Wednesday, May 12, 2010

Yatanarpon Portal Logo Competition

Yatanarpon Portal Logo Competition


ရတနာပုံပေါ်တယ် (Yatanarpon Portal) သည် နိုင်ငံတကာ အဆင့်မီ ပြုလုပ်ရန် လျာထားသည့် National Web Portal တစ်ခုဖြစ်သည်။ ရတနာပုံပေါ်တယ်တွင် သတင်းကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ ဗဟုသုတကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍပေါင်းစုံ ပါဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံသားအားလုံး လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ရတနာပုံပေါ်တယ်၏ သင်္ကေတလိုဂို အဖြစ် အသုံးပြုရန် လိုဂိုပြိုင်ပွဲ တစ်ခုကို ကျင်းပမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင် လိုသူများသည် အောက်ပါ အချက်အလက်များကို လိုက်နာရမည် ဖြစ်ပါသည်။ ဆုရလိုဂိုအား Yatanarpon Portal၊ Yatanarpon Portal နှင့် သက်ဆိုင်သော အခြား စာရွက် စာတမ်းများအတွက် တရားဝင်သုံးရန် ရည်ရွယ်သည်။

ပြိုင်ပွဲဝင်သူသည်...

  • မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • လိုဂို (၁) ခုမှ (၃) ခုအထိ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။
  • မိမိကိုယ်တိုင် ဖန်တီးထားသော လိုဂိုဖြစ်ရမည်။ အခြားနေရာများမှ မူပိုင်ဖြစ်သော လိုဂိုများကို ကူးယူသုံးစွဲခြင်းမရှိရပါ။
  • မိမိကိုယ်တိုင် ဖန်တီးထားသော လိုဂိုဖြစ်ကြောင်း ၀န်ခံချက်ကို ပူးတွဲပေးပို့ရမည်ဖြစ်သည်။
  • လိုဂိုများကို တစ်ကြိမ်သာ ပေးပို့နိုင်သည်။ ပေးပို့ပြီးသော လိုဂိုများကို ပြန်လည်ပြင်ဆင်လိုခြင်း၊ အခြားလိုဂိုတစ်ခုနှင့် ပြန်လည် အစားထိုးလိုခြင်းများကို ခွင့်မပြုပါ။
  • ပြိုင်ပွဲတွင် အနိုင်ရရှိပါက ဆုရလိုဂိုအား Yatanarpon Portal တွင် တရားဝင် အသုံးပြုရန် အပြီးအပိုင် လွှဲအပ်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင် လိုဂိုဒီဇိုင်း ရေးဆွဲသူမှ အခြားနေရာများတွင် မိမိစိတ်တိုင်းကျ သုံးစွဲခြင်းများကို ခွင့်မပြုပါ။
  • လိုဂိုဒီဇိုင်းများ ပြုလုပ်ရာတွင် သတ်မှတ်ထားသော စံညွှန်များအတိုင်း ပြည့်မီအောင် ပြုလုပ်ရမည် ဖြစ်သည်။
  • ပြိုင်ပွဲဝင် လိုဂိုများကို ၂၀၁၀ ခုနှစ် မေလ (၃၁) ရက်နေ့ နောက်ဆုံး ထားပြီး ပေးပို့ရမည်။
  • ရွေးချယ်ခံရသော လိုဂိုကို နှစ်ပတ်အတွင်း ပြန်လည်ကြေငြာပေးမည် ဖြစ်ပါသည်။
  • ရွေးချယ်ခံရသော လိုဂိုအတွက် ဆုကြေးငွေ (၇) သိန်းကျပ် တိတိ ချီးမြှင့်မည်ဖြစ်သည်။

Specification
  • ရှင်းလင်းသေသပ်ပြီး နိုင်ငံတကာ အဆင့်မီသော ဒီဇိုင်းဖြစ်ရမည်။
  • Vector Format (Illustrator or Corel Draw) ဖြစ်ရမည်။
  • အခြား မည်သည့် လိုဂိုနှင့်မျှ မတူပဲ ဒီဇိုင်းကွဲပြားရမည် ဖြစ်သည်။
  • ယင်းလိုဂိုသည် ရတနာပုံတယ်လီပို့ကို ကိုယ်စားပြုနိုင်ရမည်။
  • ဝက်ဘ်ပေါ်တွင်သာမက Print ထုတ်ရန်အတွက်လည်း အဆင်ပြေသော ဒီဇိုင်းဖြစ်ရမည်။
  • ပြိုင်ပွဲဝင်လိုသူများသည် မိမိတို့ရေးဆွဲထားသော လိုဂိုများအား (Inforithm-Maze, 10th Fl, La Pyayt Wun Plaza, No. 37, Alanpya Pagoda Rd., Dagon Tsp 11191, Yangon) သို့ ပေးပို့ရမည် ဖြစ်သည်။

လူကိုယ်တိုင် လာရောက် ပေးပို့နိုင်သလို ၊ Online ဖြင့်လည်း ဤနေရာမှ ပေးပို့နိုင်ပါသည်
Ref: http://www.yatanarpon.asia
--
NYI LYNN SECK

http://blog.nyilynnseck.com
http://www.google.com/profiles/lynnseck
http://www.linkedin.com/in/nyilynnseck
http://www.facebook.com/nyilynnseck
http://picasaweb.google.com/lynnseck
http://twitter.com/lynnseck

Every secret of a writer's soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)

No response to “Yatanarpon Portal Logo Competition”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz