Saturday, January 23, 2010

Some media's comment about Myanmar Bloggers

အခုခေတ် Blog ပှောမှာ ရေးနေကြတဲ့ Blogger တွေကိုရော ကဗျာဆရာလို့ သတ်မှတ်လို့ရလားဆိုတော့ အဲဒာတွေကို အရင်တုန်းကတော့ အထင်သေးတယ်။ ဒီ Blog ကဗျာတွေက ဘာဖြစ်လို့လဲဆိုတော့ ဖြတ်သန်းမှုပော့။ ဖြတ်သန်းမှုမှာ ဂျာနယ်မှာဆိုရင် အယ်ဒီတာ ရှိတယ်လေ။ အယ်ဒီတာကမှ စိစစ် ရွေးချယ်တာကိုး။ သူတို့ အရင်တုန်းက ပှောစကတော့ ကိုယ့်ဟာကိုယ်ရေး၊ ကိုယ့်ဟာကိုယ်တင်ပော့။ အဲဒီအခာကျရင်တော့ တှောတှောလေးကို ကဗျာတွေက အရည်အသွေး ညံ့ပာတယ်။ အခုနောက်ပိုင်းကျတော့ အဲဒီလို မဟုတ်တော့ဘူး။ ၅နှစ်လောက်ကြာပြီး ပြန်ကြည့်တဲ့အခာကျတော့ ကဗျာတွေကလည်း အရည်အသွေး တကယ်တက်လာတယ်။ ပြီးတော့ သူတို့ဆီမှာက ဒီလိုလေ၊ Blog တစ်ခုမှာ ဆိုရင် ဝင်ကြည့်တဲ့လူတွေ ရှိတယ်။ သူတို့က ဝင်ကြည့်ပြီးတော့ မှတ်ချက်တွေ ပေးကြတယ်။ မှတ်ချက်တွေ ပေးတော့ သူတို့ရေးတဲ့ နေရာမှာ ထိန်းထိန်းသိမ်းသိမ်း ရှိလာတယ်။ အဲဒီတော့ ကဗျာတွေလည်း တှောတှောကောင်းလာပာပြီ။ သူတို့က မဂဿဂဇင်း၊ ဂျာနယ်မှာ ရေးတဲ့ လူတွေထက် ပိုပြီးတော့ အနုပညာ ဖန်တီးခွင့်မှာ လွတ်လပ်တယ်။ အဲဒာက တပန်းသာတဲ့ အချက်ပော့လေ။

သစဿစာနီ၊ လျှက်တပြက်ဂျာနယ်၊ အတွဲ(၂) အမှတ်(၆၈)၊ ၂၀၁၀ ဇန်နဝာရီ ၁၅၊ စာ-၂၇

ဆရာသစဿစာနီ သုံးသပ်ပြတာဟာ အပြုသဘော ဆောင်တယ်လို့ ခံစားရတယ်။ ဒာပေမယ့် ဆရာပြောတဲ့ အထဲမှာ နဲနဲလေး လွဲနေတဲ့ အချက် တချို့ ရှိနေလို့ နဲနဲ ပြင်ချင်မိတယ်။ ဆရာပြောတဲ့ ၅နှစ်လောက် ကြာပြီး ဆိုတဲ့ စကားမှာ အဲဒီငားနှစ်လောက်တုန်းက မြန်မာဘလော့ ရေးတဲ့သူဟာ လက်ချိုးရေလို့ရပာတယ်။ ကဗျာရေးတဲ့သူက ပိုလို့တောင် နည်းသေးတယ်။ နောက်တစ်ခုက အဲဒီအချိန်က ဘလော့ရေးတဲ့သူ တှောတှောများများဟာ ဖိုရမ်တွေမှာ တှောတှောကြာကြာ၊ ပိုစ့်ထောင်ပောင်းများစွာ ရေးခဲ့ပြီးတဲ့သူတွေ များပာတယ်။ ကျွန်တှော၊ ကိုမောင်လှ၊ မနိုင်း၊ မပန်းနွယ်၊ ကိုနဗဏ၊ ကိုထွန်းခိုင်၊ စတဲ့ လူလတ်ပိုင်းတွေကနေ ထူးမြတ်၊ လင်းလက်ကြယ်စင်၊ ပုဃံနတ် စတဲ့ လူငယ်တွေ တှောတှောများများဟာ ဖိုရမ်ထွက်တွေပာ။ ပြောရရင် ဖိုရမဿမာ ဘဝကနေ ဘလော့ဂာ ဘဝ ရောက်လာကြသူ များတယ်လို့ ဆိုနိုင်ပာတယ်။ ဘလော့ခေတ် မတိုင်ခင်က ဖိုရမ်ခေတ် အလွန်ထွန်းတောက်ခဲ့တာကိုး။ တကယ်ကို ပိုစ့်ထောင်ပောင်းများစွာ ရေးခဲ့ကြတာ။ ကျွန်တှော ကိုယ်တိုင်လည်း ဖိုရမဿမာဘဝမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာအရေအတွက်၊ စာအရေအတွက်ဟာ ဘလော့ဂာဘဝ ရေးဖြစ်ခဲ့တဲ့ အရေအတွက်ထက် ဆယ်ဆလောက် ကွာပာတယ်။ အခုနောက်ပိုင်းမှာတော့ ဖိုရမ်တွေ အားနည်းလာပြီး တိုက်ရိုက် ဘလော့ဂာဘဝကို ခံယူသူတွေ များတယ်လို့ ယူဆပာတယ်။ ဆရာပြောတဲ့ အနုပညာဖန်တီးခွင့် ပိုလွတ်လပ်တယ် ဆိုတဲ့ စကားကိုတော့ အကြွင်းမဲ့ ထောက်ခံမိပာတယ်။


ဆရာသမား တစ်ဦးမှ ဘလော့ဂ်ဂာပောင်း ၂၀၀၀ ကျှော ရှိသည်ဟု ပြောဆိုဖူးပာသည်။ ဘလော့ဂ်ဂာများကို နယူးမီဒီယာများဟု သတ်မှတ်ကြသည်များလည်း ရှိပာသည်။ ဘလော့ဂ်ဂာများသည် မည်သည့် အရည်အချင်း ရှိရမည်၊ ရှိသင့်သည်ဆိုသော ကန့်သတ်ချက် မရှိသလို ဘလော့ဂ်ဂာသည် မိမိမည်သူမည်ဝာဖြစ်ကြောင်း ကိုယ်တိုင် တိတိကျကျ မြွက်ဟ အသိပေး ထုတ်ပြန်ကြေညာရန်လည်း မလိုအပ်ပာ။ ဘလော့ဂ်ဂာများထဲတွင် နာမည်ကြီးများ၊ နာမည်ကျှောများလည်း ပာဝင်နေကြောင်း လေ့လာ တွေ့ရှိရပာသည်။ စာနယ်ဇင်းများတွင် စာနယ်ဇင်းကျင့်ဝတ် ရှိကြသလိုမျိုး ဘလော့ဂ်ဂာကျင့်ဝတ်ကို ဥပဒေကဲ့သို့ ပြဋဿဌာန်းနိုင်ရန် ကြိုးပမ်းကြလျှင် မည်မျှ ကောင်းလေမည်လဲဟု စဉ်းစားမိပာသည်။ မဆီမဆိုင် အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဆိုသော အသံများကိုလည်း ကြားယောင်နေမိပာသည်။

လမ်းလျှောက်အယ်ဒီတာမှတ်စု၊ လျှက်တပြက်ဂျာနယ်၊ အတွဲ(၂) အမှတ်(၆၇)၊ ၂၀၁၀ ဇန်နဝာရီ ၈၊စာ-၉

လမ်းလျှောက် အယ်ဒီတာ ဘယ်သူလဲတော့ မသိပာ။ ဒာပေမယ့် သူပြောထားပုံကို ဖတ်ကြည့်တဲ့အခာ ရှေးရိုးစွဲ ဗျူရိုကရေစီဝာဒကြီး လက်ကိုင်ထားချင်နေတုန်းပဲလို့ ခံစားမိပာတယ်။ ကျင့်ဝတ်တွေ ကျင့်ထုံးတွေ ပြောနေတဲ့ အဆိုပာ ဂျာနယ်လောကမှာရော အဲဒီ ကျင့်ဝတ်ကျင့်ထုံးတွေကို လိုက်နာကြရဲ့လားလို့ စဉ်းစားနေမိပာတယ်။ စည်းကမ်းကို လက်ခံပာတယ်။ ဒာပေမယ့် လွတ်လပ်ခွင့်ဟာ နယူးမီဒီယာပှောက စီတီဇင်ဂျာနယ်လစ် ဘလော့ဂာတွေရဲ့ အသက်ပဲ ဖြစ်ပာတယ်။ ပြီးတော့ ဒာဟာလည်း သမရိုးကျ စာနယ်ဇင်း လောကကနေ သီးခြားခွဲထွက်လာတဲ့ အွန်လိုင်းယဉ်ကျေးမှုတစ်ခု ဖြစ်ပာတယ်။ နောက်တစ်ခုက ဒီလို စည်းမျဉ်းတွေ မသတ်မှတ်ထားလို့ ဘလော့ဂာတွေ ရေးချင်ရာ စိတ်ကူးတည့်ရာ ရေးနေကြသလား ဆိုတာပာပဲ။ ကျွန်တှော ယုံကြည်တာ တစ်ခု ရှိပာတယ်။ ဒာက ဘလော့ဂာဖြစ်ဖို့ လွယ်တယ်၊ ဘလော့ရေးဖို့လည်း လွယ်တယ်၊ ဒာပေမယ့် အောင်မြင်တဲ့ ဘလော့ဂာတစ်ယောက်ဖြစ်ဖို့၊ ဘလော့တစ်ခုကို အကြာကြီး ထိန်းသိမ်းနိုင်ဖို့ ဆိုတာ လုံးဝမလွယ်ကူပာဘူး။ မဂဿဂဇင်း ဝတဿထုတွေမှာ စာရေးတဲ့ သူတွေလိုပာပဲ။ စစချင်း ရေးစကာလမှာတော့ မြေစမ်းခရမ်းပျိုး လက်ကျင့်ကြရတာပာပဲ။ ဘလော့လောကမှာလည်း စရေးတဲ့ သူတစ်ယောက်အတွက် အခက်အခဲ ကာလတွေ ရှိနေပာတယ်။ စာနယ်ဇင်း လောကမှာ နာမည်ပျက်တွေ ရှိသလို ဘလော့လောကမှာ ရှိတာလည်း မဆန်းပာဘူး။ နေရာတိုင်းမှာ ရှိတာ သဘာဝပာ။ လွတ်လပ်တဲ့ ဘလော့ဂာဓလေ့စရိုက်ကို ဘောင်ခတ်ဖို့ ကြိုးစားရင်တော့ လက်မခံနိုင်ပာဘူး။

14 Responses to “Some media's comment about Myanmar Bloggers”

phoethutaw said...

သုံးသပ်တာလေးတွေ ကောင်းတယ်။ ဒီလိုပဲ ကွဲလွဲမှု အမြင်လေး တွေက ရှိနေဦးမှာပါ။ ကိုယ်တိုင် ၀င်လုပ်တဲ့ သူနဲ့ ဘေးက အမြင်နဲ့ က..

khin oo may said...

ဆက်ပြီးရေးပြီးသုံးသပ်ဆွေးနွေးလို့ရသေးတယ်။ ဖတ်ရတာပြီးသွားပြီလို့ခံစားလို့မရဘူး။

Anonymous said...

လမ်းလျှောက်အယ်ဒီတာက မြတ်ခိုင်လေ။
ဒီလူကတော့ နေရာတကာ ဥပဒေထုတ်ချင်နေတော့တာပဲ။
တခုတော့ရှိတယ် တချို့ကလဲ လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်ကြတယ်။ ခုတလော ပြောနေကြတဲ့ ဘာသာရေး တိုက်ခိုက်တဲ့ ဘလော့မျိုးတွေပေါ့။
အောင်မြင်တဲ့ ဘလော့ဂါတယောက်ဖြစ်ဖို့ကတော့ ဘလော့မားကတ်တင်းလုပ် စီဘုံးတကာ လှည့်ပြီးကြော်ငြာ၊ ကွန်မန့်ထဲ ရောက်ကြောင်း လာလည်ကြောင်း (စာဖတ်ဖတ် မဖတ်ဖတ်ပြော) အဲဒီလို အချိန်ကုန်ခံနိုင်ရင် အောင်မြင်တဲ့ ဘလော့ဂါ လူစီတို့ ဘလော့ဖြစ်တာပါပဲ။ မဟုတ်ရင်တော့ စာဘယ်လောက်ကောင်းကောင်း လူမသိ သူမသိ ငုပ်နေတဲ့ ငုပ်ကောင်လေးတွေလဲ အများသား။

Anonymous said...

မခင်ဦးမေက အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။ ကိုအမည်မသိရယ်။

Anonymous said...

1) post နဲ့ မဆိုင်တာ အရင်ပြောချင်လာလို့ ပြောလိုက်ဦးမယ်။ အားတော့ နာပါရဲ့။

January 24, 2010 4:26 AM မှာ ရေးသွားသလို အဲလိုလုပ်တာနဲ့ အောင်မြင်မယ် ထင်ရင် လုပ်ကြည့်လိုက်ပါလား။ ဟုတ် မဟုတ် သိရတာပေါ့။

2) နောက် လမ်းလျှောက်အယ်ဒီတာ ပြောတဲ့ ကိစ္စ။ ဒါမျိုးတွေပဲ ထပ်ကာတလဲလဲ မြင်တွေ့ကြားသိနေရတာ အင်မတန် စိတ်ကုန်ဖို့ကောင်းတယ်။ လူတွေဟာ သူတို့ ဆန့်ကျင်နေပါတယ် ဆိုတဲ့ အရာကိုပဲ မလွတ်တမ်းစွဲကိုင်နေကြတော့တာပဲ။ သိပ်စိတ်ပျက်တယ်။

စနစ်က လူကိုပြင်သွားမှာပါလို့ လက်ခံမလို့ ကြံတုန်းရှိသေးတယ်။ လက်ကို မခံချင်လောက်အောင် လူတွေကသာ စနစ်ကို ဖန်တီးနေကြတယ်။ သိပ်စိတ်ပျက်တယ်။

AMMK

ဒဏ္ဍာရီ said...

ကိုညီလင်းဆက်ရဲ့ သုံးသပ်အကြံပြုထားတာလေး ဖတ်လို့ကောင်းပါတယ်။ ဒီလိုကွဲလွဲမှုတွေဟာ မြင်တွေ့နေရတာပဲလေ။

ခင်မင်လေးစားလျှက်

Hay Mar said...

ဘလော့ဂ်တွေဘန်းထားတဲ့တိုင်းပြည်ထဲကဂျာနယ်လ်တွေမှာ ဘလော့ဂါတွေအကြောင်းသိကြောင်းပြတာ သူတို့ လည်း အကွပ်တွေကို ကျော်ခွနိုင်လို့ ပေါ့နော်။

NLS said...

Ma KOM,

ဟုတ်တယ်အမ။ တကယ်တော့ မပြီးသေးဘူး။ ရေးနေရင်း မရေးချင်တော့လို့ကို ရပ်ပစ်လိုက်တာ။ :(

ဪ... စာနယ်ဇင်းတွေက ပရမ်းပတာ မဟုတ်ဘူးပေါ့... ကျင့်ဝတ်တွေရှိတယ်ပေါ့... ဘလော့ဂါတွေရဲ့ ဖန်တီးမှုတွေကို ခိုးမချတတ်ဘူးပေါ့...

with love
www.MgHla.net

Anonymous said...

ဟုတ်တယ်...ကိုမောင်လှပြောတာလက်ခံတယ်။
စာနယ်ဇင်းတွေကလဲ စာမူမရှိတော့လို့ နာမယ်ကြီး ဘလော့ဂါတွေရဲ့ ပို့စ်တွေကို ခွင့်မတောင်းပဲ တင်တာကျတော့ရော ဒီ လမ်းလျှောက်အယ်ဒီတာ မျက်စိမှိတ်ပြီး လမ်းလျှောက်တယ်ထင်ပါ့။
:(

ဘာဘာ ဘာမှမပြောချင်တော့ပါဘူး ကိုညီရေ....
စိတ်ပျက်တယ် တစ်ကယ်ပါ သူတို့ကဆရာကြီးဆိုပြီးနာမည်ခံထား စာပေလုပ်သားကဒ်လေးတပြပြ လုပ်
တစ်ကယ်တော့ဘာမှဟုတ်ပါဘူးဗျာ ....ခဏလေးပါ
ရေတစ်ပွက်စာအချိန်လေးမှာပြောချင်တာပြောကြပေ့စေတော့.......
ခင်တဲ့
ချစ်သူမောင်

ဟုတ်တယ် စာနယ်ဇင်းအချို့ မနိုင်း စာတွေတိုက်ရိုက် ကူပီး ထည့်နေတာကြတော့ရော ကျင့်ဝတ် မရှိလို့လား ကျင့်ဝတ်ကို မေ့နေကြတာလား . . . ဘလော့ဂါ တစ်ယောက်ဖြစ်လို့လွယ်တယ် လူလေးစားတဲ့ ဘလောဂါ တစ်ဦးဖြစ်ဖို့ ခက်တယ် . . . .

ဖြတ်သန်းမှု့ဆိုတဲ့အကြောင်းကို နည်းနည်းပြောချင်ပါတယ်။
ဖြတ်သန်းမှု့ဆိုတာက နေရာတိုင်းမှာ ရှိပါတယ်။

မဂ္ဂဇင်းမှာ စာရေးတဲ့ လူတစ်ယောက်အတွက် ဖြတ်သန်းမှု့ရှိသလို
အွန်လိုင်းမှာစာရေးတဲ့သူတစ်ယောက်အတွက်လည်း ဖြတ်သန်းမှု့က သူ့နေရာနဲ့သူရှိတာပါပဲ။

ကဗျာတွေအပါအ၀င် တစ်ခြားစာပေအမျိုးအစားတွေ ရေးတဲ့ဘလောဂ့်တွေကို ကြည့်ကြည့်ပါ။ တစ်ကယ် ရူးသွပ်တပ်မက်စွာရေးတာနဲ့ အပျော်တမ်း ရေးတဲ့သူတွေကတော့ ကြည့်လိုက်တာနဲ့သိသာလှပါတယ်။

မဂ္ဂဇင်းမှာဘာလို့မရေးလဲ ဆိုတဲ့အချက်ကို အရင်ပြောရရင်
မလွတ်လပ်လို့ (ဒါမှမဟုတ်) ခွဲခြားခံရလို့
မလွတ်လပ်တာဆိုတာက စောင့်ရတာကြတယ်။ ပါတယ်မပါတယ်။ ဒါတွေ ကြာတယ်။ ခွဲခြားခံရတယ်ဆိုတာက ကဗျာကို အဆင့်အတန်းခွဲလို့ စာတွေကိုအဆင့်အတန်းခွဲလို့ ဒီနေရာကတော့ ဆရာကြီးများကဏ္ဍ၊ ဒါကတော့ ချာတိတ်များ ကဗျာ ဆိုပြီးလုပ်တာမျိုးတွေ တစ်ချို့တစ်လေမှာရှိတယ်။ ဒါကဘာလဲ ခံစားလို့မရဘူး။ ပိုင်သက်ကျော်ရဲ့သီချင်းပဲဖြစ်ဖြစ် မက်ဒေါနားရဲ့သီချင်းပဲဖြစ်ဖြစ် အားလုံးကသီချင်းပဲ။

နောက်ပြီး ကာရန်ပါအောင်ရေးလို့မရဘူး လွတ်လပ်ပါတယ်ဆိုတဲ့ လွတ်လပ်မှု့ကို ကြိုက်ပါတယ်ဆိုတဲ့ ဆရာကြီးများ၊ အယ်ဒီတာကြီးများက ကာရန်ပါတဲ့ဟာတွေဆို အမှိုက်ခြင်းထဲပစ်ပြီး ကာရန်မပါတဲ့ဟာတွေဆို လက်ခံလေ့ရှိတယ်။

အဲ့ဒါကရော လွတ်လပ်တဲ့ ၀ါဒပဲလား။ ဒါမှလက်ခံမယ်ဆိုတဲ့ အယူအဆခံယူချက်ကရော လွတ်လပ်ရဲ့လား???

ကိုယ်တွေ့တစ်ခုပြောပြမယ်....
တစ်ခါက (ပြောရရင်ဖြတ်သန်းမှု့မရှိသေးတဲ့ကာလကပေါ့) မြန်မာနိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုထဲမှာပါတဲ့ အလှအပရေးရာမဂ္ဂဇင်းတစ်ခုထဲမှာ ကျွန်တော်ရေးတဲ့ ကဗျာတစ်ပုဒ်ပါလာတယ်။ ကဗျာလို့သာဆိုတာပါ။ လုပ်ထားတဲ့ လုပ်ကဗျာတစ်ပုဒ်ပေါ့။ အဲ့ဒါပါလာတော့ ပထမတော့် ပျော်တာပေါ့ဗျာ။ ကလေးပဲရှိသေးတာကိုး။ နောက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု့ကင်းမဲ့သွားတယ်။ မနည်းပြန်ဆောက်တည်ထားရတာ။ ကျွန်တော် ဘာကိုမှမယုံတော့ဘူး။

အဲ့ဒါဖြတ်သန်းမှု့ကြောင့် ရေးအားကောင်းပြီးပါလာတဲ့ကဗျာမဟုတ်ဘူး။ ပေါက်ကရလေးဆယ်ရေးပြီးး ၀ါးလုံးရိုက်စာမေးပွဲအောင်တာမျိုး။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz