Monday, April 19, 2010

ကုန်းဘောင်ခေတ် လူမျောက် မိသားစု နောက်ဆက်တွဲ


ကုန်းဘောင်ခေတ် လူမျောက် အကြောင်းကို ဖတ်ဖူးခဲ့တာ ကြာပာပြီ။ လူထုဒှောအမာ ရေးတာရော၊ ဒဂုန်ခင်ခင်လေး ရေးတာရော၊ ဦးစိန်မောင်ဦး ရေးတာရော၊ မြကေတု ရေးတာရော၊ မောင်သန်းဆွေ(ထားဝယ်) ရေးတာရော မှတ်မိနေပာတယ်။ ဒဂုန်ခင်ခင်လေးက စာဆိုတှော ဝတဿထုကြီးထဲမှာ၊ လူထုဒှောအမာက ဈေးကောက်လူမျောက် ဆောင်းပား၊ ဦးစိန်မောင်ဦးက လူမျောက်မိသားစုနှင့် သိပဿပံပညာ အမြင်၊ မြကေတုက လူမျောက် မောင်ရွှေမောင်နှင့် သမီးမယ်ဖုံ၊ မောင်သန်းဆွေက ကုန်းဘောင်ခေတ်က လူမျောက်ရှင်းတမ်း စတဲ့ နာမည်တွေနဲ့ ဖြစ်ပာတယ်။

လူထုဒှောအမာကတော့ ရေးထားတာကတော့ ထုံးစံအတိုင်း တှောတှော့ကို တိတိကျကျ ပြည့်ပြည့်စုံစုံ ရှိလှပာတယ်။ သူတို့ရဲ့ ပုံသဏဿဍာန် အချက်အလက်တွေ အားလုံးကို စုံစုံစေ့စေ့ သိရပာတယ်။ ဒာပေမယ့် အဲဒီလူမျောက်တွေ နိုင်ငံခြားရောက်တဲ့ နောက်ပိုင်း ကိစဿစတွေတော့ မပာပာဘူး။ မြကေတု ရေးထားတာကလည်း အဂဿငလိပ်မှတ်တမ်းများနဲ့ နန်းတွင်း ပုရပိုဒ်ဖြူကို အဓိကထားပြီး ရေးထားတာပာ။ ဦးစိန်မောင်ဦးကတော့ သူတို့ဟာ တကယ်တော့ မျောက်တစ်ဝက် လူတစ်ဝက် မဟုတ်ဘဲ မျိုးဗီဇ ပြောင်းလဲမှုကြောင့် အမွေးအမျှင်တွေ ရှည်ထွက်လာပြီး ဒီလိုဖြစ်တာကြောင့် လူမျောက်လို့ မခှောဘဲ မွေးရှည်လူသားလို့ ခှောဖို့ကို တိုက်တွန်းထားတာပာ။ အားလုံးထဲမှာ အစုံလင်ဆုံးက လူထုဒှောအမာရဲ့ ဈေးကောက် လူမျောက် ဆောင်းပားလို့ ပြောလို့ ရပာတယ်။

ဆရာ မောင်သန်းဆွေ(ထားဝယ်)က လူမျောက် ရှင်းတမ်းလို့ ရေးထားပေမယ့် တကယ်ကတော့ သူရိယ ရုပ်စုံသတင်းစာ အဟောင်း တစ်ခုထဲက အဲဒီအကြောင်းကို ပြန်ဖှောထုတ် ထားတဲ့ သဘောပာပဲ။ သူရိယကို အဲဒီသတင်း ရေးပို့သူက အဲဒီ လူမျောက်မိသားစု နဲ့ ဆွေးမျိုးနီးစပ် တှောစပ်တဲ့ ပင်စင် အငြိမ်းစား ဌာနအုပ် ဦးလှကြီး ဆိုသူရဲ့ မှတ်တမ်းကို ဦးနရိနဿဒ ကိုယ်တှောက ရေးသား ပေးပို့ခဲ့တာလို့ သိရပာတယ်။ ထူးခြားချက်က လူမျောက် ဖြစ်လာရတဲ့ အကြောင်းပာ။ ဒဏဿဍာရီ သိပ်ဆန်လွန်းအား ကြီးပာတယ်။ လူတိုင်းသိတဲ့ လောနိုင်ငံသား လူမျောက် ဦးရွှေမောင် မဟုတ်ဘဲ ဗမာစစ်စစ် ဦးဘမောင် မဟာမြိုင်တောထဲ ရောက်ပြီး ရေအိုင်တစ်ခုထဲ စိမ်မိရာက အမွေးတွေပောက်ပြီး မျောက်စိတ် ဖြစ်သွားတာမျိုးနဲ့ ဇာတ်လမ်းကို ဆင်ထားပာတယ်။ သူတို့ရဲ့ မျိုးဆက် နာမည်တွေကလည်း မတူကြတာကို တွေ့ရပာတယ်။

အထက်ကဟာတွေဟာ မြန်မာမှတ်တမ်းမှာဆို ကုန်သလောက်နီးနီးပာပဲ။ ဆောင်းပား တစ်ခုနဲ့ တစ်ခုကလည်း မတူကြတာတွေ၊ လိုနေတာတွေ၊ ပိုနေတာတွေ ရှိပာတယ်။ ကျွန်တှောကတော့ အဲဒီအချက်တွေ အားလုံးကို စုစည်းပြီး ပြည့်ပြည့်စုံစုံဖြစ်အောင် နိုင်ငံခြားသားတွေရဲ့ ရေးသားချက်တွေကိုပာ ဖြည့်စွက် လေ့လာခဲ့ပာတယ်။ စရေးတဲ့ အချိန် ပုံတွေစစုဆောင်းတဲ့ အချိန်ကစပြီး အခုရေးချိန်အထိ ၆လကျှော ရှာဖွေလေ့လာ ခဲ့ပာတယ်။ ဒီဆောင်းပားရဲ့ အောက်ခြေမှာ လေ့လာခဲ့တဲ့ စာအုပ်တွေ စာတမ်းတွေကို ဖှောပြထားပာတယ်။

ဦးရွှေမောင်


ပုံ(၁) U Shwe Moung

ပထမဆုံး လူမျောက်ဖြစ်တဲ့ ဦးရွှေမောင်ကို ၁၇၉၆ ခုနှစ်မှာ သံလွင်မြစ် (သို့) မုတဿတမြစ် ဘေးက လောနိုင်ငံ မိုင်းရုံးကြီးနယ်မှာ မွေးဖွားခဲ့တယ်။ (ပထဝီ အခြေအနေနဲ့ အေခာှအေဝာှအရ အဲဒီဒေသဟာ အခု ထိုင်းနိုင်ငံထဲက Mae Yong ပဲဖြစ်ဖို့ များပာတယ်) အဲဒီဒေသကို အပိုင်စားတဲ့ စှောဘွား တစ်ယောက်က ထူးထူးဆန်းဆန်း အမွေးအမျှင်တွေနဲ့ ကလေးငယ်ကို မြန်မာဘုရင်ထံ အထူးအဆန်း လက်ဆောင် ပဏဿဏာအဖြစ်နဲ့ ဆက်သလိုက်တာမို့ သူ့အသက် ငားနှစ်သား အရွယ်မှာ အင်းဝဘုရင် ထံကို ရောက်လာပာတယ်။ သူ့တစ်ကိုယ်လုံးမှာ အမွေးနုနုလေးတွေ ရှည်လျားစွာ ပောက်နေတယ်။ သူ့မျက်လုံး အသားအရေ ပုံစံ စတာတွေက မြန်မာတွေနဲ့ မတူဘူးလို့ ဆိုပာတယ်။ (ဒီအဖြစ်အပျက်တွေကို ၁၈၂၆မှာ ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့တဲ့ အဂဿငလိပ် သံအဖွဲ့က ကရောဖို့(ဒ်) မှတ်တမ်းကို လူထုဒှောအမာ ဆောင်းပားထဲမှာ ဖတ်နိုင်ပာတယ်)

ရွှေမောင်ဟာ အဲဒီကတည်းက နန်းတွင်းမှာ ပျှောတှောဆက်အဖြစ်နဲ့ ကြီးပြင်းလာခဲ့တယ်။ မျောက်တွေလို ကပြ ဖျှောဖြေရပာသတဲ့။ သူ့မိဘတွေမှာရော သူတို့ မျိုးနွယ်စုထဲမှာပာ သူ့လို အမွေးအမျှင်တွေ မရှိဘူးလို့ သူက ပြောပာတယ်။ လူပျိုအဖြစ်ကို အသက်၂၀ အရွယ်မှ ရောက်ပာတယ်တဲ့။ အသက် ၂၂ မှာတော့ ဘုရင်က (ဘကြီးတှောဘုရား) သူ့ကို လှတဲ့ နန်းတွင်းသူ တစ်ယောက်နဲ့ လက်ထပ်ပေးပာတယ်။ သူတို့ ကလေး လေးယောက်ရခဲ့တယ်။ အားလုံးက မိန်းခလေးတွေချည်းပာပဲ။ နှစ်ယောက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပားသွားခဲ့ပြီး တတိယ သမီးလေးက မိခင်ဖြစ်သူနဲ့ အတှော့ကို တူပာသတဲ့။ နောက်ဆုံး ၂နှစ်အရွယ် ကလေး တစ်ယောက်ကတော့ သူ့လိုပဲ အမွေးအမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံး သမီးက ရွှေမောင်ရဲ့ အမွေကို ဆက်ခံတဲ့ မဖုံး ဖြစ်ပာတယ်။ ကရောဖို့(ဒ်)ရဲ့ စာအုပ်ထဲမှာ ကိုရွှေမောင်နဲ့ သမီးမဖုံးရဲ့ပုံဆိုပြီး ဖှောပြခဲ့ရာမှာ ကိုရွှေမောင်ရဲ့ပုံက ဟုတ်ပေမယ့် မဖုံးရဲ့ပုံက မှားနေတယ်လို့ နောက်ပိုင်းမှာ ဟင်နရီနယူး(လ်)က ထောက်ပြခဲ့ပာတယ်။


ပုံ(၂) ကိုရွှေမောင်တို့ အကြောင်းကို ပထမဆုံး မှတ်တမ်းတင်ခဲ့သူ John Crawfurd


မဖုံး


ပုံ(၃) Ma Phoon

အဲဒီနောက် ၁၈၅၅မှာ အင်းဝကို ကပဿပတိန် ဟင်နရီယူး(လ်) ရောက်လာခဲ့ပာတယ်။ သူတို့ ရောက်လာချိန်မှာတော့ ကိုရွှေမောင့်သမီး မဖုံးဟာ အသက် ၃၁အရွယ် ရှိနေပာပြီ။ သူ့ကို အီတလီလူမျိုး တစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြားကို ခှောသွားဖို့ ကြိုးစားပာသေးတယ်။ ဒာပေမယ့် သီပောမင်းက ခွင့်မပြုခဲ့ပာဘူး။ နောက်ဆုံးတော့ မဖုံးကို ဘုရင်ကပဲ သာမန်အရပ်သား တစ်ယောက်နဲ့ လက်ထပ်ပေးခဲ့တာလို့ ဆိုရပာမယ်။ ဟင်နရီယူး(လ်)တို့ လာရောက်ချိန်မှာ မဖုံးမှာ သားလေး နှစ်ယောက်တောင် ရနေပာပြီ။ ဦးရွှေမောင်ကတော့ လူဆိုးဓားပြတွေ သတ်ဖြတ်လို့ ကွယ်လွန်ပြီးခဲ့ပြီလို့ သိရပာတယ်။ မဖုံးဟာလည်း သူ့အဖေ ဦးရွှေမောင်လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည်တွေနဲ့ ဖုံးလို့နေပာတယ်။ မဖုံးကနေ သားသမီး သုံးယောက် မွေးဖွားခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက်နဲ့ မမိ တို့ဟာ မဖုံးလိုပဲ တစ်ကိုယ်လုံးမှာ အမွေးတွေနဲ့ ဖြစ်ပာတယ်။


ပုံ(၄) ၁၈၅၅မှာ မဖုံးအကြောင်းကို မှတ်တမ်းတင်နိုင်ခဲ့သူ Sir Henry Yule (May 1, 1820 - December 30, 1889)

သူတို့မိသားစုဟာ သူတို့ကို အထူးအဆန်း လာကြည့်တဲ့ နိုင်ငံခြားသားတွေ ဆီကနေ အခကြေးငွေကို ကောက်ခံပြီး အသက်မွေး ဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ဟာ ကြည့်ရှုသူ တစ်ယောက်ချင်းစီကနေ ရူပီးငွေလေးဆယ် ယူတယ်လို့ သိရပာတယ်။

နာမည်ကြီး ဖျှောဖြေတင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဘာနမ်ဟာ ၁၈၇၁ ခုနှစ် ကတည်းက သူတို့ကို အမေရိကန်ခှောပြီး သူ့ရဲ့ (Greatest Show On Earth) ဆိုတဲ့ ဆပ်ကပ်ပွဲကြီးမှ ပြစားဖို့ ကြိုးစားခဲ့တယ်။ ဒာပေမယ့် ဘုရင်က ခွင့်မပြုခဲ့ဘူး။ ၁၈၈၅မှာတော့ သီပောမင်း နန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ မဖုံးတို့ မိသားစုဟာ နေပြည်တှောကနေ တောတွင်းတစ်နေရာကို ထွက်ပြေးခဲ့ကြတယ်။ မောင်ဖိုးဆက်ဟာ မျက်စိ မကောင်းတော့တဲ့ မိခင် မဖုံးကို ကျောမှာပိုးပြီး ထွက်ပြေးခဲ့တယ်လို့ ဆိုပာတယ်။ တောထဲမှာ သူတို့ ဒုကဿခ ရောက်နေစဉ်မှာပဲ သီပောမင်းထံမှာ အမှုထမ်းခဲ့ဖူးတဲ့ အီတလီလူမျိုး အရာရှိ ကပဿပတိန် ပေပာနိုက (Captain Paperno) သူတို့ကို ရှာတွေ့ပြီး ကယ်တင်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဥပရောကို ပို့ဖို့ စီစဉ်ခဲ့ပာတယ်။ ၁၈၈၆ ဇွန်လထဲမှာ မမိ ကွယ်လွန်ခဲ့တယ်လို့ ဆိုပာတယ်။ အသက် ၂၃နှစ် အရွယ်လောက်မှာ ဖြစ်ပာလိမ့်မယ်။ ၁၈၈၆ နွေရာသီမှာတော့ သူတို့ကို လန်ဒန်မြို့ ပီကာဒလီ လမ်းပှောက Egyptian Hall မှာ ပြန်လည် တွေ့မြင်ရပာတယ်။


မဖုံးနဲ့ မောင်ဖိုးဆက်


Ma Phoon (31yrs) and Moung Phoset (14months)

၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံးနဲ့ မောင်ဖိုးဆက်တို့ အဂဿငလန်ကို ရောက်လာခဲ့ပာတယ်။ အဲဒီအချိန်မှာ မဖုံး အသက်က ၆၂ နှစ်လောက် ရှိနေပြီဖြစ်ပြီး မျက်စိလည်း ကွယ်နေပာပြီ။ ဘာနမ်လည်း သူတို့ရှိရာ အဂဿငလန်ကို လိုက်လာပာတယ်။ သူ့အကြံက အမေရိကားမှာ စီစဉ်တင်ဆက်နေတဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံးတို့ သားအမိ နှစ်ယောက်ကို ပြသဖို့ပာပဲ။ ဒာပေမယ့် သူ့ထက်အရင် လာပြီး စည်းရုံးနေတဲ့ အခြားသော ပွဲစီစဉ်နေသူတွေလည်း အဲဒီကို ကြိုရောက်နေတာကို တွေ့ခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဘာနမ်ဟာ အခြားသူတွေပေးတဲ့ဈေးထက် အများကြီးပိုပေးပြီး (ယခုခေတ် ဒှောလာ ၂.၃သန်းလောက် ပေးရတယ်လို့ သိရပာတယ်) သူတို့မိသားစုကို ၁နှစ် စာချုပ်နဲ့ သူ့ဆီမှာ ပြသဖို့ သဘောတူညီချက် ရရှိခဲ့ပာတယ်။ မဖုံးနဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန်ကနေ ပြင်သစ်နိုင်ငံက နာမည်ကျှော Folies Bergere ကိုလည်း ရောက်သွားခဲ့ပာသေးတယ်။ အဲဒီနောက် သူတို့ဟာ ဘာနမ်နဲ့ သဘောတူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ ဆပ်ကပ်ပွဲတွေမှာ လိုက်ပာ ဖျှောဖြေခဲ့ကြတယ်။


ပုံ(၅) မဖုံးတို့ကို အမေရိကားမှာ ပြစားခဲ့သည့် Phineas Taylor Barnum (July 5, 1810 – April 7, 1891)

စာချုပ်သက်တမ်း မကုန်ဆုံးမီကာလ ၁၈၈၈ ခုနှစ် ဖေဖှောဝာရီလမှာတော့ မဖုံးဟာ အမေရိကန်နိုင်ငံ ဝာရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တယ်။ ၁၈၅၅ ကပဿပတိန် ဟနရီယူး(လ်) လာတုန်းက သူမအသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန်ချိန်မှာ အသက် ၆၄နှစ်လို့ မှတ်ယူရပာတယ်။ သူ့ဈာပနကို ဝာရှင်တန်ဒီစီ သခဿငျိုင်းမှာပဲ မြန်မာ ထုံးတမ်းစဉ်လာ အတိုင်း သဂြဿငိုဟ် ခဲ့တယ်လို့ သိရပာတယ်။


မောင်ဖိုးဆက်


ပုံ(၆) မောင်ဖိုးဆက်

မဖုံး ကွယ်လွန် သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့အတူ ဆက်ပြီး ပွဲတွေ ပြသခဲ့တယ်လို့ ယူဆရပာတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်းအပျိုတှော တစ်ဦး ဖြစ်ပာတယ်။ မောင်ဖိုးဆက်ဟာ တစ်ကိုယ်လုံး အမွေးတွေဖုံးနေပေမယ့် ခားကနေစပြီး ဒူးအထိ မင်ကြောင်အပြည့် ထိုးထားတယ် နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျသလို ဆက်ဆံရေး ကောင်းမွန်တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင်ဖိုးဆက် အကြောင်း နောက်ဆုံး နောက်ဆုံး တွေ့ရတာက ၁၈၉၄ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World's Columbian Dental Congress, Volume 1 မှာပာ။ အဲဒီအထဲက ဆရာဝန်တစ်ယောက်ဟာ မောင်ဖိုးဆက်ကို ၁၈၉၁မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပာတယ်။ သူ့ရဲ့ သွားတွေကို စစ်ဆေးကြည့်ဖို့ ကြိုးစားပေမယ့် ပွဲစီစဉ်သူတွေက ခွင့်မပြုခဲ့ဘူးလို့ ဆိုပာတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ သတင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။


ကွဲပြားချက်များ ထူးခြားချက်များ

ဂျွန်ကရောဖို့(ဒ်) နဲ့ ဟင်နရီယူး(လ်) ရဲ့ မှတ်တမ်းကို အထောက်အထားပြု ရေးသားထားတဲ့ လူထုဒှောအမာရဲ့ ဈေးကောက် လူမျောက် ဆောင်းပားနဲ့ မြကေတုရဲ့ ဆောင်းပားတွေမှာ ထူးခြားတာ မတွေ့ရပေမယ့် ဦးစိန်မောင်ဦးရဲ့ လူမျောက်မိသားစုနှင့် သိပဿပံပညာအမြင် ဆောင်းပားမှာတော့ ထူးခြားတာ တွေ့ရပာတယ်။ ဦးစိန်မောင်ဦး ဆောင်းပားမှာ လောနိုင်ငံမှ ရောက်လာတဲ့ လူမျောက်ကို ဦးရွှေမောင်လို့ လက်ခံပာတယ်။ သူ့သမီး မယ်ဖုံးအထိ ဟုတ်နေပေမယ့် မယ်ဖုံးကနေမွေးလာတဲ့ လူမျောက်ကလေးကိုလည်း ကိုရွှေမောင်လို့ နာမည်ပေးထား ပြန်ပာတယ်။ ပြီးတော့ မောင်ရွှေမောင်နောက်မှာ ရွှေမိနဲ့ ရွှေမြ ဆိုပြီး သမီးနှစ်ယောက် ထပ်ရသေးတယ်လို့ ဆိုပာတယ်။ ရွှေမိဟာ မောင်ရွှေမောင်လိုပဲ အမွေးတွေနဲ့ ဖြစ်ပာသတဲ့။ ဒာကြောင့် မင်းတုန်းမင်းက သူတို့ မောင်နှမ နှစ်ယောက်ကို မလွန်ဈေးရဲ့ ဈေးကောက်အဖြစ် စားစေတယ်လို့ ဆိုပာတယ်။ ဟင်နရီယူး(လ်)ရဲ့ မှတ်တမ်းအရဆိုရင် သူနဲ့ တွေ့တဲ့အချိန်မှာ မဖုံးမှာ သားယောက်ျားလေး နှစ်ယောက် ရှိနေပာပြီ။ သားအကြီးဟာ ဘာမှ မထူးခြားပေမယ့် သားအငယ်ကတော့ မဖုံးလိုပဲ ဖြစ်ပာတယ်။ အခြားသော မှတ်တမ်း အစောင်စောင်မှာ မဖုံးသား မောင်ဖိုးဆက်(ဆယ်) လို့ တွေ့ရပေမယ့် ဦးစိန်မောင်ဦးက ကိုရွှေမောင်လို့ ရေးထားတာကတော့ ထူးဆန်းနေပာတယ်။ ဒဂုန်ခင်ခင်လေး စာဆိုတှောဝတဿထု ရေးသားရာမှာလည်း အမှတ်မှားပြီး ကိုရွှေမောင်လို့ ရေးမိတယ် ထင်မိပာတယ်။ ဦးရွှေမောင်ဟာ ဟင်နရီယူး(လ်)တို့ မလာခင် နှစ်များစွာကပဲ ဓားပြတွေ လက်ချက်နဲ့ ကွယ်လွန်ခဲ့ပြီးပာပြီ။ သူပြောတဲ့ သမီးနှစ်ယောက် ဆိုတာကလည်း ဟင်နရီယူး(လ်) မှတ်တမ်းနဲ့ဆို မကိုက်ညီပြန်ပာဘူး။

မောင်သန်းဆွေ(ထားဝယ်)ရဲ့ လူမျောက်ရှင်းတမ်းကတော့ သူရိယ ရုပ်စုံသတင်းက အကြောင်းအရာကို ပြန်ပြီး ဖှောပြထားတာပာ။ သူ့ဇာတ်လမ်းက ပုံပြင်လို ဖြစ်နေပေမယ့် နာမည်တွေကတော့ အခြားသော မှတ်တမ်း အစောင်စောင်နဲ့ အတှောလေး ကိုက်ညီတာကို တွေ့ရပာတယ်။ ဒာပေမယ့် သူ့ဆီမှာတော့ လူမျောက်အစဟာ ဦးရွှေမောင် မဟုတ်ဘဲ ဦးဘိုးမောင်လို့ ဆိုပာတယ်။ ဦးဖိုးမောင်ရဲ့ ပထမ မိန်းမနာမည်က မမိန်းခလေး ဖြစ်ပာသတဲ့။ ဦးဘိုးမောင် မျောက်ဖြစ်သွားတဲ့အခာ စကား မပြောတတ်တော့ဘူး ဆိုတာကတော့ ကရောဖို့(ဒ်)ရဲ့ ကိုယ်တွေ့နဲ့ လွဲပာတယ်။ မမိန်းခလေးဟာ ဦးဘိုးမောင် မျောက်ဖြစ်သွားပြီး ပျောက်သွားတာကြောင့် သားနှစ်ယောက်ကို ခှောပြီး ထွက်သွားလိုက်တာ ပြန်ရှာလို့ မရတော့ပာဘူးတဲ့။ ဒာနဲ့ ဘုရင်က ဦးဘိုးမောင်ကို ယူဝံ့တဲ့သူကို ဆုလာဘ်ထုတ်ပြီး ရှာဖွေတဲ့အခာ မှန်နန်းအပျိုတှောထဲက ငားရွာစား မမကြီး ဆိုသူက လက်ခံတာကြောင့် ပေးစားပာသတဲ့။ သူတို့ကနေ သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားပာသတဲ့။ သမီးဖြစ်သူ မပုံဟာ ဦးဘိုးမောင်လို အမွေးတွေနဲ့လို့ ဆိုပာတယ်။ မပုံ အရွယ်ရောက်တော့ ဘုရင်က သူ့အဖေတုန်းကလိုပဲ ဆုလာဘ်ထုတ်ပြီး မပုံကို ယူမယ့်သူကို ရှာစေတဲ့အခာ လူပျိုတှော မောင်မောင်လေး ဆိုသူက လက်ခံလို့ မပုံနဲ့ ပေးစားပာတယ်။ မပုံကနေ ပထမသား ကိုကြယ်၊ ဒုတိယသား ကိုဆယ်၊ တတိယသမီး မယ်မိ (သူရိယရုပ်စုံသတင်းမှာ ပြထားတဲ့ ရုပ်ပုံမှာတော့ လူမျောက်မပုံနှင့် သမီးအထွေး လူမျောက်မလေး မယ်အိတို့ပုံလို့ ပာပာတယ်၊ စာမှားရိုက်သလား မသိပာ) တို့ကို ဖွားမြင်ပာသတဲ့။ ကိုဆယ်နဲ့ မယ်မိတို့ဟာလည်း မပုံလိုပဲ အမွေးတွေ ဖုံးလွှမ်း နေပာသတဲ့။ နောက်တော့ မယ်မိဟာ ဣနဿဒာဒေဝ စောင်းဆရာကြီးရဲ့ညီ မောင်ဘိုးထူးနဲ့ သင့်မြတ်ပြီး လူမျောက်မလေး တစ်ယောက် မွေးဖွားပာသတဲ့။ ဒာပေမယ့် မီးတွင်းထဲမှာပဲ မယ်မိ ကွယ်လွန်တယ် ဆိုပာတယ်။ မွေးလာတဲ့ လူမျောက်မလေးလည်း ၃လ အရွယ်မှာ ကွယ်လွန်ပာသတဲ့။ မပုံနဲ့ ကိုဆယ်တို့ကတော့ သီပောမင်းလက်ထက် တိုင်အောင် ဈေးကောက် ကောက်စား လာလိုက်တာ သီပောမင်း ပာတှောမူတဲ့အထိ ဖြစ်တယ်လို့ ဖှောပြထားပာတယ်။

Jan Bondeson ရေးတဲ့ The two-headed boy, and other medical marvels ဆိုတဲ့ စာအုပ်မှာတော့ ဘယ်စာအုပ်မှာမှ မပာသေးတဲ့ အရေးကြီးတဲ့အချက် တစ်ခုကို တွေ့ရပာတယ်။ သူတို့ ပြင်သစ်မှာ ရှိနေခိုက် ဿပြင်သစ်နိုင်ငံသား Anthropologist တစ်ယောက်ဖြစ်တဲ့ M. Guyot-Daubes က သူတို့ရဲ့ တာဝန်ခံ Farini ကို လာတွေ့ပြီး အင်တာဗျူးတစ်ခု လုပ်ခဲ့ပာတယ်။ အဲဒီမှာ မဖုံးရဲ့ ဖခင်ဖြစ်သူ ကိုရွှေမောင်ရဲ့ ဇာတ်လမ်းကို သိရပာတယ်။ တကယ်တော့ ကိုရွှေမောင်နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးဟာ ဆွေကြီးမျိုးကြီးထဲက ဖြစ်ပာတယ်တဲ့။ မိဖုရားအပား ခစားရသူ အဆင့်မြင့် နန်းတွင်းသူ တစ်ဦးလည်း ဖြစ်ပာသတဲ့။ ဘာသာရေးအဆုံးအမ တစ်ခုနဲ့ မကိုက်ညီတာကို ပြုမိတဲ့ အပြစ်ကြောင့် ဘုရင်က တံကျင်လျှိုသတ်ဖို့ အမိန့်ချမှတ်ပြီးခာမှ တလုတ်ကုန်းမှာ ကိုရွှေမောင်ကို လက်ထပ်မယ်ဆိုရင် အသက်ချမ်းသာပေးမယ် ဆိုတာကြောင့် လက်ထပ်ခဲ့ရတာလို့ ဆိုပာတယ်။ ဒာပေမယ့် ဒာဟာ ဖာရီနီက သူ့ရဲ့ ဇာတ်ကောင်တွေကို ပိုပြီး ထင်ရှားစေချင်လို့ ပိုပိုသာသာ ပြောတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက် တွေ့ရပာတယ်။ ကိုရွှေမောင်ရဲ့ မိန်းမဟာ ချောမောလှပတဲ့ မြန်မာအမျိုးသမီး တစ်ယောက် ဖြစ်တယ်လို့ ကရောဖို့(ဒ်)ရဲ့ မှတ်တမ်းမှာ တွေ့ရပာတယ်။

မောင်ဖိုးဆက်ရဲ့ သမီးဖြစ်သူ မမိဟာ အသက် ၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ ဘွန်ဒီဆန်ရဲ့ စာအုပ်ထဲမှာ ဆိုထားတယ်။ မမိ ဆိုတာကို မောင်ဖိုးဆက်ရဲ့ ညီမမဟုတ်ဘဲ သမီးဖြစ်သူလို့ ဖှောပြခဲ့တယ်။ ဒာပေမယ့် ၁၈၇၁ ခုနှစ်ထုတ် အိနဿဒိယနေ့စဉ်သတင်းစာ မှာတော့ အသက် ၄၅နှစ်အရွယ် အမျိုးသမီးကြီး၊ အသက်၂၀ အရွယ် ယောက်ျား၊ ၁၁ နှစ် သမီးတစ်ယောက် လို့ ပာရှိခဲ့တာမို့ မမယ်ဟာ မောင်ဖိုးဆက်အောက် ကိုးနှစ်ငယ်တဲ့ ညီမလို့ ယူဆရပာတယ်။ Buchanan's Journal of Man, February 1887 Volume 1, Number 1 ထဲမှာလည်း မောင်ဖိုးဆက်မှာ သားသမီး မရှိဘူးလို့ ဆိုထားတာမို့ မမိဟာ မောင်ဖိုးဆက်ရဲ့ ညီမ ဖြစ်ဖို့ များတယ်လို့ ထင်မိပာတယ်။ အောက်က ဓာတ်ပုံအရ ဆိုရင်လည်း အမျိုးသမီးငယ်ဟာ မောင်ဖိုးဆက်ရဲ့ သမီး ဘယ်လိုမှ မဖြစ်နိုင်ပာဘူး။


ပုံ(၇) From Martin Monestier's Human Oddities.

ဒီပုံဟာ Martin Monestier ရဲ့ Human Oddities ဆိုတဲ့ စာအုပ်ထဲမှာ ပာတဲ့ပုံပာ။ ဒီပုံမှာ မဖုံးထိုင်နေတဲ့ ထိုင်ခုံဟာ တခြားပုံတွေမှာ ထိုင်နေတဲ့ ထိုင်ခုံနဲ့ မတူပာဘူး။ ပြီးတော့ ပုံထဲက သားဖြစ်သူ မောင်ဖိုးဆက်ဟာလည်း တှောတှောငယ်သေးတာကို တွေ့ရပာတယ်။ တချို့ကတော့ အလယ်မှာ ရပ်နေတဲ့ လူဟာ မဖုံးရဲ့ ယောက်ျား မောင်ဖိုးဆက်ရဲ့ အဖေ ဖြစ်လိမ့်မယ်လို့ တွက်ဆကြပာတယ်။


ပုံ(၈) Maphoon, Moung-Phoset and Mah-Me. The original Goss photograph from which the La Nature (1875) illustration was engraved

ပုံ(၈) ကတော့ ၁၈၇၅ မှာ ရိုက်ထားတဲ့ပုံ ဖြစ်ပာတယ်။ ၁၈၈၆ ဇွန်လထဲမှာ မမိ ဆုံးတယ်။ နိုင်ငံခြား သွားခာနီး မြန်မာပြည်ထဲမှာပဲ ဆုံးတယ်လို့ သိရပာတယ်။ ဒီပုံဟာ မမိမကွယ်လွန်မီ ရိုက်ကူးတဲ့ပုံ ဖြစ်တာမို့ အသက်ရှင်လျက်သား လူထူးဆန်း မိသားစု သုံးယောက်ကို တစ်စုတဝေးထဲ တွေ့ရတာမို့ ထူးခြားတဲ့ပုံလို့ သတ်မှတ်ရပာမယ်။


ပုံ(၉) မဖုံးတို့ မိသားစု နိုင်ငံခြား မသွားမီပုံ

အထက်က ပုံ(၉) ဟာလည်း ထူးခြားပာတယ်။ ဒီပုံအလယ်မှာ ရပ်နေတဲ့ နိုင်ငံခြားသားကို မောင်သန်းဆွေ(ထားဝယ်)က ဂျွန်ကရောဖို့(ဒ်)နှင့် ကိုရွှေမောင် မယ်ဖုံတို့ မိသားစုလို့ နာမည် တပ်ထားပာတယ်။ ပုံ(၁၀)နဲ့ တိုက်ဆိုင်ကြည့်တဲ့အခာ ရပ်နေတဲ့ နိုင်ငံခြားသားဟာ သူတို့ကို နိုင်ငံခြား ပို့ပေးခဲ့တဲ့ အီတလီအရာရှိ Captain Paperno များ ဖြစ်မလားလို့ စဉ်းစားမိတယ်။ ဒာပေမယ့် ရုပ်သွင်က အီတလီထက် အဂဿငလိပ်လူမျိုးနဲ့ ပိုတူနေပာတယ်။ ဒာမှမဟုတ် သူတို့ရဲ့ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကပဿပတိန် Farini များလားလို့ ထင်မိပာတယ်။ ဒီပုံမှာပာတဲ့ ယာဘက် အစွန်ဆုံးက အမျိုးသမီးဟာ မောင်ဖိုးဆက်ရဲ့ မိန်းမ နန်းတွင်းအပျိုတှော ဖြစ်ပာတယ်။ အောက်က ထိုင်နေတဲ့သူကတော့ မဖုံး မျက်စိမကောင်းတော့လို့ ဝတ်ကြီးဝတ်ငယ် ပြုစုဖို့ ခှောထားတဲ့သူ ဖြစ်ပာတယ်။ ဂျွန်ကရောဖို့(ဒ်)ဟာ May 11, 1868 မှာ ကွယ်လွန်ခဲ့တာမို့ ကွယ်လွန်ချိန်မှာ မဖုံးအသက် ၄၆နှစ်၊ မောင်ဖိုးဆက်အသက် ၁၅နှစ်လောက်သာ ရှိနေဦးမှာပာ။ ၁၅နှစ်မှာ မောင်ဖိုးဆက် အိမ်ထောင် မကျလောက်သေးပာဘူး။


ပုံ(၁၀) မောင်ဖိုးဆက်မိန်းမ၊ မောင်ဖိုးဆက်၊ မဖုံး၊ မဖုံး၏ အကူလူ Charles Eisenmann cabinet card, 1887 (Mitchell).

ပုံ(၉) က မြန်မာပြည်က မထွက်ခွာခင် ရိုက်ထားတာလို့ ယူဆချင်စရာ ဖြစ်ပြီး ပုံ(၁၀) ကတော့ နိုင်ငံခြားရောက်မှ ရိုက်ထားတဲ့ပုံ ဖြစ်ပာတယ်။ ဘာလို့လဲဆိုတော့ နောက်ပုံဟာ ၁၈၈၇ ခုနှစ်မှာ ရိုက်ထားတာ ဖြစ်ပြီး အဲဒီပုံမှာ တွေ့ရတဲ့ သူတို့ရဲ့ အဝတ်အစား၊ လက်ဝတ်တန်ဆာ စတာတွေကို ပထမပုံမှာ မတွေ့ရလို့ပာပဲ။ နောက်ပြီး မောင်မျိုးဆက်ရဲ့ မိန်းမရော၊ မဖုံးရဲ့ အကူကောင်လေးရော ပုံ(၁ဝ)လောက် မဝသေးတာကို တွေ့ရပာတယ်။

လူထုဒှောအမာရဲ့ စာအုပ်ထဲမှာ လူမျောက် မောင်နှမကို မလွန်မင်းသားကြီးက မလွန်ဈေးကြီးရဲ့ ဈေးကောက် ခန့်အပ်တယ်လို့ ပာဝင်ပာတယ်။ မောင်သန်းဆွေ(ထားဝယ်)ရဲ့ လူမျောက်ရှင်းတမ်းမှာလည်း မဖုံးမှာ ကိုကြယ်၊ ကိုဆယ်၊ မမိ ဆိုပြီး သားသမီး သုံးယောက် ရှိတယ်လို့ သူရိယရုပ်စုံမဂဿဂဇင်းက ဆိုထားတဲ့အကြောင်း ပာတဲ့အတွက် အထက်က အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ ဆက်စပ်ကြည့်လိုက်မယ် ဆိုရင် မောင်ဖိုးဆက် ဒာမှမဟုတ် မောင်ဖိုးဆယ် နဲ့ မမိ ဟာ မောင်နှမသာ ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပာပြီ။

၁၈၆၈ ခုနှစ်မှာ Captain Houghton ဆိုသူက မဖုံးတို့ မိသားစုရဲ့ ဓာတ်ပုံတွေကို လန်ဒန်မှာ ပြသခဲ့တယ်။ အဲဒီအချိန်မှာ မဖုံးအသက် ၄၄နှစ်၊ သားအကြီးက ၁၈နှစ်၊ သားအငယ်က ၁၄နှစ် အသီးသီး ရှိနေကြပြီ ဖြစ်ပာတယ်။ ပြီးတော့ သူကနေ ဒောက်တာ ဟာမန်ဘီဂယ်ကို ပေးပို့ပြီး သိပဿပံစာစောင်တွေမှာ ဖှောပြခဲ့ပာတယ်။ သူတို့ရဲ့ အခြား ဓာတ်ပုံ တှောတှောများများကို ရိုက်ကူးခဲ့ကြသူတွေက L.Allen.Goss၊ Le Double AF၊ Hossay စတဲ့သူတွေ ဖြစ်ပာတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေဟာ အခုချိန်ထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Musee de l'Homme ပြတိုက်၊ British Museum (Natural History)၊ Royal Anthropological Institute in London စတဲ့ နေရာတွေမှာ ရှိနေပာသေးတယ်။

အမေရိကန် ဝာရှင်တန်ဒီစီ သခဿငျိုင်းမှာ မဖုံးကို သဂြဿငိုဟ်ခဲ့တာမို့ သူတို့ဆီက မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးကြည့်နိုင်ရင် ကွင်းဆက် ပျောက်ကွယ်နေတဲ့ မောင်ဖိုးဆက်တို့ရဲ့ အကြောင်းတွေကိုလည်း သိကောင်း သိလာနိုင်စရာ ရှိပာတယ်။


ဟင်နရီနယူး(လ်) ထောက်ပြခဲ့တဲ့ ကရောဖို့ဒ် မှားပြီးရေးဆွဲခဲ့သော ဦးရွှေမောင်နဲ့ သမီးမဖုံးပုံ


မဖုံး၊ မောင်ဖိုးဆက်နဲ့ မမိတို့ကို တွေ့ရစဉ် (မမိမကွယ်လွန်ခင်လေးက ရိုက်ထားတဲ့ပုံ ဖြစ်မယ်)


မဖုံးနဲ့ မောင်ဖိုးဆက် (မဖုံးအသက်တှောတှော ကြီးနေပြီ)


မဖုံး


မဖုံးငယ်ငယ်၊ မောင်ဖိုးဆက် အသက် ၂ဝလောက်မှာ ရိုက်ထားတဲ့ပုံ ဖြစ်မယ်လို့ ထင်ရတယ်။ မမိမှာ အတှောငယ်သေးတာ တွေ့ရပာမယ်။


မဖုံးရဲ့ အမွေးပောက်ပုံကို မှတ်တမ်းတင်ထားပုံ























ရွှေမောင်

၁၇၉၆ မွေး
၁၈၀၁ ဘကြီးတှောဆီရောက်
၁၈၁၈ အိမ်ထောင်ကျ အသက် ၂၂
၁၈၁၉-၁၈၂၆ ကလေး လေးယောက်မွေး ပထမ ၂ယောက်သေ
၁၈၂၁ မှာ တတိယ သမီးမွေး
၁၈၂၄ မှာ သူ့ဗီဇ အပြည့်ပာတဲ့ သမီး မဖုံးကိုမွေး
၁၈၂၆ ကရောဖို့နဲ့တွေ့ အသက် ၃၀
၁၈၅၅ မတိုင်ခင်မှာ ကိုရွှေမောင် ကွယ်လွန်


မဖုံး

၁၈၂၄ မှာ မွေး
၁၈၅၅ စက်တင်ဘာ ၁၈ မှာ Henry Yule တို့နဲ့တွေ့
၁၈၅၀ သားအကြီးကိုမွေး
၁၈၅၄ မှာ သူ့ဗီဇ အပြည့်ပာတဲ့ သား မောင်ဖိုးဆက်ကို မွေး
၁၈၆၃ မှာ သူ့ဗီဇ အပြည့်ပာတဲ့ သမီး မမိကို မွေးတယ်လို့ ခန့်မှန်းရ
၁၈၈၆ ဇွန်လ သမီး မမိ ကွယ်လွန်
၁၈၈၆ နှစ်ကုန်ပိုင်းလောက်မှာ အဂဿငလန်ကို သွား
၁၈၈၈ ဖေဖှောဝာရီလ အမေရိကန်နိုင်ငံ ဝာရှင်တန်ဒီစီမှာ ကွယ်လွန်


မောင်ဖိုးဆက်

၁၈၅၄ မှာ မွေးဖွား
၁၈၈၅ မှာ မနဿတလေးကနေ တောထဲကို ထွက်ပြေး
၁၈၈၆ နှစ်ကုန်ပိုင်းလောက်မှာ အမေ၊ မိန်းမ၊ အကူတစ်ယောက်နဲ့အတူ အဂဿငလန်ကို ထွက်ခွာ
၁၈၈၆ နှစ်ကုန်ပိုင်းလောက်အထိ Barnum လန်ဒန်မြို့ ပီကာဒလီလမ်းပှောက Egyptian Hall မှာ ဖျှောဖြေ
၁၈၈၇ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Folies Bergere မှာ ဖျှောဖြေ
၁၈၈၇ နောက်ပိုင်း Barnum အဖွဲ့နဲ့ အမေရိကန်တစ်ခွင် လှည့်လည်ပြသတယ်လို့ ခန့်မှန်းရ



References

  • စာဆိုတှော၊ ဒဂုန်ခင်ခင်လေး
  • ရတနာပံုမနဿတေလး မနဿတေလး က်ြန္မတို့မနဿတေလး၊ လူထုေဒာှအမာ
  • နန်းမူနန်းရာ မြကေတု စာပောင်းချုပ်၊ မြကေတု
  • ဝိုးတဝားသမိုင်းပုံရိပ်များ၊ ဦးစိန်မောင်ဦး
  • ထီးအငွေ့နန်းအငွေ့၊ မောင်သန်းဆွေ (ထားဝယ်)
  • Journal of an embassy from the governor general of India to the court of Ava by John Crawfurd
  • A narrative of the mission sent by the governor-general of India to the court of Ava in 1855, with notices of the country, government, and people (1858)
  • The Human Hair: It’s Structure, Growth, Diseases, And Their Treatment (1869)
  • The Two-Headed Boy, And Other Medical Marvels By Jan Bondeson
  • Journal of the Royal Society of Medicine, Volume 89, July 1996, pp. 403-408
  • Transactions of the Ethnological Society of London, Vol. 7 (1869), pp. 53-59
  • Transactions / World's Columbian Dental Congress, Volume 1 (1894), pp. 260-261
  • http://www.munseys.com/diskfive/buma.htm#1_0_13
  • http://www.phreeque.com/mah_phoon.html
  • http://library.syr.edu/digital/guides/print/becker_eisenmann_prt.htm
  • http://www.nationalarchives.gov.uk/imagelibrary/entertainment/default.htm
  • http://www.quasi-modo.net/Very_Hairy_Women.html
  • http://www.mdig.com.br/index.php?itemid=9323


Download this article [ Pdf | 800k ]

32 Responses to “ကုန်းဘောင်ခေတ် လူမျောက် မိသားစု နောက်ဆက်တွဲ”

exiter said...

လုံးဝမသိသေး တာကိုသိလိုက်ရတယ် ...

:) said...

ဇော်ဂျီ 2009 ကို download လုပ်ဖို့ ပေးတဲ့ လင့်ကို သွားပါတယ်။ http://newzawgyi.googlecode.com/svn/latest/ အကုန် ဒေါင်းပြီး run ရမှာလား။ တချို့လင့်က run မရဘူး ၊ keymaster ဆိုတာတော့လုပ်ပြီးပြီ။ စာခုထိကောင်းကောင်းမမြင်ရသေးဘူး။

NLS said...

http://newzawgyi.googlecode.com/svn/latest/Zawgyi-One_v4.30_November_14_20.ttf

မလွန်မင်းသားကြီးက ဈေးကောက် စားစေတဲ့ လူမျောက်မိသားစု အကြောင်းကိုတော့ ငယ်ငယ်ကဖတ်ဖူးတယ်။ အခုလို စုံစုံလင်လင် သုတေသနလုပ် စုစည်းပြီး ဝေမျှပေးတဲ့ NLS ကိုကျေးဇူးတင်ပါတယ်။

မေဇင် said...

စိတ်ဝင်စားစရာကောင်းပါတယ်...ဒါပေမယ့် စာကိုကောင်းကောင်း မမြင်ရဘူး..မှန်းပြီး ဖတ်နေရတယ်...ဒေါင်းဖို့က နှိပ်လိုက်တော့ အများကြီးပေါ်လာတယ်။ ခု ကော်မန့်မှာပေးထားတဲ့ လင့်ကို ဖွင့်တော့ open & save ပေါ်ပြီး...open လုပ်တော့လဲ...မရပါ...save လုပ်ပြီးလဲ ...မရသေးပါ..း)

အရင်တုန်းက ၀ိုးတိုးဝါးတားသိခဲ့ရတာ...
အခု သေချာဖတ်လိုက်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်...

စုချစ်

pN said...

ဒီအကြောင်းတွေ မဖတ်ဖူးခဲ့ဘူး။ Yu Zhenhuan (world's hairiest man) အကြောင်းကိုပဲ Documentary တစ်ခုမှာ ကြည့်ဖူးခဲ့တယ်။ Thanks for sharing ။
(http://damncoolpics.blogspot.com/2009/09/worlds-hairiest-man-in-china.html)

ကိုညီလင်းဆက်ရေ..မသိသေးတာတွေ သိရတဲ့ အတွက် ကျေးဇူးပါ... သူတို့ ကမျောက်တော့ ဟုတ်ဘူးနော်...

စိတ်ဝင်တစားနဲ့ ဖတ်သွားတယ်။ ခြောက်လကျော်ကြာအောင် စုဆောင်းရှာဖွေတင်ပြပေးတဲ့ ညီလင်းဆက်ကို ကျေးဇူးပါ။

ဘယ်လိုအတိတ်ကံဝဋ်ကြွေးတွေကြောင့်များ သားစဉ်မြေးဆက် ခုလိုဖြစ်လာရတာလဲလို့ တွေးနေမိတယ်။

အခုလို (၆)လကျော် အချိန်ယူပြီး ပြုစုထားရတဲ့ မှတ်တမ်းကို ဖတ်ရတဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်။

အခုမှ ကြားဖူး၊ ဖတ်ဖူးတာပါ။

ဦးရွှေမောင်ရဲ့ တတိယသမီးနဲ့၊ ဒေါ်မယ်ဖုံးရဲ့ ပထမသားကြီး တို့ရဲ့ အမျိုးအနွယ်တွေ မြန်မာနိုင်ငံတွင်း ကျန်နေနိုင်သေးတာပေါ့နော်။

TZA said...

အလိုလေးလေး.. တခါမှမကြားဖူးတာ ကြားရ မြင်ရသွားတယ်။ သိုင်းကျူးပါ။

တာချီလိတ်က တရုတ်ကျောင်းမှာ ကလေးငယ်တစ်ယောက် တွေ့ဖူးတယ်။ ဒါပေမယ့် ပုံထဲကလောက် အမွေးမထူဘူး။ မျက်နှာတစ်ခုလုံးတော့ အမွေးမဲလေးတွေ သာမန်လူတွေထက် ပိုပေါက်နေတာတွေ့ရတယ်။ ကိုယ်ပေါ်မှာလည်း အမွေးမျှင်တွေ ထူမည်းကြီးပဲ... အသဲယားစရာ..

Rita said...

မဖုံး ပုံ (၃)နဲ့ ကလေး(မောင်ဖိုးဆက်) ပွေ့ထားတဲ့ပုံကို တနေရာရာ (စာအုပ်တအုပ်အုပ်) မှာ မြင်ဖူးခဲ့တယ်လို့ ထင်တယ်။

AZURE said...

အခု လို မျိုး..ဗဟုသုတရ စေ မယ့် အကြောင်း အရာ တွေ များ များ ဆက် ရေးနိုင်ပါစေ။

werewolf syndrome ပဲဗျ။ သူက androgen independent sites တွေမှာ ဖြစ်တာ။ ဟိုမုန်းနဲ့မဆိုင်လို့ ကလေးတွေဘာတွေလည်း မွေးနိုင်တာနဲ့တူတယ်။ ကုဖို့ကတော့ မလွယ်ဘူး...

စိတ်ဝင်စားစရာကောင်းတာက ရွှေမောင်က သာမန်လူနဲ့ အိမ်ထောင် ကျတဲ့အခါမှာ မိန်းကလေးတွေဟာ ရွှေမောင်ရဲ့ ပုံစံမျိုး ကို ရနိုင်မယ်။ ယောကျာ်းလေး တော့ မရနိုင်ဘူး။ gene ကို သယ်ဆောင်ထားတာမျိုးပဲ ဖြစ်နိုင်မယ်။

မဖုံးကတော့ မိန်းကလေးဖြစ်တဲ့အတွက် သားမှာရော သမီးမှာရော သူ့ပုံစံမျိုး ဖြစ်နေတာနဲ့တူတာပဲ။

အဲတော့ မောင်ဖိုးဆက်က မွေးတဲ့ ကလေးတွေမှာ မိန်းကလေးတွေဆိုရင်တော့ သူ့ပုံစံ ကျန်နိုင်တယ်။ ယောကျာ်းလေးတွေမွေးရင်တော့ gene ကို သယ်ဆောင်ထာားတာမျိုးပဲ ဖြစ်နိုင်မယ်။

ဒါလည်း ပုံကြည့်ရုံနဲ့ အပြတ်တော့ မပြောနိုင်ဘူး။ မျိုးရိုးလိုက်တာ မဟုတ်ဘဲ genetic mutation ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်မယ် ထင်တယ်။

NLS said...

လေ့လာမိသလောက် တွေ့ရတဲ့ မှတ်တမ်းတွေ အရတော့ မောင်ဖိုးဆက်မှာ မျိုးဆက်အကြောင်း မတွေ့ရတော့ဘူး။ အမေရိကန်မှာ ဘာနမ်မျိုးဆက်တွေကို စုံစမ်းပြီး သူတို့ ခြေရာကို ကောက်ကြည့်ရင်တော့ ရကောင်း ရနိုင်မယ်။

cry baby said...

ဖွားမာ စာအုပ်ထဲမှာ ငယ်ငယ် တုန်းက ဖတ်ဖူးပါတယ်.. တော်တော် ထူး ဆန်းတဲ့ မိသားစုပါပဲ..ခုမှတောတော် စုံအောင် ပိုသိရတယ် ညီမလည်း လွန်ခဲ့တဲ့ ၁၀ နှစ် အထက်တန်း ကျောင်းတုန်းက သူငယ်ချင်းရဲ့ မောင်လေး တယောက် မြင်ဖူးတယ်.. အဲဒီကလေးကျ ဘယ်ဖက် လက်တဖက်တည်း လက်မောင်းရင်းကနေ လက်ကောက်ဝတ်ထိ အမွေးတွေ အထူကြီး မဲနေအောင် ပေါက်တာ မြင်ဖူးပါတယ်.

rabbit said...

i checked after read that blog at british national museum,i could not find out,,it really amazing ,,,when i was childhood,,i read the book about U shwe mg.

Nyi Nyi Myanmar said...

အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်တခုပါ ကိုညီလင်းဆက်

တော်တော် အချိန်ပေးလိုက်ရမှာပဲ

yinkhwin said...

တစ်ခါမှ မကြားဘူးတဲ့အကြာင်းကို သိလိုက်ရတာပါ..အရမ်းစိတ်ဝင်စားဖို့ကောင်း
ပါတရ်...သူတို့က တကရ်ပဲလူမျောက်လား ဒါမှမဟုတ် ဦးစိန်မောင်ဦး ပြောသလို မွှေးရှည်လူသားပဲလား နော်... သူတို့ရဲ့မျိုးဆက်တွေရောအခုထိရှိနေအုံးမှာပေါ့..တစ်ခါလောက်တော့တွေ့ဖူးချင်
တရ်...

phoolay said...

ဟွန်း ကြောက်စရာကြီးနော်
အိမ်မှာဖတ်ဖို့ save သွားတယ်။
စိတ်ဝင်စားဖို့ တော်တော်ကောင်းတယ်

Vista said...

ငယ်ငယ်တုန်းက ဖတ်ခဲ့ရဖူးတယ်
ဒီလောက်မစုံလင်ပါဘူး
စိတ်ရှည်ရှည်သုသေသနပြုပီး ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Kyaw Min Htaik said...

အခုလို ပင်ပန်းခံပြီး စုဆောင်းတင်ပြခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ တကယ်စိတ်ဝင်စားစရာပဲ။ ဒီအကြောင်းကို အခုမှ ဖတ်ဖူးတာပါ။ ဒီလိုစာစုတွေ များများ ရေးသားဖော်ပြနိုင်ပါစေ။

demon said...

http://en.wikipedia.org/wiki/Hypertrichosis အဲတာမျိုးကို werewolf syndrome ဆိုပြီးတွေ့ဖူးတယ် werewolf အကြောင်းလျှောက်ဖတ်ကြည့်ရင်းနဲ့ တွေ့တာ။ ဒါပေမယ့် ကုန်းဘောင်ခေတ်တုန်းကရှိသွားတာကိုတော့ ခုမှသိတယ်။ ကျေးဇူးတင်ပါတယ်။

shwenattharr said...

တကယ်ကိုစနစ်တကျမှတ်တမ်းတစ်ခုကိုဖတ်လိုက်၇လို့ ကို ညီ့ ကိုအထူးကျေးဇူးတင်၇ှိပါတယ်

ကိုညီလင်းဆက်ရေ.. ကျေးဇူးဗျို့.. ကူးသွားတယ်.... သေချာ လေ့လာထားတာပဲ။

Myint said...

မသိသေးတာ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်

ပိုစ့်ကောင်းတစ်ခုပါပဲဗျာ။ ဒါမျိုးဖတ်ရလို့ အစ်ကို့ရဲ့ effort တွေအတွက် ကျေးဇူးတင်ပါတယ်။ သန်း ၃၄၀ မှာ ၁ ယောက်ဖြစ်တဲ့ Werewolf Syndrome ကိုခံစားရတဲ့ ဦးရွှေမောင်ကလဲသနားပါတယ်ဗျာ။

Yan said...

ဗဟုသုတရစေတဲ့ ဒီပို့စ်လေးကို Myanmar Blogs Digest Page လေးမှာ ဝေမျှဖို့ ယူသွားပါတယ် ကိုညီလင်းဆက်...

ကျေးဇူး..

Yan.

Thain Garra said...

ကိုရန်အောင် ... Share ထားတာမှ တဆင့် လာရောက် ဖတ်မှတ်ခဲ့ ... လုံးဝ မသိသေးတာ တစ်ခု ကို ဂဃနဏ သိခွင့်ရလို့ ... ကျေးဇူးအထူးပါ ... ကို ညီလင်းဆက် ခင်ဗျား ........

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz