Wednesday, January 27, 2010

Diary 26.01.2010

အိပ်ရာဝင်တော့မလို့လုပ်မှ မနေ့ညက မက်တဲ့အိပ်မက်ကို ပြန်သတိရလာတယ်။ တောင်ကုန်းလေး တစ်ခုပှောမှာ ထောင့်လေးထောင့်ရှိတဲ့ ပုဂံဘုရားတွေလို စေတီကြီးတစ်ခု အောက်ပိုင်းက မြေအောက်မှာ နစ်နေတယ်။ အဲဒီနစ်နေတဲ့ အပိုင်းရဲ့ အတွင်းဘက်က လှိုဏ်ပတ်လမ်းတဲ့။ စေတီရဲ့ အောက်ဘက် အလယ်တည့်တည့် အခန်းမှာ ဧရာမသစ်ပင်ကြီး တစ်ပင် ရှိနေတယ်။ သူ့ကိုငုံပြီး စေတီတည်ထားသလိုမျိုး။ အဲဒီဘေးမှာတော့ တှောတှောကြီးတဲ့ သပိတ်ကြီးရှိတယ်။ သပိတ်က ဒီခေတ်သပိတ်လို မဟုတ်ဘူး။ ပိုပြားတယ်။ လက်တစ်ဖက်စာ အဝိုင်းရှိတယ်။ ထူးခြားတာက ပျော့တယ်။ ကောက်ရိုးရောင်။ ကျွန်တှော လျှောက်ကိုင် ကြည့်မိပြီး ရှေးလူတွေ ဘယ်လောက် ကြီးထွားလို့ ဒီလို သပိတ်မျိုး ကိုင်တာလဲလို့ စဉ်းစားနေမိသေးတယ်။ သူ့ဘေးမှာ ရွှေချထားသလို ဘုန်းကြီးတစ်ပားရဲ့ ရုပ်အလောင်းရှိတယ်။ ဒီအတိုင်းပဲ။ နာမည်က ကသဿသဖလို့ ရွှေပြားနဲ့ ရေးထားတယ်။ စေတီပတ်လမ်းအတိုင်း ကျွန်တှော လျှောက်ကြည့်တယ်။ အဲဒီနောက်ပိုင်းတွေ မမှတ်မိတော့ဘူး။ မှတ်မိသမျှ ချရေးထားလိုက်တယ်။

5 Responses to “Diary 26.01.2010”

khin oo may said...

စိတ်လှူပ်ရှားစရာခရီးတစ်ခုများထွက်ဘို့ရှိနေသလား။စိတ်လှူပ်ရှားစရာခရီးတစ်ခုများထွက်ဘို့ရှိနေသလား။

nhklein@gmx.net said...

Do you also have a downloadable font for Linux? (I use Linux Suse 11.1).

Norbert
nhklein@gmx.net

sweetpeony said...

ကိုလင်းဆက်..
ဘုရားကိုမက်တာ ကောင်းတာပေါ့...း)

Zorr Win said...

Avator ???, any way interesting.

mg said...

ကိုညီလင်းဆက်ခင်ဗျား၊
ဇော်ဂှီ၂၀၀၉ ကိုတင်ပီးနောက် အခုလိုတွေပေါ်နေတာဘာကြောင့်ပါလဲ၊ ဘယ်လိုပြင်ရမလဲခင်ဗျား။ ကျေးဇူးပြုပြီးပြောပြပေးပါ။

အဲဒီဘေးမှာတော့ တှောတှောကြီးတဲ့ သပိတ်ကြီးရှိတယ်။ သပိတ်က ဒီခေတ်သပိတ်လို မဟုတ်ဘူး။ ပိုပြားတယ်။ လက်တစ်ဖက်စာ အဝိုင်းရှိတယ်။ ထူးခြားတာက ပျော့တယ်။ ကောက်ရိုးရောင်။ ကျွန်တှော လျှောက်ကိုင် ကြည့်မိပြီး ရှေးလူတွေ ဘယ်လောက် ကြီးထွားလို့ ဒီလို သပိတ်မျိုး ကိုင်တာလဲလို့ စဉ်းစားနေမိသေးတယ်။ သူ့ဘေးမှာ ရွှေချထားသလို ဘုန်းကြီးတစ်ပားရဲ့ ရုပ်အလောင်းရှိတယ်။ ဒီအတိုင်းပဲ။ နာမည်က ကသဿသဖလို့ ရွှေပြားနဲ့ ရေးထားတယ်။ စေတီပတ်လမ်းအတိုင်း ကျွန်တှော လျှောက်ကြည့်တယ်။ အဲဒီနောက်ပိုင်းတွေ မမှတ်မိတော့ဘူး။ မှတ်မိသမျှ ချရေးထားလိုက်တယ်။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz