Friday, January 8, 2010

Avatar Movie Review



ညက နေပြည်တှော ရုပ်ရှင်ရုံမှာ AVATAR ဆိုတဲ့ကား သွားကြည့်တယ်။ Jame Cameron ရိုက်တဲ့ကား။ ဇာတ်ကား မထွက်ခင်ကတည်းက နာမည်ကျှောနေတာမို့ တှောတှော စိတ်ဝင်စား နေမိတာ။ ပထမတော့ လူပြာပြာကြီးတွေ တွေ့တွေ့နေရလို့ မကြည့်ချင်သလိုလို ဖြစ်နေရာက ရုပ်ရှင် အညွှန်းတွေမှာ ကောင်းမှကောင်းလို့ ညွှန်းကြတာမို့ ကြည့်ချင်လာတော့တယ်။ ရန်ကုန်မှာ စောစောစီးစီး ပြပေးတာကို ကျေးဇူးတင်မိပာတယ်။ မဟုတ်ရင် DVD ပဲကြည့်ဖြစ်မှာ။ ဒီဗီဒီ ကြည့်ရတာနဲ့ ရုပ်ရှင်နဲ့က မတူဘူး။ ရုပ်ရှင် ကြည့်ရတာကမှ တကယ့်အရသာရှိတာ။

ဒီဇာတ်ကားကို အခြေတည်ထားတာက ပှောလီဖီးမက် ဂြိုဟ်ရဲ့ ပန်ဒိုရာ ဂြိုဟ်ရံလ အပှောမှာ နေထိုင်ကြတဲ့ လူတူ ဂြိုဟ်သားမျိုးနွယ်စု တွေဆီကို ကမဿဘာမြေကလူတွေ သွားပြီး နယ်ချဲ့ကြတဲ့ အကြောင်းပာ။ နယ်ချဲ့တာကလည်း သူတို့မြေမှာ ရှိနေတဲ့ Unobtanium လို့ခှောတဲ့ သတဿတုတစ်မျိုးကို လိုချင်လို့ပဲ။ အဲဒဲဂြိုဟ်မှာ နေထိုင်ကြတဲ့ သူတွေကို Na'vi နဗီ လို့ ခှောကြတယ်။ သူတို့ အသားအရေဟာ အပြာရောင်ရှိပြီး လူတွေထက် အရပ်ပိုရှည်တယ် ခွန်အားပိုကြီးတယ်။ အမြီးတွေလည်း ရှိကြတယ်။ သူတို့ လူမျိုးနွယ်စု နာမည်ကိုတော့ Omaticaya လို့ ခှောတယ်။ သူတို့ အဓိက နေထိုင်တဲ့ Home Tree လို့ခှောတဲ့ ဧရာမ သစ်ပင်ကြီးအောက်မှာ လူတွေ လိုချင်တဲ့ အရာဝတဿထုက အများအပြား ရှိနေတယ်။ ဒာကြောင့် လူတွေက သူတို့ကို အဲဒီနေရာကနေ ရွှေ့ပြောင်း စေချင်တယ်။ ဒာကြောင့် ပထမဆုံး Diplomatic နည်းနဲ့ သူတို့နဲ့ ရင်းနှီးမှုယူပြီး သူတို့ကို အသာတကြည် ရွှေ့ပြောင်းသွားစေဖို့ရာ သူတို့နဲ့ အသွင်တူတဲ့ Avatar တွေကို ဖန်တီးပြီး သူတို့ဆီကို လွှတ်ပာတယ်။ မြန်မာအတွေး တွေးရင် ရုပ်ပြောင်းစိတ်ခွာပော့။ လူသားရဲ့ စိတ်ဝိညာဉ်ကို အခုန ဖန်တီးထားတဲ့ Avatar တွေမှာ ထည့်ပြီး အသွင်သစ် ဖန်တီးယူတာပာ။

မင်းသားက ကမ်းတက်စစ်သားဟောင်း အောက်ပိုင်းသေနေတဲ့သူ ဖြစ်ပာတယ်။ သူ့အမွှာအကိုက Avatar အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသတ်ခံခဲ့ရတယ်။ ဒာကြောင့် အဲဒီ လစ်လပ်နေရာအတွက် သူ့အကိုနဲ့ မျိုးဗီဇတူတဲ့ သူ့ကို ခှောတာပာ။ သူ့ရဲ့ ခြေထောက်ကို အကောင်းအတိုင်း ဖြစ်လာအောင် လုပ်ပေးမယ်ဆိုပြီး ကတိကဝတ်လည်း ပြုထားပာသေးတယ်။ သူ့ရဲ့ ပထမဆုံး Avatar ခရီးစဉ်မှာပဲ သူဟာ တောရိုင်းသတဿတဝာတွေရဲ့ တိုက်ခိုက်မှုကို ခံရပြီး တခြားသူတွေနဲ့ လူစုကွဲလို့ တောထဲမှာ ကျန်ခဲ့ရာက Na'vi အကြီးအကဲရဲ့ သမီးက သူ့ကို ကယ်တင်ပေးခဲ့တယ်။ ပြီးတော့ သူတို့ ဒေသကို ခှောသွားပြီး သူတို့တွေ တတ်တဲ့ အတတ်ပညာတွေကို သင်ပေးခဲ့တယ်။ ဒီလိုနဲ့ ကာလ အတှောကြာတဲ့ အခာမှာ မင်းသားဟာ သူတို့ရဲ့ ဓလေ့ထုံးစံ စကားတွေကို တှောတှော တတ်လာခဲ့ပြီး မင်းသမီးနဲ့လည်း ချစ်သူတွေ ဖြစ်လာခဲ့တယ်။ သူကိုယ်တိုင်လည်း အဲဒီသူတွေကို ချစ်လာသလို Omaticaya တစ်ယောက်အဖြစ် ခံယူခဲ့တယ်။ တစ်ရက်မှာ သူတို့ရဲ့ အဖွဲ့သားတွေက Na'vi တွေရဲ့ သစ်တောတွေကို ဖျက်ဆီးရာက မင်းသားဟာ လာဖျက်ဆီးတဲ့ ကားကြီးရဲ့ ကင်မရာတွေကို ထုခွဲပစ်လိုက်တယ်။ အဲဒီမှာ သူ့ကို Avatar အဖြစ်ကနေ ရုတ်သိမ်းတာ ခံလိုက်ရတော့တယ်။ Na'vi တွေဟာ ဘယ်တော့မှ သူတို့ရဲ့ သစ်ပင်ကြီးကို စွန့်ခွာသွားမှာ မဟုတ်ဘူး၊ ညှိနှိုင်းလို့လည်း ရမှာ မဟုတ်ဘူးလို့ သူက ပြောပြတယ်။ အဲဒီအခာ အဖွဲ့က အဲဒီသစ်ပင်ကြီးကို ဖျက်ဆီးပစ်မယ်လို့ လုပ်လာတော့တယ်။

ဒီအကြောင်းကို မင်းသားက သူ့ကောင်မလေးနဲ့ Na'vi တွေကို သွားပြောပြတဲ့အခာမှာ အထင်လွဲခံရပြီး အဖမ်းခံရပာတယ်။ အဲဒီအချိန်မှာပဲ လေယာဉ်တွေ ရောက်လာပြီး သစ်ပင်ကြီးလည်း လဲပြိုသွားတဲ့အထိ ဖျက်ဆီးခံရပာတော့တယ်။ မင်းသမီးရဲ့ အဖေ Navi အကြီးအကဲနဲ့ အခြားသော Navi အများအပြားဟာ အဲဒီနေရာမှာပဲ သေဆုံးကုန်ကြတယ်။ ကျန်တဲ့သူတွေလည်း သူတို့ရဲ့ နောက်ဆုံးနေရာ ဖြစ်တဲ့ အသက်ဝိညာဉ်ပင်ကြီးဆီကို ရွှေ့ပြောင်းခဲ့ရတော့တယ်။ မင်းသားဟာ Avatar အဖြစ်ကနေ ရုပ်သိမ်းခံရပြီး အကျဉ်းချခံရတယ်။ ဒီလို အကြမ်းဖက် တိုက်ခိုက်တာကို မနှစ်မြို့တဲ့ လေယာဉ်မှူးက သူတို့ကို လာကယ်တင်ပြီး သူတို့ ထွက်ပြေးကြတယ်။ ပန်ဒိုရာဂြိုဟ်ရဲ့ တောနက်ကြီး တစ်ခုထဲမှာ သူတို့ရဲ့ Avatar အသွင်ပြောင်းစခန်းကို လျှို့ဝှက်ထားပြီး မင်းသားဟာ Avatar အဖြစ် အသွင်ပြောင်းလို့ Navi တွေကို ကယ်တင်ဖို့ ကြိုးစားပာတယ်။ Navi တွေရဲ့ ယုံကြည်မှုကို ရဖို့ရာ သူဟာ အစဉ်အဆက် Navi ငားယောက်သာ စီးနိုင်ခဲ့တဲ့ ဧရာမ ငှက်ကြီးကို အသက်စွန့် ဖမ်းယူပြီး သူတို့ဆီကို လိုက်သွားခဲ့တယ်။ သူတို့ရဲ့ ယုံကြည်မှုကို ရတဲ့ အခာကျတော့မှ Navi မျိုးနွယ်စု များစွာကို စုစည်းပြီး လူတွေရဲ့ ကျူးကျှောမှုကို တွန်းလှန်ဖို့ လုပ်ကြပာတော့တယ်။ နောက်ဆုံးမှာတော့ မင်းသားဟာ အသက်ဝိညာဉ်ပင်ကြီးရဲ့ အကူအညီနဲ့ လူအဖြစ်ကနေ Navi အဖြစ်ကို အပြီးတိုင် ပြောင်းလဲခံယူလိုက်တော့တယ်။

ဒီဇာတ်ကားဟာ အစကနေ အဆုံးတိုင် အံ့မခန်း ဖန်တီးချက် ရိုက်ချက်တွေကို တမေ့တမော ကြည့်ရတဲ့ ဇာတ်ကားပာ။ ပြသချိန် ၃နာရီနီးပား ကြာပာတယ်။ ဒှောလာ သန်းသုံးရာလောက် အကုန်အကျခံ ရိုက်ကူးထားတာလို့လည်း သိရတယ်။ ပန်ဒိုရာဂြိုဟ်ပှောက ရှုခင်းတွေကို ဖန်တီးထားတာ အလွန်ပဲ ကောင်းမွန်ပြီး တကယ့်အစစ်လား ထင်ရပာတယ်။ Animation တွေဟာလည်း အရမ်း ကောင်းမွန်ပာတယ်။ ကင်မရွန်းဟာ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၁၄နှစ်လောက် ကတည်းက ရိုက်မယ်လို့ စိတ်ကူးထားခဲ့တာလို့ သိရပာတယ်။ ကမဿဘာကျှောတဲ့ ဒာရိုက်တာ ဘာဖြစ်လို့ ကမဿဘာကျှောတာလဲ သိချင်ရင် ဒီဇာတ်ကားအတွက် သူပြင်ဆင်ခဲ့တာတွေကို ကြည့်တာနဲ့ သိနိုင်ပာတယ်။ Na'vi တွေပြောမယ့် ဘာသာစကားကို ဘာသာစကား ပညာရှင် တစ်ယောက်နဲ့ တွဲဖက်ပြီး ဖန်တီး ယူခဲ့တယ်။ Na'vi တွေ သစ်ပင်တွေနဲ့ ဆက်သွယ်စကားပြောနိုင်ပုံကို လည်း ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး လေ့လာခဲ့တယ်။ ဆယ်နှစ်ကျှော အချိန်ယူ ပြင်ဆင်ခဲ့တယ်။ ဒာတင်မကဘဲ ဒီဇာတ်ကား အောင်မြင်ခဲ့လို့ရှိရင် နောက်ထပ် ဇာတ်လမ်းတွဲ နှစ်ကားစာ အတွက်ပာ သူပြင်ဆင်ထားခဲ့တယ်လို့ သိရပာတယ်။ ဒီဇာတ်ကားမှာ ကွန်ပျူတာ ဖန်တီးမှု ၆၀% နဲ့ အစစ်က ၄၀% ရောမွှေထားတယ်လို့ ဆိုပာတယ်။ ဒီဇာတ်ကားကို သူကိုယ်တိုင်ရေးတယ်၊ သူကိုယ်တိုင် ရိုက်တယ်၊ သူကိုယ်တိုင် တည်းဖြတ်တယ်၊ သူကိုယ်တိုင် ထုတ်တယ်။ ကမဿဘာ့ဝင်ငွေ အကောင်းဆုံး Titanic ဇာတ်ကားကို ဒီကားက ကျှောဖြတ် သွားလိမ့်မယ်လို့ တွက်ဆထားကြပာတယ်။ ဒီမှာတော့ နိုင်ငံခြားမှာလို ဒီဇာတ်ကားကို 3D Version မကြည့်နိုင်သေးပာဘူး။ ဒာပေမယ့် မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်တာမို့ မကြည့်ဖြစ်လိုက်ရ မဖြစ်အောင် လက်တို့လိုက်ပာရစေ။

စကားချပ်။ ကျွန်တှော သွားကြည့်တဲ့ အချိန်က ရှေ့တန်းမှာ ဒီကားကို လာကြည့်နေတဲ့ နိုင်ငံခြားသားတွေလည်း ရှိတယ်။ ဘေးမှာ လူငယ်တစ်သိုက် ထိုင်နေကြတယ်။ ရယ်လိုက်မောလိုက် နောက်လိုက်ပြောင်လိုက်နဲ့ တှောတှော အဆင့်အတန်း နိမ့်ကျပာတယ်။ တစ်ရုံလုံးလည်း ငြိမ်ငြိမ်ဆိမ်ဆိမ် မရှိဘူး။ ကျွန်တှောတို့ လူမျိုးဟာ စည်းစိမ်ခံတာတောင် စနစ်တကျ အသိတရားရှိရှိ စည်းစိမ် မခံတတ်သေးဘူးလို့ မြင်တယ်။ ကိုယ်လုပ်တဲ့ အပြုအမူတွေဟာ သူတစ်ပားကို ထိခိုက်ရုံသာမက ကိုယ့်လူမျိုး အတွက်ပာ အရှက်ရစရာ ဖြစ်တယ်ဆိုတဲ့ အသိတရား ရှိကြရင် တှောတှော ကောင်းမယ်။

ကိုးကား။ Avatar (2009 film)

9 Responses to “Avatar Movie Review”

ကိုညီလင်းဆက်ရေ.. ဒီဇာတ်ကားက တော်တော်တော့ နာမည်ကြီးနေတာဆိုတော့ ကြည့်ချင်လိုက်တာဗျာ..

စကားချပ်။ ။ ကိုယ်အပြုအမူတွေဟာ သူတစ်ပါးကို ထိခိုက်ရုံသာမက ကိုယ့်လူမျိုးအတွက်ပါအရှက်ရစရာ ဖြစ်တယ်ဆိုတဲ့ အသိတရားရှိဖို့တကယ်လိုတာပါ။ အခုလည်း အဲလို အပြုအမူမျိုးတွေ ရေးထားတဲ့ ဘလော့တစ်ခုကို တွေ့ထားလို့ပါ။ ဘလော့နည်းပညာရှင်များ ဒီဘလော့ကို hack ပေးနိုင်ရင် ကောင်းပါလိမ့်မယ်ခင်ဗျာ..အစ်ကိုလည်း သွားကြည့်ပေးပါအုံး ဘယ်လောက်ထိ မိုက်ရိုင်းလည်း ဆိုတာ...
http://messengerforbuddhist.blogspot.com/

အစ်ကိုဘလော့မှာ Cbox မရှိလို့ ဒီနေရာလေးမှာ ရေးသွားရတာ ခွင့်လွတ်ပေးပါ။

အဟီး စဖတ်ကတည်းက ရယ်နေရတယ်...
“မြန်မာအတွေး တွေးရင် ရုပ်ပြောင်းစိတ်ခွာဟေ့။ လူသားရဲ့ စိတ်ဝိညာဉ်ကို အခုန ဖန်တီးထားတဲ့ Avatar တွေမှာ ထည့်ပြီး အသွင်သစ် ဖန်တီးယူတာဟ” လို့ ဖတ်လိုက်ရလို့ဟ..

သွားကြည့်လိုက်ဟဦးမယ်..
တော်တော်ပြောနေကြတော့ ကောင်းမှာပဲဟေ့..

2012 သွားကြည့်တုန်းက အဲလိုအုပ်စုတစ်စုနဲ့ ကြုံဖူးတယ်.. ဘာတွေပြောနေမှန်းကိုမသိဘူး.. ဖုန်းကလည်း တချိန်လုံးပြောနေသေးတယ်.. ပီးတော့ သုံးသပ်ပုံက လန်ထွက်.. “တကတဲ တရုတ်တွေများ နေရာတကာ ပါချင်တယ်.. သင်္ဘောကြီးတောင် တရုတ်မှာသွားဆောက်ရတာကြည့်” တဲ့.. ကိုင်းဗျာ..

တစ်ခါက ၂၀၁၂ သွားကြည့်တုန်းကလည်း ကိုယ့်အရှေ့တန်းမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်က phone ထဲက သီချင်း ကို စပီကာနဲ့ နားထောင်နေတယ်။ စိတ်တိုလိုက်တာမှ မပြောနဲ့... ပါလာတဲ့ အိတ်နဲ့ နောက်ကနေ ပိတ်ရိုက်ပစ်လိုက်ချင်တယ်။

ဒီတစ်ခါ Avatar သွားကြည့်လို့.. အဲ့ဒီလို လူတွေနဲ့ တွေ့ရင် သည်းခံမှာ မဟုတ်တော့ဘူး။ တကယ် ပိတ်ရိုက်ခဲ့မှာ.. ဟွန်း...

madyjune said...

အရုဏ်ဦးနဲ့ အတူ သွားကြည့်ခဲ့တာဆိုတော့ 2012 ကားကြည့်တုန်းက ဘေးနားက လူတွေကို အကုသိုလ် တော်တော်များများ ပွားခဲ့တာကို မဒီ့ဘလော့ဂ်မှာတော့ ရေးပြီးသွားပြီ။ မနက်ဖြန်ကြရင် Avatar သွားကြည့်မယ်။ ဟိုရောက်ရင်လဲ နောက်ထပ် အကုသိုလ် ထပ်ပွားရဦးမယ် ထင်တယ် :(

Anonymous said...

Avator ကတော်တော် ကောင်းတယ်။ ကျွန်တော် ဒီမှာ 3D ကြည့်လိုက် တာဆိုတော့ ပိုပြီး မိုက်တယ်။ ရုပ်လုံး တွေက ကြွတက် နေတာပဲ။

exiter said...

ကျွန်တော်ကတော့ အဲဒီကားမှာ Na'vi တွေရဲ့ ဆံပင်လုပ်ထားတဲ့ ပုံကိုသဘောကျတယ် .... နောက်ပြီး Na'vi ရယ် သစ်ပင်တွေရယ် သတ္တ၀ါတွေကို ဆက်သွယ်မှုတစ်ရပ်ဖြစ်အောင်လုပ်ထားတဲ့ ပုံလေးကလည်းတော်တော်ကောင်းတယ် ... ကျွန်တော်ဆို အဲဒီကားကို နှစ်ရက်ဆက်တိုက်ကြည့်ဖြစ်တယ် ...

kilo said...

3D နဲ့ ကြည့်ဖြစ်ပါတယ် သိပ်ကောင်းတယ်.

ရိုးရိုးတစ်ခေါက်၊ 3D နဲ့တစ်ခေါက် နှစ်ခေါက်ထပ်ကြည့်တာတောင် မဝသေးဘူး။ သူငယ်ချင်းတစ်ချို့တောင် သုံးခေါက်ကြည့်ပြီးသွားပြီ။ သီချင်းကလည်း အရမ်းကောင်းလို့ ကားပြီးပြီးချင်း ချက်ခြင်းမထချင်ဘူးရယ်။

Anonymous said...

ကျနော်တို့ ဆီမှာ 4D နဲ့ ဗျ။ကောင်းမှကောင်း။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz