Saturday, May 22, 2010

ဘယ်သူ့အလွန်လဲ

ပြည်သူ့အချစ်တှော ရွှေမင်းသမီးဟောင်း ထက်ထက်မိုးဦးက 7Days သတင်းထောက် တစ်ယောက်ကို ဆံပင်ဆွဲ ပားရိုက္တဲ့ကိစဿစ ေတာှေတာှေလး ဂယက် ရိုက်သွားတယ်။ မီဒီယာတွေ ဘယ်လောက်တောင် ဆတ်ဆတ်ခာ နာသွားသလဲဆိုရင် နာမည်တပ်ပြီး ရေးတဲ့အထိ ဖြစ်ကုန်တယ်။ အရင်ကဆို အဲလို နာမည်တွေ မတပ်ကြဘူး။ မသိမသာ ရေးကြတယ်။ အခုဟာမှာတော့ မီဒီယာတွေက သတင်းထောက်ကို ထိတဲ့အတွက် စည်းစည်းလုံးလုံး ပူးပောင်း ကြိုးပမ်းကြမယ့် အနေအထားကို တွေ့ရပာတယ်။ (ကျုပ်တို့လည်း ဘလော့က ပုံတွေ စာတွေကို ဂျာနယ်တွေက ခိုးခိုးသုံးနေတဲ့ ကိစဿစ ပူးပောင်း ကာကွယ်ကြရအောင်။ ဥပမာ- Myanmar Newsweek Journal က ကျွန်တှော့ပုံတွေ ခိုးသုံးပြီး သူခိုးကလူဟစ် သူတို့ သတင်းထောက် ရိုက်ထားတဲ့ ပုံတွေလို့ စောက်ရှက်မရှိ ပြောတဲ့ Case လိုမျိုး etc...)

သာမန် အနေနဲ့ ကြည့်ရင် သတင်းထောက် တစ်ယောက်ကို အနုပညာရှင် တစ်ယောက်က ရိုင်းရိုင်းပြပြ ပားရိုက်တယ် ဆိုတော့ကာ အင်မတန်မှ အော့နှလုံးနာစရာ ကိစဿစကြီး တစ်ခုပဲ။ ဒာပေမယ့် သတင်းထောက်နဲ့ ထက်ထက်မိုးဦးရဲ့ အမေးအဖြေကို သေသေချာချာ ဖတ်ရှုကြည့်မယ်ဆိုရင် ပြသဿသနာ ဖြစ်ပွားရခြင်းရဲ့ အရင်းခံ အကြောင်းကို သိလာ မြင်လာမယ်လို့ ထင်မိတယ်။

အွန်လိုင်းမှာလည်း အဲဒီအကြောင်းက ပွစာတက်နေတယ်။ ထူးခြားတာက အွန်လိုင်းကလူ အေတာှမ်ားမ်ားက ဒီကိစဿစမွာ သတင်းထောက်ကလည်း လွန်တယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်လာတာပာပဲ။ ဒီအင်တာဗျူးမှာ သတင်းထောက်က အနှစ်သာရ မရှိတဲ့ မေးခွန်းတွေ မေးတယ်လို့ ထင်မိတယ်။ ဒာကလည်း သူမှ မဟုတ်ပာဘူး။ ဒီနောက်ပိုင်း မင်းသားမင်းသမီး အင်တာဗျူးတွေမှာ ဘယ်အင်တာဗျူးကများ အနှစ်သာရ ရှိတာ ဖတ်ကြရလို့လဲ။

မေး၁။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ ပြောတယ်။
ဖြေ၁။ ဟုတ်တယ်။ အခု သက်သာသွားပြီ။

မေး၂။ ပထမဆုံး အနေနဲ့ အစ်မရဲ့ အခုလက်ရှိ ဘဝလေးကို အစ်မ ဘယ်လို ဖြတ်သန်းနေပာသလဲ။
ဖြေ၂။ ဒီအတိုင်းပဲ ကောင်းပာတယ်။

မေး၃။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပာနှော။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လို့ပာ။
ဖြေ၃။ ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။

မေး၎။ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပာ့မလား။
ဖြေ၄။ ဟုတ်။ ပြေပာတယ်။

မေး၅။ အဲဒာ ဘယ်တော့လောက်လဲ မသိဘူး။
ဖြေ၅။ အဲဒာ မသိသေးပာဘူး။

မေး၆။ ဟိုတလောက အဲလိုမျိုး ဖြစ်သွားတာ အစ်မ ဘယ်လိုမျိုး ခံစားရသလဲ။
ဖြေ၆။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပာဘူး။

မေး၇။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာ တွေ့ခဲ့ကြတာလဲ။
ဖြေ၇။ ဒီကိစဿစ အသေးအမွှားလေးတွေတော့ ထက်ထက် မဖြေချင်ဘူး။ ဒာတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်။ ထည့်လို့မရလို့တော့ မဟုတ်ဘူး။ ဒာတွေက ဘာမှ မဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပာလားလို့ .. နှော။

မေး၈။ ပရိသတ်တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လို ခံစားရလဲ။
ဖြေ၈။ သွားလိုက်တော့ နင်သွားလိုက်တော့ (အဲလို ပြောလိုက်လို့ အဆိုပာ သတင်းထောက်က တောင်းပန်ပြီး ခန်းမအပြင်ကို ထွက်ခဲ့တာမှာ ထက်ထက်မိုးဦးက လိုက်လာပြီး ဆံပင်ဆွဲ ပားရိုက်တာ ဖြစ်ပာသတဲ့)


ကျွန်တှောတို့ သူတို့ အင်တာဗျူးကို သုံးသပ်ကြည့်ရအောင်။ မေးခွန်း ၁နဲ့၂ မှာ သတင်းထောက် မေးတဲ့ မေးခွန်းပုံစံကို ကျွန်တှောတို့က Close Question လို့ခှောတယ်။ ဘယ်လိုလဲဆိုတော့ အဲလို မေးခွန်းမျိုးက အဖြေ လုံလုံလောက်လောက် ရတတ်တဲ့ မေးခွန်းမျိုး မဟုတ်ဘူး။ အဲဒီအတွက် ထက်ထက်မိုးဦးက တိုတိုတုတ်တုတ် ဖြေလေတော့ သူ အခက်တွေ့ သွားပုံ ရတယ်။ မေးခွန်း ၃မှာ အဆင်ပြေပြေလေး ဖြေပေးပာလို့ တောင်းပန်ရတယ်။ ဒီနေရာမှာလည်း သူပြောတာက ထက်ထက်မိုးဦးက ကိုးလိုးကန့်လန့် ဖြေနေလို့ အဆင်ပြေပြေ ဖြေပေးပာလို့ တောင်းဆိုရတဲ့ အနက် သက်ရောက်သွားတယ်။ (စာလုံး တစ်လုံးခြင်းက အစ မြန်မာစကားရဲ့ အနက်သက်ရောက်ပုံ လေ့လာရာမှာ ကျွန်တှော့ထက် ပိုကျွမ်းကျင်တဲ့ သူတွေ ရှိတယ် မေးကြပာကုန်) ဒီမေးခွန်းမှာတင် ကျွန်တှောသာဆို ဖုနေလောက်ပြီ။

မေးခွန်း၎မှာလည်း ထိုနည်းအတူ အပိတ်မေးခွန်းကို မေးပြန်တယ်။ ထက်ထက်မိုးဦး သိပ်ဖြေချင်ပုံ မရတဲ့အတွက် တိုတိုပြတ်ပြတ် ဖြေတာကို တွေ့ရတယ်။ မေးခွန်း၅မှာတော့ ကိုယ်ဝန်ဘယ်တော့ ယူမလဲ မေးတာကို တွေ့ရတယ်။ ဒီမေးခွန်းက Personal ဖြစ်လာပြီ။ ရှင်တို့ ဟိုဒင်း ဘယ်တော့ လုပ်မှာလဲ မေးတာနဲ့ သိပ်မကွာဘူး။ အဲဒာတော့ မသိသေးဘူးလို့ ဟိုက ရှောင်ထွက်သွားတယ်။ မေးခွန်း၆မှာ အဲဒီ ကိုယ်ဝန်ကိစဿစ ထပ်မေးပြန်တယ်။ ဒီတစ်ခာ မေးခွန်းက ပိုပြီး Sensitive ဖြစ်တယ်။ ကိုယ်ဝန်ပျက်ကျတာ ဘယ်လို ခံစားရလဲ ဆိုတာဟာ အင်တာဗျူး မေးခွန်း ဖြစ်သင့်ရဲ့လား။ မေးတဲ့သူက မိန်းမ၊ ဖြေတဲ့သူက မိန်းမ ပိုလို့တောင် ရှင်းသေးတယ်။ ကျုပ်သာ ဆိုရင်တော့ ခင်ဗျား ကြုံဖူးတဲ့အခာ သိလာလိမ့်မယ်လို့ ဖြေလိုက်မယ်။ ဒီလိုနဲ့ မေးခွန်း၇ မှာပာဆင်နယ်ကို ထပ်မေးပြန်တယ်။ အခုယောက်ျားနဲ့ ဘယ်မှာတွေ့လဲ ဆိုတဲ့မေးခွန်းက ရဲစစ်ချက် ထုတ်နေတဲ့ အတိုင်းပဲ။ ကလပ်မှာလည်း ဖြစ်ချင်ဖြစ်မယ်။ တောထဲမှာလည်း ဖြစ်ချင်ဖြစ်မယ်။ ရွာမှာလည်း ဖြစ်ချင်ဖြစ်မယ်။ လမ်းဘေးမှာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာဖြစ်တုန်း။ ဒာက သူ့ကိစဿစပဲ။ ဒီမေးခွန်း မေးတော့ ထက်ထက်မိုးဦး အဖြေမှာ စိတ်ပျက်လက်ပျက် ဖြစ်လာတာကို တွေ့ရပာတယ်။ မှန်တယ်။ ဒာဟာ ဘာမှ အရေးမကြီးတဲ့ လူတစ်ဦးချင်းနဲ့ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစဿစ။ အသေးအမွှား။ ဒာကို သိရလို့ ဘာမှလည်း ထူးခြားစွာ လူသားထုကို အကျိုးမပြုဘူး။ ဒာမျိုးတွေ မမေးဘဲ တခြားဟာတွေ မေးပာလားလို့ သူပြေပြေလည်လည် တောင်းဆိုလိုက်သေးတယ်။ အဲဒီမှာ သတင်းထောက်က အကင်းမပားဘဲ ပရိသတ်ကြီးက ပြောနေကြတယ် ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲလို ဝေဖန်မှုတွေကို ဘယ်လို ခံစားရသလဲ သွားမေးတော့ ကွိုင်တွေ တက်ကုန်ကြတော့ တာပာပဲ။

ထက်ထက်မိုးဦး ယောက်ျားများတာ လူတိုင်းသိတယ်။ ဒာတောင် နှလုံးရောဂာ ရှိနေလို့။ နောက်ဆုံး မေးခွန်းက ဘာလို့ ယောက်ျား ခဏခဏ ယူနေရတာလဲ ဆိုတဲ့ အဓိပဿပာယ်နဲ့ သိပ်မထူးပာဘူး။ ဒာပေမယ့် ဒီနေရာမှာ သတင်းထောက်က ပရိသတ်ကြီးက ပြောနေကြတယ် (ဝေဖန်မှုတွေကို) ဆိုတဲ့ စကားကို သုံးစွဲသွားတာ တွေ့ရပာတယ်။ ဒာဟာ အရေးကြီးတဲ့ အချက်လို့ မြင်တယ်။ ကျွန်တှောလည်း စာနယ်ဇင်း ပရိသတ် တစ်ယောက်ပဲ။ ဒာပေမယ့် ကျွန်တှော ဒာကို မသိချင်ဘူး။ ပြီးတော့ သူငယ်ချင်း အချင်းချင်း ကြားမှာတောင် တခုတ်တရ အရေးလုပ်ပြီး ပြောဖြစ်တဲ့ ကိစဿစ မဟုတ်ဘူး။ ဒာဟာ သူ့ပာဆင်နယ် ကိစဿစပဲ။ သွားမေးရမယ့် ကိစဿစမှ မဟုတ်တာ။

ဒီတော့ သုံးသပ်ရရင် သတင်းထောက်ဟာ အရေးမပာတဲ့ ကိုယ်ရေးကိုယ်တာ ကိစဿစတွေကို မေးတဲ့အတွက် သူပထမဆုံး စမှားတယ်။ ဟိုက စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အဖြေစကားတွေ ရတာတောင် မရပ်ဘဲနဲ့ ဆက်မေးတဲ့အတွက် သူဟာ အကင်းမပားသူလို့ ဆိုနိုင်တယ်။ မေးခွန်းတွေဟာ အပိတ်မေးခွန်းတွေ ဖြစ်တာ တွေ့ရတဲ့ အတွက် အင်တာဗျူး ကျွမ်းကျင်သူ မဟုတ် ဆိုတဲ့ အဖြေလည်း ရပာတယ်။ ဒာက သူ့အမှားတွေ။ အဲဒီအတွက် တရားစွဲတာ အသာထား နောင်တစ်ချိန်မှာ သူတောင်းပန်သင့်ပာတယ်။ ပြီးတော့ အင်တာဗျူး နည်းစနစ်တွေကို ဒီထက်ပိုပြီး လေ့လာသင့်တယ်။

ထက်ထက်မိုးဦး အနေနဲ့ လူရှေ့သူရှေ့ အထုတ် ဖြေခံလိုက်ရသလို ဖြစ်သွားလို့ မင်းသမီး ဆိုတာကို မေ့သွားပြီး ပောက်ကွဲသွားတာကို လက်ခံနိုင်ပေမယ့် သတင်းထောက်ကို ကိုယ်ထိလက်ရောက် စှောကားတာ ကတော့ ထက်ထက်မိုးဦး အလွန်လို့ ထင်တယ်။ သူ့အနေနဲ့ ကိုယ်ရေးကိုယ်တာကို ထိပားလို့ ထိန်းမနိုင် ဖြစ်သွားတာကို အထက်က အမေးအဖြေတွေ ကြည့်ရင် သိနိုင်ပာတယ်။ တကယ်ဆို သူဘာမှ ဆက်မလုပ်ဘဲ နောင် ဒီသတင်းထောက် သို့ ဒီဂျာနယ် နဲ့ အဆက်အဆံ မလုပ်တော့ဘူး ဆိုရင် ပြီးသွားမယ့် ကိစဿစပာ။ ဒာပေမယ့် သူ့ဒောသက အဲဒီမှာ မရပ်ဘဲ ကိုယ်ထိလက်ရောက် ဖြစ်သွားတာက သူ့အမှားကနေ ကိုယ့်အမှား ဖြစ်သွားစေခဲ့တယ်။ ဒီကိစဿစဟာ သူတစ်သက်လုံး လုပ်လာခဲ့တဲ့ အနုပညာပုံရိပ်မှာ အကြီးအကျယ် အမည်းစက် စွန်းထင်းသွား ပာလိမ့်မယ်။ သိကဿခာလည်း ကျစေပာတယ်။ မိုက်ရိုင်းတဲ့ အပြုအမူလည်း ဖြစ်ပာတယ်။ ဒီအတွက် သူ့အနေနဲ့ ခံရတဲ့ သူကိုရော၊ ပရိသတ်တွေကိုပာ လေးလေးနက်နက် တောင်းပန်ဖို့ လိုပာလိမ့်မယ်။

မီဒီယာတွေက မင်းသား မင်းသမီးတွေရဲ့ ဖြစ်ရပ်မှန် အကြောင်းအရာ အတှောများများကို ဖုံးကွယ်ခဲ့တာ အများကြီးပာ။ ဥပမာ အနီးစပ်ဆုံး ပြောရရင် မိုးဟေကို၊ မျိုးကျော့မြိုင် စတဲ့သူတွေရဲ့ ဖှောချွတ် ဗီဒီယိုတွေ ကိစဿစ လုံးဝကို မဖွခဲ့ကြဘူး။ အခုဟာကတော့ မီဒီယာနယ်ပယ်က သတင်းထောက် တစ်ယောက် ခံရတာ ဖြစ်တဲ့အတွက် မီဒီယာသမားတွေ အစှောကား မခံရရေး တို့အရေးဆိုပြီး ထက်ထက်မိုးဦး နာမည်တပ်လို့ တခမ်းတနား ဝိုင်းဝန်း ရေးသားကြတာကို တွေ့ရပာတယ်။ စာပေစိစစ်ရေးကလည်း ခွင့်ပြုပေးတာ တွေ့ရပာတယ်။ The Outsider ဝတဿထုထဲကလိုပာပဲ လုပ်ရပ် တစ်ခု ဖြစ်လာအောင် လှုံ့ဆှောတဲ့ အရာတွေ အများကြီး ရှိတာကို ဘယ်သူမှ ထည့်မတွက်ကြဘူး။ လုပ်ရပ် အပှောမှာပဲ လူတွေက လွယ်လွယ် မှတ်ချက် ပြုကြတယ်။

ဆရာဦးဝင်းငြိမ်းတို့၊ ဟိန်းလတ် တို့ရဲ့ အင်တာဗျူးတွေ သတိရမိတယ်။ သူတို့က တစ်ခုခုကို ဗျူးတော့မယ်ဆို သေချာ လေ့လာပြီးမှ ဗျူးတာ။ ပာဆင်နယ်တွေ မတို့ထိဘူး။ ကိုယ်မေးမယ့် မေးခွန်းကို တစ်ဖက်သား အများကြီး ဖြေရအောင် ဖွင့်မေးတယ်။ အမေးခံရသူတွေရဲ့ အတွေးအမြင် ခံယူချက်တွေကို ပှောလာအောင် လှည့်မေးတယ်။ ကျွန်တှောတို့ စာနယ်ဇင်း လောကမှာ ဒာမျိုး အင်တာဗျူးတွေ မဖတ်ရတာ အတှောကြာပာပြီ။ ဒီအဖြစ်အပျက်ကတော့ အနှစ်သာရ မရှိတဲ့ အင်တာဗျူးတွေကနေ အနှစ်သာရ ရှိရှိ အင်တာဗျူးတွေ ဖြစ်လာဖို့ ဖန်လာတဲ့ အကြောင်းအရာ တစ်ခုလို့ ထင်မိတယ်။ ထက်ထက်မိုးဦးနဲ့ သတင်းထောက်ကတော့ ဓားစာခံ ဖြစ်သွားတာပော့။ ဘာတွေ ဆက်ဖြစ်ကြမယ် ဆိုတာကတော့ စောင့်ကြည့်ရုံပော့ဗျာ။ ဂျာနယ်တွေ ရောင်းအား တက်ဦးမှာပော့။

အကျဉ်းချုပ်ရရင် ကျွန်တှောကတော့ နှစ်ယောက်စလုံး အမှားလို့ ယူဆတယ်။ ထက်ထက်မိုးဦး လက်ပာတဲ့အတွက် ပိုမှားတယ်လို့ ခံယူတယ်။ ခင်ဗျားတို့လည်း ဘယ်လို မြင်ကြတယ် ဆိုတာကို Vote လုပ်သွားကြပာဦး။ ကိုယ့်အယူအဆနဲ့ကိုယ် လွတ်လပ်စွာ ကွဲလွဲလို့ ရပာတယ်။

ပထမ Poll Application က Result ကြည့်ရာမှာ အဲရာ တက်တက်နေတာ တွေ့ရလို့ အသစ်နဲ့ အစားထိုး လိုက်ပာတယ်။ ဒီအတွက် ခွင့်လွှတ်ကြပာ။ ပထမဟာမှာ မဲပေးသူ 156 ယောက် ရှိခဲ့ပြီး။ ရလဒ်တွေက

  • သတင်းထောက်အလွန်- ၅၆
  • ထက်ထက်မိုးဦးအလွန်- ၁၆
  • နှစ်ယောက်စလုံးအလွန်- ၈၃

ဖြစ်ပာတယ်။ ဒီစာရင်းကို မှတ်ထားလိုက်ပာမယ်။ နောက်လူများ အသစ်မှာ Vote ကြပာကုန်။

















ကိုးကား။
The Voice Weekly, Vol.6 / No.28, p.8
Facebook Messages

46 Responses to “ဘယ်သူ့အလွန်လဲ”

မေဇင် said...

2 ယောက်စလုံး အလွန်လို့ ထင်တာပဲ...ဒါပေမယ့် ထက်ထက်မိုးဦး က စကားနဲ့ စပြီးစော်ကားခံရတယ်...သူ လက်ပါ သွားတာကတော့ မကောင်းဘူးပေါ့။ သူ့ ဒေါသက ကိုညီလင်းဆက် ပြောသလို အဲ့ဒီ ဂျာနယ် ၊ သတင်းထောက်နဲ့ မဆက်ဆံရုံလောက်နဲ့ ပြေသွားမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ... ဘာမှ မလုပ်ရင်လဲ ... သူတို့ စကားနဲ့စော်ကားသမျှကို ငြိမ်ပြီးခံလိုက်ရသလိုဖြစ်သွားမယ်။ ထက်ထက်မိုးဦး ကိုတော့ သနားမိတယ်။
သတင်းထောက်ကလဲ ... တမင် ညစ်ပြီး မေးတာ မဟုတ်ဘူး အမေး မတတ်လို့ ဖြစ်သွားတာဆိုရင်တော့ စိတ်မကောင်းစရာပဲ..ဒါပေမယ့် သိရက်နဲ့ တမင် ညစ်ပြီးမေးတယ်ဆိုရင်တော့...အမြင်ကတ်ဖို့ကောင်းတယ်။

Rita said...

နှစ်ယောက်လုံး နစ်နာတယ်။
သူတို့ စိတ်ပိုင်းဆိုင်ရာအတွက် ကိုယ် စဉ်းစားမိတယ်။

nyi said...

သတင်းထောက်အလွန်ပါ ခုချိန်မှာထက်ထက်မိုးဦးအနေနဲ့လောကဒဏ်ကိုခံစားနေ၇ချိန်ပါပြော၇ယင်လျှမ်းလျှမ်းတောက်အောင်မြင်နေချိန်မဟုတ်ပါဘူး
ဒီချိန်မှာသူခံစား၇နိုင်မယ့်မေးခွန်းမေးတဲ့အတွက်အလွယ်တကူပေါက်ကွဲသွားတာပါဘဲ
သူ့နေ၇ာကခံစားကြည့်မယ်ဆို၇င်သူမလွန်ဘူးဆိုတာသိပါလိမ့်မယ်
အ၇ာ၇ာအဆင်ပြေနေချိန်မှာသူများပြောတာသီးခံနိုင်ဖို့လွယ်ပေမယ့်ဒီလိုအချိန်မျိုးမှာသီးခံဖို့ခက်ခဲတတ်တယ်ဆိုတာကိုယ်တိုင်ခံစားဖူးကြ၇င်ကိုယ်ချင်းစာတတ်ကြမှာပါ

ပြသနာကို စတဲ့သူက မှားတယ်။ မှားတဲ့သူ နိုင်လိမ့်မည် ထင်သည်.......:P

Mars said...
This comment has been removed by the author.
Mars said...

မြန်မာပြည်က စာနယ်ဇင်းတွေ လောကမှာ ဖြစ်နေတာတော့မပြောတော့ပါဘူး......
ဆရာကြီးလူထုဦးစိန်ဝင်းကပြောသွားဖူးပါတယ်....စာနယ်ဇင်းနယ်ပယ်ကလူတွေ စာများများဖတ်ပြီး စည်းရှိကြဖို့ ပါ...
ဒါပေမယ့်အခုကိစ္စမှာ လွန်တာက နှစ်ဦးလုံးဆိုပေမယ့်...ဂျာနယ်တွေအကုန်လုံးက မင်းသမီးလွန်တယ်ဆိုပီးပဲ တဖက်သတ်ရေးနေတာတော့မကောင်းပါဘူး.....
အင်တာဗျုးဖတ်ကြည့်ရသလောက် ဆိုရင် စာနယ်ဇင်း တွေလဲ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ သင့်ပါပီ..
အခုကိစ္စကိုကြည့်ပြီး လူတွေလည်း ရွေးကောက်ပွဲထက် Celebritiy ကိစ္စ ကို ပိုစိတ်ဝင်စားသလို ....စာနယ်ဇင်းတွေလည်း ရွေးကောက်ပွဲထက် Celebrity ကိစ္စကိုဖွပြီး ဂျာနယ်ရောင်းကောင်းအောင်လုပ်ဖို့ ကိုတက်ကြွနေကြပုံရပါတယ်..

PS. ယခုထိ စာနယ်ဇင်းကျင့်ဝတ်ကိုသေချာစောင့်စည်းနေသေးသော ဂျာနယ် ၃ ၄ခုကိုတော့ လေးစားနေပါသေးကြောင်း

အမှန်ကတော့သတင်းထောက်ကစလွန်တာလေ...
သူ့ မေးခွန်းတွေက Personal တွေလေ...မမေးသင့်တာတွေ
မေးတော့ထက်ထက်ကလည်းစိတ်တိုမှာပေါ့...ကိုယ်ဆိုလည်းဖြစ်မှာဘဲ..ဒါပေမဲ့နောက်ဆုံးထက်ထက်ကလက်ပါသွားတာထက်ထက်အလွန်လိုဖြစ်သွားတာပေါ့..ဒါပေမဲ့ဒီလိုဖြစ်လာအောင်ဆွလိုက်တာကသတင်းထောက်လေ..သူသာမေးတတ်ရင်ထက်ထက်လည်းဒီလိုဆက်ဆံမှာမဟုတ်ပါဘူး...ဒီတော့ထက်ထက်ကိုဘဲလွန်တယ်လို့လုံးဝပြောလို့မရပါဘူး..
နှစ်ယောက်စလုံးလွန်တယ်လို့ထင်ပါတယ်..ထက်ထက်ကိုတော့သနားပါတယ်..သူအရှက်ကွဲသွားတာပေါ့..ဒေါသကိုသာထိန်းလိုက်ရင်သတင်းထောက်အမှားဆိုတာလူတိုင်းသိမှာအခုတော့ဒေါသကိုမထိန်းနိုင်တော့ပြဿနာဖြစ်ကုန်တာပေါ့..

ThI said...

နှစ်ဖက်လုံးမှားပေမယ့် စာနယ်ဇင်းသမား၊ သတင်းထောက်သမားကလည်း လေးစားမှု (လုံးဝ) မရှိသလို... တစ်ဖက်က မင်းသမီးကလည်း မှားခဲ့ပါတယ်....။ အရင်တုန်းက ထက်ထက်ရဲ့ အင်တာဗျူးတွေမှာ ဖြေထားခဲ့တာတွေကြည့်ရင် သူ့အနေနဲ့ အင်တာဗျူးတွေကို ပညာသားပါပါ ဖြေတတ်ခဲ့ပါတယ်..။ ခုကိစ္စက သူ့ရဲ့ အောင်မြင်မှုတွေက လျော့နည်းလာမှုအပေါ် ခံစားချက်ဖြစ်နေတာရော၊ အခြားအခြားပေါ့...စိတ်အခြေအနေက ပေါက်ကွဲချင်တဲ့အခံတစ်ခု ၀င်နေတာကြောင့် ကိုယ်ထိလက်ရောက် ဖြစ်ခဲ့တာပါ..။ သို့ပေမယ့် မေးခွန်းထုတ်စရာတစ်ခုက interviewer တွေကရော ဘယ်လောက် အဆင့်အတန်းရှိလာပါသလဲဆိုတာပါ...။ ထိရင်တော့ နာတတ်ကြပေမယ့် အထိမခံနိုင်အောင်လည်း တန်ရဲ့လားဆိုတာက တွေးဖို့လိုပါတယ်....။ စာနယ်ဇင်းလွတ်လပ်မှုလို့ တစ်စာစာအော်နေကြပေမယ့် ဘောင်ထဲကနေ ခိုးယူမှုတွေကရော??? ဘလော့တွေ ပေါ်လာတော့ သူတစ်လူ ငါတစ်မင်း နေရာကိုယ်စီမှာ နာမည်ကိုယ်စီရလာကြပေမယ့် generation တစ်ခုနဲ့တစ်ခုမှာ တော်လာတဲ့သူတွေ ပေါ်လာပေမယ့် စိတ်ဓါတ်ပိုင်းမှာတော့ ပြည့်လာခဲ့တဲ့သူတွေ အများကြီးလိုပါသေးတယ်...။ ဒီလို ပရိတ်သတ်အချစ်တော် အနုပညာရှင်တွေကိုမေးခဲ့တဲ့ ကိုကိုလှမြင့်ရဲ့ အင်တာဗျူးတစ်ချို့ကို အမှတ်ရမိပါတယ်...။

khin oo may said...

http://www.myanmarthway.co.cc/2010/05/blog-post_6599.html

ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အရင်စော်ကားသူက စမှားတာပဲ။ ဒါပေမဲ့ နာမည်ကောင်း ယူတတ်သူအတွက်ကတော့ လုပ်ကွက်ပေါ့လေ။ ကျနော် အမြင် တစ်ခုကတော့ ဂျာနယ်လစ်တွေ အားလုံးစုပြီး နောက်ပိုင်း ဒါမျိုး မဖြစ်အောင် သူတို့ကိုယ် သူတို့ ကာကွယ် လိုက်တာလို့ မြင်တယ်။ တကယ်လို့ မထက်သာ အရင်လို တောက်ပနေတဲ့ အချိန်ဆိုရင် ဘယ်လွယ်လိမ့်မလဲ။ မထက် မှန်တယ် လို့ မပြောလိုပေမဲ့ သူ့နေရာ ကိုယ်သာဆို ဒီထက် ဆိုးမယ်။

အင်တာဗျူး ဖတ်ရတဲ့လူတောင် ထက်ထက်မိုးဦးက ကြိုးစားဖြေနေတာကို အဆင်ပြေပြေဖြေပေးပါ ပြောကတည်းက စာမေးပွဲ စစ်နေသလားလို့ ရွဲ့မေးချင်စိတ် ပေါက်ပါတယ်။

သူမေးတာတွေကလည်း... ကျန်းမရေးမကောင်းကြောင်း၊ ကလေးပျက်တဲ့အကြောင်း၊ အိမ်ထောင်ကွဲတဲ့အကြောင်း.... ထက်ထက်မိုးဦးက အဲ့ဒီ အင်တာဗျူးပြီးရင် အလုပ်ရှိရာ တန်းသွားရမှာ သူလည်းသိနေတာကို စိတ်ညစ်အောင် သွားလုပ်စရာလား။ မေးတဲ့အစ်မကြီးက လူမှုရေး တော်တော် နားမလည်တာပဲ။

သရုပ်ဆောင်တွေဘက်က မေးမြန်းတဲ့သူတွေအပေါ် သည်းခံနေရတာ ကြာလှပါပြီ။ ဟိုး ၂၀၀၀ ဝန်းကျင်လောက်က ထွန်းအိန္ဒြာဗိုလ် ကို ဘာလို့ ကလေးမယူသေးတာလဲ လို့ မေးခွန်းထုတ်ကတည်းက အင်တာဗျူးဆို စိတ်ကိုညစ်နေတာ။

ပြီးတော့ ခု အင်တာဗျူးနေချိန်မှာ ထက်ထက်မိုးဦးက တစ်ယောက်ထဲ မေးတဲ့သူဘက်က ဓာတ်ပုံရိုက်တဲ့သူ(အမျိုးသားတစ်ယောက်)နဲ့ တခြားအဖော်တွေ ပါပါသေးတယ်။ ရင်းနှီးသူချင်းတောင် မပြောချင်တဲ့ကိစ္စကို သူစိမ်းရှေ့ မေးခံရတဲ့အခါ ဘယ်လိုခံစားရမလဲ...

ခံစားမှုတွေကို စကားလုံးနဲ့ မဖြေချင်တော့တဲ့ ထက်ထက်မိုးဦးက သူဘယ်လိုခံစားနေရတယ် ဆိုတာကို လက်တွေ့သရုပ်ပြလိုက်တာလို့ မြင်ပါတယ်။ မီဒီယာက မှားတယ်မှန်တယ် အော်နေတာကနောက်၊ အရိုက်ခံရတာက အရင်။ ဒီတော့ တစ်ခါလောက် ခံဖူးတယ်ရှိမှ နောက်ဆို အမေးအမြန်း ဆင်ခြင်ကြမှာပါ။

ထက်ထက်မိုးဦး အနေနဲ့ကတော့ အရှက်ခွဲချင်တဲ့ မေးခွန်းတွေ မေးနေမှတော့ အရှက်အကွဲခံပြီး တကယ်ကို ရိုက်ပစ်လိုက်တာပဲလို့ မြင်ပါတယ်။

nyo said...

အထောင်းခံပြီး အလျော်ယူတယ် ဆိုတဲ့ ဗမာစကားလဲ အရှိသားဘဲ။ ထောင်းလောက်အောင် ဆွခံရဖူးရင် ကိုယ်ချင်းစာကြမှာပါ။

nyi said...

ဘယ်သူမှအ၇ှက်ကွဲမှုကိုမလိုချင်ပါဘူး
လူကိုနာကျင်အောင်လုပ်တာထက်
စိတ်ကိုနာကျင်အောင်လုပ်တာပိုခံ၇ခက်စေပါတယ်
တော်တော်ခံစားသွား၇လို့ပေါက်ကွဲသွားတာဖြစ်မှာပါ

tin said...

စိတ်ပျက်ဖို့တော်တော်ကောင်းတဲ့မြန်မာစာနယ်ဇင်း(အချို့)
ပါလားဗျာ၊အရိုက်ခံရတောင်နည်းသေးတယ်
ထက်ထက်ကတော့ဗီလိန်ဖြစ်သွားတာပေါ့

Khinkhin said...

ကျမအထင်တော့ စာနယ်ဇင်းသူမက မှားတာလို့ ထင်ပါတယ်။
http://www.irrawaddy.org/bur/index.php/interview/4-interview/3221-q-q
ထက်ထက်က မဖြစ်မနေမို့ တုန့်ပြန်လိုက်ရတယ် ... တဲ့။

Steve Evergreen said...

ဒါက ဒီမိုကရေစီတောင် ရသေးတာ မဟုတ်ဘူး သတင်းထောက်တွေ စာနယ်ဇင်းသမားတွေက စည်းကျော်ချင်နေပြီ။ ၁၉၆၂ မတိုင်ခင်တုံးကလဲ အဲလိုတွေ ရှိခဲ့ ဘူးတယ်လို့သိရတယ်။

တကယ်တော့ အဲဒီ ဂျာနယ်တိုက်ပါ ပိတ်ပြစ်ရမယ်။ သူတို့ လူမေးတဲ့ မေးခွန်းတွေက နိမ့်လွန်းပြီး intrusive ဖြစ်လွန်းတယ်။

Thant said...

ထက်ထက်မိုးဦးက သူ့ကိုလူမသိ သူမသိစော်ကားခံနေရတာတွေများလာတော့ ဒီတစ်ကြိမ်တော့ သူကျော်ကြားတုန်းကသူ့နားဝိုင်းပင့်ပြီး စီးပွားဖြစ်နေတဲ့သူတွေက အခုသူ့ကိုစော်ကားနေပါတယ်လို့အများသိအောင် လုပ်လိုက်တာပဲဖြစ်မယ်... လက်ပါမှလဲတိုင်းသိပြည်သိဖြစ်မယ်လို့ သူယူဆလို့ မဖြစ်မနေလုပ်လိုက်တာဖြစ်နိုင်ပါတယ်.... အဲဒီမေးတဲ့လူကလဲ လူမှုရေးနားမလည် ပါးပါးနပ်နပ်မရှိတော့ မြေဇာပင်ဖြစ်သွားတာပေါ့...။

TZA said...

အပေးနဲ့အယူပါပဲ၊ ဖတ်ချင်တဲ့သူ မရှိပဲနဲ့တော့ မီဒီယာတွေက အဲဒါတွေ လိုက်မဗျူးဘူး။

ဒီထက်ဆိုးတဲ့ အရေမရ အဖတ်မရ ကိုယ်ရေးကိုယ်တာ မေးခွန်းတွေကို ပြုံးပြုံးရွှင်ရွှင် ဖြေတတ်ဖို့က အနုပညာသမားရဲ့ ပညာတစ်ခု (သို့မဟုတ် အနုပညာသည်တိုင်းမှာ သင့်တင့်တဲ့ EQ ရှိရမယ်) လို့ ထင်တာပဲ၊ မဖြေချင်ရင် တခြားနည်းနဲ့ ရှောင်လို့ရပါတယ်၊ မီဒီယာက ဘယ်လိုပဲပြောပြော အနုပညာသည်တွေပေါ် ကျေးဇူးရှိတယ်။ အဖြစ်အပျက်က ဘယ်ကပဲ စစ၊ နောက်ဆုံး လူတွေပါးစပ်ဖျားမှာ ကျန်ခဲ့တာက မင်းသမီး ဘယ်သူဘယ်ဝါက သတင်းထောက်ကို ပါးရိုက်လိုက်တယ် ဆိုတာပဲ၊ ဒါကို လက်မခံလို့ကို မရဘူး။

ကိုညီလင်းဆက် ပြောတာကို ထောက်ခံပါတယ်..
နှစ်ယောက်စလုံး အလွန်လို့ ထင်တာပဲ.

nyi said...

အေ၇မ၇အဖတ်မ၇မေးခွန်းဆိုတာထက်
တိုက်၇ိုက်ပုတ်ခတ်တဲ့မေးခွန်းပါ
အပေါ်စီးဆန်တဲ့မေးခွန်းတွေချည်းတွေပါဘဲ
ဒီလိုသတင်းထောက်မျိုးကိုနောက်ဆို
အနုပညာ၇ှင်တိုင်းေ၇ှာင်မှာပါဘဲ
သတင်းထောက်အလုပ်နဲ့ဆက်၇ပ်တည်လို့မဖြစ်နိုင်တော့
တဲ့သူမျိုးပါဘဲ

Khinkhin said...

စာနယ်ဇင်း သတင်းထောက်ဟာ ဂျာနယ်လစ်ဇင် အက်သစ်တော့ ရှိဖို့လိုတယ်ထင်ပါတယ်။
မှန်တိုင်းရေးသင့်လား။
ပရိသတ်စိတ်ဝင်စားတိုင်းရေးသင့်လား။
privacy ထိခိုက်စေနိုင်မယ့် အကြောင်းအရာမျိုး ရေးသင့်လား။
ထူးဆန်းတဲ့ အကြောင်းအရာတိုင်း ရေးသင့်သလား။
အဲဒီအချက်တွေကို ရေးသင့်တယ်လို့ ဆုံးဖြတ်မယ်ကြံတိုင်း ethic နဲ့ ချိန်ထိုး စဉ်းစားသင့်ပါတယ်။
စဉ်းစားလို့ conflict ဖြစ်လာခဲ့မယ်ဆိုရင် ethic ကို ဦးစားပေးရမှာပါ။

မြန်မာပြည်မှာနေတဲ့ စာနယ်ဇင်းသမားတိုင်းဟာ မြန်မာ့ယဉ်ကျေးမှု၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နိုင်ငံရေးအခြေအနေနဲ့ လူမှုရေး စတာတွေကိုလည်း ထည့်စဉ်းစားသင့်တယ်။ ဟောလိဝုဒ်တို့ ဘာတို့ နဲ့ ယှဉ်စရာလဲ မလိုပါဘူး။

မြန်မာစာနယ်ဇင်းသမားတွေ စာတတ်ဖို့ အများကြီးလိုသေးတယ်လို့ ထင်တာပါပဲ။

kyaw said...

စာနယ်ဇင်းအမျိုးသမီးက ပါးရိုက်လိုက်တာကမှ တော်ဦးမယ် ဒီလို စိတ်နှလုံးကို စော်ကားတာကတော့ ပါးရိုက်တာထက်ကို နာမှာပဲ
ထက်ထက်မိုးဦးကို မကြိုက်ခဲ့ပေမယ့် တကယ် ကိုယ်ချင်းစာတယ် တချို့စကားက အရိုက်ခံရတာထက်နာတယ်... ဒါတွေကို နားလည်စေချင်တယ်

Anonymous said...

မောင်းထုတ်လိုက်တာအထိတော့မှန်ပါတယ် ဒီလို လူမျိုးကို ဒီလိုပဲ လုပ်ရမှာပဲ အနုပညာရှင်မှာလည်း လူမသိစေချင်တဲ့ ကိုယ်ရေးကိုယ်တာတော့ ရှိမှာပဲ ဒါတွေကိုတော့ နားလည်ရမယ် တရားရေးအထိ ရောက်စရာ အကြောင်းတော့ မရှိဘူးလို့ မြင်တယ် ဂျာနယ်တွေကလည်း နိုင်ငံကျော်မင်းသမီးနဲ့ ဖြစ်တာဆိုတော့ သတင်းကောင်း သတင်းထူးလို့ ယူဆပုံရတယ် ဘာပဲ ပြောပြော သာမန်သတင်းထောက်လေးကတော့ နိုင်ငံကျော်သွားတာပေါ့

hl said...

ထက်ထက် နေရာ ကိုယ်သာဆို ဒီထက် ဆိုးမယ်။

ထက်ထက် ........

ဖတ်ရတာ အရမ်းပဲ စိတ်လဲမကောင်း ဒေါလဲကန်မိပါတယ်...အကယ်၍ ထက်ထက်သာ အဲဒီနေ့မှာ ပါးမရိုက်လိုက်ပဲ ဒီအမျိုးသမီးကို ဒီအတိုင်းလွှတ်ပေးလိုက်ရင်လဲ ဂျာနယ်မှာ ထက်ထက်က ကောင်းစွာဖြေဆိုလိုတဲ့ ပုံစံမရှိဆိုတဲ့ အာဘော်မျိုး နဲ့ ဖော်ပြဦးမှာပါပဲ...

ထက်ထက်အနေနဲ့ ကိုယ်ထိလက်ရောက်မစော်ကားပဲနဲ့ သီးခံလိုက်ရင်လဲ ဂုဏ်သိက္ခာကို စော်ကားတယ်ဆိုပြီး ဒီအမျိုးသမီးကို တရားစွဲဖို့ ဖြစ်မယ်မထင်ပါဘူး... ဒါဆိုလဲ အဲဒီဂျာနယ်တွေက ထက်ထက်က အနာပေါ် တုတ်ကျလို့ နာတယ် ဆိုပြီး ရေးကြဦးမှာပါပဲ... ဒီကိစ္စမှာ ထက်ထက် ဒီလိုလုပ်လိုက်တာ မှန်တယ်လို့ မပြောလိုပါဘူး... ဘာမှမလုပ်လိုက်ပဲ လူမသိ သူမသိ အမေးခံရတဲ့ လူက စော်ကားခံရပြီး ပြီးသွားခဲ့တဲ့ အင်တာဗျူးတွေလဲ ဒုနဲ့ ဒေး ရှိနေမှာပါပဲ။ ထက်ထက်ဒီလိုလုပ်လိုက်မှသာ စာနယ်ဇင်းတွေက မခံမရပ်နိုင်ထဖြစ်ကြတာပါ။ ဒါကြောင့် တရားရင်ဆိုင်ကြရင်လဲ ၂ ဖက်လုံးကို အရှိကို အရှိအတိုင်း အမှန်တိုင်း ဆုံးဖြတ်ပေးပြီး အင်တာဗျူးတဲ့မမကိုလဲ အပြစ်ရှိရင် အပြစ်ရှိကြောင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးမှသာ နောက်ကို ဂျာနယ်တွေက ဒီလို လက်လွတ်စပယ် စည်းလွတ်ဝါးလွတ် မမေးရဲ မရေးရဲကြမှာပါ... ထက်ထက်ကတော့ အားလုံးအတွက်ရင်းလိုက်ရတဲ့ သဘောဖြစ်သွားတာပေါ့...

ထက်ထက် ခရေဇီတော့ မဟုတ်ပါဘူး။ ထက်ထက်နေရာမှာ သူကိုယ်တိုင်ဆိုရင်ရော ဘယ်လို တုံ့ပြန်မှာလဲလို့ ဒီအမျိုးသမီးကို စာနယ်ဇင်းဆရာတွေ မေးကြည့်စေချင်တယ်... မင်းသမီးမို့လို့ မေးတိုင်းအကုန်လုံးကို ကြိုက်ကြိုက်မကြိုက်ကြိုက် ယဉ်သဉ်ကျေးကျေး ဖြေရမယ်လို့ ရှိပါသလား... အင်တာဗျူးတဲ့ လူတွေကရော ယဉ်ကျေးမှု ရှိစရာမလိုဘူးလားလို့ မေးစရာ ဖြစ်နေပါပြီ...

အားလုံးကို အမှန်အတိုင်း ဖြစ်စေချင်ပါတယ်... မြန်မာ့ စာနယ်ဇင်းတွေ အနေနဲ့ ပရိတ်သတ်ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်တဲ့ ရသကို ပေးနိုင်တဲ့ စာနယ်ဇင်းအဖြစ်ပဲ ပြန်ဖြစ်စေချင်ပါတယ်.. အောင်မြင်ကျော်ကြားတဲ့ အနုပညာသည်တွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဟိုလိုလို ဒီလိုလို ထင်အောင် လျောက်ရေးပြီး ပရိတ်သတ် ပိုက်ဆံညာယူနေတာတွေ ရပ်တန်းကရပ်စေချင်ပါပြီ..ငါ့စာမူရရင်ပါရင်ပြီးရော၊ စာမူခရရင်ပြီးရော၊ နိုင်ငံကျော် မင်းသမီးရဲ့ ကိုယ်ရေးကိုယ်တာတွေ အင်တာဗျူးပါလို့ ဂျာနယ် စောင်ရေတက်ရင် ပြီးရောမျိုးတွေ မလုပ်သင့်တော့ပါဘူး။

ဂျာနယ်တွေရဲ့ အာဘော်တွေပဲရပြီး လောင်းရိပ်မိနေတဲ့ အင်တာနက်မသုံးတဲ့ မြန်မာပရိတ်သတ် အတွက် ကိုညီလင်းဆက်ရဲ့ ဒီပို့စ်ကိုရော http://www.myanmarthway.co.cc/2010/05/blog-post_6599.html က ပို့စ်ကိုရော ဂျာနယ်တွေမှာ ဖြစ်ဖြစ်၊ ပြည်သူပိုင် သတင်းစာကနေဖြစ်ဖြစ် ဖော်ပြလို့ရရင် ဖော်ပြစေချင်တယ်...ဒါမှလဲ ပြည်တွင်းက ဂျာနယ်တခုထဲကို မှီခိုပြီး ဖတ်နေတဲ့ ပြည်သူတွေ အနေနဲ့ ဂျာနယ်တွေရဲ့ အာဘော်ကို မမိတော့ပဲ နောက်ဆို ဂျာနယ်ထွက်တိုင်း ဝယ်သင့်မဝယ်သင့်၊ ယုံသင့် မယုံသင့် စဉ်းစားရင်း သာမန်အခြေခံလူတန်းစားအတွက် ဂျာနယ်တစ်စောင်ဝယ်မယ့် ပိုက်ဆံဟာ ကလေးကျောင်းမုန့်ဖိုး သို့မဟုတ် ကလေးတယောက်အတွက် အာဟာရ ပြည့်ဝတဲ့ Breakfast တနပ်စာ အသုံးပြုလို့ ရသွားမှာပါ....

လျှာရှည်တာတွေ နဲနဲများသွားတယ်... ဆောတီး ကိုညီလင်းဆက်... သင်္ကြန်ဗုံးပေါက်တဲ့ကိစ္စထက် ဆိုးနေပြီ... ပို့စ်ထက် comment က ပိုရှည်သွားတယ်... သင်္ကြန်ဗုံးပေါက်တဲ့ကိစ္စမှာတော့ comment လုံးဝမပေးခဲ့ဖူးပါလို့ ဝန်ခံပါရစေ....

Both လို့ Vote ခဲ့ပါတယ်....

ကျေးဇူးပါ

patriotsoldier said...

မြန်မာပြည်က စာနယ်ဇင်းတွေ လူထုကို အလုပ်အကျွေးပြုဖို့ သတင်းလွတ်လပ်ခွင့် ရဖို့ထက် အခုလို နာမည်ကျော်တို့ကို ခုတုံးလုပ် အညှီအနံ့ အတွင်းရေးလေးတွေ အတင်းနှိုက်ပြီး လူထုကို မြူဆွယ်ဖြားယောင်းနေတဲ့ အဆင့်သာ ရှိကြောင်း ပြည်သိကမ္ဘာသိ ဖြစ်သွားပါတယ်။ တလက်စထဲ မြန်မာပြည်က လျှမ်းလျှမ်းတောက် အောင်မြင်နေသူ၊ အောင်မြင်ခဲ့သူတွေထဲမှာ ဒီလို အကြမ်းဖက် တုန့်ပြန်တတ်တဲ့ သူမျိုးတွေ၊ ဒေါသ အလျောက် အထိန်းကွပ်မဲ့ ပြုမူတတ်တဲ့ လူမျိုးလည်း ရှိတယ် ဆိုတာကို ဖေါ်ပြပြန်ပါတယ်။ ဒါကြောင့် ကျနော်တို့ လူမှု အဖွဲ့စည်း ထဲမှာ ဒါမျိုးတွေ ဒါမျိုးတွေ ပြင်ဖို့ ပြောင်းလဲဖို့ တိုးတက်ဖို့ အပုံကြီး လိုနေသေးတယ်ဆိုတာ ဖွင့်ဟ ပြလိုက်တာပါပဲ လို့ ထင်တယ်ဗျာ

စူး said...

၂ယောက်စလုံးအလွန်ပါ။

starlife said...

အလိုက်မသိတဲ့ သတင်းထောက်နဲ့ မပါးနပ်တဲ့ မင်းသမီး

Kyaw said...

မင်းသမီးလဲ လူပဲဗျာ... ဒေါသကတော့ ရှိမှာပေါ့...
မရိုမသေ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတာပဲဟာကို....
ဟို သတင်းထောက်မက ပွဲမဆူဆူအောင် မေးမှတော့ သူလဲပေါက်ကွဲခွင့်ရှိပါတယ်....
ဒါပေမယ့် လက်ပါသွားတဲ့အတွက်... ဥပဒေ အလိုအရ သူ့အမှားများဖြစ်သွားမလားမသိဘူး...
စိတ်ဒဏ်ရာကတော့ သူ့မှာလဲ ရသွားမှာပါ....

koko said...

The questions asked by journalist made us so disappointed. We felt sympathy to htet htet because her son passed away last a few months ago. All these questions lead to provoke htet htet's anger. The journalist did not change other question. She kept asking the same.I don't even know the journalist what she wanted to know from htet htet.

i think that it is because of htet htet's stress and anger can not control it coz of time being. She got a bit shy when that moment together with her current husband. The journalist should understand that when she would feel it when she was her position. But some time actors and actresses when they are not successful time they so good and patient on journalists. but when they became famous, their attitude change to opposite way.....

mgmg said...

ဒီထက် ပိုလုပ်လိုက်ပါလား---မထက်ရေ

ဒီသတင်းကြားကြားချင်းထက်ထက်အလွန်လို့ထင်မိခဲ့တာ။
interview မေးခွန်းတွေဖတ်ကြည့်တော့မှ
သတင်းထောက် အလွန်မှန်းသိတော့တယ်။
ပါးရိုက်တာနည်းတောင်နည်းသေးတယ်။
ဖနောင့်နဲ့ပါကန်ဖို့ကောင်းတာ။ :P

g|-|0$7 said...

ကော်မန့်တွေကလည်းဗျာ... မီးလောင်ရာ လေပင့်မယ်ဆိုတာကြီးပဲ... ဒီကိစ်စမှာ သတင်းထောက်က စမှားတယ်လို့ ဆိုလို့ရပေမယ့် ထက်ထက်မှားတဲ့အမှားက သတင်းထောက်ထက်ပိုဆိုးတယ်ဆိုတာ ငြင်းလို့မရပါဘူး... ဒေါသကို မထိန်းပဲ ပြန်လုပ်မိလိုက်ရင် သူ့အမှားထက် ကိုယ့်အမှားကပိုကြီး ဖြစ်တတ်ပါတယ်... ၉၅ခုနှစ် အရှေ့တောင်အာရှဘောလုံးပွဲက မြန်မာဂိုးသမား အောင်ကျော်ကျော်နဲ့ ဗီယက်နမ်ရှေ့တန်းသမားရဲ့ ဖြစ်ရပ်ကို ဥပမာကြည့်ပါလေ

တစ်ကယ်တာဆိုရင် ထက်ထက်အနေနဲ့ ဦးနှောက်သာရှိမယ်ဆိုရင် ပါးရိုက်တာထက်နာအောင် ဒုတ်ခပေးလို့ရပါတယ်... သူ့ကို ဒီဂျာနယ်က ဒီသတင်းထောက်က ဒီလိုမစာမနာမေးသွားပါတယ်ဆိုပြီးတော့ နောက်ဂျာနယ်တစ်စောင်ကို ပြောလိုက်ရင် အဲ့ဒီ 7days ရော... သတင်းထောက်ရော... ဆံပင်စွဲ ပါးရိုက်တာထက် အဆပေါင်းများစွာ နာသွားမှာပါ... ဟော ပြည်သူတွေကလည်း သူတို့ရဲ့အချစ်တော် ထက်ထက်ကို ပြောရက်လေခြင်းဆိုပြီးတော့ ထက်ထက်ကို ပိုလို့တောင် ပိုချစ် ပိုအားပေး ဖြစ်ကြဦးမှာပါ။ လက်မပါပဲ ဖြေရှင်းလို့ရတဲ့ ကိစ်စပါ။

အခုတော့ မြန်မာနိုင်ငံ စာပေကင်ပေတိုင်လည်း သိက်ခါကျ... ထက်ထက်လည်း ထိခိုက်... စာနယ်ဇင်းတွေလည်း အနာပေါ်ဒုတ်ကျ... ဂျာနယ်တိုက်နှစ်ခုကို ပိတ်လိုက်နိုင်တဲ့အထိတောင် ထက်ထက်က အစွမ်းရှိတယ်ဆိုတော့လည်း (ကောလဟာလလည်း ဖြစ်ချင်ဖြစ်မှာပါ... The Voice & Another one လို့ ပြောတယ်... မြန်မာပြည်မှာရှိတဲ့လူတွေ ပိုသိမှာပါ) ဒီအမှုက ဘယ်လိုအဆုံးသတ်မလဲဆိုတာ မှန်းလို့ရပါတယ်လေ

bike said...
This comment has been removed by the author.
bike said...

၂ယောက်ထဲကတယောက်ကပိုလွန်တာဆိုရင်ထက်ထက်လွင်္န်တာလို့မထင်ပါဘူး။မေးတဲ့မေးခွန်းတွေကသူများစိတ်ဆင်း
ရဲအောင်တမင်ရည်ရွယ်ပြီးမေးသလိုဘဲ။လူကြားထဲမှာအရှက်ခွဲသလိုဘဲ။
မင်းသမီးတွေထဲမှာသူ့ထက်ဆိုးတာအများကြီးပါ။လက်မထပ်ရသေးတဲ့
မင်းသမီးရဲ့SEX CD ,လက်ထပ်ပြီးမင်းသမီးရဲ့ဇတ်လမ်းတွေ၊LIVING TOGETHER တွေ၊သူများယောကျာ်းကိုငှားသုံးတာဆိုတာတွေ၊အားလုံး
ကြားနေကြတာပါဘဲ။နှာစေးချင်တဲ့သူတွေဆိုရင်ငြိမ်နေပြီး....
ချစ်သူကိုသာစေ၊မုန်းသူကိုနာစေလုပ်ပြီး MEDIA ဆိုတာတို့
စာနယ်ဇင်းကျင့်ဝတ်တို့ ကိုတွင်တွင်ပြောနေတာကတော့မကောင်းပါဘူး။MEDIA အားလုံးကို
မဆိုလိုပါ။STUPID QUESTION ဆိုတာမရှိဘူးလို့ပြောတာလဲဖတ်မိပါ
တယ်။ဒါမြန်မာပြည်ပါ။မမေးသင့်တဲ့မေးခွန်းရှိပါတယ်MEDIAတွေကို
ျတကယ်အားကိုးရတအခါတွေလဲရှိပြီးဒီလိုမျိုးတွေလဲရှိပါ
တယ်။အပြောတင်မကဘဲအလုပ်နဲ့ပါသက်သေပြနိုင်ကြပါစေ။
May 25, 20

Fair Person said...

ပထမလွန်တာက မေးတဲ့သူပါ....
ထက်ထက်မိုးဦး တုန့်ပြန်မှုက မှားသွားတယ်..
ဒါပင်မဲ့ သူအဲ့ဒီ့လိုမတုန့်ပြန်ရင်လဲ သူ့ကိုအရင်က သာဓကတွေလိုပဲ ကောင်းကောင်းဖြေမပေးဘူးဆိုပြီး တဖက်သတ် ကလောင်နဲ့ စော်ကားဦးမှာ ပဲလို့တွေးပြီး အလျင်စလိုဆုံးဖြတ်တုန့်ပြန်လိုက်တာ ဖြစ်မယ်... ဒေါသကိုရှေ့ထားလိုက်တော့ မှားသွားတာပေါ့..
ပြသာနာဖြစ်ပြီးသွားတဲ့နောက်မှာ ဖြစ်သင့်တာက တချို့ စာနယ်ဇင်းသမားကြီးတွေက သမီးချင်း ကိုယ်ချင်းမစာ ထက်ထက်မိုးဦးကို ဖိနှိပ် ဝေဖန် နှိပ်ကွပ် မဲ့အစား နှစ်ဖက်စလုံး တယောက်ကို တယောက် လေးလေးနက်နက် တောင်းပန်းပြီးအဆုံးသတ်ဖို့ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသင့်ပါတယ်..
ချစ်စကို ရှည်စေ မုန်းစကို တိုစေသင့်ပါတယ်..
ဒါပင်မဲ့ အခွင့်ရတုန်း ထက်ထက်မိုးဦးကို အကြောင်းပြုပြီး အနုပညာသမားတွေကို သတိမေးဝေဖန်လိုက်တဲ့ စာနယ်ဇင်းသမားကြီးတွေကတော့ အသားလွတ်ဝင်ပြီး ကိုယ့်သိက္ခာ ကိုယ်ချသလိုဖြစ်သွားပါတယ်..
ဘယ်စာနယ်ဇင်းသမားက သမာသမတ်ရှိတယ်ဆိုတာလဲ ဒီအဖြစ်အပျက်ကနေ ပေါ်ပေါက်လာနိုင်ပါတယ်
ို
ကိုညီလင်းဆက် ရဲ့ ဝေဖန်သုံးသပ်မှုက ထိမိလှပါတယ်..
မြန်မာ့ စာနယ်ဇင်းလောကမှာ အရည်အချင်းပြည့်မှီတဲ့ စာနယ်ဇင်းသမားတွေလိုအပ်နေပြီဆိုတာ တချို့ စာနယ်ဇင်းတွေ သိသွားသင့်ပါပြီ.. အကျိုးပြုလိုတဲ့ ဆန္ဒနဲ့ပြောတာပါ...

Fair Person said...

ပထမလွန်တာက မေးတဲ့သူပါ....
ထက်ထက်မိုးဦး တုန့်ပြန်မှုက မှားသွားတယ်..
ဒါပင်မဲ့ သူအဲ့ဒီ့လိုမတုန့်ပြန်ရင်လဲ သူ့ကိုအရင်က သာဓကတွေလိုပဲ ကောင်းကောင်းဖြေမပေးဘူးဆိုပြီး တဖက်သတ် ကလောင်နဲ့ စော်ကားဦးမှာ ပဲလို့တွေးပြီး အလျင်စလိုဆုံးဖြတ်တုန့်ပြန်လိုက်တာ ဖြစ်မယ်... ဒေါသကိုရှေ့ထားလိုက်တော့ မှားသွားတာပေါ့..
ပြသာနာဖြစ်ပြီးသွားတဲ့နောက်မှာ ဖြစ်သင့်တာက တချို့ စာနယ်ဇင်းသမားကြီးတွေက သမီးချင်း ကိုယ်ချင်းမစာ ထက်ထက်မိုးဦးကို ဖိနှိပ် ဝေဖန် နှိပ်ကွပ် မဲ့အစား နှစ်ဖက်စလုံး တယောက်ကို တယောက် လေးလေးနက်နက် တောင်းပန်းပြီးအဆုံးသတ်ဖို့ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသင့်ပါတယ်..
ချစ်စကို ရှည်စေ မုန်းစကို တိုစေသင့်ပါတယ်..
ဒါပင်မဲ့ အခွင့်ရတုန်း ထက်ထက်မိုးဦးကို အကြောင်းပြုပြီး အနုပညာသမားတွေကို သတိမေးဝေဖန်လိုက်တဲ့ စာနယ်ဇင်းသမားကြီးတွေကတော့ အသားလွတ်ဝင်ပြီး ကိုယ့်သိက္ခာ ကိုယ်ချသလိုဖြစ်သွားပါတယ်..
ဘယ်စာနယ်ဇင်းသမားက သမာသမတ်ရှိတယ်ဆိုတာလဲ ဒီအဖြစ်အပျက်ကနေ ပေါ်ပေါက်လာနိုင်ပါတယ်
ို
ကိုညီလင်းဆက် ရဲ့ ဝေဖန်သုံးသပ်မှုက ထိမိလှပါတယ်..
မြန်မာ့ စာနယ်ဇင်းလောကမှာ အရည်အချင်းပြည့်မှီတဲ့ စာနယ်ဇင်းသမားတွေလိုအပ်နေပြီဆိုတာ တချို့ စာနယ်ဇင်းတွေ သိသွားသင့်ပါပြီ.. အကျိုးပြုလိုတဲ့ ဆန္ဒနဲ့ပြောတာပါ...

athida said...

သူ့နေ၇ာကခံစားကြည့်မယ်ဆို၇င်သူမလွန်ဘူးဆိုတာသိပါလိမ့်မယ်

ဧပရယ်လ်ပူး@ပူးတေ နဲ့သဘောချင်းတူပါတယ်..ထက်ထက်မိုးဦးသာငြိမ်နေလိုက်ရင်လည်း ဒီလိုအပြောခံရတာ ဘယ်သူမှ သိလိုက်မှာတောင်မဟုတ်ဘဲ သူဘဲ စနေနံနဲ့စတဲ့မင်းသမီးလေးဟာ အင်တာဗျူးကောင်းကောင်းမဖြေဘူးဆိုပြီးပြောအုံးမှာဘဲ..
မေးတဲ့လူကလည်း ကိုယ်ချင်းမစာ..ကလေးပျက်ကျတာ ဘယ်လိုခံစားရလဲတဲ့...မပြောလိုက်ချင်တော့ပါဘူး..ဘာဘဲပြောပြော..မထက်ထက်က တကယ်ကိုမြေဇာပင်ဖြစ်သွားတာပါ။ သူ့ကိုလည်းသနားတယ်...ခံရတဲ့ မိန်းကလေးကိုလည်းသနားတယ်..ဟူး..ဘာတွေဆက်ဖြစ်မလဲမသိဘူးနော်...
မထက်ထက်ကော ခံရတဲ့မိန်းကလေးကော မကောင်းသောကျော်ဇောခြင်းမှ ကင်းဝေးပါစေ။

ပြောဖို့ကျန်သွားတယ်..စာနယ်ဇင်းတွေမသိတာလား..မသိချင်ယောင်ဆောင်နေတာလား..
ပရိတ်သတ်က မမိုးဟေကို ရဲ့ ဟိုဒုတိယကိတ်စကိုလည်း အတော်စိတ်ဝင်စားပါတယ်..ဒါကျတော့ ဘာလို့များ ပရိတ်သတ်က ဒီဟာကိုအတော်ပြောနေကြပါတယ်..အမကောဘယ်လိုခံစားရလဲလို့ မမေးပါလိမ့်နော်....စာနယ်ဇင်းဆိုတာ မြင့်တဲ့လူကျ ကောင်းကောင်းရေး၊ နိမ့်တဲ့လူကျ မကောင်းတာဖေါ်တာလားဟင်??? မီးမသိဘူးနော်...နားလည်းသိပ်မလည်ဘူး...မသိလို့မေးတာပါ။

suburbanian said...

professional ပီသတာတော့ ကောင်းပါတယ်.... ဒါပေမယ့် လူလူခြင်းထားရှိ ရမယ့် ကိုယ်ချင်းစာတရား နဲ့ နားလည်မှုတွေ ခေါင်းပါးလွန်းတဲ့ အထိကတော့ မကောင်းပါဘူး... ဒါလူလူခြင်းဆိုတာ မမေ့သင့်ဘူးလေ..
ကိုယ်နဲ့ နှိုင်းရင် မရိုင်းပါဘူး...
သူမေးလိုက်တဲ့ မေးခွန်းက ပရိတ်သတ်ကိုရော ဘယ်အတိုင်းတာထိ ကျေးဇူးပြု တဲ့ မေးခွန်းမို့လို့ လဲ... ပြည်သူလူထုအတွက် ဘာမှ အကျိုး မရှိတဲ့ မေးခွန်းပါ....

ပရော်ဖက်ရှင်နယ် သိပ်ကျချင်ရင် ပြောတာပါ...

ငယ်တုန်းက မင်းသမီးတယောက် ရိုက်ကွင်းထဲမှာ မျက်ရည်ကျဘို့ အခက်ခဲ ဖြစ်နေချိန်မှာ ဒါရိုက်တာက ရုတ်တရက် ဘာမပြောညာမပြောပါးရိုက်လိုက်မှ မင်းသမီးက အံ့သြခံပြင်းပြီး မျက်ရည်ကျမှ ရုပ်ရှင် ဆက်ရိုက် နိုင်တယ် ပြီးမှ တမင်လုပ်တာဆိုတာ သိရဘူးတယ်...
ဒါမျိုးလေး လူသာမာန်တို့ မသိနိုင်တဲ့ ဗဟုသုတတွေ မေးခဲ့ဘူးတဲ့ စာနယ်ဇင်းဆရာမျိုးတွေ ရဲ့ အင်တာဗျူးတွေ ကိုစွဲလန်းခဲ့ဘူးတယ်...

အမှန်ပြောရရင် ခုနောက်ပိုင်း အင်တာဗျူးတွေက ဖတ်လို့ လုံးဝ စိတ်ဝင်စားစရာ မကောင်းလို့ အဲဒီစာမျက်နှာတွေ ကိုကျော်သွားတာ ကြာပါပြီ...
စာအုပ်ဘိုးဈေုး ကြီး ပြီး မတန်ပါဘူး... နှမြောလို့ မ၀ယ်တာကြာပါပြီ...
လုပ်ပိုင်ခွင့်ကို လွန်ကဲစွာ အသုံးချတတ်တဲ့ အကျင့်တွေကို အတွေးခေါ်မြင့်မားသူမည်သူမဆို မနှစ်သက်ပါဘူး....
ဆန့်ကျင်ဘက်ဖြစ် သွားရင် ခွင့်လွှတ်ပါ
လွတ်လပ်စွာ ကွဲလွဲခွင့် ရှိတယ်ထင်လို့ပါ ...

Mar Mar said...

(လက်မထပ်ရသေးတဲ့
မင်းသမီးရဲ့SEX CD ,လက်ထပ်ပြီးမင်းသမီးရဲ့ဇတ်လမ်းတွေ၊)အားလုံးဟာတရားမ၀င်... ပြကွက်တွေဖြစ်လို့ ... စာနယ်ဇင်းတွေ..မေးချင်ရက်နဲ့ ငြိမ်နေတယ်လို့ ထင်ပါတယ်... ထက်ထက်မိုးဦးက တော့  တရားဝင်..လက်ထပ်..ကွဲကွာ(သတင်းစာတွင်ကြေငြာခြင်းတွေကြောင့် ) မီဒီယာအနေဖြင့် မကြာခဏစိတ်ဝင်စားခြင်းခံရတယ်လို့ မြင်ပါတယ်

Dar said...

ထက်ထက်ရိုက်ပီးတဲ့အခြေအနေထိဆိုရင်..
နှစ်ဘက်လုံးလွန်တာ...
အဲ့လိုရိုက်ပီးသွားတော့ ဒီအကြောင်းကိုဖွကြတယ်..
ဒီမင်းသမီးကို မှိုချိုးမြစ်ချိုးပြောကြတယ်...
စာနယ်ဇင်းသမားတွေစည်းလုံးပီး ...
တိုက်ခိုက်ဖို့ပြင်တယ်...
တရားစွဲတယ်...ကဲ...ပြော
ဘယ်ဘက်က အဓွန့်တတ်လာတာလဲ...
စာနယ်ဇင်းက နာမည်ကြီးတွေကလဲ သူတို့တတ်စွမ်းတဲ့ပညာတွေနဲ့ နာမည်တပ်ပီးရှုံ့ချ ကြတယ်...
ဒီချိန်မှာ ထက်ထက်က ဘာလုပ်နေလဲ.. သူတို့ကို တုံ့ပြန်နေလို့လား ... တစ်ယောက်ချင်းကို လိုက်ပါးထပ်ရိုက်နေလို့လား ..
အမှားတူဖြစ်တဲ့ 1 = 1 မှာ စာနယ်ဇင်းတွေဘက်ကအမှားက 1.5 ထပ်ပေါင်းပေးမှ ဖြစ်မယ် ...
ထက်ထက် ပရိတ်သတ်မဟုတ်ပါဘူး...မြင်တာကိုလာရေးတာပါ..။

fairnsquare said...

to nyi lynn sek,

I like this post very much.

thaingarra said...

အလွန် ... ဆိုတာထက်

အမှားလို့ ပြောရင် ပိုကောင်းမယ် ထင်ပါတယ်

ကို ညီလင်းဆက်ရေ ...

နှစ်ယောက်စလုံး ရဲ့ အမှား လို့ ထင်ပါတယ်

ခင်ဗျာ ...

ထက်ထက်မိုးဦး ကတော့ ... နာမည်ကျော်

မင်းသမီး မို့ ... နည်းနည်း ထိန်းချုပ်ဖို့

သင့်တယ် ထင်တာပါပဲ ခင်ဗျာ ...

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz