Tuesday, October 12, 2010

ရထားက ကြယ်တွေဆီ ခုတ်မောင်းသွားပြီ

ရထားက ကြယ်တွေဆီ ခုတ်မောင်းသွားပြီ (၁)


သူ ဘူတာလေးမှာ ထိုင်နေတယ်။ ရထားရဲ့ ထွက်ခွာခာနီး အချက်ပေးသံတွေ ဆူညံလာတယ်။ သူဘူတာလေးမှာ ထိုင်နေတယ်။ လူတွေလည်း လှုပ်ရှားနေကြပြီ။ ဈေးသည်တွေလည်း ရထားကနေ ခွာစပြုပြီ။ ရထားရဲ့ ဘီးလုံးတွေ စလိမ့်နေပြီ။ ဖြေးဖြေးလေး။ ဂျုံးဂျုံးဂျက်ဂျက်။ ရထားဟာရုန်းတယ်။ တွန်းထိုးလှုပ်ရှားတယ်။ မသွားချင် သွားချင်ဟန်နဲ့ နောက်ဆုံးတော့ ဘူတာကနေ ထွက်ခွာသွားတော့တယ်။ သူ ဘူတာလေးမှာ ထိုင်နေဆဲပဲ။ ရထားစက်ခောင်းက မီးခိုးအမျှင်တန်းတွေဟာ ငြိမ်သက်သွားတဲ့ ပတ်ဝန်းကျင်မှာ မျောလွင့်လို့။ ဘူတာမှာ လူတစ်ယောက်ဆို တစ်ယောက်မှ မရှိတော့ဘူး။ သူထိုင်နေတယ်။ သူဆက်ထိုင်နေဆဲပဲ။ သူထိုင်နေတယ် ဆိုတာထက် သူဟာ ထွက်ခွာသွားတဲ့ ရထားကို ငေးကြည့်နေတယ်ဆိုရင် ပိုမှန်လိမ့်မယ် ထင်ပာရဲ့။ နောက်ဆုံးတော့ ရထားဟာ တဖြေးဖြေးနဲ့ သူ့မြင်ကွင်းထဲကနေ လုံးဝကို ပျောက်ကွယ်သွားတော့တယ်။

တကယ်တော့ သူဟာ ခရီးသွား တစ်ယောက်ပဲ ဖြစ်တယ်။ ဒာပေမယ့် သူဘယ်သွားနေလဲဆိုတာလည်း သူမသိခဲ့ဘူး။ သူ့လက်ထဲမှာ စာလေးတစ်စောင် ရှိနေတယ်။ စာထဲမှာ ထွက်ခွာသွားတဲ့သူနဲ့ ကျန်နေရစ်ခဲ့သူ နှစ်ယောက်မှာ ဘယ်သူက ပိုဝမ်းနည်းဖို့ ကောင်းသလဲလို့ ရေးထားတယ်။ သူဟာ ဒီစာကို ငေးကြည့်နေမိတယ်။ တကယ်တော့ ဒီစာလေးကို အကြိမ်ပောင်းများစွာ ဖတ်ပြီးခဲ့ပြီ။ ဒီစာကို ဖတ်ခဲ့ပြီးတဲ့ အချိန်ကစလို့လည်း သူခရီးတွေ သွားခဲ့တယ်။ ခရီးတွေ ဆိုရာမှာ ရထားနဲ့ ခရီးသွားတာ အများဆုံးပဲ။ အဲဒီလို သွားတိုင်းလည်း သူ့စိတ်တွေ မွန်းကြပ်လာတဲ့အခာတိုင်း လမ်းဘူတာမှာ ဆင်းပြီး ဒီလို ရထားထွက်သွားတာကို ငေးကြည့်မိပြန်တာပဲ။ သူသိချင်တယ်။ ထွက်ခွာသွားတဲ့သူနဲ့ ကျန်နေရစ်ခဲ့သူ နှစ်ယောက်မှာ ဘယ်သူက ပိုဝမ်းနည်းဖို့ ကောင်းသလဲ။ အဲဒီအရာကို သူသိချင်နေတယ်။ ထွက်ခွာသွားသူဟာ ရထားဖြစ်ပြီးတော့ ကျန်နေရစ်သူက သူပော့။ ဒီလို တွေးတွေးပြီး ဘူတာတွေမှာ ထိုင်နေဖြစ်ခဲ့တာ အကြိမ်ပောင်းများစွာ။ အခုရထားလည်း ထွက်ခွာသွားပြီပဲ။ ငာ ဝမ်းနည်းနေလားလို့ သူစဉ်းစားနေမိတယ်။ 

ရထားဟာ ထွက်ခွာသွားခဲ့ပြီ။ သူ့ရဲ့ ခြေရာတွေ မကျန်ခဲ့ဘူးလား။ သူတွေးနေတယ်။ ဥဩဆွဲသံတွေ၊ မီးခိုးငွေ့တွေ၊ လူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ရထားရှိနေစဉ်က လှုပ်လှုပ်ရှားရှား ရှိနေသမျှ အရာအားလုံး အခုဆို ငြိမ်သက်လို့။ ရထားထွက်ခွာခာနီး အချက်ပြဥဩသံတွေ ကြားတုန်းက သူဘာဖြစ်လို့ လိုက်မသွားခဲ့မိတာလဲလို့ တွေးမိပြန်တယ်။ တကယ်ဆို သူကိုယ်တိုင်က ဆင်းနေရစ်ခဲ့တာ။ ဒာကိုလည်း သူမေ့မထားပာဘူး။ လူပောင်းများစွာကို တင်ဆောင်ထားတဲ့ ရထားဟာ သူကျန်နေရစ်ခဲ့တာကိုရော သိရဲ့လား။ သူ့ဘေးနားမှာ ထိုင်နေတဲ့ ခရီးသည်တွေကရော သိရဲ့လား။ သူမရှိတော့ နေရာပိုကျယ်ကျယ် ထိုင်ရတယ်ဆိုပြီး သူတို့ ပျော်ရင်ပျှောနေကြမှာပော့။ သူ့အတွက်တော့ ရထားထွက်သွားတာဟာ လွမ်းဆွတ်စရာ ကောင်းတယ်။ အဲဒီထက် ရထားထွက်သွားတာကို ကြည့်နေရတာကိုက ပိုပြီး လွမ်းဆွတ်စရာ ကောင်းတယ်။ 

ညို့မှိုင်းနေတဲ့ မိုးသားတိမ်ပုပ်တွေကနေ မိုးစက်တွေ ခပ်ဖွဲဖွဲ ကျလာတယ်။ မိုးစက်တချို့က မလုံတဲ့ ဘူတာခောင်မိုးကနေ သူ့အပှောကို ခုန်ဆင်းလို့နေတယ်။ သူ မရှောင်ဖယ်ပာဘူး။ အဲဒီလို မိုးစက်လေးတွေ မျက်နှာကို လာလာထိတဲ့ ခံစားချက်ကို သူသဘောကျတယ်။ အပြင်က ရာသီဥတုဟာ မိုးကြောင့် အေးစက်နေတယ်။ အလင်းရောင်ကလည်း တဖြည်းဖြည်း ဆုတ်ယုတ်လို့ လာနေတယ်။ အလင်းကုန်ရင် အမှောင်တွေ ရောက်လာတော့မယ်။ သူ့အတွက်တော့ အမှောင်ဆိုတာ ကြောက်စရာ ကောင်းမနေဘူး။ အဲဒီထက် တိတိကျကျ ဆိုရရင် ချစ်တယ်။ အမှောင် ဆိုတာကို သတဿတဝာတွေ အတှောများများက ကြောက်ကြတော့ အမှောင်လာတာနဲ့ အဲဒီ အမှောင်ကို စွန့်ခွာသွားကြတယ်။ အဲဒီအတွက် အမှောင်ဟာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်လို့ နေတတ်တယ်။ တကယ်တော့ အဲဒီလို လူသူ မရှုပ်ဘဲ တိတ်ဆိတ် နေတာကိုကပဲ သူ့အတွက်ကတော့ ကြီးမားတဲ့ ဆုလာဘ်တစ်ခု ဖြစ်လို့နေတယ်။ အမှောင်ထဲမှာ သစ်ပင်တွေ စကားပြောကြတယ်။ အမှောင်ထဲမှာ သစ်ပင်တွေ အသက်ရှူကြတယ်။ အမှောင်ထဲမှာ တိတ်ဆိတ်ခြင်း အသံကို ကြားရတတ်တယ်။ အေးစက်နေတဲ့ ပတ်ဝန်းကျင်နဲ့ ရာသီဥတုကတော့ သူ့ကို အနည်းငယ် ဒုကဿခပေးလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ အနွေးထည်ရယ်လို့ တသီးတခြား ပာမလာခဲ့ဘူး။ ပြီးတော့ သူသိပ်နေမကောင်းဘူး။ 

မိုးစက်တွေနဲ့အတူ ရေခဲလက်ချောင်းလို အေးစက်တဲ့ လေစီးကြောင်းတွေကလည်း သူထိုင်နေတဲ့ နေရာလေးကို ဝင်ဝင်လာသေးတယ်။ မိုးနဲ့လေရဲ့ အသံဟာ ညရဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်လိုက်တယ်။ သူ့ ခရီးဆောင် အိတ်ထဲကနေ မှန်အိမ်လေး တစ်လုံးကို တယုတယ ထုတ်ယူလိုက်တယ်။ ဒီမှန်အိမ်လေးကို မှန်အိမ်လေးဆိုတဲ့ သီချင်း နားထောင်ပြီးပြီးချင်းမှာပဲ သူဝယ်ယူခဲ့တာ။ မြို့တှောကြီးရဲ့ လမ်းဘေးက အဟောင်းဆိုင်လေး တစ်ခုကနေ ဈေးကြီးပေးပြီး ဝယ်ခဲ့ရတယ်။ သူဒာကို ဝယ်လာတုန်းက သူ့သူငယ်ချင်းတွေက ရယ်မောကြတာပော့။ မှန်အိမ်အဟောင်းကြီး ဘာလုပ်မလို့လဲ ဆိုပြီးတော့။ ပြောသေးတယ် မီးပျက်ရင် ထွန်းဖို့လားတဲ့။ သူဘာမှ ပြန်မဖြေခဲ့ဘူး။ မှန်အိမ်လေးတွေဟာ ကွဲရှလွယ်တယ် ဆိုတာကို သူတို့ မေ့နေကြတယ်။ မှန်အိမ်ဆိုတာ မီးထွန်းဖို့လောက်ပဲ သူတို့ စဉ်းစားမိကြတယ် ထင်ပာရဲ့။ ဒီအတွက် သူတို့နဲ့ ငြင်းခုန်ဖို့ မလိုပာဘူး။ ကျွန်တှော့အနေနဲ့သာ ဒီလို ကွဲလွယ်ရှလွယ် ပစဿစည်းလေးကို ဘယ်လောက်ထိ ထိန်းသိမ်းနိုင်မလဲဆိုတာ သိချင်မိတာ။ ဒီဘူတာလေးမှာ မီးလည်း မရှိဘူး။ 


to be continued
--
Posted via Email

One response to “ရထားက ကြယ်တွေဆီ ခုတ်မောင်းသွားပြီ”

တွေးပြီးရေးထားတာတွေကို အရမ်းသဘောကျပါတယ်။
ဒီလို ဖော်ပြချက်၊အရေးအသားတွေ များများရေးနိုင်ပါစေ။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz