Monday, May 17, 2010

ထူးခြားအေးမြသည့် လ၏ ပုံရိပ်လွှာ ဆိုပဲ


၁၇.၀၅.၂၀၁၀ ထုတ် မြန်မာ့အလင်း သတင်းစာက ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံသတင်းလေး တစ်ခုပာ။


ထူးခြားအေးမြသည့် လ၏ ပုံရိပ်လွှာ

အာကာသ၌ နေ၊ ကမဿဘာ၊ အရံဂြိုဟ်လနှင့် ကြယ်တာရာများ ဖြစ်ထွန်း တည်ရှိလျက်ရှိရာ ဂြိုဟ်တာရာ တစ်ခုချင်းအလိုက် ကိုယ်ပိုင် ဂုဏ်သတဿတိများ ရှိကြရာဝယ် နေဂြိုဟ်သည် အလင်းရောင်နှင့် အပူဓာတ်၊ အရံဂြိုဟ်လသည် အလင်းရောင်နှင့် အအေးဓာတ်တို့ ရှိသည့်အပြင် ကြယ်တာရာများကား အာကာသ ဓာတ်သဘောကို ထိန်းညှိပေးလျက် ရှိသည်။ ၂၀၁၀ ခုနှစ် မေ ၁၆ရက် ည ၇ နာရီ ၁၉ မိနစ်က အာကာသ၌ အအေးဓာတ်ကို ဖြန့်ဝေပေးနေသည့် အရံဂြိုဟ်လအနီး အာကာသဓာတ်ကို ထိန်းညှိပေးသည့် ကြယ်တာရာတို့ နီးကပ်စွာ ဖြစ်ပှောခဲ့ရာ ကမဿဘာမြေအား အေးမြသော ဓာတ်ကို လွှမ်းခြုံ ထိန်းညှိ ဖြန့်ဝေပေးသည့် သဘောကို ထင်ဟပ်ဖှောညွှန်းလျက် ဤသို့ မြင်တွေ့ရသည်မှာ ...။ ဓာတ်ပုံ တင်စိုး (မြန်မာ့အလင်း)

20100517155348.jpg

အရမ်းအရမ်း သဘောကျလွန်းလို့ မှတ်တမ်းတင်လိုက်ပာတယ်။ သတင်းစာတွေဆိုတာ သမိုင်းတွေပဲ မဟုတ်လား။ ဒာပေမယ့် ရေးထားတဲ့ စာသားတွေကို သိပ်နားမလည်ဘူး။ ဘာတွေမှန်း မသိဘူး။ ဘယ်လိုကဘယ်လို ထိန်းညှိတယ် ဆိုတာလည်း မသိရဘူး။ ဘာကြယ်တာရာ ဆိုတာလည်း ပြောပြမထားဘူး။ ဆန်းစလ ကွေးကွေးလေးက ဘယ်လို အေးမြမှုတွေ ပေးသလဲ ဆိုတာလည်း နားမလည်နိုင်ပာဘူး။ ထားပာတော့။ ထားပာတော့။ တစ်ညလုံး ကျမ်းတွေဖတ်ပြီး တွက်ချက်ကြည့် ထားတာလေး တင်မလို့ရှိသေး ဒီဟာဖတ်ကြည့်ပြီး တင်ချင်စိတ် မရှိတော့လို့ မတင်တော့ပာဘူး။

ကြယ်တာရာတွေ အေးမြတာတွေ ထိန်းညှိတာတွေတော့ မသိဘူး။ ရွာတွေမှာတော့ ရေတွေပြတ် ရေတွေငတ်ပြီး လူတွေလည်း ဖလပ်ဖလပ် ဖြစ်နေကြပြီ။ မြစ်တွေချောင်းတွေလည်း ရေတွေ ခမ်းခြောက်ကုန်ပြီ။ မိုးလောက်လောက်လားလား ရွာမှ ဖြစ်တော့မယ်။ အနယ်နယ် အရပ်ရပ်မှာ လွန်တွေ ဆွဲနေကြတာလည်း ကြိုးတောင် ပြတ်တော့မယ် ထင်ပ။ ဒာတောင် အရင်မိုးဇလက ဦးထွန်းလွင်ကြီးက မိုးလာတာ နောက်ကျမယ်ပြောထားတာ ဒီနေ့ မိုးနဲနဲ ရွာလိုက်တော့ ဘယ်လို ဆက်နားလည်ရမှန်း မသိတော့ ပြန်ဘူး။ ကိုယ်က Technology ကို သူတို့ထက် ယုံသေးတယ်။ Google Earth မှာ မြန်မာပြည်ဘက် တိမ်တိုက်ကြီး မြင်လိုက်ကတည်းက ရွာတော့မယ်ဆိုတာ တွက်မိပာတယ်၊ MSN Weather ကလည်း ဒီနေ့ မိုးရွာမယ်ဆိုတာ ကြိုတွက်ပေး ထားပြီးသား။ ကဲ ဘာလိုသေးလဲ။

ရေးချင်ရာတွေ လျှောက်ရေးနေတာ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။ ထူးခြားတဲ့ ဖြစ်ရပ်လေးမို့ မှတ်တမ်းတင်တာပာ။ မြန်မာသကဿကရာဇ် ၁၃၇၂ နယုန်လဆန်း ၄ ရက်နေ့ ညနေ ၅ နာရီ ခွဲလောက်မှာ ဗီးနပ်စ် လို့ခှောတဲ့ သောကြာဂြိုဟ်ဟာ လကို တည့်တည့် ဖြတ်သွားပာတယ်။ ည ခုနစ်နာရီ တိတိမှာ တစ်ဖက်ကနေ ပြန်ထွက်ပာတယ်။ ထိုင်း၊ တရုတ်၊ မြန်မာ ရိုက်ခတ်မှု ရှိနိုင်သည်။ မြန်မာအများဆုံး။ မဟာတိတ်ထုံအရ ပြည်ပျက်ကိန်းတော့ မဟုတ်ပာ။ သို့သှောလည်း...။

21 Responses to “ထူးခြားအေးမြသည့် လ၏ ပုံရိပ်လွှာ ဆိုပဲ”

Younggun said...

ဝါသနာတူသမို့ လင့်ခ်လေး တစ်ချက်တို့လိုက်ပါတယ်။ ကြော်ငြာ ဝင်တာ မဟုတ်ပါဘူး။ ပညာရှင်တစ်ဦးရဲ့ အမြင်ကို ထပ်ဆင့် ဖော်ပြတာသာ ဖြစ်ပါတယ် ကိုလင်းဆက်ရေ..။

Younggun said...

ပြောပြီးကာမှ လင့်ခ်ကျန်ခဲ့တယ် ဆောရီးဗျာ http://www.younggun.co.cc/2010/05/blog-post_17.html

NLS said...

ဟုတ် ဖတ်ပြီးပြီ ကိုရမ်းဂန်း။ ဘဲလားလေဘာတီဆိုတာ ဟိုတုန်းက နာမည်ကြီး ဗေဒင်ဆရာ တစ်ယောက်ပဲဗျ။ မှန်ပာတယ်။ သူပြောတာလည်း။

ထူးဆန်းတာ တစ်ခုရှိတယ်။ ဒီလို ဖောက်တာ ဒီတစ်ခာ ထူးခြားတယ်လို့ ထင်မိတယ်ဗျ။ ပြီးတော့ စဖောက်တာကို သိလိုက်တဲ့သူ အတှောနည်းတယ်။ လင်းတဲ့အချိန်လည်း ဖြစ်နေတာကိုး။ ပြန်ထွက်လာတော့ ခုနစ်နာရီ။ ခွန်ခွဲလောက်ကြတော့ အတှောဝေးသွားရော။ တချို့ဆို သိတောင် မသိလိုက်ဘူး။ ထားပာတော့။ ကျွန်တှော ဆက်မရေးချင်တော့ဘူး။ ကျွန်တှောက ဒာတွေ သိပ်မယုံတတ်ပာဘူး။ ဒာပေမယ့် ဒာလေးကတော့ ထူးခြားသလား ထင်မိသဗျ။ အဂဿငဝိဇဿဇာလိုေပာ့ဗ်ာ။ ရုတ်တရက် မြင်ကြား လိုက်ရတာလေး တစ်ခုမှာ တစ်ချို့လည်း ရုတ်ချည်း ကောက်ချက် ချကြတာပော့။ ကျွန်တှောလည်း ထို့အတူ။

ကျေးဇူးဗျို့ လင့်လေးအတွက်

NLS said...

တကယ်တမ်းကတော့ လနဲ့ ကမဿဘာနဲ့ သောကြာဂြိုဟ်နဲ့က အဝေးကြီးတွေပာ။ သောကြာဂြိုဟ်နဲ့က ပိုလို့တောင် ဝေးသေးတယ်။ ဒာပေမယ့် ဒီလို မျက်မြင်တွေ့ရတဲ့ အရာတွေပှောမှာ အခြေခံပြီး နကဿခတ်တွေကိုလည်း တွက်ချက် ကြရတာပာပဲ။ မြန်မာပြည်မှာ သောကြာကြယ်ကြီး လနဲ့နီး ပြည်ကြီး ပျက်လတဿတံ့ ဆိုတဲ့ တဘောင်က သိပ်ခေတ်စားပာတယ်။ ဒာပေမယ့် ဒာက သိပ်ပြီး ဗရမ်းဗတာနိုင်တဲ့ တဘောင်ကြီးပာ။ ဖြတ်တဲ့ကာလ၊ ဖြတ်တဲ့နေရာ၊ ဖြတ်သန်းပုံ စတဲ့ဟာတွေကိုလည်း ထည့်ပြီး တွက်ချက်သင့်တယ်လို့ ထင်ပာတယ်။

အဲဒီအချိန်က လနဲ့ သောကြာဂြိုဟ်ဟာ မိဂသီနကဿခတ်၊ အဒြနကဿခတ်၊ ပြိသဿသရာသီခွင်က ရောဟနီနကဿခတ်၊ မေထုန်ရာသီခွင်က ပုဏဿဏဖုသျှနကဿခတ် တို့ရဲ့ ကြားထဲကို ရောက်နေတဲ့အချိန် ဖြစ်ပာတယ်။ မိဂသီက ဟံသာဝတီ (ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ) ကို ကိုယ်စားပြုပာတယ်။ အဒြကတော့ ထားဝယ် တခွင်ကို ကိုယ်စားပြုတယ်။ ရောဟဏီက သီဟိုဠ်ပြည်ကို ကိုယ်စားပြုတယ်။ ပုဏဿဏဖုသျှက ကတူး တွေကို ကိုယ်စားပြုတယ် ဆိုပာတယ်။ အနေအထားက မြန်မာ နကဿခတ်အလိုအရ ဆိုရင် ဟသဿငာတာရာထဲမှာ ဖြစ်နေပာတယ်။ မြန်မာ အလိုအရ ဟသဿငာတာရာဟာ ရောဟဏီနကဿခတ်၊ မိဂသီနကဿခတ်၊ အဒြနကဿခတ်တွေနဲ့ ယှဉ်တွဲ လှည့်လည်နေတာ ဖြစ်ပာတယ်။ တနဂဿငနွေနေ့မို့ ယွန်းလူမျိုးတို့အတွက် အတွက် ရည်ညွှန်းတယ် ဆိုတာကိုလည်း တွက်ရပာမယ်။

တွက်ချက်ပြီးမှတော့ဗျာ တင်လိုက်ပါ ညီလင်းဆက်ရေ..
ကျနော်တို့လည်း ဗဟုသုတ ရတာပေါ့ဗျာ။
အားပေးနေပါတယ်။

ကြယ်က လ အနောက်နားကိုရောက်နေတယ်နော်. ဒီက မြင်ရတာ ကြယ်ကလအပေါ်မှာ ..အလည်တည့် တည့်လေးမှာ တွေ့တာ.. ချစ်စရာလေးမို့ ဓာတ်ပုံရိုက်တင်မိတာ. အဆူခံရတယ်ဒီနေ့.. အဲဒီလို ဖြစ်တာ ဘာနမိတ်လဲဆိုတာသိလို့လား..ပျော်မနေနဲ့တဲ့..း((

This comment has been removed by the author.

ကိုညီလင်းဆက်ရေ...
အထက်က ကိုဇော်ပြောသလိုပါပဲ တင်သင့်တယ်လို့ထင်ပါတယ်....ဗဟုသုတရအောင်လို့ပေါ့....:D

တခါမှ ကိုညီလင်းဆက်ဘလော့မှာ ကွန်မန့် မရေးဖူးပေမယ့် ဖတ်နေကျပါ....

ခင်မင်စွာဖြင့်
ပူးတေ

naychi said...

ဟင်... တွက်ပြီးပြီဆို တင်လေ... သိချင်လို့ပါ။ ကိုညီလင်းဆက် တွက်ချက်ပြီး ရှင်းပြတာဆို ပိုနားလည်လွယ်မယ်ထင်တယ်။

NLS said...

စနဿဒကူး ကြယ်က လအပှောမှာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲဗျ။ သေချာ စဉ်းစားကြည့်ဦး။ လကမွ ကမဿဘာနဲ့ အနီးဆံုး။ ဒုကဿခ။

မေဇင် said...

တွက်ပြီးသားဆို တင်စေချင်ပါတယ်။ ဗဟုသုတ ရအောင်ပေါ့..ရှင်းလဲ ရှင်းပြပေးစေချင်ပါတယ်..နက္ခတ်တွေ ဘာတွေနဲ့ ပြောရင် နားမလည်မှာစိုးလို့ပါး)

sweetpeony said...

ကိုလင်းဆက် ပိတ်သတ်တွေ တောင်းဆိုတာများနေပြီ.. လျှိုမထားနဲ့လေ... တွက်ပြီးရင်လဲ တင်ပါ.. ဒီမှာ ဖတ်မလို့ စောင့်နေရတာကို...

စိတ်ဝင်စားတယ်။ ထပ်တင်ပါ ကိုညီလင်းဆက်။ ဗဟုသုတ ရတာပေါ့။

ဒန်တန့်တန် ပဲ

lonetone said...

ကိုညီရေ တင်ပါဗျ။ တွက်ချက်ထားတာလေးတွေ။ အကယ်လို့ မှန်လာတော့လည်း ....

kyawhtin said...

ဦးထွန်းလွင်ကြီးပြောတာ မုန်သုန်နောက်ကျမယ်ပြောတာပါ ဒီမိုးက မုန်သုန်မဟုတ်ပါဘူး ရေတွင်းရေကန်တွေရေပြည့်ဖို့အတွက်က မုန်သုန်မိုးရွာမှဖြစ်မှာပါ ဒီမိုးလောက်နဲ့ကတော့အလုပ်ဖြစ်မယ်မထင်ပါဘူး

မြန်မာ့အလင်းရဲ့ စကားလုံးရွေးချယ်ပုံက
အတ်ာလေးကို သတိကြီးကြီးနဲ့ ရွေးချယ်ထားတာမှန်း
သိသာစေပါတယ်..
အင်း.... ဆင်ဆာ ဆင်ဆာ
ဘာဘဲဖြစ်ဖြစ် လှပါတယ်.. သိပ်လှတဲ့ စကားလုံးလေးပါဘဲး)း)

crazytalk said...

အကိုတို့အမတို့ရေ သိပ်လဲမတင်ခိုင်းပါနဲ့ ကိုညီလင်း ဆိုက်ကနိုင်ငံရေးပြောတယ်ဖြစ်နေအုန်းမယ် ဗဟုတုသအနေနဲ့ဆို ကိုညီလင်းကိုတခြားနည်းနဲ့တောင်းကြပါ (ဥပမာ ဂျီမေးတို့ဘာတို့ပေါ့) ကြောက်လို့တော့မဟုတ်ပါဘူးဗျာ ဘာမှမလုပ်လိုက်ရပဲပါသွားမှာဆိုးလို့ပါ

ko said...

ကျနော်သိချင်တာက ဒီလကို ကြယ်ဖောက်တာကို မြန်မာနိုင်ငံတစ်ခုထဲကပဲ မြင်ရသလား..ဘေးကအိမ်နီးချင်းနိုင်ငံတွေကတော့ မမြင်ရတော့ဘူးလား..ဟောကိန်းကရော သူတို.ကို အကျိုးမသက်ရောက်နိုင်ဘူးလား..(မြန်မာပြည်မှာလဲ အခုအပူလွန်ရေရှားအပါအ၀င် အခက်အခဲတွေ ဖြစ်နေတော့လေ).မိုးရွာတာကတော့ ဆိုင်ကလုံးလိုင်လာကြောင့်ပါ...မုန်သုံက လာကိုမလာသေးတာပါ...သတင်းစာကရေးတာကိုတော့ အကောင်းအအဆိုးမပြောချင်ဘူး..သူတို့လဲ သူတို့ ဘ၀အတွက်ရေးရမှာပါပဲ..ကိုယ်ချင်းစာပေးလိုက်ပါ။ စိတ်ဝင်စားတဲ့သူကတော့ မြင့်မြင့်ပျံ ဝေးဝေးကြည့်ဖိုဲ့ ရှိပါတယ်..။ကို ညီလင်းဆက်ကို အားပေးလျက်ပါ..

Thu said...

I do appreciate the reporter and photographer Tin Soe who has given the hidden message to people under tight censorship.
That is their artistic mind.

IRIS said...

ဘာမှမဟုတ်ဘူး ..သောကြာကြယ်ကြီး လ နဲ.နီးပြည်ကြီးပျက်လတံ. ဆိုတာတဘောင်ရှိတော.လူတွေကလဲ ကြောက်နေကြတယ်လေ..အစိုးရက ကောင်းတဲ.နမိတ်ပါဘာညာဝါဒဖြန်.ချီရေးပေါ.

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz