Tuesday, January 12, 2010

Barcamp Yangon 2010

Barcamp

ဘားကမ့်ဆိုတာ လွတ်လပ်ပော့ပားတဲ့ ဘယ်သူမဆို ပာဝင်ဆင်နွှဲနိုင်တဲ့ နည်းပညာ ဖလှယ်ပွဲတစ်ခု ဖြစ်ပာတယ်။ Web 2.0 ခေတ်မှာ လူတွေ လက်ခံလာတဲ့ ပူးပောင်းလုပ်ဆောင်ခြင်း၊ အသိပညာ ဖလှယ်ခြင်း Collaboration and Knowledge Sharing ဆိုတာကို အခြေခံပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင် ဟုတ်သူနဲ့ မဟုတ်သူတွေကြား အသိပညာ ကွာခြားချက်ကို ကျဉ်းမြောင်းလာအောင် လုပ်ဆောင်ကြတဲ့ Community Activity တစ်ခုလည်း ဖြစ်ပာတယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့သူတွေက နားထောင်နေရတာမျိုး မဟုတ်ဘဲ ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေကို ကိုယ့်အနေနဲ့လည်း ဖွင့်ဟ ပြောဆိုနိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ဆက်ဆံနိုင်ခွင့်ကိုလည်း ရရှိစေမှာပာ။ Seminar တွေလို One to Many သွားတဲ့ ပုံစံမျိုး မဟုတ်ဘဲ Many to Many သွားတဲ့ ပုံစံမျိုးလည်း ဖြစ်ပာတယ်။


Barcmap Yangon

ကျင်းပရာ နေရာကို လိုက်ပြီး နာမည်တွေ ပေးတတ်ကြတယ်။ နိုင်ငံ တှောတှောများများမှာ Barcamp ကို ကျင်းပပြုလုပ်ခဲ့ပြီး ကျင်းပပြုလုပ်နေဆဲ ဖြစ်ပာတယ်။ အခု Barcamp ကတော့ မြန်မာနိုင်ငံ အနေနဲ့ ပထမဆုံး ကျင်းပဖြစ်မယ့် Barcamp ဖြစ်ပာတယ်။ ပြီးတော့ ဒာမျိုး ကွန်ဖရန့်ဟာ တစ်ခာမှ ပြုလုပ်ခဲ့ခြင်းမျိုး မရှိတာမို့ ပထမဆုံး ကွန်ဖရန့်လို့လည်း ဆိုနိုင်ပာတယ်။ ဒာကို အခြေခံပြီး နောက်ပိုင်းမှာ အခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း နေရာဒေသအလိုက် Barcamp တွေ ကျင်းပပြုလုပ်လာနိုင်ဖို့ ရှိပာတယ်။ ဒီ Barcamp Yangon ကိုလည်း မြန်မာပြည် တဝှန်းလုံးက စိတ်ဝင်စားသူ ဘယ်သူမဆို တက်ရောက် ဆင်နွှဲနိုင်ပာတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ အနယ်နယ် အရပ်ရပ်ကလူတွေ တက်ရောက်ကြပာတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ ဝာသနာရှင် ပညာရှင်တွေ၊ နိုင်ငံခြားသား ပညာရှင်တွေအပြင် နိုင်ငံရပ်ခြားက ပညာရှင်တွေလည်း လာရောက်ကြမှာ ဖြစ်ပာတယ်။


ရည်ရွယ်ချက်

လူငယ်တွေကို အဓိက ရည်ရွယ်ပာတယ်။ လူငယ်တွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် နည်းပညာ ဖလှယ်မှုတွေ၊ အသိပညာ ဖလှယ်မှုတွေ စတဲ့ ကောင်းမွန်တဲ့ ဓလေ့စရိုက်တွေ ပြန့်ပွားလာစေဖို့ပာ။ ပြီးတော့ နည်းပညာကို ကိုယ့်ပတ်ဝန်းကျင်အတွက် ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်မလဲ ဆိုတာကို ဝာသနာတူရာ အခြားသော မိတ်ဆွေများနဲ့ တိုင်ပင် ဆွေးနွေးလာနိုင်စေဖို့ပာ။ နောက်တစ်ခုက အင်တာနက်ကို ဘယ်လို နေရာတွေမှာ အကျိုးရှိရှိ အသုံးချနိုင်လဲ ဆိုတာကို မီးမောင်းထိုး ပြချင်တာပာ။ ပြီးတော့ မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ တဟုန်ထိုး တိုးတက်လာစေချင်တာပာ။


ဖွဲ့စည်းပုံ

Barcamp Yangon ပွဲကို မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များ အသင်းက ကြီးမှူးပြီး ပြည်တွင်း IT အလွှာပောင်းစုံက လူငယ်အများစု ပာဝင်တဲ့ Barcamp Organizer Team က အကောင်အထည်ဖှော ကျင်းပမှာ ဖြစ်ပာတယ်။ အဲဒီပွဲ နှစ်ရက်အတွင်းမှာ အသုံးပြုမယ့် မြန်နှုန်းမြင့် ဝိုင်ယာလက် အင်တာနက် ဆက်သွယ်ရေး စနစ်တွေကို Redlink Company က ပံ့ပိုးပေးထားပာတယ်။ Barcamp ကို ဘယ်သူမှ ထိန်းချုပ်ထားတာမျိုး အုပ်ချုပ်တာမျိုး မရှိပာဘူး။ ဖြစ်မြောက်အောင် ကမကထပြု ဆောင်ရွက်ကြတဲ့ Organizer အဖွဲ့သာ ရှိပာတယ်။ Barcamp ပွဲ အောင်မြင်ဖို့ ဆိုတာက တက်ရောက်လာသူ အားလုံးက တခဲနက် ပာဝင်ဆင်နွှဲကြမှသာ အောင်မြင်မှု ရရှိတာမျိုးပာ။ လောလောဆယ် Barcamp Yangon အတွက် Organizer အဖွဲ့တွေ ဖွဲ့ထားပာတယ်။ အဲဒီပွဲ ဖြစ်မြောက်အောင် Volunteer အနေနဲ့ ပာဝင်ကူညီချင်တဲ့ သူတွေလည်း လိုအပ်ပာတယ်။


Barcamp Style

ဘားကမ့်ဟာ ဆီမီနာလို ပုံစံမျိုး မဟုတ်ပာဘူး။ သူ့ပုံစံဟာ လွတ်လပ်မှု ရှိပာတယ်။ ပြီးတော့ နွေးထွေးမှုလည်း ပိုရှိတယ်။ ဒီပွဲမှာ ပာဝင်ပြီး Presentation လုပ်မယ့် လူတွေဟာ တခာတလေ ကြိုတင်ပြင်ဆင်လာတတ်သလို၊ တခာတလေလည်း အဲဒီပွဲနေ့ရောက်မှ ပြင်ဆင်ပြီး Presentation လုပ်ကြတာမျိုးပာ။ သူများတွေ ပြောကြမယ့် ခောင်းစဉ်တွေကို ကြည့်ပြီးတော့လည်း ကိုယ့်မှာ အကြံပှောလာခဲ့ရင် Topic Registration နေရာမှာ ကိုယ်ပြောမယ့် ခောင်းစဉ်ကို သွားပေးပြီး ကြှောငြာဘုတ်မှာ ကပ်လိုက်ရုံပာပဲ။ ဒီနေရာမှာ ကိုယ်ပြောမယ့် ခောင်းစဉ်ကို စိတ်ဝင်တစား လာနားထောင်မယ့် သူတွေ ရှိလာအောင်လို့ စည်းရုံးရေး ဆင်းရတဲ့ အပိုင်းဟာလည်း ဘားကမ့်ရဲ့ ချစ်စရာ ဓလေ့တစ်ခု ဖြစ်ပာတယ်။ တချို့က ကိုယ့်ဟောပြောပွဲကို လာနားထောင်ရင် မုန့်ကျွေးမယ်ဆိုပြီး လာသမျှလူကို မုန့်ကျွေးဖို့ ပြင်ဆင်ကြရပာတယ်။ တချို့ကလည်း အမှတ်တရ ပစဿစည်းလေးတွေ ပေးတတ်တယ်။ တချို့က ကြှောငြာ စာရွက်တွေ လုပ်ပြီး ဝေကြပာတယ်။ ဘားကမ့်ကို လာတဲ့ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပြောမယ့် အကြောင်းကို စိတ်ဝင်စားလိမ့်မယ်လို့ တွက်ထားလို့ မရပာဘူး။ ကိုယ့်လိုပဲ အခြား အခန်းတွေမှာ တပြိုင်နက် ပြောမယ့် လူတွေ ရှိနေတယ်ဆိုတာကို ထည့်တွက်ရပာမယ်။ ဆီမီနာလို တစ်ချိန်မှာ တစ်ယောက်တည်း ပြောမှာမျိုးလည်း မဟုတ်ပာဘူး။ တချိန်တည်းမှာ လူလေးယောက်က မတူတဲ့ အခန်းတွေထဲမှာ မတူတဲ့ ခောင်းစဉ်တွေကို ဟောပြောနေကြမှာပာ။ သူတို့ရဲ့ ခောင်းစဉ်၊ သူတို့ရဲ့ Public Attraction ဟာ ကိုယ့်ထက် ကောင်းနေမယ်ဆိုရင် ကိုယ့်ဟောပြောပွဲမှာ လူရှိမှာ မဟုတ်ပာဘူး။ ဒာကြောင့် အခုနကလို နည်းလမ်းတွေနဲ့လည်း မဲဆွယ်ကြရပာတယ်။ အဲဒာကြောင့် ကိုယ်ပြောတဲ့ အကြောင်းအရာက ဘယ်လောက် ကောင်းသည်ဖြစ်စေ Audience ကို သိအောင် လုပ်ဖို့ကလည်း အရေးကြီးတဲ့ နေရာမှာ ပာဝင်ပာတယ်။ ဒာပေမယ့် ဒာဟာ အပြိုင်အဆိုင် သဘောမျိုးတော့ မဟုတ်ပာဘူး။


Barcamp Yangon ကို လာရောက်မည့်သူများ

အခု ပြုလုပ်တဲ့ ပထမဆုံး အကြိမ် Barcamp Yangon ကတော့ Information Technology အပှောမှာ အခြေခံထားတာ ဖြစ်တာမို့ IT နဲ့ ဆက်နွယ်နေတဲ့ လူကြီးလူငယ်အားလုံး ပာဝင်ပာလိမ့်မယ်။ ပြီးတော့ ဒာဟာ မြန်မာပြည်မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ပွဲဖြစ်တာမို့လည်း အနယ်နယ်အရပ်ရပ်က လူတွေအားလုံး တက်ရောက်ကြဖို့ ရှိပာတယ်။ နောက်ပြီး နိုင်ငံတကာက ပညာရှင်တွေလည်း ဒီပွဲကို လာတက်ကြမယ်လို့ သိရပာတယ်။ တကယ်တော့ Barcamp ဆိုတာ IT နယ်ပယ် တစ်ခုတည်းအပှောမှာ ရှိတာ မဟုတ်ပာဘူး။ Book Camp, Health Camp ဆိုပြီး အမျိုးမျိုး ရှိပာသေးတယ်။ ပထမဆုံးအကြိမ် Barcamp ရဲ့ အားသာချက် အားနည်းချက်တွေကို လေ့လာရင်း နောက်ပိုင်းမှာ အမျိုးမျိုးသော Barcamp တွေကို အနယ်နယ် အရပ်ရပ်မှာ ကျင်းပလာနိုင်ပာလိမ့်မယ်။ Barcamp Yangon ကို လာရောက်မယ့် လူဦးရေဟာ ၁၀၀၀ အထက်မှာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပာတယ်။


Barcamp Yangon ကို ယူလာသင့်သည့် ပစဿစည်းများ

ဒီပွဲကာလ နှစ်ရက်အတွင်းမှာ Redlink ကုမဿပဏီက မြန်နှုန်းမြင့် အင်တာနက် စနစ်ကို အခမဲ့ အသုံးပြုခွင့် ပေးမှာ ဖြစ်ပာတယ်။ တက်ရောက်လာသူ အချင်းချင်း ကောင်းနိုးရာရာ Software တွေ၊ နည်းပညာတွေ၊ အချက်အလက်တွေ ဖလှယ်ကြမှာမို့ အခွင့်အရေးကို လက်မလွှတ်ရအောင် အောက်ပာ ပစဿစည်းလေးတွေ ယူလာမယ်ဆို အကောင်းဆုံး ဖြစ်ပာတယ်။
• Laptop
• Thumb Drive/ External Drive
• DVD RW
• Note Book
• Power Cords
• Any staff you want to share with other participants


Barcamp Yangon မှာ ဒာတွေပေးမယ်
• Barcamp Yangon Tshirt
• Barcamp Yangon Cup
• Ball Pen
• Barcamp Yangon Logo Sticker
• Softwares & Presentations DVD


ကျင်းပမည့်နေ့ နေရာ အချိန်

Barcamp Yangon ကို ဇန်နဝာရီလ ၂၃-၂၄ နှစ်ရက်တိတိ ကျင်းပမှာ ဖြစ်ပာတယ်။ လှိုင်တကဿကသိုလ် အဟောင်းထဲက Myanmar Infotech မှာပာပဲ။ မနက် ၉ နာရီကနေ ညနေ ၅နာရီ အထိ ဖြစ်ပာမယ်။


သတင်းရယူရန်

Barcamp Yangon အတွက် ဘာတွေ ဆောင်ရွက်နေတယ် ဆိုတာကို www.barcampyangon.org မှာ တင်ပေးသွားပာမယ်။ ဿTwitter user တွေ အနေနဲ့ @barcampyangon ကို ထည့်သွင်းထားသင့်သလို အဲဒာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆိုရင်လည်း #barcampyangon သို့ #bcy2010 ဆိုတဲ့ ကုဒ်ကို အသုံးပြုပြီး ရှာဖွေနိုင်ပာတယ်။ အသေးစိတ် သိလိုတဲ့ အချက်တွေ ရှိမယ်ဆိုရင် Barcamp Yangon Public Relation Team ကို ဆက်သွယ်နိုင်ပာတယ်။


PR Team
ထိုက်ထိုက်အောင် (htaike2aung@gmail.com) ညီလင်းဆက် (lynnseck@gmail.com) (098020413) မင်းယွန်းသစ် (minnyoonthit@gmail.com)

No response to “Barcamp Yangon 2010”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz