Monday, April 19, 2010

တစ်ခာလေး တင်မိပာတယ်

ဗုံးပောက်ကွဲမှုကြောင့် သကြဿငန်မဏဿဍပ်တွေ ပိတ်မယ်တို့ ဘာတို့ သတင်းတွေ ထွက်ခဲ့ပေမယ့် တကယ်တမ်း အတက်နေ့မှာတော့ သကြဿငန်ပွဲတှောကို ဆက်လက် ဆင်နွှဲကြပြန်ပာတယ်။ ဒာပေမယ့် မဏဿဍာပ် ထိုင်တဲ့သူနဲ့ လည်ပတ်သူတွေ သိသိသာသာကြီးကို လျော့နည်းသွားတာ တွေ့ရပာတယ်။ အရင်နေ့တွေက ကန်တှောကြီး ပတ်လမ်း တစ်လျှောက် လူတွေ တိုးမပောက်အောင် စည်ကားခဲ့ပေမယ့် အတက်နေ့မှာတော့ အတှောကြီး ရှင်းလင်းလို့ နေပာတယ်။ ထူးခြားတာက ဗုံးပောက်ကွဲခဲ့တဲ့ X2O မဏဿဍပ် ပြန်ဖွင့်တာပာပဲ။ လူတွေအားလုံး အတှောကြီးကို အံ့အားသင့်နေကြပာတယ်။ သူ့ဘေးနားက မဏဿဍပ်ကတော့ လုံးဝကို ပိတ်သွားပာတယ်။ ဘာကြောင့်ရယ်လို့ ဆိုတာ မသိရပာဘူး။ ဒီနေရာမှာ အမြင်နှစ်မျိုး တွေ့ရပာတယ်။ တချို့က ဒီလို ဗုံးပောက်ကွဲမှု ဖြစ်ထားတဲ့ မဏဿဍပ် အနေနဲ့ အဲဒီနေ့မှာ ပြန်မဖွင့်သင့်ဘူးလို့ ဆိုတဲ့သူတွေရယ်၊ ပြန်ဖွင့်တာ မှန်တယ် ဆိုတဲ့ သူတွေရယ်။ ဒီလို ပြန်ဖွင့်တာဟာ ပရှောဖက်ရှင်နယ် ဆန်တာလို့ မှတ်ချက်ပြုသူတွေကလည်း ပြုပာတယ်။ ဘာလို့လဲဆိုတော့ မဏဿဍပ် တစ်ခု အနေနဲ့ ရေပက်သူတွေ ဆီကနေ ပိုက်ဆံတွေ ယူထားတာ ရှိတယ်၊ ပြီးရင် Sponsor တွေနဲ့ စကားပြောစရာ အများကြီး ဖြစ်လာမယ်။ ဒာကြောင့် ပြန်ဖွင့်တာလို့ သုံးသပ်ကြပာတယ်။ X2O မှာ အရင်နေ့တွေကလောက် လူမများတော့ပေမယ့် အရင်ပုံစံအတိုင်းပဲ မြိုင်မြိုင်ဆိုင်ဆိုင် ရှိတာကို တွေ့ရပာတယ်။

ဒီနေ့မှာတော့ မဏဿဍာပ်တိုင်း လိုလိုရဲ့ ရှေ့မှာ လုံခြုံရေးရဲတွေ စွမ်းအားရှင်တွေ အများအပြား ချထားပာတယ်။ သူတို့က မဏဿဍာပ်ရဲ့ လမ်းတစ်ဖက်ခြား ကန်တှောကြီးဘက်မှာ နေရာယူ ထားကြတယ်။ ဒီနေရာမှာ မနေ့က ကျွန်တှောရေးလိုက်တဲ့ ပို့စ်မှာ Comment ပေးကြသူတွေရဲ့ တချို့သော မရှင်းလင်းတဲ့ အချက်တွေကို ကျွန်တှော မျက်မြင် တွေ့ရသလောက် ပြောပြချင်သေးတယ်။

ဓာတ်ပုံတွေထဲမှာ "ရဲတွေ ရောက်လာတာ မြန်တယ်"လို့ ရေးထားပါတယ်။ တကယ် မြန်ပါသလား?? တကယ် မြန်တယ်ဆိုရင်တော့ တော်တော် သံသယ ရှိဖို့ကောင်းပါတယ်။ ဒီလောက် လူတွေ၊ ကားတွေ ပိတ်နေတဲ့ အချိန်မှာ ဘယ်ရဲကမှ အဆင်သင့် မစောင့်နေရင် ဒီလောက် မြန်မြန် ရောက်မယ် ထင်ပါသလား??


အခင်းဖြစ်ပွားချိန်မှာ အဲဒီနေရာတဝိုက် လူပောင်း သိန်းနဲ့ချီ ရှိနေတာပာ။ လမ်းတွေမှာ ကားတွေရော လူတွေရော အပြည့်အကျပ်ပာပဲ။ အဲဒီနေ့က လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးရဲတွေ အသင့် ရှိနေပာတယ်။ အခင်းဖြစ်ပွားတဲ့ နေရာက ဒီဘက်တကြောမှာ နောက်ဆုံး မဏဿဍပ်လည်း ဖြစ်ပာတယ်။ ဒာကြောင့်မို့ ဗုံးကွဲတဲ့အခာ ရဲတွေ ချက်ခြင်း ဆိုသလို ရောက်လာနိုင်တာပာ။ မီးသတ်ကားနဲ့ ရဲကားတွေကတော့ ကန်ပတ်လမ်းအတိုင်း လာပာတယ်။ သူတို့ လာတဲ့အချိန် ရပ်ထားတဲ့ ကားတွေပိတ်နေလို့ တချို့ကားတွေကို လူအုပ်ကြီးက မပြီး ရွှေ့ပေးကြပာတယ်။ အဲဒီအတွက် သူတို့လာတာ မြန်တာပာ။ အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့သူတွေ ရှိသလို ဆိုးတဲ့လူလည်း ရှိတာပာပဲ။ အဲဒီနေ့က ကျွန်တှောတို့ မြင်လိုက်ရတဲ့ ရဲတွေ၊ ကြက်ခြေနီတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေကတော့ တကယ်ကို ကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့ ကြတာကို မြင်ရတာမို့ ချီးကျူးပာတယ်။ ဒာကို လက်မခံနိုင်ရင်လည်း မတတ်နိုင်ပာ။ တချို့သောသူများ ကွန်မန့်ရေးကြတာက ဒီလို မြန်မြန်လာနိုင်တာ ကြိုတင်သိနေလို့ ဆိုပြီး ပြောကြပြန်တယ်။ သူတို့ဘာသာ ကောင်းတာ မကောင်းတာက တစ်ပိုင်း။ မြန်မြန်လာရင် မြန်မြန်လာလို့၊ နောက်ကျရင် နောက်ကျလို့ဆိုပြီး နေရာတကာ လိုက်အပြစ်တင်နေတဲ့ လုပ်ရပ်ကတော့ မကောင်းဘူးလို့ ထင်တယ်။

ဓာတ်ပုံတစ်ခုမှာ ကျွန်တှောက ရဲတွေလာတော့ လူတွေက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်လို့ ရေးလိုက်ပာတယ်။ ဒီဟာလေးကို အလွန်တရာမှ ရွှေဉာဏ်တှော စူးရောက်တှောမူတဲ့ နိုင်ငံခြားရောက် မြန်မာပြည်ရဲ့ ဒီမိုကရေစီ တှောလှန်ရေး သမားကြီး တစ်ယောက်လို့ ဆိုတဲ့ စာရေးဆရာမ တစ်ယောက်က ရေရေရာရာ မသိဘဲနဲ့ အခုလို ရိပာတယ်ခင်ဗျ။

ဓာတ်ပုံတွေလိုက်ကြည့်ရင်း ငိုအားထက် ရယ်အားသန်ဆိုသလို ပုံစာတခုကြောင့် အံ့သြပြီး ပြုံးမိတယ်..။ ပြည်သူ့ရဲတွေ တဲ့။ ရဲတွေရောက်လာတော့ သောင်းသောင်းဖြဖြကြိုကြတယ်.. တဲ့။ အရေးထဲ ဒီကလေးနှယ် .. ရိနေသေးတယ်လို့ တွေးမိတာ..။ နောက်တော့ သေချာ အဆုံးထိကြည့်တော့ သူက အတည် ရေးတာနဲ့ တူတယ်ဗျ..။ ဒီတော့မှ “သြော်… တခုခုကြောင့် အချုပ်ကျရင် အချုပ်ထဲမှာ အချုပ်သားကိုရော.. သူမိသားစု တွေကိုပါ အမျိုးမျိုး ဒုက္ခပေးတတ်တဲ့..၊ ပြီးတော့ အင်းလျားလမ်းက သနားစရာကောင်းလှတဲ့ ၅လောင်းပြိုင် လူသတ်မှုမျိုးလို ပြည်သူတွေ မတရားသဖြင့် အမှုဆင်ခံနေရတာတွေကို မကာကွယ်နိုင်တဲ့ မြန်မာနိုင်ငံက ရဲတွေကို ပြည်သူ့ရဲ.. ခေါ်ထိုက်သလား..” လို့ တွေးမိပြီး စိတ်ထဲ နင်တင်တင်..။ ပြီးတော့ အဲဒီရဲတွေ သောင်းသောင်းဖြဖြ ကြိုတယ်ဆိုတဲ့ လူတွေကို ဓာတ်ပုံထဲ သေချာမမြင်ရပေမဲ့ မြင်ဖူးချင်လို့ လိုက်ကြည့်မိသေးတယ်။ ဘာလို့ဆို စက်တင်ဘာ ရွှေဝါရောင်လူထုလှုပ်ရှားမှုတုန်းက လူထုကို ခပ်တည်တည်နဲ့ ရိုက်လားနှက်လားလုပ်ပြခဲ့တာ သူတို့လည်း အပါအ၀င်..။ ဒါကိုတောင်မှ ဘယ်လိုလူတွေကများ သောင်းသောင်းဖြဖြ ကြိုသလဲပေါ့..။ လူတွေက သူတို့ဘာသာ အခင်းဖြစ်နေရာကို ၀ိုင်းကြည့်နေတာ မဟုတ်ဘူး လားပေါ့။ သောင်းသောင်းဖြဖြ လို့ သုံးရင် လက်ခုတ်လက်ဝါးတီး အားပေးတာမျိုး.. အဲဒီလူတွေ ကို သိသိသာသာ ကြိုဆိုတဲ့ အမူအယာတွေနဲ့ ဟစ်အော်အားပေးတာမျိုးတွေ ရှိလို့ ဖြစ်မှာပဲ ဆိုပြီး ဓာတ်ပုံတွေကို လိုက်ကြည့်တော့လည်း အဲလိုမျိုးတော့ မတွေ့မိပြန်..။ ခက်တော့ နေပါပြီ… မင်္ဂလာအခါရက်ကြီး.. မနက်စောစောစီးစီး.. ကျမတယောက်တည်း အတွေးတွေနဲ့ ထိပ်တိုက်တွေ့နေတာ။


သူ့ကို ကျွန်တှော လူကိုယ်တိုင် မသိပာ။ ဒာပေမယ့် သူက ကျွန်တှော့ အမများရဲ့ ဆရာမ ဖြစ်ဖူးတာကြောင့် ကြားဖူးနေပာတယ်။ တကဿကသိုလ်မှာ ဆရာမ လုပ်ခဲ့တဲ့ သူတစ်ယောက်က ဒီလောက်ထိ လိုရာဆွဲ ကောက်ချက်ချတဲ့ နေရာမှာ တှောလိမ့်မယ်လို့ မထင်ခဲ့ဖူးတာ အမှန်ပာ။ ဒီသတင်းကို ပုံတွေနဲ့ ဝေဝေဆာဆာ ရေးနိုင်အောင်လို့ ကျွန်တှော ဘယ်လို ကြိုးစားခဲ့ရတယ် ဆိုတာကို သူသိမယ် မထင်ပာ။ ကျွန်တှော Blogging ကို ဘယ်လို တစိုက်မတ်မတ် လုပ်နေခဲ့တယ် ဆိုတာကိုလည်း သူ သိပုံမရပာ။ ကျွန်တှော့ရေးသမျှစာ တင်သမျှ ပိုစ့်တိုင်းဟာ ကိုယ်တိုင်အားထုတ်မှုနဲ့ လုပ်ခဲ့တာချည်းပာ။ သူများဟာတွေ ယူယူတင်နေတဲ့ Blogging မဟုတ်ပာဘူး။ ဒီကိစဿစဟာ Citizen Journalism ရဲ့ အခန်းကဏဿဍကို မီးမောင်းထိုးပြနိုင်တဲ့ ကိစဿစ ဖြစ်တာမို့ ကျွန်တှော အထူးပဲ ကြိုးစားခဲ့ပာတယ်။ ကမဿဘာတစ်ဝှန်းလုံးက သတင်းတွေနဲ့အပြိုင် အမြန်ဆုံး တင်နိုင်ခဲ့တယ်။ ဘယ်မီဒီယာမှ မရှိသေးတဲ့ပုံတွေကို ကျွန်တှော ပထမဆုံး တင်နိုင်ခဲ့တယ်။ ဒီလို အရေးပာတဲ့ အရာတွေကိုကျတော့ မမြင်ဘဲနဲ့ ဓာတ်ပုံ Caption စာသားလေး တစ်ခုကို အကျအန ကောက်ယူပြီး အမျိုးမျိုးသော အနက်တွေဖွင့် ဓာတ်ပြားဟောင်းကြီးတွေ ထပ်တလဲလဲ ပြန်ဖွင့်ပြီး ကျွန်တှော့ကို ကောက်ချက် ချတာကတော့ အလွန်တရာ ရယ်ချင်စရာ စိတ်ပျက်ဖွယ် အကွက်ကြီးပဲ ဖြစ်ပာတယ်။ ဘယ်လို သောင်းသောင်းဖြဖြ ကြိုသလဲ သိချင်ရင် အဲဒီနေ့က အဲဒီနား တဝိုက်မှာ ရှိကြတဲ့ ရေကစားနေတဲ့ လူတွေထဲက ကြိုက်တဲ့ တစ်ယောက်ကိုသာ မေးကြည့်ပာလို့ ညွှန်းချင်ပာတယ်။

နောက်တစ်ခုက ဒီလို လူတွေသေပြီး အားလုံးဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြချိန်မှာ တစ်ယောက်ကို တစ်ယောက် ပုတ်ခတ် စွပ်စွဲပြီး ပြစ်ပြစ်နှစ်နှစ် ဆဲဆိုနေကြတာ တွေ့ရလို့ ကျွန်တှော အထူးပဲ စိတ်မကောင်း ဖြစ်မိပာတယ်။ ဒီလို ပြသဿသနာတွေရဲ့ အဖြေကို ဝိုင်းဝန်းစဉ်းစားပြီး ကူညီကြရမယ့်အစား အမေ နှမ အများသူငာ မြင်လို့မကောင်းတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆို ကြပာတယ်။ နောက်ဆုံး ပိုစ့်ရေးမိတဲ့ ကျွန်တှော့ကိုတောင် စွပ်စွဲချင်တဲ့ သဘောမျိုးတွေ တွေ့လာရတယ်။ ဒီပိုစ့်ရေးတာ Pro Government တစ်ယောက် အနေနဲ့ ရေးတယ်ဆိုပြီး စွဲချက်တင်ပာတယ်။ တချို့ကလည်း ဗုံးကွဲတယ် ဆိုတာကို လမ်းဘေး ဈေးသည်တွေ ဆီကနေ အတည်ပြုချက် ယူလို့ ဝေဖန်ထားတာကိုလည်း တွေ့ရပာတယ်။ ဒီလိုအချိန်မှာ ဓာတ်ပုံကို အေးအေးဆေးဆေး ရိုက်နိုင်တာ ဘယ်လိုလူ ဖြစ်နိုင်လဲဆိုပြီး ဘလိုင်းကြီး ခွပ်တဲ့ မှတ်ချက်တွေလည်း ပာတယ်။ ကျွန်တှောက အစိုးရအတွက် လုပ်နေတဲ့ကောင် ဆိုပြီး စွပ်စွဲချက်တွေလည်း ပာလာတယ်။ သူ့အဖေက စစ်ဗိုလ်ချုပ် ဒီကောင့်ကို သတိထား ဆိုပြီး တိုက်ပေးတဲ့ဟာတွေလည်း ပာလာတယ်။

ဒီပိုစ့်မှာ ပေးကြတဲ့ မှတ်ချက် မှန်သမျှကို ကျွန်တှော တစ်ခုမှ မဖျက်ခဲ့ဘူး။ ဒီလို ပုတ်ခတ် ဝေဖန်တာ မျိုးတွေကိုလည်း ခံနိုင်ရည် အတှောရှိနေပာပြီ။ ဒာပေမယ့် ကျွန်တှော့ ရပ်တည်ချက်နဲ့ ပုဂဿဂိုလ်ရေးတွေကိုပာ စှောကားရုံသာမက ကျွန်တှော လုပ်နေတဲ့ အလုပ် မှန်သမျှကိုပာ ပုတ်ခတ်တာကတော့ လွန်လာပာပြီ။ နာမည်ဝှက် အမျိုးမျိုးတပ်၊ Anonymous သုံးပြီး ရေးလို့ရေးနဲ့ ကျွန်တှော့အကြောင်း၊ ကျွန်တှောလုပ်နေတဲ့ အလုပ်တွေအကြောင်း၊ ကျွန်တှော လုပ်ခဲ့ပြီးတဲ့ အလုပ်တွေအကြောင်း၊ ကျွန်တှော့ ခံယူချက် အကြောင်း ဘာမှ သေသေချာချာ မသိဘဲနဲ့ လျှောက်ပြီး ဝေဖန် ပုတ်ခတ်တတ်တဲ့ ကိုယ့်အမျိုးသားချင်း မြန်မာလူမျိုးတွေကို တကယ် စိတ်ပျက်လာတယ်။ အဲဒီအထဲက တချို့တွေကတော့ ကိုယ်နဲ့ ရင်းရင်းနှီးနှီး သိတဲ့သူတွေဆိုတာ သိပာတယ်။ တိုက်ခိုက်တာတောင် သူရဲဘော ခပ်ကြောင်ကြောင် ကိုယ့်နာမည် အရင်းတောင် ကိုယ်မဖှောရဲဘဲ တိုက်တတ်တဲ့ သူတွေကို မိတ်ဆွေအဖြစ် ဆက်ရှိနေဖို့ မလိုအပ်ဘူး။

ဒီဟာကို လုပ်တာဟာ အစိုးရကိုယ်တိုင်လို့ ပြောကြသလို၊ NCUM အဖွဲ့ကဆိုပြီးလည်း စွပ်စွဲကြပြန်ပာတယ်။ ABSDF ကိုလည်း စွပ်စွဲထားတာ တွေ့ရပာတယ်။ တစ်ယောက်ကလည်း ဒီလိုဗုံးခွဲတာကို ထောက်ခံတယ် ဒာမျိုး လုပ်ရမယ် ဆိုပြီး ပွဲဆူအောင် လုပ်ပာတယ်။ တချို့ကတော့ နာမည်အမျိုးမျိုးသုံးပြီး အကြောင်းအရာ တစ်ခုထဲကို Spam လုပ်ပာတယ်။ အစိုးရကိုယ်တိုင် ခွဲတယ်လို့ ထင်တဲ့သူတွေက မနည်းပာဘူး။ အဲဒီလို ထင်တာကို မခံနိုင်လို့ ပြန်လှန်စွပ်စွဲသူတွေလည်း မနည်းပာဘူး။ ဒီလို အပြန်ပြန် အလှန်လှန် မှတ်ချက်တွေ ရေးနေကြရင်းက အမေ၊ နှမ တွေပာ ကိုင်တုတ်ပြီး ခားအောက်ပိုင်း စကားလုံးတွေချည်း ဖြစ်လာပာတော့တယ်။ နောက်ဆုံးတော့ သေဆုံးကြသူတွေအတွက် ဝမ်းနည်းကြောင်း၊ အကူအညီပေးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး စတာတွေကို ရေးသင့်တဲ့ နေရာမှာ အမြင်မတူသူတွေရဲ့ ဆဲဆိုရာ စကားလုံး စစ်တလင်း ဖြစ်လာပာတော့တယ်။ ဒီနေရာမှာ မြန်မာပြည်မှာ ဖြစ်သမျှ နိုင်ငံရေး မကင်းတဲ့ အခုလို အမှုအခင်းတိုင်း လုပ်တဲ့သူကလည်း ဘယ်သူလုပ်တယ် ဆိုတာကို ဗြောင်မကြေငြာရဲသလို အချို့သော အမှုတွေကလည်း တရားခံ မဖှောထုတ်နိုင်ခဲ့တဲ့အတွက် ဟိုလိုလို ဒီလိုလို တစ်ယောက်ကို တစ်ယောက်ကို တစ်ယောက် စွပ်စွဲတတ်လာကြတာ တွေ့ရပာတယ်။ စွပ်စွဲတာသာ ရှိပြီး လက်တွေ့မှာတော့ လုပ်ကြတဲ့သူ သိပ်မရှိပာဘူး။

နောက်တစ်မျိုးကတော့ Ethic မရှိတဲ့ အွန်လိုင်းက တချို့သော လူတွေနဲ့ တချို့သော Blogger အမည်ခံ လူတွေပာ။ ဘလော့မှာရေးတဲ့စာ တင်တဲ့ပုံတိုင်း ခွင့်ပြုချက် မရယူဘဲ ယူသုံးခွင့် မရှိပာဘူး။ ခွင့်ပြုရင်လည်း ဘယ်သူ့ဟာ ဘယ်လင့်က ဆိုတာမျိုး Credit သေသေချာချာ ပေးရပာမယ်။ ဒာကို သေသေချာချာ အထပ်ထပ် အခာခာ ပြောနေပေမယ့် ပှောတင်ကို မျက်နှာပြောင်တိုက်ပြီး တခြားနေရာတွေမှာ တင်ကြပာတယ်။ အဲဒီအကြောင်း ဒီနေရာတွေမှာလည်း ရေးခဲ့ဖူးပာပြီ (Link1, Link2) ဒာဟာ ဖန်တီးသူကို စှောကားတဲ့ လုပ်ရပ်ပဲ ဖြစ်ပာတယ်။ ပိုဆိုးတာက တိုက်ရိုက်ကူးယူပြီး တင်တဲ့အတွက် Search Engine တွေမှာ Duplicate Result တွေပြပြီး ပြသဿသနာ ဖြစ်လာပာတယ်။ မူရင်းရေးသူက ဟိုးနောက်ဆုံးမှာ ရောက်နေပြီး သူများဟာ ယူတင်တဲ့ သူတွေက ထိပ်ရောက်နေတာမျိုးပာ။ အဲဒီထက် ပိုဆိုးရွားတဲ့ လူတွေကတော့ သူများရေးတဲ့စာ၊ သူများရိုက်တဲ့ ပုံကို သောက်ရှက်မရှိ ကိုယ့်နာမည် ဖမ်းတပ်ပြီး မဏဿဍပ်တိုင်တက် ပဏာယူကြတဲ့ သူတွေပာ။ ဒီကိစဿစဟာ သူတို့အတွက်တော့ ဘာမှမထိခိုက်ပေမယ့် ကျွန်တှောတော့ တှောတှောလေး ရှင်းလိုက်ရတယ်။ ဟိုတစ်နေ့တုန်းက နာမည်တွေနဲ့တကွ၊ အထောက်အထား တွေနဲ့တကွ ပြောပစ်မယ်လို့ စိတ်ကူးခဲ့ပေမယ့် ကျွန်တှော မြိုသိပ်လိုက်ပာတယ်။ စိတ်လည်း တှောတှော ပျက်သွားပာတယ်။ ကိုယ့်အားထုတ်မှု မပာဘဲ လုပ်စားတဲ့လူတွေကို အလွန် မုန်းတီးပာတယ်။

အဲဒီပိုစ့်ကို ကျွန်တှော တင်မိတာ မှားလား မှန်လား ဆိုတာတောင် အခုဆို ဝေခွဲရ ခက်နေမိပာတယ်။ Comment ပောင်း ၅၀၀ ကျှောအထိ ထူးထူးခြားခြား ရခဲ့ပေမယ့် လေးပုံသုံးပုံဟာ အထက်က ပြောခဲ့သလို ဆဲဆိုစာများသာ ဖြစ်နေပာတယ်။ ဒောသကြောင့် ဆဲဆိုအပြစ်တင်တာကို နားလည်နိုင်ပေမယ့် ဒာဟာ လက်တွေ့လုပ်ရပ် တစ်ခုအနေနဲ့ဆို ဘာအရာမှ မရောက်ဘူးလို့ မြင်ပာတယ်။ အောက်မှာ ကျွန်တှော့ဆီကို ရောက်လာတဲ့ မေးလ်တွေထဲက တချို့ကို ဖှောပြပေးပာမယ်။

ကိုလင်းဆက်ရေ

အစ်ကို့ရဲ့ ဗုံးပေါက်တဲ့ သတင်းပို့စ်ကို မနေ့က တင်ကတည်းက ဖတ်ပြီးတာပါ။ ကျွန်တော်က မန့်တွေ ရေးလေ့မရှိပေမယ့် အခု အစ်ကို့ပို့စ်မှာ ရေးထားတဲ့ မန့်တွေ ကြည့်ပြီး ပြောချင်တာလေးရှိလို့ ရေးလိုက်တာပါ။ မန့်ရေးတဲ့သူတွေ တော်တော်များများက အစ်ကိုတင်ဖူးတဲ့ ပို့စ်တစ်ခုထဲက ဆရာကျော်ဝင်း ပြောသလို ဖြစ်နေတယ်။ အစ်ကို ကျွန်တော်ပြောတာကို နားလည်မှာပါ။ သူတို့ ဟာ အင်တာနက်ကို ပုံမှန်သုံးနေသူတွေ၊ ဘလော့ဂါတွေ အများစု ဖြစ်မှာပါ။ အစ်ကိုပြောတဲ့ သာမန်ပြည်သူတွေထက်တော့ အသိပိုရှိကြမှာပါ။ သူတို့ တောင် ဒီလိုဖြစ်နေရင် သာမန် ပြည်သူတွေဆို ဘယ်လိုနေမလဲ။ အစ်ကိုလည်း နာဂစ်တုန်းက သာမန်ပြည်သူတွေရဲ့ အသိ၊ စဉ်းစားဆင်ခြင်နိုင်မှုတွေကို ကိုယ်တွေ့ ကြုံခဲ့ပြီးပါပြီ။ မြန်မာ လူမျိုးတွေရဲ့ စိတ်ဓာတ်က ချစ်စရာကောင်းပေမယ့်တိုးတက်ဖို့ အများကြီး လိုသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို နိင်ငံခြားမှာ ဒေါက်တာဘွဲ့ ယူလာတဲ့ သူတစ်ယောက်က ပြောဖူးတယ်။ မြန်မာပြည် တိုးတက်ဖိုဆိုရင် အော်တိုခရေစီနဲ့ အုပ်ချုပ်၊ ငါးနှစ်အောက် ကလေးတွေပဲ ချန်ထားပြီး အကုန်သတ်၊ အဲဒီလို ရီဗော်လူးရှင်း လုပ်မှရမယ်တဲ့။ ဖြစ်နိုင်၊ မဖြစ်နိုင် အသာထား။ ဘာဖြစ်လို့ ပြောသလဲ စဉ်းစားကြည့်သင့် ပါတယ်။ အခု မန့်တွေကို ဖတ်ရင်းနဲ့ တို့လူမျိုးဟာ စိတ်ခံစားမှု နောက်ကို အတော်လိုက်တဲ့ လူမျိုး၊ ဆင်ခြင်တုံတရား နည်းတဲ့ လူမျိုးပါလား လို့ သွားတွေးမိတယ်။ အခုဆို ဘောလုံးပွဲတွေမှာ ပိုတွေ့ လာရတယ်။ ကျွန်တော်ကတော့ လေးလေးနက်နက်တွေး၊ ရေးစေချင်တယ်။ ဒါလေးပြောချင်လို့ပါ။ မန့်ရေးတဲ့သူတွေရဲ့ စေတနာ၊ ကရုဏာကို မထီမဲ့မြင် ပြုတာ မဟုတ်ပါဘူး။ ကျွန်တော် ခံစားမိတာပြောတာပါ။ တွေးဆဆင်ခြင်နိုင်ပါစေ။ ကျွန်တော်က အလုပ်မအားတော့ အစ်ကို့ရဲ့ ပိုစ့်တွေကို ဒီနေ့ (ရှားရှားပါးပါး အခွင့်အရေးရတုန်း) တစ်နေကုန် တစ်ဝကြီး (၈ နာရီလောက်) ထိုင်ဖတ်ပစ်လိုက်တယ်။ နောက်များမှ ပြောချင်တာလေးတွေ မေးပို့ပါမည်။
နောက်တစ်ယောက်ကတော့ ဒီလို မေးလ်ပို့လာပာတယ်။

အကိုတင်ပေးတဲ့ ရန်ကုန်မှာ ဗုံးကွဲတဲ့ သတင်းကို ဖတ်ရ၊ မြင်ရတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော်ပြန်ကြည့်တော့ Comment တွေ တော်တော် များလာတယ်။ ရိုင်းပြတဲ့ စာသားတွေ၊ ဆဲဆိုမှုတွေလဲ အများကြီး ဖြစ်လာပြီ။ တချို့ဆိုရင် comment တမျိုးထဲကို အကြိမ်ကြိမ် တင်နေတယ်။ ကိုယ်လိုရာ ဆွဲပြောနေကြတာပါပဲ။ ဖတ်ရတဲ့ သူအတွက်လဲ အမြင် မှားနိုင်ပါတယ်။ လူတွေ ဟိုထင်ဒီထင်နဲ့ ရှုပ်ကုန်နိုင်ပါတယ်။ အရေးအကြီးဆုံးက နှစ်ကူးမှာ မကောင်းတဲ့ စိတ်တွေ ဖြစ်လာကြတာပါ။ ဗုံးဖောက်တဲ့လူက မကြောက်ပေမဲ.့ သတိလက်လွတ် ဖြစ်နေကြတဲ့ တခြားသူတွေကိုကော အကုသိုလ်တွေ ပေးတော့မှာလား။ အကို ကိုယ်တိုင်ကော ဒီလို ဆဲဆိုနေတာကို ကြည့်ပြီး စိတ်ချမ်းသာပါသလား။ ကျွန်တော့် အမြင်တော့ အကို တခုခုတော့ လုပ်သင့်တယ်လို့တော့ ထင်ပါတယ်။ နှစ်ကူးမှာ သူများ မကောင်းရင်တောင်မှ ကိုယ်လဲ မကောင်းတာ မဖြစ်အောင်၊ သူများတွေလဲ မကောင်းတာ မဖြစ်အောင် လုပ်သင့်တယ်လို ထင်ပါတယ်။

ကျွန်တှောလည်း ဖတ်ပြီး စိတ်ဆင်းရဲလာလို့ သိပ်တောင် မဖတ်ဖြစ်တော့ပာဘူး။ ဒောသတွေလည်း ထွက်ရပာတယ်။ ပြသဿသနာတွေလည်း ဖြေရှင်းရပာတယ်။ ကွန်မန့်တွေကို ကျွန်တှော ဘယ်တော့မှ မဖျက်ပာဘူး။ ဖျက်ရင်လည်း ဖျက်တယ်ဆိုပြီး ဝိုင်းဆှောကြဦးမှာမို့ ရေးချင်ရာရေး Setting ထားထားပာတယ်။ ကျွန်တှော့ဆီက ဘာလိုချင်တာလဲဆိုတာ ကျွန်တှော မသိပာဘူး။ သူတို့ လိုချင်တဲ့ အရာလည်း ကျွန်တှော့ဆီမှာ ရှိချင်မှ ရှိပာလိမ့်မယ်။ ကျွန်တှော ဘယ်သူ၊ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်သလို ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေးပဲ နေတယ်။ ကျွန်တှော့ လမ်းကြောင်းပှောမှာ ကျွန်တှော လျှောက်တယ်။ ပြောရရင် ကျွန်တှော အဲဒီပိုစ့် တင်လိုက်နိုင်တာကို ဂုဏ်ယူပာတယ်။ ဒာပေမယ့် အခုလို ဆဲစာဆိုစာတွေနဲ့ စစ်တလင်းကြီးလို ဖြစ်သွားရတဲ့ အတွက်တော့ တကယ်ပဲ စိတ်မကောင်း ဖြစ်နေမိပာတယ်။ အပြစ်မဲ့ ပြည်သူပြည်သားတွေ အတွက် ဝိုင်းဝန်း ဆုတောင်းပေးကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပာတယ်။

40 Responses to “တစ်ခာလေး တင်မိပာတယ်”

kilo said...

ညီ ရေ စိတ်ပျက်မယ် ဆို လဲ စိတ်ပျက် စရာ...comment ၅၀၀ ကျော် followup လုပ်ထားလို့ ဖတ်လိုက်ပါတယ်... တချို့ တော်တော် ဆိုးပါတယ် ..ဓါတ်ပုံတွေ ကို ပထမဆုံး တင်လိုက် နိုင် သူ တယောက် ကို ချီးမွမ်းပါတယ်.. စောင့်ဖတ်နေပါ့ မယ်

Anonymous said...

ကိုညီလင်းဆက်ကိုတော့ ချီးကျူးပါတယ် ပထမဆုံး အဲဒီသတင်းကို တင်နိုင်လို့ပါ အားလုံးကအဲဒီသတင်းကို ကြားပြီး အရမ်းကို သိချင်တဲ့ အချိန်မှာ ဓာတ်ပုံတွေနဲ့ တကွ အခြေအနေကို တင်ပြနိုင်လို့ပါ ၊ မြန်မာလူမျိုးနဲ့ ပတ်သက်လို့ကတော့ စိတ်ထဲမထားပါနဲ့ ကိုယ့်လူမျိုးကိုက အဲလို၊ ကိုယ်ကျတော့ဘာမှမလုပ်ချင်ဘူး သူများလုပ်ထားရင် အသင့်သုံးမယ် မကောင်းဘူးပြောမယ် စကားပြောရင် စည်းကမ်းမရှိဘူး ။ကိုယ့်လူအကြောင်းကို အသိဆုံးမို့ ဥပေက္ခာ ထားလိုက်ပါ နောက်လည်း ဆက်ရေးပါဦး (သတင်းကောင်းများဖြစ်ပါစေ)

ကိုညီလင်းဆက်လုပ်နိုင်တာအများကြီးထဲက လုပ်နေတာ တစ်ခုကို အကောင်းဆုံးလုပ်ထားတာပဲ... ကျွန်တော်တို့တွေက သူများကို အပြစ်တင်တဲ့နေရာမှာ လူမျိုးနဲ့ချီပြီးတော့ကို ဂုဏ်ယူစရာကောင်းလောက်အောင် တော်တယ်.. ကိုယ်သာမလုပ်နိုင်ရှိရမယ်...သူများကို အပြစ်ရှာပြီးပြောတတ်လိုက်တာမှ ဟိုဘက်ကမ်းတောင် ရောက်သေးတယ်.. ကျွန်တော်ဆို ပုံတွေကိုအခုမှလာ ကြည့်ရတယ်... ကျေးဇူးတင်တယ်... မီဒီယာသစ် အယူအဆနဲ့ ကိုယ်လုပ်နိုင်သမျှလုပ်နေတာကို အားကျတယ်ဗျာ...

သေဆုံး၊ ဒဏ်ရာရသူအားလုံးအတွက် ဝမ်းနည်းရပါကြောင်းနဲ့၊ နောင်ဘဝဆိုတာရှိရင် ဒီလိုအဖြစ်ဆိုးတွေ မကြုံကြပါစေနဲ့လို့ မျှော်လင့်ဆုတောင်းပါကြောင်း...၊ မြန်မာပြည်သူ ပြည်သားအပေါင်း.. ဘေးအန္တရယ်အမျိုးမျိုးက ကင်းလွတ်ကြပါစေကြောင်း မျှော်လင့်ဆုတောင်းပါတယ်..

Anonymous said...

:P
ကိုညီလင်းဆက်ရဲ့ "ပါ" ကို "ပာ" လို့ရေးတာကို ထွင်တာလား လို့တောင် ဝေဖန်နေကြသေးတယ် :P

သာမာန်လူတွေက အနက်ရောင်နော် ညီလင်းဆက်နဲ့ အပေါင်းအပါတွေက အစိမ်းရောင် ခွဲခြားထားတယ် လို့လည်း ပြောနေကြတယ်နော် မပြုံးပဲနဲ့ ၀ါးလုံးကွဲသာ ရယ်လိုက်ချင် :D

TZA said...

စိတ်မညစ်ပါနဲ့ဗျာ၊ ရေးစရာရှိတာ ရေးပါ။ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်။ ဒီလို exclusive ပို့စ်မျိုးကို အရမ်းတန်ဖိုးထားပါတယ်။

soe soe said...

ကြိမ်းသေပြောနိုင်တာက နယ်စပ်က အတိုက်အခံတွေ အဲလို လုပ်ဖို့ အစွမ်းအစကိုမရှိတာအမှန်ဘဲ ကိုယ်တွေ့ မို့လို့ပါ စစ်တပ်ကိုအရမ်းကြောက်ကြတယ် ဖြစ်နိုင်ခြေအရှိဆုံးက နအဖထဲကလူတွေဘဲ သူတို့မှာ ရည်ရွယ်ချက်ကြီးကြီးရှိတယ် ဒီလိုအပြစ်မဲ့ ပြည်သူတွေကိုစတေးပြီး အတိုက်အခံတွေကို နှိပ်ကွက်ဘို့ပဲ လူထုကိုကြောက်အောင်လုပ်ထားပြီး ရွေးကောက်ပွဲမှာ လုံခြုံရေးအကြောင်းပြ လူထုကိုမဲရုံတွေနား ကပ်မလာအောင် လုပ်ဖို့ရယ် စစ်တပ်ကို တပ်လှန့်ကာ အဖျက်သမားတွေကာကွယ်ဖို့ဆိုပြီး ဆွဆြောင်ထားဖို့ဆိုတဲ့ ရည်ရွယ်ချက်ဘဲ ဒီလိုမျိုး ဖြစ်ဖို့ အဓိကဦးဆောင်တာ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဘဲ သူက၂၀၀၅ ခုနှစ် ဗုံးဖောက်တာ ဒဂုံစင်တာ juction 8 ဗုံးဖောက်တာသူဘဲ ခုလဲ သူညွှန်ကြားတာဘဲ

KO GYI said...

ကျနော်လည်း အစ်ကို့ post & photos တွေကို fwd လုပ်တယ်
ဆိုဒ်မှာလည်းတင်တယ်.. ကြည့်မရတဲ့ ဝင်မရတဲ့သူတွေကို မေးလ်ပို့ပေးလိုက်တယ်
တော်တော်များများရဲ့ gtalk custom msg မှာလည်း အစ်ကို့ လင့်ခ်ကို တင်ထားကြတာတွေ့တယ်၊ ဘယ်သူမှ ငြင်းမရတဲ့ အချက်က ဒီသတင်းဘယ်သူ့စီက ဦးဦးဖျားဖျား မြင်တွေ့ဖတ်ရှုခွင့်ရတယ် ဆိုတာပါပဲ။ မနှစ်ကတော့ "သင်္ကြန်ပြာပြာ ရေကူးကန်မှာ" ဆိုတဲ့ ပိုစ့်လေးပေါ့၊ ဒီနှစ်ကတော့ ဒီသတင်း(ပိုစ့်) လေးအတွက် ဂုဏ်ယူပါတယ်
အစ်ကိုရေ။ ဘယ်သူက ဘာဆိုတာ သိနေကြတာပဲဗျာ။
ဒီလောက်ပါပဲ အစ်ကိုရေ.....
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

လေးစားစွာဖြင့်
ကိုရီး{ကိုကြီး}

Neo Law said...

ကိုညီလင်းဆက်ခင်ဗျာ ...

ကျွန်တော်ကိုယ်တိုင်လဲ ခင်ဗျားဓာတ်ပုံတွေ မြင်တော့ လောရှည် - ကတဲ့ပွဲမှာ (ခွင့်ပြုချက်ယူပြီး)တင်ဦးမလို့ပဲ။ ဒါပေမဲ့ အင်းဂလိပ်လို ရေးထားတဲ့ သတိပေးစာကို မြင်တော့ အကြောင်းရှိမှာပဲဆိုပြီး မတင်ခဲ့ပါဘူး။

ဓာတ်ပုံကိစ်စ

ဓာတ်ပုံရိုက်တာကို ရန်ကုန်မှာရှိတဲ့ လုံခြုံရေးအရာရှိတွေက မတားပါဘူး။ မပိတ်ပင်ပါဘူး။ ကျွန်တော်လဲ တော်တော်ကြီးတဲ့ ကင်မရာ (prosumer class) တစ်လုံးနဲ့ ဟိုနားရိုက် ဒီနားရိုက် လုပ်ဖူးပါတယ်။ သတင်းတနေရာမှာ ဖတ်လိုက်ရသလို လုံခြုံရေးက ကင်မရာ သိမ်းထားလိုက်တယ်ဆိုရင်တော့ စုန်းပြူး လုံခြုံရေးက ဟောက်စားလုပ်တယ်ပဲ ထင်ပါတယ်။

နောက်တခု ဖြစ်နိုင်တာက အဲဒီ ရိုက်ယူသွားတဲ့ ပုံတွေထဲမှာ အမှုကို ဖော်ထုတ်ဖို့အတွက် သက်သေပါတယ်ထင်လို့ တောင်းယူထားလိုက်တာလဲ ဖြစ်နိုင်တယ်။

သက်သေခံအဖြစ် သိမ်းဆည်းတယ်ဆိုတဲ့ စာရွက်ကို တောင်းယူဖို့နဲ့ ပေးဖို့ ပြည်သူနဲ့ လုံခြုံရေးကို ပညာပေးဖို့ လိုပါမယ်။

ကိုစိုးစိုး (သို့မဟုတ် မစိုးစိုး)ခင်ဗျာ ...

မြင့်ဆွေဆိုတာ အသေအချာပဲလား။ သေချာရင် သက်သေ အထောက်အထားပြစမ်းပါ။ သက်သေအထောက်အထားရှိမှ ယုံမယ်။

၁) မည်သူလုပ်မှန်း မသိပေမယ့် မည်သူပဲ ဗုံးဖောက်ဖောက် မလုပ်သင့်ပါ။ ဒီလို လုပ်ရပ်မျိုးကို အားမပေးပါ ။

၂) ကိုယ်တိုင်မဖောက်သော်လည်း ဖောက်သူများ လုပ်ရပ်ကိုကြည့်ပြီး ပျော်ရွှင်အားပေးသူများကို ကန့်ကွက်ရှုံ့ချပါတယ်။ ကိုယ်က မလုပ်ရင်တောင် အားပေးပျော်ရွှင်နေတယ်ဆိုရင် တခြားသူတွေ အထင်မှားမယ်ဆိုလည်း မှားစရာ။

၃) သတင်းအချက်အလက်နှင့် ဓာတ်ပုံများကို အချိန်ပေး လျင်မြန်စွာ ဖော်ပြပေးသော အကိုညီလင်းကို ကျေးဇူးအမှန်တင်ရှိပါတယ်။ သတင်းတင်ပြသူကို သတင်းတင်ပြပေးတယ်လို့ပဲ မြင်ပါတယ်။

၎) တိုက်ခိုက်မှုဆိုတာ အကိုညီလင်းလို ယောက်ျားလေးတစ်ယောက်ကိုတင်မဟုတ် ၊ မိန်းကလေးကို ပိုတိုက်ခိုက်ပုံက ပိုမိုဆိုးရွားတဲ့အတွက် ထိုသူတွေ ဘယ်သူပဲဖြစ်နေပါစေ ဂရုမစိုက်ပါနဲ့ .. ။

၅) သတင်းဖော်ပြခဲ့သော ပို့စ်ကို ဖျက်ရန်လိုအပ်သည်ဟု မထင်ပါ။ လူအမျိုးမျိုး စိတ်အထွေထွေနှင့် ပြောချင်ရာ ပြောတတ်သော လူ့သဘာဝကြောင့် လွှတ်သာထားပေးလိုက်ပါ။ ကိုယ်တိုင်လည်း မလိုအပ်ရင် မဖတ်ပါနဲ့။

၆) အကိုညီလင်းကို အီးမေးလ်ရေးသောသူပြောသလို အကုသိုလ်ပေးသည်ဟု မယူဆပါ။ မမြင်ချင်သောသူ လာမဖတ်ပါနှင့်။ ရှင်းပါသည်။ မဖတ်မနေရဟု မည်သူမျှ မသတ်မှတ်ထားပါ။

လူအတော်များများကို စိတ်ကုန်၍ အကိုညီလင်းပြောသလို ညီမလည်း ကိုယ့်ဘ၀နဲ့ကိုယ် အေးဆေးနေတာ ကြာပါပြီ။ အကောင်းဆုံးက ကိုယ့်ဘ၀ကိုယ် တိုးတက်အောင် ကြိုးစားရင်း ကူညီနိုင်တဲ့ လူမှုရေးလုပ်ငန်းတွေလုပ်တာပါပဲ။ သေဆုံးသွားသူများအတွက် ကောင်းရာမွန်ရာ ရောက်စေဖို့ ဆုတောင်းပေးပါတယ်။ သေဆုံးသွားသူများရဲ့ မိသားစုဝင်အချို့ကို မေးမြန်းထားတာတွေ ဖတ်ရင် ပိုစိတ်မကောင်းဖြစ်ရပါတယ်။ အကောင်းဆုံးက မြန်မာပြည်သူလူထု အေးချမ်းသာယာ ပျော်ရွှင်သော နေ့များကိုသာ ပိုင်ဆိုင်နိုင်ပါစေ။

Kyaw Nyo Thway said...

သမာသမတ်ကျကျတွေးပြီး သုံးသပ်ဆင်ခြင်တတ်တဲ့ စိတ်ကိုတော့ သဘောကျပါတယ် အစ်ကိုရေ..

ခလုတ်တိုက်တောင်မှ ကိုယ့်ကိုယ်ကိုယ်ပြန်လည် မဆင်ခြင်နိုင်ပဲ။ တစ်ယောက်ယောက်ကို မဲပြီး အပြစ်တင်တတ်တဲ့ လူမျိုးတွေကတော့ ပိုပိုများလာပြီ။ သိပ်စိတ်အချဉ်ပေါက်ဖို့ကောင်းတဲ့လူတွေ။

ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ပါဗျာ
နိုင်ငံရေးသမားလို့ သူတို့ကိုယ် သူတို့ ခံယူထားတဲ့ အုပ်စုတွေဟာ ဒီလိုပါဘဲ
အခြင်းခြင်းကျတော့ အသေခွပ်တယ် မတည့်ကျဘူး
ဒါပေမယ့် အပြင်လူတစ်ယောက်ယောက် နဲ့ နဲနဲလေး ငြိလိုက်တာနဲ့ ဘယ်သူမှားတယ်မှန်တယ် သေချာတောင် မသုံးသပ်တော့ဘဲနဲ့ ကျီးကန်းတွေလို ခွေးအတွေလို ထအာ ထဟောင်တော့တာဘဲ
ငါနဲ့ မတူ ငါ့ရန်သူ ဆိုတာမျိုးပေါ့
အချိန်ကုန်ခံပြီး တွေးမနေပါနဲ့ဗျာ
By the way, ကျွန်တော့်ဆီကို သူများ ပို့လာခဲ့ပြီး တင်လိုက်မိပြီးမှ ကျွန်တော်လဲ အဲ့ဒိ ဓါတ်ပုံကိစ္စ ကိုညီလင်းဆက်ဆီက ဆိုတာရယ် တင်းနေတယ်ဆိုတာရယ် သိတာဗျ
ကျွန်တော်ကတော့ အစထဲက Credit ပေးထားပါတယ်

ကျေးဇူးပါဗျာ
တင်ပြီးမှ ပြန်ဖြုတ်ရမှာကလဲ တစ်မျိုးကြီး ဖြစ်နေလို့ပါ

naychi said...

၂၀၁၀ သင်္ကြန် ပိုစ့်တွေ စတင်ပေးကတည်းက အကို့ကို အရမ်းကျေးဇူးတင်နေတာပါ။ အဝေးကလူတွေ သင်္ကြန်ကို လွမ်းနေမယ်မှန်းသိလို့ စေတနာနဲ့ တင်ပေးနေတယ်ဆိုတာ ခံစားမိပါတယ်။ ဗုံးသတင်းကိုလည်း တိတိကျကျ မြန်မြန်ဆန်ဆန် တင်ပေးနိုင်လို့ ကျေးဇူးထပ်တင်မိပြီး အကို့ လုံခြုံရေးအတွက်တောင် စိုးရိမ်မိပါသေးတယ်။

အမြဲအားပေး၊ လေးစားနေပါတယ် ကိုညီလင်းဆက်...

မေဇင် said...

သတင်းနဲ့အညီ ဓာတ်ပုံနဲ့တကွ...သေချာ ဖတ်လိုက်ရလို့ ကျေးဇူးတကယ် တင်ပါတယ်။

နောက်လဲ ဆက်အားပေးနေပါ့မယ်။

sweetpeony said...

thumbs up ko lynn seck!!!
cheers!!!!!!
go go jia you!!!!!!!!!

:) said...

မြန်မာပြည်မှာဗုံးပေါက်လို့ဆိုတာကြားကြားချင်း
ညီလင်းဆက် Blog မှာ ဓာတ်ပုံနဲ့တကွ ဖတ်လိုက်ရတာကို ကျေးဇူးတင်နေတာ။
သတင်းကို အမြန်ဆုံးဖော်ပြပေးနိုင်တာ ဂုဏ်ယူပါတယ်။

the watcher said...

စဖတ်ကတည်းက သတိပြုမိတာ ပြည်တွင်းမှာ ဖွံ့ဖြိုးလာတော့မယ် citizen journalism ဗျ။ ဂုဏ်ယူမိပါတယ်။ ဖြောင့်ဖြောင့်သာ ဆက်လျှောက်ပါခင်မျာ။ ကိုညီလင်းဆက်လို ညီအကိုတွေ များလာသင့်ပါတယ်။ တင်ပြပုံလည်း ကောင်းပါတယ်၊ ethical လည်းဖြစ်ပါတယ်။ အဖြစ်မှန်အတိုင်း လက်မခံနိုင်တဲ့ လူတွေများနေလို့ ကော်မန့်စစ်တလင်းဖြစ်သွားပေမယ့် ကျွန်တော်ကတော့ ကြိုက်တယ်။ ကော်မန့်တွေထဲမှာ ရေးသူတွေရဲ့ အခြေခံအတွေးတွေကို လှစ်ခနဲ လင်းခနဲ မြင်ရတာကိုး။ စာဖတ်သူတွေကိုလည်း အကုန်ဖတ်ဖို့ တိုက်တွန်းချင်တယ်။ ဖတ်ရသမျှထဲက fact နဲ့ စာရေးသူတွေရဲ့ နောက်ခံ idea တွေ ကိုခွဲခြားကြည့်နိုင်တဲ့အကျင့်လေးပေါ်ထွန်းလာရင် အဖိုးမဖြတ်နိုင်တဲ့ ထိရောက်မှုပါပဲဗျာ။ စိတ်မပျက် စိတ်မညစ် ဒေါသမထွက်ပါနဲ့။ မီဒီယာရဲ့ ထိရောက်မှုကို ယုံလိုက်ပါ။ အားပေးလျှက်။

Su said...

Proud for you,

Cheers

Rita said...

ကိုယ် ကိုယ်တိုင်ပဲ အဲဒီ စကားလုံးနဲ့ အရေးအသားကို သတိပြုလိုက်မိတယ်။ ရွဲ့ရေးထားသလား၊ အတည်ပဲ ရေးထားတာလား မသိဘူး လို့တောင် တွေးမိတယ်။ ဒါပဲ။ ဒီလောက်နဲ့ပဲ ရပ်သွားတယ်။

အဲဒီ အခိုက်အတန့်မှာ အဖြစ်အပျက်နဲ့ ယှဉ်တော့ ဒီစကားလုံး ဘာအရေးကြီးသလဲ။ အဲဒီ အခိုက်အတန့်မှာ သေသွားတဲ့ လူတွေနဲ့ ယှဉ်တော့ နောက်မှ ရောက်လာတဲ့ ရဲတွေ ကောင်းခြင်း မကောင်းခြင်းဆိုတာ ဘာအရေးကြီးသလဲ။ အဲဒီ အခိုက်အတန့်မှာ အဲဒီ ရဲ တွေကို ကျန်ရစ်ခဲ့တဲ့ လူတွေက ဘယ်လို ကြိုတယ် မကြိုဘူးဆိုတာ ဘာအရေးကြီးသလဲ။

လူတွေက ဘယ်လို ကြိုတယ် မကြိုဘူး ဆိုတာကို သရုပ်ဖော်ထားတဲ့ အရေးအသားကို ဝေဖန်ရအောင် အဲဒီ အခိုက်အတန့်မှာ ရုပ်ရှင်ရိုက်နေတာလဲ မဟုတ်ဘူး။ အဖြစ်မှန်ကို ကိုယ်မြင်ရတာလဲ မဟုတ်ဘူး။

ဘလော့ဂါက သရော်ပြီး ရေးထားတယ် ဆိုတော့ရော ???
လူတွေက တကယ်ကို ကြိုနေကြတယ် ဆိုတော့ရော ???

ဘာကို အရေးကြီးနေကြတာလဲ ဆိုတာကို မတွေးတတ်အောင် ဖြစ်ရတယ်။

ပေးဆပ်ရတာတွေ အကြောင်းမဲ့ကုန်တာ များနေပြီမို့ စိတ်မကောင်းဖြစ်မိပါတယ်..
ဒါပေမယ့် ပေးဆပ်ဖို့အထုံပါလာသူတွေက ပေးဆပ်နေကြဦးမှာပဲ။ ကိုယ့်ပေးဆပ်မှုနဲ့ ထိုက်တန်သူတွေကို ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Do what you do best bro.
Cheers!

NLS said...

ကိုလောရှည်ပြောတာ အမှန်ပဲ။ ကျွန်တှော့ ဘလော့က အစကတည်းက CC-NA-SA ပေးထားတာ။ ကွန်မာရှယ်နဲ့ မပတ်သက်ရင်၊ တိုက်ရိုက်မကူးရင် အိုကေတယ်လို့ ခွင့်ပြုထားပာတယ်။ ဒီပိုစ့်မှာ အဲဒီစာ တင်လိုက်တာက အကြောင်းရှိလို့ပာ။ အဲဒီအတွက်လည်း အတှော ရှင်းလိုက်ရတယ်။ ပြီးတော့ ဓာတ်ပုံရိုက်တဲ့သူတွေကို ဖမ်းတယ်ဆိုတာလည်း မဟုတ်ပာဘူး။ ဒာလည်း ကျွန်တှော့ ကိုယ်တွေ့ပဲ။ ဘာတွေ ရေးနေကြတာလဲ မသိဘူး။ :(

လင်းလက်ရေ တခာတလေတော့လည်း စိတ်အချဉ်ပောက်လာတတ်တာမျိုး။ အကိုက ပျှောပျှောနေတတ်တဲ့သူလား၊ မိုက်ရိုင်းတတ်သူလား ဆိုတာ ညီမတို့ အသိဆုံး။ ဒာပေမယ့် ယဉ်ကျေးတာက လူတိုင်းနဲ့ မတန်ဘူးဆိုတာ တဖြည်းဖြည်း သိလာရတယ်။

Rita ရေးသလိုပဲ အဲဒီတုန်းက စာရေးဓာတ်ပုံတင် တထိုင်တည်း လုပ်ခဲ့တာ။ တစ်ချက်လေးတောင် မစဉ်းစားမိခဲ့ဘူး။ ဒာပေမယ့် ကိုယ်က အထေ့အငော့လေးတွေ ရေးတတ်တယ်ဆိုတာ ဖတ်ဖြစ်တဲ့သူ သိပာတယ်။ အဲဒီပုံ ရောက်သွားချိန်မှာ အဲဒီလို လက်က အလိုလို ရေးလိုက်မိတယ် ထင်မိတယ်။ မမှတ်မိဘူး။

ကိုသူရိန် ပြောတဲ့ ကျွန်တှောနဲ့ အပောင်းအပာတွေက အစိမ်းဖြစ်နေပြီး သူတို့က နက်နေတယ် သတိထား ဆိုပြီး မှတ်ချက်ပေးတဲ့ လူကတော့ တကယ့် ချီးဘရိန်းဗျာ။ အင်တာနက် အခုမှ သုံးဖူးတယ် ထင်ပာရဲ့။

ကိုညီလင်းဆက် ပြောတဲ့ အဲဒီဆရာမရေးတဲ့ဆိုက်မှာ တင်ထားပြီးပြီးချင်း သွားဖတ်ဖြစ်ပါတယ်။ ဘယ်လိုသဘောနဲ့ရေးလဲ ဆိုတာတော့ မစဉ်းစားတတ်အောင်ဖြစ်မိတယ်။ ကျွန်တော် စိတ်မဝင်စားတဲ့အပိုင်းဖြစ်နေ
တော့ ကျွန်တော် မစဉ်းစားတတ်တာဟာ ကျွန်တော်ဥာဏ်မမှီတာပဲဖြစ်ကောင်းဖြစ်ပါလိမ့် မယ်။ Credit မပေးတဲ့ပြဿနာကတော့ နောက် ၁၀နှစ်ကြာလည်း ရှိနေဦးမှာပဲလို့ ကျွန်တော် ထင်တယ်။ ကိုညီလင်းဆက်ကို Pro-Blogger တစ်ယောက်အနေနဲ့တော်တော်များများက လက်ခံထားတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ ကျွန်တော်တို့ ကျောင်းဆင်းအချင်းချင်းမို့ ကိုညီလင်းဆက်လို လူတစ်ယောက်အတွက် ကျွန်တော်ဂုဏ်ယူပါတယ်။

KO KO said...

ကိုညီလင်းဆက်ရေ
ကျွန်တော်က အကို့ ကိုအားပေးပါတယ်။
ဓာတ်ပုံနဲ့ ချက်ချင်းတင်နိုင်တာကိုလည်း ချီးကျူးပါတယ်။
ဗုံးဖောက်တဲ့လူတွေကိုတော့ ရှုံ့ချပါတယ်။

ဆက်လုပ်ပါ ..
အမြဲတမ်း အားပေးနေတယ် ..
သတင်းတွေ ဦးဦးဖျားဖျား တင်ပေးလို့ ကျေးဇူးတင်တယ်။

comet said...

ညီလင်းဆက်ရေ...လောကမှာ ဘုရားတောင်မှ အကဲ့ရဲ့ အဆဲ အပြော မလွတ်ခဲ့ပါဘူး...ကိုယ်လုပ်တဲ့လုပ်ရပ်ကို
သမာသမတ်ကျကျ ရှု့ဒေါင့်ကကြည့်ပြီးတော့ မှန်တယ်ထင်တာကို လုပ်ဖို့ပြောဖို့ပဲလိုပါတယ်...
နောက်ပြီးတော့ လူဆိုတာမျိုးဟာလဲ ဘာပဲပြောပြော
ကိလေသာတွေ လောဘ ဒေါသ မောဟတွေနဲ့မို့
ကိုယ်လိုတဲ့ဘက်ကကြည့်မယ်...လိုရာဆွဲတွေးမယ်...
မျှမျှတတ မှန်မှန်ကန်ကန် တွေးတတ်တဲ့လူရှိသလို ဒီလို
လူမျိုးတွေလဲရှိပါတယ်...ခေါင်းထဲကိုထည့်နေစရာမလိုပါဘူး...
ရလဒ်ကိုမကြည့်ပဲနဲ့ စေတနာသန့်သန့်နဲ့
သတင်းထူးတွေသိကြပါစေ ဆိုတဲ့ စေတနာသန့်သန့် နဲ့
ဆက်ပြီးတော့လုပ်ပါဗျာ....ကိုယ့်စေတနာဟာကိုယ့်ကို
အကျိုးပေးပါတယ်...ဘုရားဟာလဲ သတ္တ၀ါတွေကို ကယ်တင်ချင်တာကြောင့်ကြိုးစားခဲ့တာပါ
ဘုရားဖြစ်ချင်တာမဟုတ်ပါဘူး....လောကမှာ သူရဲကောင်းလို့လူတွေသပ်မှတ်တာခံခဲ့ရတဲ့လူတွေဟာလဲ သူရဲကောင်းဖြစ်ချင်လို့လုပ်တဲ့လူမပါခဲ့ပါဘူး...
အများအကျိုးကို အနစ်နာခံဆောင်ရွက် ချင်တဲ့စိတ်ပဲရှိခဲ့ကြတာပါ...ခုကိစ္စမှာလဲ နိုင်ငံရေးတွေ
ပုဂ္ဂိုလ်ရေးအမြင်တွေ အဲတာတွေထက် လူသားချင်း စာနာထောက်ထားမှု အသက်အန္တရယ် ကနေကာကွယ်ဖို့ ဒုက္ခရောက်နေတာကိုလာကယ်မယ့်ဘယ်အဖွဲ့ကိုမဆို
ကြိုဆိုကြရမှာပါပဲ..နေရာတိုင်းမှာလူဆိုးကြီးပဲမဟုတ်ပါဘူး...လူကောင်းလဲရှိကိုရှိပါတယ်.....ဒါလူတိုင်းသိပါတယ်....မသိချင်ယောင်ဆောင်ပြီးတော့ ငါ့စကားနွားရပြောချင်တဲ့လူရှိရင်လဲ ပြောပါစေဗျာ...မောရင်တိတ်သွားပါလိမ့်မယ်...ခင်ဗျားပိုစ့်အတွက်ကျေးဇူးပါဗျား........

PPA said...

မျက်နှာဖုံးတွေရဲ့နောက်က လူတစ်ယောက်ရဲ့သရုပ်မှန်ကို အဲဒီလူပြောတဲ့စကားတွေကိုကြည့်ပြီးခန့်မှန်းလို့ရတယ်။ မပြောသင့်ဘဲပြောတဲ့ စကားလုံးတွေကနေ အဲဒီလူရဲ့စိတ်ဓာတ်ကိုသိနိုင်သလိုပဲ ပြောသင့်ရက်နဲ့ ရေငုံနှုတ်ပိတ်နေတာကိုကြည့်ပြီးတော့လည်း အဲဒီလူရဲ့စိတ်ထားကို သိနိုင်တယ်။ သင်္ကြန်အတက်နေ့ဗုံးကွဲပြီး နှစ်ဆန်းတစ်ရက်နေ့တစ်ခါထပ်ကွဲတော့ " ဒီတစ်ခါကွဲတာတော့ဖြစ်သင့်တယ် ထောက်ခံတယ်" လို့အရှက်မရှိ ဝမ်း
သာအားရထအော်တာတွေ တွေ့ရတော့တော်တော်လေးစိတ်ပျက်မိတယ်။ ဘယ်အချိန် ဘယ်နေရာမှာပီပေါက်ပေါက် ဘယ်သူပဲသေသေ အကြမ်းဖက်လုပ်ရပ်ကိုဆန့်ကျင်ရမှာပဲမဟုတ်ဘူးလားဗျာ။ အစ်ကိုလုပ်ခဲ့တာမမှားတဲ့အတွက် ဒွိဟဖြစ်နေစရာမလိုပါဘူး။ ဦးနှောက်မရှိတဲ့သူတွေအချိန်တန်ရင် မောသွားပါလိမ့်မယ်။

ko said...

ကိုညီလင်းဆက် ဘလော့ကို ဒီဗုံးပေါက်ကွဲမှု ဖြစ်မှ သိတာပါ။ကြိုးစားအားထုတ်မှု အတွက် ချီးကျူး ဂုဏ်ယူမိပါတယ်ဗျာ။ ကွန်မန့် တိုက်ပွဲအတွက် စိတ်ညစ်ခံ
မနေပါနဲ့ အမှန်ကို မြင်နိုင်ပြီး အားပေးမယ့်သူတွေ ရှိဦးမှာပါဗျာ။ ဒေါ်မေငြိမ်းရဲ့ အတွေးနဲ့ ပက်သက်လို့တော့ အဲ့ဒီလို အချိန်မျိုးမှာ လူနာတွေကို ကယ်ဆယ်ဖို့ ဆေးရုံ ပို့ဖို့ ကလွဲလို့ ရဲတွေကို ကြိုမကြိုက
အဓိက မကျဘူးလို့ မြင်မိပါတယ်။ ဘာကြောင့် တွေးတာလဲ ဆိုတာကတော့..........

politicians တွေက ပညာရှင်ကို သည်းခံလေ့ရှိတယ်လို့ပဲ ကြားဖူးတာဗျ။ အခုက ပြောင်းပြန်ဖြစ်နေတာပဲ။သူတို့ကို ပြန်သည်းခံနေရတယ်။ တစ်ခုတော့ ရှိတယ်။ Politicians lie more. ဆိုတာပဲ။

ဒီပိုစ့်ကတော့ သိပ်ကောင်းတယ်။

K said...

Sad for those who died and injured...and having sorrows for them..
But hey...Lynn Seck I'm proud of you! :)

ငါ့ညီ ကျိုးစား ဆက်လုပ်။ အဲ..သတိတော့ရှိကွာ။ ပုတ်ခတ်ပြီးတမျိုး၊ မြှောက်ပင့်ပီးတဖုံ၊ ဒေါသဖြစ်အောင် "ဆွ" ပြီးတသွယ် အမျိုးမျိုး ရှေ့မှာတွေ့ရဦးမယ်။ ပညာသတိနဲ့ ရဲရင့်စွာ ရှေ့ဆက်ပြီး အများအကျိုး ဆထက်ပိုး ရွက်နိုင်ပါစေ။ :)

nilar said...

သားရေ အန်တီကတော့ သားကို ကျေးဇူးတင်တယ် အန်တီတို့လိုနယ်က သူတွေ သတင်းအမြန်သိရလို့လေ။ ဖြစ်ရပ်ကတော့ ဘယ်သူဘဲလုပ်လုပ် လူမဆန်မှု အသိဥာဏ်မဲ့မှုကို ပြနေတာပါဘဲ။ ဝေဖန်မှုတွေကတော့ အကောင်းနဲ့ အဆိုးတွဲနေကြမှာပါဘဲ။ ရင်ထဲ မှာ ထားမနေပါနဲ့။ အန်တီလဲ ဆ၇ာမတစ်ယောက်ပါ။ ဒေါ်မေငြိမ်း ကိုတွေးစေချင်တာကတော့ ပြည်သူတွေက ရဲတွေကို ကောင်းတာလုပ်တဲ့အချိန်မှာ ပြည်သူ့ရဲ အဖြစ်ကြိုဆိုမှာ ဖြစ်ပြီး မကောင်းတာလုပ်ရင်လဲ ရှုပ်ချမယ်ဆိုတာပါဘဲ။ အမြဲမုန်းနေရအောင် ကမ္ဘာ့၇န်သူတွေမဟုတ်ကြပါဘူး။ အမှားအမှန်ကို အဂတိကင်းကင်းနဲ့ တွေးစေချင်တာပါဘဲ။ ငါ့စကားနွားရပြောတာမျိုးကတော့ မူရင်းရှိပြီးသားကြည်ညိုမှု အထင်ကြီးမှုတွေကိုပျက်စေပါတယ်လို့။ ဒီလိုရေးလို့ အန်တီက အစိုးရဘက်တော်သားမဟုတ်ပါဘူး။ အန်တီတို့ကိုယ်တိုင်ကလဲ ရတဲ့လစာနဲ့ မတန်အောင်လုပ်နေရတဲ့ အနှိမ်ခံ ၀န်ထမ်းတွေရယ်ပါ။
နှစ်သစ်မှာ ချမ်းမြေ့ပါစေ။

ညီလင်းဆက် ဘလော့ကို ဒီဗုံးပေါက်ကွဲမှု ဖြစ်မှ သိတာပါ။ကြိုးစားအားထုတ်မှု အတွက် ချီးကျူး ဂုဏ်ယူမိပါတယ်။
blog link ယူထားလိုက်ပါတယ်။သတင်းထူးဦးလေးတွေ
ဆက်လုပ်နေစေချင်တယ်။အားပေးလျှက်-အိုးဘားမား

pyaepyae said...

ရတဲ့ comment လေးပုံသုံးပုံက ဆဲစာတွေချည်းပဲမို့ စိတ်မပျက်ပါနဲ့ အစ်ကိုရဲ့ အားထုတ်မှုကိုမလျော့လိုက်ပါနဲ့ မြန်မာလူမျိုးတွေက ဒီလိုပဲဟာ နားလည်ပေးလိုက်ပါနော် အစ်ကိုကြိုးစားမှုနဲ့ သည်းခံစိတ် ဥာဏ်ပညာကိုလေးစားပါတယ်
ဘာလေးများအသစ်ရမလဲလို့နေတိုင်းဝင်ကြည့်ဖြစ်ပါတယ် အစ်ကိုသင်ပေးထားတဲ့ Google Reader ထဲကပဲ ဖတ်ဖြစ်လို့သာ comment မထားဖြစ်တာပါ

dead walker said...

I just wrote the following comment in MN blog:

When I read NLS post, I thought that he mistakenly choose that word. But now I realized that he still don't think that was wrong until now. And so surprise there are some other guys still telling that word is suitable. 2 possibilities:
1) Their Burmese level is too low to know the meaning of such a usual word.
2) They really like to use that word.


If you honestly want to understand, the following points may help you:
* (+100)+(-1) = (+99) will not always true. e.g. Among 100 glasses of water, even if only 1 glass is poisonous, none of those will be consumable.
* Doing good stuff continuously is just a normal personality. But making only one bad stuff even once in a life will be called crime.

the watcher said...

@ dead walker, you are another calculator but surely not an observer. In life and death situation, no one wants to die of thirst even knowing there is one poisonous glass among 100. And those who dare to try, recognize and appreciate 99 glasses of pure water will have chance to live on. And please let me remind you that people, including you, me and such polices can always become better, we can change to be better. if you know the good personality is to be developed with doing good stuff, why you can't recognize and be happy for such a little word defending such dark, terrible, inhumane bloody event. Stop saying bad to others. it won't help the situation better.

De said...

thanks for the post .

Shwelamin said...

အစ်ကိုကိုလေးစာပါတယ်ဗျာ----အစ်ကိုကသိသင်သိထိုက်တဲ့ဗဟုသုတလေးတွေကိုညီငယ်တွေကိုပြောပြလို့လေ

ဒီလိုပေါ့ ငါ့တူရာ၊ celebrity ဆိုတော့ ကြုံရဆုံရဘုံဘဝပေါ့။ အကောင်းဘက်က တွေးတော့လည်း အခုရေးစရာ တစ်ခုရပြန်ပြီ မဟုတ်လား။ ကိုယ်ပိုင်ဖန်တီးထားတဲ့ ပို့စ်တွေကို ကြိုးစားတင်တာ ကောင်းပါတယ်။ ဦးလည်း ဒီနေရာမှာတော့ သဘောထား ထပ်တူပါပဲ။

shwenattharr said...

ဘာလုပ်လုပ် အပြစ်မြင်နေကြတာကတော့မြန်မာမှာထုံးစံဖြစ်နေပါပြီ ကိုညီ....ကိုညီ့ ယုံကြည်ချက်နဲ့ ကြိုးပမ်းအားထုတ်မှုကိုကျွန်တော်လေးစားပါတယ်.အမှန်ကိုအမှန်အတိုင်းပြောတာ...
ဘယ်သူဘာပြောပြောပေါ့ဗျာ...အားပေးနေပါတယ်ခင်မျာ....

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz