Thursday, April 29, 2010

အသက် သုံးဆယ်

ဒီနေ့ အသက် သုံးဆယ် ပြည့်တယ်။ ထွေထွေထူးထူး ဘာမှ မလုပ်ဖြစ်ပာဘူး။ ပထမတော့ အမှတ်တရ သူငယ်ချင်းတွေနဲ့ တစ်ခုခု လုပ်မလားလို့ စိတ်ကူးမိသေးတယ်။ ဒာပေမယ့် သူငယ်ချင်း အဖွဲ့တွေက များနေတော့ အဲဒီ အစီအစဉ်ကို ဖျက်လိုက်တယ်။ စာပေလောက (၂)မှာ စာအုပ် သွားဝယ်တယ်။ အပြင်မှာ ပူလွန်းလို့ အိပ်ယာထဲခွေပြီး စာဖတ်ဖြစ်တယ်။ ဒီနွေကတော့ နွေတောင် ပီပီပြင်ပြင် မဟုတ်သေးဘူး အတှောလေး ပူတယ်။ ရေကြောင်းသိပဿပံ တက်နေတုန်းက အပူလှိုင်းဖြတ်တဲ့ ကာလတွေကို သွားသတိရမိတယ်။ ပြီးတော့ အရှေ့အလယ်ပိုင်း ဒေသက နေ့လည်ခင်းတွေကို သွားသတိရမိတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ရင်းကိုင်ရင်း သွားရင်းလာရင်းနဲ့ ဘဝရဲ့ တစ်ဝက်တာ ကာလကို ရောက်ရှိလာခဲ့တယ်။ အသက်တွေ သိပ်မရှည်ချင်ပာဘူး။ သေရင်လည်း အလုပ်တွေ လုပ်နေရင်း သေသွားချင်တယ်။ တစ်ခုခု လုပ်ဖို့ ရှိနေတာက ဘာမှ မလုပ်ဘဲ နေရတာထက် အဓိပဿပာယ် ပိုရှိတယ်လို့ ခံစားရတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ဓာတ်ပုံတွေ ပြန်ကြည့်မိတော့ ကိုယ်တှောတှော ပြောင်းလဲသွားတာ သတိပြုမိလိုက်တယ်။ ပတ်ဝန်းကျင် အကြောင်းလည်း ပိုသိလာတယ်။ လူတွေအကြောင်း ပိုနားလည်လာတယ်။ ဒီကာလမှာ ကိုယ်တစ်ခာမှ စိတ်မဝင်စားခဲ့ဖူးတဲ့ ဘာသာရပ်တွေကို တှောတှော လေ့လာဖြစ်တယ်။ တှောတှောလည်း စိတ်ဝင်စားနေမိတယ်။ ကိုရဲ ပြောသလိုပဲ ခြုံငုံသုံးသပ်မှုမှာ တိုးတက်လာပေမယ့် တိတိကျကျ မှတ်နိုင်စွမ်းအား မှာတော့ ကျဆင်းလာတယ်။ တခာတခာ သူငယ်ချင်း အရင်းကြီးတွေရဲ့ နာမည်ကို မေ့နေလို့ မနည်းစဉ်းစား ယူရတယ်။ ဆုံးပားသွားတဲ့ သူငယ်ချင်း တချို့အကြောင်း ပြန်စဉ်းစားမိတယ်။ သူတို့တွေ အေးချမ်းရာကို စောစောစီးစီး ရသွားတာလား၊ အသစ်က ပြန်စနေကြ ရတာလား ဆိုတာလည်း တွေးမိတယ်။ ကိုယ့်မှာတော့ ဘဝ ရည်ရွယ်ချက်တွေ ကြီးကြီးမားမား သိပ်မရှိပာဘူး။ တိုးတက်လာတဲ့ အသစ်အသစ် ပှောလာတဲ့ နည်းပညာတွေကို အသုံးချနိုင်ဖို့ပဲ ကြိုးစားနေမိတယ်။ မနှစ်က ခရီးအတှော သွားဖြစ်တယ်။ ဒီနှစ်ထဲမှာလည်း သွားခွင့်ရရင် သိပ်ကောင်းမယ်။ အဲဒီတွေကို ရောက်သွားရင် အတွေးသစ် အမြင်သစ် စိတ်ကူးစိတ်သန်း အသစ်တွေ ရလာတယ်လို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသရွေ့ အလုပ်တော့ လုပ်နေရမှာပဲ။ FB မှာ Wish လုပ်တဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပာတယ်။

30 Responses to “အသက် သုံးဆယ်”

mandy_H said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ ကိုညီလင်းဆက်...
လိုအင်ဆန္ဒတိုင်းကို တောင့်တတိုင်း ပြည့်စုံနိုင်ပါစေ :)

khin oo may said...

ချမ်းမြေ့ပါစေ. စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေ.

Unknown said...

happy birthday to u

Ree Noe Mann said...

happy birthday Bro

wish you all the best

naychi said...

Happy Birthday, Ko NLS.
Be Happy & Peaceful.

NNC

Flower said...

ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ဖြစ်ပါစေ လင်းဆက်ရေ..
လုပ်ချင်တဲ့ ဆန္ဒရှိသမျှ အလုပ်အားလုံးကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ပါစေ..
ဖြစ်လိုတဲ့စိတ်ကူးအားလုံး
အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ...

ခင်မင်စွာ

မချော

goodson said...

happy birthday ပါ

Zephyr said...

Happy Birthday Bro,

Wishing you all the best,
Zephyr

Unknown said...

မွေးနေမှာလည်းပျော်ရွှင်ပါစေ
နေ့ တိုင်းမှာလည်း ပျော်ရွှင်ပါစေ
ညတိုင်းမှာလည်းပျော်ရွှင်ပါစေ

အသက်သုံးဆယ်
လူတွေမေးတယ်
ဘယ်တော့များမှ စားရမှာလဲ
:)
Happy Birthday Ko Nyi Lynn Seck!!!

Happy Birthday, Bro Nyi Lynn !! Wishing you peace, love, good health, success, joy & happiness on your special day and always .. May all your dreams & wishes come true .. Best wishes to you :)

မေဇင် said...

31 ထဲမှာပေါ့ ... ပျော်ရွှင်ချမ်းမြေ့ပါစေ။

အသက်သုံးဆယ် မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိ ပျော်ပိုက်သော၊ လုပ်ချင်သော အလုပ်တွေကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပြည့်ပြည့်၀၀ လုပ်နိုင်ပါစေ။

Unknown said...

ဒီမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာသည်သို့

ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို ပိုင်ဆိုင်နိုင်ပြီး

မိမိအကျိုး သူတစ်ပါးအကျိုးကို ဆထက်ထမ်းပိုး

ဆောင်ရွက်နိုင်ပါစေကြောင်း....

ဆုမွန်တောင်းလိုက်ပါတယ်။ အစ်ကိုရေ

Unknown said...

Happy Birthday Nyi Lynn Seck!
Wish you all the best!

မှတ်နိုင်စွမ်းအားကျလဲအရေးမကြီးဘူး...save လုပ်ဘို့နေရာတွေ...ပိုပိုများလာ..တိုးတက်လာမြင့်လာနေတယ်လေ..အဲဒီမှာအများကြီးကိုဆန့်ပါတယ်...
)း
evaluate လုပ်တာဆက်မြင့်နေဘို့ဘဲလိုပါတယ်..
အဲဒါ...လူတယောက်တွက်အရည်အချင်းကိုစစ်မှန်စေတယ်.....
အင်း...ဒီလိုပုံနဲ့တော့...စားရဘို့တော့နီးပြီ...

Happy Birthday ညီလင်းဆက်....!!!စာတွေဆက်လက် ဖတ်နိုင်ပါစေ၊ ထို့အတူ စာတွေဆက်လက်ရေးနိုင်ပါစေ...

NangNyi said...

အဘိုးကြီးဖြစ်ပြီ..
လျှော့စား လျှော့သောက်..
သတိနဲ့ သွားလာ..
:P

Kyaw Nyo Thway said...

ကိုယ်ရေးမယ့် သီချင်းစာသားကို ကိုမျက်လုံးကြီးက အရင်ရေးသွားတော့ ရင်ခံလိုက်တာ။ :D

လူရော ညာဘက် လက်ညိုးလေးရော ကျန်းမာပါစေဗျာ Photo တွေ ဆက်ရိုက်နိုင်အောင်လို့ :)

:P said...

Happy 30th Birthday to U !!!

Phyo Maw said...

Happy Bday
Have a good life, not just a long life.

Younggun said...

မိန်းမရဖို့ နီးစပ်လာပြီပေါ့ ကိုလင်းဆက်ရာ.. နှစ်တိုင်း စောင့်ကြည့် ဖြစ်ပါတယ်.. ဘယ်လိုဖြတ်သန်းသွားလဲ ဆိုတာလေးပေါ့။

အထက်က မောင်နှမတွေ နည်းတူ ဆုတောင်းပေးသွားပါတယ် ညီ
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

အတ္တ said...

လင်းညီ...

ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆက်လက် ထမ်းဆောင်နိုင်ပါစေ...

ကိုညီလင်းဆက်ရေ -
ခင်ဗျားအတွက် အရေးအကြီးဆုံး ဆုတောင်းကတော့ “စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ” ထင်တယ်။ အများအတွက် လုပ်ပေးချင်တာတွေ အများကြီးရှိနေတဲ့ ခင်ဗျားရဲ့ စိတ်ကူးတွေ တကယ်တန်း အကောင်အထည်ဖော်လာနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတယ်ဗျာ။

sweetpeony said...

happy b-late late late lated birthday!!!!!!!
အလုပ်တွေ ရှုပ်နေတာနဲ့ မ၀င်ဖြစ်လို့ ခုမှ ၀င်ရတယ်...
း(

အဆင်ပြေပါစေ....
ဆန္ဒများစွာဖြင့်

Ashin Lokapala said...

ကိုညီလင်းဆက်ရေ... ဒီစာမျက်နှာကပဲ ပျော်ရွင်စရာကောင်းပြီး အဓိပါယ်ပြည့်ဝတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ပါစေ...လို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ...

min that thant said...

ကောင်းပါတယ်ဗျာ အေးချမ်းတယ်

Unknown said...

Happy belated birthday!

Khaip

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz