခဲ့တယ်။ သူကိုယ်တိုင်လည်း အဲဒီသူတွေကို ချစ်လာသလို Omaticaya တစ်ယောက်အဖြစ် ခံယူခဲ့တယ်။ တစ်ရက်မှာ သူတို့ရဲ့ အဖွဲ့သားတွေက Na'vi တွေရဲ့ သစ်တောတွေကို ဖျက်ဆီးရာက မင်းသားဟာ လာဖျက်ဆီးတဲ့ ကားကြီးရဲ့ ကင်မရာတွေကို ထုခွဲပစ်လိုက်တယ်။ အဲဒီမှာ သူ့ကို Avatar အဖြစ်ကနေ ရုတ်သိမ်းတာ ခံလိုက်ရတော့တယ်။ Na'vi တွေဟာ ဘယ်တော့မှ သူတို့ရဲ့ သစ်ပင်ကြီးကို စွန့်ခွာသွားမှာ မဟုတ်ဘူး၊ ညှိနှိုင်းလို့လည်း ရမှာ မဟုတ်ဘူးလို့ သူက ပြောပြတယ်။ အဲဒီအခာ အဖွဲ့က အဲဒီသစ်ပင်ကြီးကို ဖျက်ဆီးပစ်မယ်လို့ လုပ်လာတော့တယ်။

ဒီအကြောင်းကို မင်းသားက သူ့ကောင်မလေးနဲ့ Na'vi တွေကို သွားပြောပြတဲ့အခာမှာ အထင်လွဲခံရပြီး အဖမ်းခံရပာတယ်။ အဲဒီအချိန်မှာပဲ လေယာဉ်တွေ ရောက်လာပြီး သစ်ပင်ကြီးလည်း လဲပြိုသွားတဲ့အထိ ဖျက်ဆီးခံရပာတော့တယ်။ မင်းသမီးရဲ့ အဖေ Navi အကြီးအကဲနဲ့ အခြားသော Navi အများအပြားဟာ အဲဒီနေရာမှာပဲ သေဆုံးကုန်ကြတယ်။ ကျန်တဲ့သူတွေလည်း သူတို့ရဲ့ နောက်ဆုံးနေရာ ဖြစ်တဲ့ အသက်ဝိညာဉ်ပင်ကြီးဆီကို ရွှေ့ပြောင်းခဲ့ရတော့တယ်။ မင်းသားဟာ Avatar အဖြစ်ကနေ ရုပ်သိမ်းခံရပြီး အကျဉ်းချခံရတယ်။ ဒီလို အကြမ်းဖက် တိုက်ခိုက်တာကို မနှစ်မြို့တဲ့ လေယာဉ်မှူးက သူတို့ကို လာကယ်တင်ပြီး သူတို့ ထွက်ပြေးကြတယ်။ ပန်ဒိုရာဂြိုဟ်ရဲ့ တောနက်ကြီး တစ်ခုထဲမှာ သူတို့ရဲ့ Avatar အသွင်ပြောင်းစခန်းကို လျှို့ဝှက်ထားပြီး မင်းသားဟာ Avatar အဖြစ် အသွင်ပြောင်းလို့ Navi တွေကို ကယ်တင်ဖို့ ကြိုးစားပာတယ်။ Navi တွေရဲ့ ယုံကြည်မှုကို ရဖို့ရာ သူဟာ အစဉ်အဆက် Navi ငားယောက်သာ စီးနိုင်ခဲ့တဲ့ ဧရာမ ငှက်ကြီးကို အသက်စွန့် ဖမ်းယူပြီး သူတို့ဆီကို လိုက်သွားခဲ့တယ်။ သူတို့ရဲ့ ယုံကြည်မှုကို ရတဲ့ အခာကျတော့မှ Navi မျိုးနွယ်စု များစွာကို စုစည်းပြီး လူတွေရဲ့ ကျူးကျှောမှုကို တွန်းလှန်ဖို့ လုပ်ကြပာတော့တယ်။ နောက်ဆုံးမှာတော့ မင်းသားဟာ အသက်ဝိညာဉ်ပင်ကြီးရဲ့ အကူအညီနဲ့ လူအဖြစ်ကနေ Navi အဖြစ်ကို အပြီးတိုင် ပြောင်းလဲခံယူလိုက်တော့တယ်။

ဒီဇာတ်ကားဟာ အစကနေ အဆုံးတိုင် အံ့မခန်း ဖန်တီးချက် ရိုက်ချက်တွေကို တမေ့တမော ကြည့်ရတဲ့ ဇာတ်ကားပာ။ ပြသချိန် ၃နာရီနီးပား ကြာပာတယ်။ ဒှောလာ သန်းသုံးရာလောက် အကုန်အကျခံ ရိုက်ကူးထားတာလို့လည်း သိရတယ်။ ပန်ဒိုရာဂြိုဟ်ပှောက ရှုခင်းတွေကို ဖန်တီးထားတာ အလွန်ပဲ ကောင်းမွန်ပြီး တကယ့်အစစ်လား ထင်ရပာတယ်။ Animation တွေဟာလည်း အရမ်း ကောင်းမွန်ပာတယ်။ ကင်မရွန်းဟာ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၁၄နှစ်လောက် ကတည်းက ရိုက်မယ်လို့ စိတ်ကူးထားခဲ့တာလို့ သိရပာတယ်။ ကမဿဘာကျှောတဲ့ ဒာရိုက်တာ ဘာဖြစ်လို့ ကမဿဘာကျှောတာလဲ သိချင်ရင် ဒီဇာတ်ကားအတွက် သူပြင်ဆင်ခဲ့တာတွေကို ကြည့်တာနဲ့ သိနိုင်ပာတယ်။ Na'vi တွေပြောမယ့် ဘာသာစကားကို ဘာသာစကား ပညာရှင် တစ်ယောက်နဲ့ တွဲဖက်ပြီး ဖန်တီး ယူခဲ့တယ်။ Na'vi တွေ သစ်ပင်တွေနဲ့ ဆက်သွယ်စကားပြောနိုင်ပုံကို လည်း ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး လေ့လာခဲ့တယ်။ ဆယ်နှစ်ကျှော အချိန်ယူ ပြင်ဆင်ခဲ့တယ်။ ဒာတင်မကဘဲ ဒီဇာတ်ကား အောင်မြင်ခဲ့လို့ရှိရင် နောက်ထပ် ဇာတ်လမ်းတွဲ နှစ်ကားစာ အတွက်ပာ သူပြင်ဆင်ထားခဲ့တယ်လို့ သိရပာတယ်။ ဒီဇာတ်ကားမှာ ကွန်ပျူတာ ဖန်တီးမှု ၆၀% နဲ့ အစစ်က ၄၀% ရောမွှေထားတယ်လို့ ဆိုပာတယ်။ ဒီဇာတ်ကားကို သူကိုယ်တိုင်ရေးတယ်၊ သူကိုယ်တိုင် ရိုက်တယ်၊ သူကိုယ်တိုင် တည်းဖြတ်တယ်၊ သူကိုယ်တိုင် ထုတ်တယ်။ ကမဿဘာ့ဝင်ငွေ အကောင်းဆုံး Titanic ဇာတ်ကားကို ဒီကားက ကျှောဖြတ် သွားလိမ့်မယ်လို့ တွက်ဆထားကြပာတယ်။ ဒီမှာတော့ နိုင်ငံခြားမှာလို ဒီဇာတ်ကားကို 3D Version မကြည့်နိုင်သေးပာဘူး။ ဒာပေမယ့် မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်တာမို့ မကြည့်ဖြစ်လိုက်ရ မဖြစ်အောင် လက်တို့လိုက်ပာရစေ။

စကားချပ်။ ကျွန်တှော သွားကြည့်တဲ့ အချိန်က ရှေ့တန်းမှာ ဒီကားကို လာကြည့်နေတဲ့ နိုင်ငံခြားသားတွေလည်း ရှိတယ်။ ဘေးမှာ လူငယ်တစ်သိုက် ထိုင်နေကြတယ်။ ရယ်လိုက်မောလိုက် နောက်လိုက်ပြောင်လိုက်နဲ့ တှောတှော အဆင့်အတန်း နိမ့်ကျပာတယ်။ တစ်ရုံလုံးလည်း ငြိမ်ငြိမ်ဆိမ်ဆိမ် မရှိဘူး။ ကျွန်တှောတို့ လူမျိုးဟာ စည်းစိမ်ခံတာတောင် စနစ်တကျ အသိတရားရှိရှိ စည်းစိမ် မခံတတ်သေးဘူးလို့ မြင်တယ်။ ကိုယ်လုပ်တဲ့ အပြုအမူတွေဟာ သူတစ်ပားကို ထိခိုက်ရုံသာမက ကိုယ့်လူမျိုး အတွက်ပာ အရှက်ရစရာ ဖြစ်တယ်ဆိုတဲ့ အသိတရား ရှိကြရင် တှောတှော ကောင်းမယ်။

ကိုးကား။ Avatar (2009 film)
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz