Saturday, August 22, 2009

အမေးတှောဖြေကျမ်းကြီး


Image Hosted by ImageShack.us

အမေးတှောဖြေကျမ်းကြီး
ပထမ မောင်းထောင် ဆရာတှောဘုရားကြီး
ဒုတိယအကြိမ်
သာသနာရေးဝန်ကြီးဌာန
၂၀၀၇
ဂဝဝဝကျပ်



ဒုတိယအကြိမ်ရိုက် အမှာစာ
နိဒါန်း
ပဋိညာဉ် စကားရပ်
  1. ဆင်မျိုး ၁ဝပါး
  2. ဆင်၏ အတိုင်းအတာ
  3. ရွှေဆင်ရုပ် လှူသင့် မလှူသင့်
  4. မကိုဋ်သင်းကျစ်တှော
  5. ဆရာတှော သီတင်းသုံးရန်ကျောင်း
  6. တံဆိပ်နာမံတှော
  7. သဥဿဇာလီနေရာတှော
  8. နကဿခတ်နှင့်ဆန်း
  9. တံခါးတှော ၁၂ရပ်
  10. အဘိသေက မဂဿငလာ
  11. ထီးဖြူတှော
  12. အဘိသိက္ခံ ပလဿလင္ေတာှ
  13. အင်းပျဉ်တှော
  14. သာသနာပြု စေလွှတ်ခြင်း
  15. တုရိုဏ်တိုင်
  16. တုရိုဏ်တိုင် ပမာဏ
  17. မြို့ထောင်စေတီ လေးဆူ
  18. အဘိသိက်ခံ ရေသဖန်းပျဉ်
  19. ဘဒဿဒပီဌ ပလဿလင္ေတာှ
  20. အဘိသိက္ခံ မဏဿဍပ္
  21. ဌာပနာတိုက် ကမဿပည်း
  22. ရာဇာဘိသေက အစီအရင်
  23. ကသဿသပ ဗောဇဿဈင်သုတ်
  24. မိဖုရားကြီး အဘိသိက် ခံသင့် မခံသင့်
  25. သာသနာတှော ချီးမြှင့်ခြင်း
  26. အိမ်ရှေ့မင်း ဘွဲ့တံဆိပ်တှော
  27. ပြာသာဒ်မအချအင်းပျဉ်
  28. အိမ်ရှေ့မင်းဘွဲ့ ဆန်းဂိုဏ်း
  29. စလွယ်တှော
  30. စုဒဿဒသဘတ်
  31. သက်တှောရှည်ရန်
  32. ဘာသာပြန်
  33. မင်းဧကရာဇ်၏ စလွယ်တှော
  34. သုဒဿဒိယပုဏဿဏားနွင့္ ပုဏဿဏားအျပား
  35. မင်းအဆက်ဆက် အဘိသေက မဂဿငလာ
  36. ရာဇာဘိသေကသဘင်၌ ဝတ်ဆင်ရန်
  37. မဟာပိနဿနဲနတ်
  38. ရွှေတောင်ဝှေးတှော
  39. ပတဿထနာပြုပုံ
  40. မဟာမုနိဘုရားကြီး
  41. တိုင်းခမ်းလှည့်လည်ခြင်း
  42. သာသနာတှောရေး
  43. မြေတုန်လှုပ်ခြင်း
  44. နနဿဒိဝဋဿဋ ကျီးခြေသဏဿဌာန် မင်းခမ်းတှော
  45. ကျောင်း ဘုရား ဝတ်မိုး ဝတ်မြေ
  46. ကမဿပည်းကျောက်စာတှော
  47. ကျောက်စာတှော
  48. ထီးဆောင်းတှောမဂဿငလာ
  49. မာရဘင်ဥကင်ရာဇပလဿလင်
  50. ျဗာဟဿမဏစာရိတဿတ
  51. ကေသရဗီဇနီ
  52. ရာဇပလဿလင္ေတာှ
  53. စုရေးဝန်းရေး ခန့်သင့် မခန့်သင့်
  54. သစ်ခေါက်ဆိုးနှင့် ဝတ်ဖြူ
  55. ဂုဏဿဏရတဿတ စနဿဒဂုဏဿဏေက်ာှသူတို့ စလွယ်
  56. ရေတွင်းရေကန် ဆေးခပ်ခြင်း
  57. ရာဇပလဿလင် ထီးဖြူတှော လုပ်နည်း
  58. တံခြန္ကုကဿကား
  59. ပုဏဿဏားတို့ ကျင့်နည်း ထမ်းရွက်နည်း
  60. လှိုင်မြို့စား မေတဿတာစာ
  61. မင်းခမ်းမင်းဆောင်တှော
  62. သာသနာပိုင်ဆရာတှော မေတဿတာစာ
  63. တံဆိပ်နာမံတှော အဆုံးအဖြတ်
  64. ကျောင်းတှော ပြောင်းသင့် မပြောင်းသင့်
  65. ရာဇောဝါဒဝဏဿဏနာ မေတဿတာစာ
  66. ပိုက်ကွန်ရောင်းသူတို့ အကုသိုလ် ဖြစ် မဖြစ်
  67. သာသနာပိုင်ဆရာတှော မေတဿတာစာ
  68. သဒဿဒါကျမ်းစုများ
  69. ဗေဒင်ကျမ်းစုများ
  70. တက်ကျမ်းစုများ
  71. အလကဿငာကျမ်းစုများ
  72. ဆန်းကျမ်း
  73. အဘိဓာန်ကျမ်းစုများ
  74. ဣတိဟာသကျမ်းစုများ
  75. နီတိကျမ်း
  76. ဓမဿမသတ်ကျမ်းစု
  77. ဆေးကျမ်းစု
  78. ဝိသုံဂါမမြေစားပေးရာ ထိုက် မထိုက်
  79. သိမ်အကြောင်းအရာ မေတဿတာစာ
  80. လက်ဝဲလက်ယာ ထီးဖြူတှော
  81. ထီးဖြူတှောနှင့် သမုဒဿဒဇာထီးလုပ်နည်း
  82. သာသနာပိုင်ဆရာတှော မေတဿတာစာ
  83. ကြေးဆင်းတုတွင်းမှ ပေစာ
  84. တရုတ်ပြည်နှင့် မဟာမိတ်
  85. ကျောင်း ဘုရား ဝတ်မိုး ဝတ်မြေ
  86. ပရိမဿမရွှေဂူမြေကို လှူထိုက် မလှူထိုက်
  87. တရုတ်ပြည်မှ ရွှေပေရာဇသံနှင့် ဗြဟဿမာရုပ်
  88. အောင်မြေဘုံကျှော ကျောင်းတှော
  89. တရုတ်ပြည်မှ ရာဇသံ
  90. တရုတ်ပြည်သို့ ပေးမှာသည့် ရာဇသံ
  91. ရာဇသံ ၂ရပ်၏ အကြောင်း
  92. ဆင်တှော
  93. ရွှေကျောင်းတှောကို သံဃာ ပုဂဿဂိုလ် အပ် မအပ်
  94. ဆင်ဖြူတှော တန်ဆာ
  95. ဆဒဿဒနဿတဇာတ္
  96. မဟာပနာဒမင်းပြာသာဒ်တှော အနံ
  97. လထပ် ရက်ငင်
  98. တရုတ်ပြည်မှ လက်ဆောင်လာသူတို့ ထွက်ဆိုချက်
  99. တရုတ်သံတို့ကို လွှတ်တှောတွင် အတွေ့ခံသင့် မခံသင့်
  100. အလေး တောင်း တင်း
  101. စကုမြို့က ပင့်ဆောင်ခဲ့သည့် ဆင်းတုတှော
  102. သာသနာတှောရေးနှင့် စပ်သည့် မေတဿတာစာ
  103. သုဓမဿမရာဇာတွင် သွင်းသည့် မေတဿတာစာ
  104. မေတဿတာစာ
  105. သသဿငကရိုဋ္အဘိဓာန္လာ ဆင္မ်ိုးအျပား
  106. အာဇာနည္အဂဿငါ ငါးပါး
  107. ဆီမီးမြင်းမိုရ် ပူဇှောပုံ
  108. ကထိန်သကဿငန်း မသိုးသကဿငန်း
  109. မဟာပိနဿနဲနတ်
  110. မဟာပိနဿနဲနတ် ပူဇှောနည်း
  111. ပူဇှောရမည့် လ၊ နေ့၊ ရက်
  112. စက်ထိုး စက်ပစ် မြင်းခင်းသဘင်
  113. ဝေသဿသဝဏ်နတ်မင်း
  114. အိမ်ရှေ့မင်းနှင့် ပြည်ထဲရေး
  115. ဖုသ်ွနကဿခတ္နွင့္ သျကဿငန္ေတာှ
  116. စန်းနှင့်နကဿခတ် အယှဉ်အပူး
  117. ပုဏဿဏာတိထီနွင့္ နနဿဒာတိထီ
  118. အတတ်ပညာ အယုတ်၊ အမြတ်
  119. နာမဇစက် ဂပါး
  120. ဗောင်းတှောဆင်ယင်ခြင်း
  121. ထူးဆန်းသော ခြေရာ
  122. သံတမန်တို့၏ သံတှောဦးတင်ချက်
  123. ဘုရားအနေကဇာတင်
  124. ဥဒည်ဘွားက ဆက်သသည့် ရှိကြာမုနိဘုရား
  125. တရုတ်ပြည်နှင့် သာသနာ
  126. ရခိုင် ဂပါး ပုဏဿဏား
  127. ပုရောဟိတ် မြှောက်ထိုက်သူ
  128. အောင်ပင်လယ် နနဿဒာကန် ရွှေလောင်းမြောင်း
  129. အလေး၊ တောင်း၊ တင်း၊ တောင်၊ တာ
  130. ဆင်ကြိုးရွှေကူဘုရားနှင့် သိမ်
  131. ဆီးမီးမြင်းမိုရ်နှင့် မဟာပိနဿနဲပြဲ
  132. ဝရကာလေနဿတ သာမေဏ
  133. အသောကာရာမကျောင်းတှော
  134. မြို့သစ်စား
  135. ကျောင်းတှောကမဿပည်း
  136. မဟာဒါန်ဝန်
  137. သီဟိုဠ်ဘာသာမှ မြန်မာဘာသာသို့
  138. စစ်တကောင်းစား တင်ချက်
  139. ပါဝါပြည်နှင့် ကုသိနာရုံ
  140. သီရိစွနဿဒရတ်နှင့် သားငပါစူ
  141. မေတဿတာစာ
  142. မေတဿတာစာ
  143. သျကဿငန္ေတာှ
  144. ၁၂လ ရက်ပေါင်း၃၆၀ သကြဿငန်
  145. ပဥဿစင်းလောင်း၊ ရှင်လောင်း ရေစက်သွန်း
  146. ဥပဇဿဈာယ်ဆရာ၊ နိသျည်းဆရာ
  147. မေတဿတာစာ
  148. မြေကုရှင် ဧကစာရ
  149. နရာယနပါ နလတမဿဗု
  150. သရက်မြို့မှ ဆင်တှော
  151. ငါးပတ်ချောင်း အရှေ့ဘက်တွင် မွေးမြင်သည့်ဆင်
  152. သုဓမဿမာဇရပ္ေတာှ စာေတာှျပန္ပြဲ
  153. ပိဋကတ္တိုက္ေတာှ
  154. ပုဂဿဂလိက အလွူေတာှ
  155. မင်းကွန်းဘုရား ဘိနပ်တှော
  156. ပုဂံမြို့မှ ပုံတှော
  157. ကောင်းမှုတှောဘုရားမှ နတ်ကြီးငါးပါး
  158. မြေပုံဘုရားရုပ်တု
  159. တရုတ်ပြည်မှ တမန်တို့ကို စစ်ချက်
  160. အထူးထူးသော လက်ဆောင်နှင့် ရွှေတံဆိပ်
  161. အနဿဓဂူဆင်းတုတှော
  162. သတဿတဋဿဌာနရုပ္တုေတာှ
  163. ပြာသာဒ်တှော ထုပိကာ
  164. ငွေစစ်၊ ငွေစင် ပြုလုပ်ခြင်း
  165. ထူးဆန်းသော သရက်သီး
  166. ကျိုင်းလုပ်ဆောင်ပုံ
  167. ဘုရားလောင်း ဗျာဒိတ်ခံဟန်
  168. ပုဂဿဂလိကကျောင်း အလှူတှော
  169. ပင်းမင်းသမီး၏ ပဋဿဌာန်းဇရပ်တှော
  170. စာအောင်သံဃာအား လှူဒါန်းခြင်း
  171. ကပဿပဋဿဌိတိ လေးပါး သောဠသ
  172. သျကဿငန္ေတာှေခါှ ဂြိုဟ်နတ် ပူဇှောနည်း
  173. ဖြစ်တှောစဉ်
  174. ဓာတ်တှောဝေပုံ သံဂါယနာတင်ပုံ
  175. မိထွေးတှော ဂေါတမီ
  176. စက္ေတာှရာ စက္လကဿခဏာ
  177. သာသနာေတာှျပု
  178. ေမတဿတာစာ
  179. ဆရာတှော သံဃာတှောတို့ စာရင်း
  180. ပဏဿဏာေတာှ
  181. တံဆိပ္နာမံေတာှ
  182. နေ၊ လ၊ နကဿခတ် ယှဉ်သွား
  183. တိုင်းခမ်းလှည့်လည်ခြင်း
  184. ဗေဒင်အရေးအကြောင်း
  185. သိမဂဿငပန်းရည်
  186. ထန်းကျင့်ပင်
  187. ဖဝါးမှန်တိုင်
  188. ၁၉နှစ် သာမဏေကို ပဥဿစင်းခံခြင်း
  189. မေတဿတာစာ
  190. မေတဿတာစာ
  191. ရက် ငင်သင့် မငင်သင့်
  192. ၁၂လ၊ ၁၃လ ပြု၍ ဝါကပ်သင့် မကပ်သင့်
  193. ရက်ပေါင်း ၃၆၀
  194. အရုဏ်နှင့် ကာလိက
  195. သီရိပါဒ ခြေတှောရာ
  196. သီရိပါဒ စက်တှောရာနှင့် မန်းစက်တှောရာ
  197. မေတဿတာစာ
  198. ဆေးကျမ်းစု
  199. ဗေဒင်ကျမ်းစု
  200. သဒဿဒါ၊ ဆန်း၊ လကဿငာကျမ်းစု
  201. ဆေးကျမ်း
  202. ဗေဒင်ကျမ်း
  203. သဒဿဒါကျမ်းစု
  204. ပုဏဿဏားတို့ အမူအရာကို ဆိုသည့္စာ
  205. သစဿစာျပုပံု
  206. ေမတဿတာစာ
  207. ေမတဿတာစာ
  208. စက္ေတာှရာ ပမာဏ
  209. စက်တှောရာ တောင်၊ တာ ဖွဲ့ပုံ
  210. လောကီကျမ်း၊ လောကုတဿတရာကျမ်း ညီ မညီ
  211. ညဉ့်သုံးယာမ်
  212. မဟာဗောဓိညောင်တှော
  213. မဟာဗောဓိနှင့် တိုင်းကြီးတို့၏ အကွာအဝေး
  214. ဗြိဟဇ်၊ ဇောတိတတွကျမ်း ပါဌ်အနက်
  215. မဟာမိတ် လကဿခဏာ
  216. ပုံတှော ပကဿခဒိန်
  217. လ ကြပ်၊မကြပ်
  218. မိတဿထိလာကန်တှော သမိုင်း
  219. မေတဿတာစာ
  220. မင်းရှင်စော၏ ကန်ချောင်း၊ ဆည်မြောင်း
  221. ကိုင်းမားမြို့ သံဃာတှောတို့ ပေးစာ
  222. ကိုင်းမားမြို့ သံဃာတှောသို့ ဆရာတှော၏ ပေးစာ
  223. မြွေစိမ်းခေါင်းမှ ပုလဲ
  224. သတဿတဋဿဌာနနှင့် ဗောဓိမဏဿဍိုင်
  225. ကြေးအုတ်မှ အကဿခရာ
  226. ယခုအခါ သမုတိသံဃာ ရှိ၊မရှိ
  227. ဥပုပ်ပဝါရဏာ ဝါဆို၊ဝါကပ်
  228. အာပတ် ဖြေ၊မဖြေ
  229. ရဟန်းတှောများ သုသာန်သို့ လိုက်၊မလိုက်
  230. ပဌမ၊ မဇဿဈိမ၊ ပစဿဆိမ ဗုဒဿဓဝစန
  231. အောင်စည်းခုံဘုရားမှ ကြေးနီပြား
  232. ကေတုမတီသို့ လှည့်လည်ခြင်း
  233. ဆည်ကျိုးကို ဘောင်ခတ်ရာ သိကြား သိ၊မသိ
  234. မေတဿတာစာ
  235. မေတဿတာစာ
  236. လေးအတတ်
  237. ဓမဿမကဿခနဿဓာ ၈၄၀၀၀
  238. မကိုဋ်သင်းကျစ်တှော
  239. ရဟန်းတှောများ ကူးတို့ခွန် လွတ်သင့်၊ မလွတ်သင့်
  240. မင်းကွန်းဘုရား အုတ်ရိုးမှ ရေကြည်ထွက်ခြင်း
  241. စာတှောပြန်
  242. ရှင်သူငယ်အိပ်မက်
  243. မေတဿတာစာ
  244. ဒကဿခိဏသာခါ ဗောဓိသား
  245. မိုးနဲစှောဘွား ဆက်သသည့်ကျောက်
  246. ရွှေဘုံသာဘုရားမှ ကြေးနီစာ
  247. စစ်ကိုင်းတောရ
  248. နေခှေါ၊ လခှေါ နကဿခတ် နေ၊လ
  249. ဆင်ဖြူတှောသိမ်း မဂဿငလာ
  250. စာကြည့်၊ စာတည်း၊ လဝတ်၊ ဆွမ်းဆန်တှော
  251. သီဟိုဠ်မှ မဟာဗောဓိ
  252. ဗောဓိပင် စိုက်ပျိုးနည်း
  253. ပိဋကတ်ကို အကျအပေါက်မရှိ ရေးသားရန်
  254. သုရဋဿဌိက မြေ
  255. ကာသိအရပ်
  256. ယုဒဿဓယောဂကျမ်း
  257. ဗေဒင်ကျမ်း၊ ဆေးကျမ်း
  258. အမျိုးလေးပါး
  259. မင်းလှကျှောစွာပေး မေတဿတာစာ
မွတ္သားဖြယ္ရာ အကဿခရာစဉ္မ်ား


ကျွန်တှောကတော့ ဒီကျမ်းကို သမနဿတစကဿခုဒီပနီလောက်၊ စွယ်စုံကျှောထင်လောက် မကြိုက်ဘူး။ ဘိုးတှောဗဒုံမင်း မေးတာတွေကို ဖြေထားတဲ့ စာအုပ်မို့ အကြောင်းအရာ တှောတှောများများက ဘုရင်တွေ၊ တှောဝင် ထုံးတမ်းစဉ်လာတွေ၊ မင်းခမ်းမင်းနားတွေနဲ့ ပတ်သက်နေတာ တွေ့ရပါတယ်။ တချို့ ထူးခြားတဲ့ လောကီရေးရာ ဖြစ်ရပ်တွေကိုလည်း တရားသဘောတွေနဲ့ ယှဉ်တွဲပြီး တွက်ချက်တာမို့ အားမရ ဖြစ်မိတယ်။ ဘုရင်ကလည်း တစ်ခုခုဖြစ် သာသနာပိုင်ကို မေးတော့တာပဲ။ ကိုယ့်ဘာသာကိုယ် ဉာဏ်နဲ့ မစဉ်းစားဘူး။ ဥပမာ ထူးဆန်းတဲ့ ခြေရာတစ်ခု တွေ့လို့ သာသနာပိုင်ကို ဘာခြေရာ ဖြစ်မလဲလို့ သွားပြီး တွက်ချက် ခိုင်းသတဲ့။ ခြေရာကြီးတွေက နှစ်တောင်ကျှောတွေ။ အဲဒီတော့ ဘုန်းတှောကြီးက ဒါဟာ နတ်တွေက ကြည့်ရှုစောင်မနေတာကို ပြတဲ့ အချင်းအရာဆိုပြီး ဖြေရှင်းပေးလိုက်တယ်။ ကောင်းရော။ ဘုရင်ဆိုတော့လည်း သူ့ကို နတ်တွေ စောင့်ရှောက်တယ်ပြောရင် သဘောကျတယ် ထင်ပါရဲ့။ ဒီလိုမျိုးပဲ ကောင်းကင်ကနေ တှောလဲသံလို မြည်ဟီးပြီး ကျလာတဲ့ ကျောက်တုံးကိုလည်း ဘာကျောက် ညာကျောက်ဆိုပြီး ကျမ်းဂန်တွေနဲ့ သွားညှိလိုက်တော့ ရေလိုက်လွဲသွားတာကို ကျွန်တှော တစ်ခါ ရေးခဲ့ဖူးပါတယ်။ [link] ဒါတွေကလွဲလို့ ကျန်တဲ့ ဗဟုသုတတွေကတော့ မှတ်သားစရာ အများကြီး ရပါတယ်။ ဈေးကတော့ အတှောကြီးတယ် ထင်ရပေမယ့် စာမျက်နှာ ဂဝဝကျှောတာရယ် ဗဟုသုတတွေ အများကြီး ပါတာရယ်ကြောင့် တန်တယ်လို့ပဲ ဆိုပါရစေ။ ကိုယ့်ရဲ့အမြင် အခြားသူတွေရဲ့အမြင်ကို ဖလှယ်နိုင်ဖို့ Myanmar Book Catalogue မှာ တင်ထားလိုက်ပါတယ်။


Friday, August 21, 2009

Diary 21.08.2009


ထူးထူးဆန်းဆန်း ဒီရက်ပိုင်းတွေမှာ ကျွန်တှော့ အင်တာနက်က Realtime မရချင်ဘူး။ အားလုံး မရတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အထူးသဖြင့် Google နဲ့ ပတ်သက်တာတွေမှာ မရဘူး။ မေးလ်ပို့ရင် ချက်ချင်း ရောက်မလာဘူး။ Attached ဖိုင်ပါရင် ပိုကြာသေးတယ်။ ဂူဂယ်လ် ဆာဗာမှာ အခုတင်လိုက် အခုပှေါမလာဘူး။ မာခ်နဲ့ ကျွန်တှော တိုင်ပင်ပြီး ဇှောဂျီဖောင့်အသစ်အတွက် ပြင်စရာ ရှိတာတွေ ပြင်တယ်။ ထပ်ထည့်စရာ ရှိတာတွေ ထပ်ထည့်တယ်။ သူက ချက်ချင်းပြင်ပြီး ချက်ချင်းပဲ စမ်းသပ်ဖို့ Google Code မှာတင်တယ်။ ကျွန်တှော သွားကြည့်လိုက်ရင် အရင် ဗားရှင်း အဟောင်းပဲ။ ဘယ်လောက် Refresh လုပ်လုပ် အသစ် တက်မလာဘူး။ Browser ပြောင်းသုံးလည်း မတက်ဘူး။ Ccleaner နဲ့ ကရှ်တွေဖျက်ပြီး ကြည့်လည်း ဒီအတိုင်းပဲ။ ေတာှေတာှ ဒုကဿခေရာက္တယ္။ မသကဿငာလို့ တျခား Proxy ကျှောကြည့်လိုက်တော့ အသစ် Update ဖြစ်သွားတယ်။ ဆန်းပြားတဲ့ နည်းပညာတွေကို ကျွန်တှောဖြင့် နားမလည်တော့ဘူး။ လွယ်ကူလွန်းတဲ့ အရာတွေကို ကျွန်တှောတို့ နိုင်ငံမှာ ဘာကြောင့် ခက်ခက်ခဲခဲ လုပ်ထားကြသလဲလို့ တွေးမိတယ်။

သိပ်မကြာခင်ကာလမှာ ဇှောဂျီ ၂၀၀၉ဟာ Stable ဖြစ်ပါတော့မယ်။ ဘလော့တွေကို ၂ဝဝဂ ကနေ ၂၀၀၉ ပြောင်းတာက လွယ်ပါတယ်။ ဒါပေမယ့် ဂရုပြုရမယ့် အဆင့်လေးတွေ ရှိတယ်။ ဒါကြောင့် အခုလောလောဆယ်တော့ အားလုံးရဲ့ ဘလော့တွေကို မပြောင်းစေချင်သေးဘူး။ ပြောင်းပုံပြောင်းနည်း အဆင့်ဆင့်ကို ကျွန်တှော ရေးထားတာ ရှိတယ်။ တမင်ကို မတင်သေးတာပါ။ စိတ်လောပြီး အလျင်စလို ပြောင်းလိုက်ကြမှာ စိုးလို့ပါ။ ပြီးတော့ Nomalization မှာ ပြင်ဆင်မှု အနည်းငယ် ထပ်ရှိခဲ့ရင် နောက်တစ်ခါ ထပ်ပြောင်းနေရမှာ စိုးလို့ပါပဲ။ ဖောင့်နဲ့ ကီးဘုတ်ကတော့ အဆင့်မြှင့်လို့ ရပါပြီ။ ဒီည နောက်ဆုံး ဗားရှင်းက KeyMaster-0.5.8 နဲ့ Zawgyi-One_2009_August_20_v4.16 ဖြစ်ပါတယ်။ (စမ်းသပ်ကာလ ဖြစ်တဲ့အတွက် ဒါဟာ အချိန်မရွေး အပြောင်းအလဲ ရှိနိုင်သေးတာကိုတော့ သတိပြုရပါမယ်) မြန်မာပြည်က သွင်းတဲ့သူတွေ အနေနဲ့ ကျွန်တှော အခုန ပြောတာလေးကို သတိပြုပါ။ ကိုယ်သွင်းတဲ့ ဗားရှင်းဟာ ဆာဗာကြောင့် နောက်ကျနေရတာမျိုး မဖြစ်အောင် ကီးမာစတာနဲ့ ဖောင့်ရဲ့ဗားရှင်းနံပါတ်ကို စစ်ဆေးဖို့ လိုပါမယ်။ အခုပြောနေချိန်တောင် ကျွန်တှော့ဆီမှာ ဗားရှင်းက 0.5.7 လို့ပဲ ပြနေပါသေးတယ်။ ဖောင့်နဲ့ ကီးဘုတ် အသစ်ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။ အရင်ဟာနဲ့ အသစ်နဲ့ မတူတဲ့ ပြောင်းလဲမှု အသေးစိတ်တွေကို Mark ဆီမှာ ဖတ်ရှုနိုင်ပါတယ်။ ဒီကောင် Stable ဖြစ်သွားလို့ ဇှောဂျီသုံးနေသူတွေက ဆက်သုံးခဲ့မယ်ဆိုရင် ၃လလောက် အတွင်းမှာ ဂူဂယ်တို့ ရဟူးတို့လို Search Engine တွေဟာ စနစ်ကျတဲ့ စာလုံးတွေကိုသာ လက်ခံရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ Search Result တွေဟာ ပိုပြီး တိတိကျကျနဲ့ မှန်ကန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။


ဇင်ပုံပြင်များ (၂)

ဇင်ပုံပြင်များ (၂)



ပွင့်လင်းသော ချစ်ခြင်း

တစ်ခါတုန်းက ဘုန်းတှောကြီး အပါးနှစ်ဆယ်နဲ့ အိရွှင် ဆိုတဲ့ သီလရှင်မလေး တစ်ပါးတို့ဟာ ဇင်ပညာရှိကြီး တစ်ပါးထံမှာ တပည့်ခံရင်း ပညာသင်ကြားနေပါသတဲ့။ အိရွှင်ဟာ ခေါင်းတုံးတုန်းပြီး အဖြူရောင် သင်တိုင်းထည်ကို ဝတ်ဆင်ထားပေမယ့် သိပ်ပြီး လှပပါတယ်။ ဒါကြောင့်လည်း ကိုယ်တှော အတှောများများက အိရွှင်ကို တိတ်တိတ်ကြိတ်ပြီး ချစ်ခင်နေကြသတဲ့။ တစ်ရက်မှာတော့ အဲဒီအထဲက ကိုယ်တှော တစ်ပါးဟာ အိရွှင်နဲ့ နှစ်ဦးသား တွေ့ဆုံခိုက်မှာ ရည်းစားစာ ပေးလိုက်ပါတယ်။ အိရွှင်ဟာ ဘာအဖြေမှ ပြန်မပေးခဲ့ပါဘူးတဲ့။ နောက်တစ်နေ့ ဇန်ဆရာကြီးရဲ့ သင်ကြားမှု ပြီးစီးချိန်ကြမှ အိရွှင်ဟာ မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ သူ့ကို ရည်းစားစာပေးတဲ့ ကိုယ်တှောကို စူးစူးစိုက်စိုက်ကြည့်ရင်း ရှင်တကယ်လို့ ကျွန်မကို တကယ် နှစ်နှစ်ကာကာ ချစ်မြတ်နိုးတယ် ဆိုရင် အခုပဲ ကျွန်မဆီလာပြီး ပှေါပှေါတင်တင် ပွေ့ဖက်လိုက်ပါလားလို့ ပြောလိုက်သတဲ့။


အပူ

ဒီလိုနဲ့ အိရွှင်ဟာ အနှစ်ခြောက်ဆယ်ကျှော ဇင်တရားတွေကို လေ့လာကျင့်ကြံ လာရင်းက နောက်ဆုံး ကွယ်လွန်မယ့် အချိန်ကို ရောက်ရှိလာပါတယ်။ သူမက ရဟန်းအချို့ကို ထင်းခြောက်တွေ စုပုံခိုင်းလိုက်ပြီး သူမကတော့ အဲဒီ ထင်းခြောက်တွေရဲ့ အလယ်မှာ ထိုင်လို့ ထင်းတွေကို မီးရှို့စေပါသတဲ့။ ရဟန်းတစ်ပါးက အို သီလရှင် သင် အဲဒီအထဲမှာ မပူဘူးလားလို့ အလန့်တကြား လှမ်းမေးပါတယ်။ အဲဒီအခါ အိရွှင်က သင့်လို လူညံ့တွေပဲ ဒါမျိုးကိစဿစလောက်ကို ရေကြီးခွင်ကျယ် အလေးအနက် ပြောနေတာလို့ ပြန်ပြောလိုက်ပါသတဲ့။ ခဏအကြာမှာတော့ မီးတောက်တွေ အားကောင်းလာပြီး အိရွှင်လည်း ကွယ်လွန်သွားပါတော့တယ်။


ကျရာနေရာမှာနေထိုင်ခြင်း

တိုရွှီဟာ တစ်ခေတ်တစ်ခါက လွန်စွာထင်ရှားခဲ့တဲ့ ဇင်ပညာရှိတစ်ယောက် ဖြစ်တယ်။ သူဟာ ကျောင်းတိုက်ပေါင်း များစွာမှာ သတင်းသုံးခဲ့ပြီး နယ်မြေအနှံ့မှာ လှည့်လည် သင်ကြားပြသခဲ့တယ်။ သူနောက်ဆုံး သီတင်းသုံးခဲ့တဲ့ နေရာမှာဆို တပည့်တပန်းတွေ အများကြီး ရှိပါသတဲ့။ သူဟာ အဲဒီမှာ နေထိုင်ရင်းက သင်ကြားမှုတွေကို အပြီးတိုင် ရပ်ဆိုင်းတော့မယ်လို့ ကြေညာပြီး သူ့တပည့်တွေကို သူတို့နှစ်သက်ရာ နေရာတွေကို ထွက်သွားနိုင်တယ်လို့ ခွင့်ပြုလိုက်တယ်။ အဲဒီနောက်ပိုင်းမှာတော့ တိုရွှီကို ဘယ်သူမှ မတွေ့ရတော့ဘူးတဲ့။ ဒီလိုနဲ့ သုံးနှစ်အကြာမှာတော့ တိုရွှီရဲ့ တပည့်ဟောင်း တစ်ယောက်ဟာ သူတို့ဆရာကို ကျိုတိုမှာရှိတဲ့ တံတားတစ်ခုရဲ့အောက်မှာ သူတောင်းစားတွေနဲ့အတူ နေထိုင်နေတာကို တွေ့ရှိသွားပါတယ်။ ဒါနဲ့ သူ့ကို ပညာတွေ သင်ပေးပါဦးလို့ တောင်းပန်ပါသတဲ့။ ငါလုပ်နေတဲ့ အရာတွေကို သင့်အနေနဲ့ တစ်ရက်နှစ်ရက် လိုက်လုပ်နိုင်မယ်ဆိုရင် ငါသင်ကြားပေးမယ်လို့ တိုရွှီက ကတိပြုလိုက်တယ်။ ဒါနဲ့ အရင်တပည့်ဟောင်းလည်း အရင်အဝတ်တွေကိုချွတ် သူတောင်းစားလို ဝတ်ဆင်ပြီး တိုရွှီနဲ့အတူ နေထိုင်ပါသတဲ့။ ဒီလိုနဲ့ နောက်တစ်ရက်မှာ သူတို့အထဲက သူတောင်းစား တစ်ယောက်ဟာ ကွယ်လွန်သွားပါတယ်။ တိုရွှီနဲ့ သူ့တပည့်ဟာ ညသန်းခေါင်အချိန်မှာ သေဆုံးသူရဲ့ ကိုယ်ခနဿဓာကြီးကို ထမ်းပိုးသယ်ဆောင်ရင်း တောင်ကမ်းပါးယံ တစ်ခုမှာ မြှုပ်နှံလိုက်ကြတယ်။ ပြီးတော့မှ သူတို့ စတည်းချရာ တံတားအောက်ကို ပြန်လာခဲ့ကြပါသတဲ့။ ပြီးတော့ တိုရွှီဟာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျှောသွားတော့တယ်။ ဒါပေမယ့် သူ့တပည့်ကတော့ အိပ်လို့မပျှောပါဘူးတဲ့။ နောက်တစ်နေ့ မနက်မိုးလင်းတော့ တိုရွှီက ပြောတယ်။ ငါတို့ ဒီနေ့ အစာထွက်တောင်းစရာ မလိုဘူး၊ မနေ့က သေသွားတဲ့ လူက အစားအစာတချို့ ချန်ရစ် ထားခဲ့သေးတယ်လို့ ပြောပြီး စားသောက်နေပါသတဲ့။ တပည့်မှာတော့ အဲဒီအစာတွေကို တစ်ကိုက် တစ်ဖဲ့လေးတောင်မှ မစားနိုင်ပါဘူး။ အဲဒီတော့မှ တိုရွှီက သင်ဟာ ငါလုပ်တဲ့အတိုင်း ဘာမှ လိုက်မလုပ်နိုင်ပါလား။ ဒါကြောင့် သင် ဒီကနေ ထွက်ခွာသွားပါတော့ ငါ့ကို ထပ်ပြီး မနှောက်ယှက်ပါနဲ့တော့လို့ ပြောလိုက်တယ်တဲ့။


ပျက်သုဉ်းချိန်

ဇင်ပညာရှိကြီး အိုက်ကျူဟာ ငယ်စဉ်ကတည်းက လွန်စွာ ထက်မြက် ထူးချွန်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူငယ်စဉ် တစ်ခါတုန်းက သူ့ရဲ့ ဆရာထံမှာ အလွန်ရှေးကျပြီး တန်ဖိုးကြီးတဲ့ လက်ဖက်ရည်အိုးတစ်လုံး ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိုးဟာ အိုက်ကျူကြောင့် ကွဲသွားတာမို့ အလွန်ပဲ စိတ်သောက ရောက်နေပါသတဲ့။ အဲဒီအချိန်မှာပဲ သူ့ဆရာရဲ့ ခြေသံကို ကြားလိုက်ရတာမို့ အိုက်ကျူဟာ အိုးအကွဲကို နောက်မှာ ဝှက်ထားလိုက်တယ်။ သူ့ဆရာ အနားရောက်လာတော့ အိုက်ကျူက ဆရာအရှင် လူတွေဟာ ဘာလို့ သေဆုံးကြရတာလဲလို့ မေးလိုက်ပါတယ်။ အဲဒီတော့ သူ့ဆရာက ဒါဟာ သဘာဝပဲ ငါ့တပည့်၊ လူတွေမှတင် မဟုတ်ပါဘူး အရာအားလုံးဟာ တစ်နေ့မှာတော့ ပျောက်ကွယ်သွားကြရတာပဲလို့ ဖြေလိုက်သတဲ့။ အဲဒီအခါကျမှ အိုက်ကျူက သူ့လက်ထဲမှာ ကွဲနေတဲ့ အိုးအပိုင်းအစတွေကို ထုတ်ပြပြီး ဆရာ့ရဲ့ ရေနွေးအိုးဟာ ပျက်စီးချိန်ကို ရောက်ခဲ့ပါပြီလို့ လျှောက်ထားလိုက်သတဲ့။


လက်ဆောင်

တစ်ခါတုန်းက ရှိချိရီကိုဂျွန်း ဆိုတဲ့ ဘုန်းတှောကြီးတစ်ပါးဟာ တရားစာတွေကို ရွတ်ဖတ်နေတုန်း ဓားလွတ်ကိုင်လာတဲ့ သူခိုးတစ်ယောက်က တက်လာပြီး ဓားပြတိုက်ပါသတဲ့။ အဲဒီအခါ ရှိချိရီက သင်ငါ့ကို မနှောက်ယှက်ပါနဲ့၊ သင်လိုချင်တဲ့ ငွေတွေဟာ ဟောဟို အံဆွဲထဲမှာ ရှိပါတယ်လို့ ပြောပြီး တရားစာတွေကို ဆက်လက် ရွတ်ဖတ်နေပါသတဲ့။ ခဏကြာတော့ ရွတ်ဖတ်မှုကို ခဏရပ်ပြီး သင်အားလုံးတော့ မယူသွားလေနဲ့၊ မနက်ဖြန်မှာ ငါအခွန်ဆောင်ဖို့ရာ ရှိသေးတယ်လို့ ပြောလိုက်တယ်။ သူခိုးဟာ ငွေအနည်းငယ်ကိုသာ ချန်ရစ်ထားခဲ့ပြီး ထွက်ခွာဖို့ ပြင်တယ်။ အဲဒီအခါ ရှိချိရီက သင့်ကို လက်ဆောင်ပေးတဲ့သူကို သင်က ကျေးဇူးစကား ဆိုသင့်တယ်လို့ ပြောတဲ့အခါ သူခိုးဟာ ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ထွက်ခွာ သွားတော့တယ်။ နောက်ရက် အနည်းငယ်မှာတော့ အဲဒီသူခိုးကို ဖမ်းမိပါတယ်။ ရှိချိရီကို စစ်ဆေးတဲ့အခါ သူက ငါသိသလောက်တော့ ဒီလူဟာ သူခိုး မဟုတ်ပါဘူးတဲ့၊ သူ့ကို ငါငွေတွေ ပေးလိုက်တဲ့အခါ သူက ငါ့ကိုကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီသူခိုးဟာ ပြစ်ဒဏ်ကျခံပြီးလို့ ထောင်က လွတ်မြောက်လာချိန်မှာတော့ ရှိချိရီဆီကို ရောက်လာပြီး သူ့ရဲ့ တပည့် ဖြစ်လာခဲ့ပါတော့တယ်။



ကျွန်တှောရသော သင်ခန်းစာ

  1. လူတွေဟာ ခိုးကြောင်ခိုးဝှက် လုပ်ရတာကို သိပ်အရသာတွေ့တယ်။
  2. မီးထက်ပြင်းတဲ့ အပူတွေလည်း ရှိနိုင်တယ်။
  3. ကျရာနေရာ ဖြစ်ရာဘဝမှာ မနေတတ်တဲ့သူဟာ ပေါင်းသင်းဖို့ ခက်ခဲတယ်။
  4. အရာအားလုံးမှာ သူ့အချိန်ဆိုတာ ရှိတယ်။
  5. ကိုယ့်အလုပ် ကိုယ်လုပ်ခြင်း။



Thursday, August 20, 2009

ဇင်ပုံပြင်များ (၁)

ဇင်ပုံပြင်များ (၁)

Zen ဘာသာမှာ ဒီလို ပုံတိုပတ်စ လေးတွေကို Koan လို့ခှေါကြတယ်။ ဟိုတစ်နေ့က ဒေါက်တာသင်းသင်းရဲ့ ဇင်စာအုပ်လေးကို ဆရာတစ်ယောက်က လက်ဆောင်ပေးလို့ ကျွန်တှော ဖတ်မိပြီး အဲဒီလို ကို့အာန် လေးတွေကို သဘောကျမိတာနဲ့ လိုက်ရှာဖတ်ဖြစ်ပါတယ်။ အောက်ကဟာတွေကတော့ ashidakim က ကျွန်တှော နှစ်သက်တဲ့ တချို့ကို ဘာသာပြန်ထားတာပါ။



ရေနွေးခွက်

တစ်ခါတုန်းက ဂျပန်နိုင်ငံရဲ့ မီဂျီခေတ်မှာ နန်အင်း လို့ခှေါတဲ့ ဇင်ပညာရှိကြီးတစ်ဦး ရှိတယ်။ တစ်နေ့တော့ သူ့ဆီကို တကဿကသိုလ် ပါမောကဿခကြီးတစ်ယောက်က ဇင်အကြောင်း မေးဖို့ ရောက်လာပါသတဲ့။ နန်အင်းဟာ ပါမောကဿခကြီးကို ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ သူဟာ ရေနွေးခွက်ထဲကို ရေနွေးထည့်နေလိုက်တာ လျှံကျနေတာတောင် မရပ်သေးဘဲ ဆက်ထည့်နေတယ်တဲ့။ ဒါကို ပါမောကဿခကြီး မြင်တော့ ရေနွေးတွေခွက်နဲ့အပြည့် ဖြစ်နေပြီ၊ ထပ်လောင်းထည့်လို့ ဘယ်လို ရတော့မလဲ လို့ ပြောလိုက်သတဲ့။ အဲဒီအခါကျမှ နန်အင်းက ပါမောကဿခကြီးလည်း ဒီရေနွေးခွက်လိုပါပဲတဲ့။ ကိုယ့်အယူအဆ ကိုယ့်အမြင်တွေ သက်သက်နဲ့ အပြည့်ဖြစ်နေလေတော့ ဒါတွေကိုမှ အရင် ထုတ်ပယ်မထားရင် ကျွန်တှော့အနေနဲ့ ဘယ်လိုလုပ် ဇင်အကြောင်းကို ပြောပြရမလဲလို့ ပြန်ပြောလိုက်တော့တယ်။


နာခံခြင်း

ဇင်ပညာရှိကြီး ဘန်ခိရဲ့ ဟောပြောပွဲတိုင်းကို သူ့ရဲ့ တပည့်တွေသာမက၊ အခြား အယုတ် အလတ် အမြတ် မရွေး လာရောက် နားထောင်ကြပါသတဲ့။ သူဟာ ဘယ်တော့မှ ခက်ခဲတဲ့ ကျမ်းစာတွေကို ကိုးကားပြီး ဟောပြောခြင်း မပြုပါဘူး။ သူပြောသမျှဟာ သူ့နှလုံးသားထဲကနေ တိုက်ရိုက်လာပြီး နားထောင်သူတွေရဲ့ နှလုံးသားကို တိုက်ရိုက် စီးကူးစေတာမျိုးပါ။ တစ်ရက်ကျတော့ သူ့ဆီကို နိချိရန် ဘုန်းတှောကြီးတစ်ပါး ရောက်လာပြီး စကားစစ်ထိုးဖို့ ပြုပါသတဲ့။ ဒီမယ် ဇင်ဆရာကြီး ခင်ဗျားကို သိပ်ကြိုက်နေတဲ့ လူတွေကတော့ ခင်ဗျားပြောသမျှ နားထောင်ပြီး လိုက်လုပ်ကြတာပေါ့လေ၊ ဒါပေမယ့် ကျွန်တှော့လို လူမျိုးကတော့ ခင်ဗျား ပြောသမျှ လက်ခံလိမ့်မယ် မဟုတ်ဘူး။ ဒီတော့ ခင်ဗျား ကျွန်တှော့ကို ခင်ဗျားစကား နားထောင်လာအောင် လုပ်နိုင်ပါ့မလားလို့ စိန်ခှေါလိုက်တယ်။ အဲဒီအခါ ဘန်ခိက ဟုတ်ပါပြီ ခင်ဗျား ကျွန်တှော့အနား လာခဲ့ပါ ကျွန်တှော ပြောပြပါမယ်လို့ ပြန်ဖြေသတဲ့။ ဒါနဲ့ အဲဒီဘုန်းတှောကြီးလည်း လူရှေ့တိုးထွက်ပြီး ဘန်ခိအနားကို သွားလိုက်သတဲ့။ ဘန်ခိက ပြုံးပြီး ကျွန်တှော့ရဲ့ ဘယ်ဘက်ကို လာပါလို့ ဆိုတော့ သူလည်း ဘယ်ဘက်ကို သွားလိုက်တယ်။ ပြီးတော့မှ မဟုတ်သေးဘူး ခင်ဗျား ညာဘက်ကိုသာ လာရင် ကျွန်တှောတို့ ပိုစကားပြောလို့ ကောင်းမှာပဲလို့ ပြောပြန်တော့ ညာဘက်ကို ပြောင်းလိုက်သတဲ့။ အဲဒီတော့မှ ဘန်ခိက ကဲ ခင်ဗျား မြင်ပြီ မဟုတ်လား၊ ခင်ဗျား အခုပဲ ကျွန်တှော့စကား နားထောင်နေပြီလေ။ တကယ်တော့ ခင်ဗျားဟာ သိပ်ပြီး ကြင်နာတတ်တဲ့ လူပါပဲ။ အခုတော့ ထိုင်ပြီးသာ ကျွန်တှောပြောသမျှ နားထောင်ပါတော့လို့ ဆိုလိုက်သတဲ့။


သတိပေးချက်

ဆရာတှောတန်ဇန်းဟာ သူကွယ်လွန်ခါနီးကျတော့ ပိုစ့်ကဒ်ခြောက်ဆယ်မှာ စာရေးပြီး တပည့်တွေကို ပို့စေပါသတဲ့။ ပြီးတော့မှ သူကွယ်လွန်သွားခဲ့တယ်။ စာထဲမှာ ရေးထားတာလေးကတော့

ငါဟာ ဒီလောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပြီ။
ဒါဟာ ငါ့ရဲ့ နောက်ဆုံးသော သတိပေးချက်ပါပဲ။

တန်ဇန်း
ဇူလိုင် ၂၇၊ ၁၈၉၂


မိတ်ဆွေ

ဟိုးရှေးရှေးတုန်းက မိတ်ဆွေနှစ်ယောက် ရှိကြတယ်တဲ့။ တစ်ယောက်က ဗျပ်စောင်းကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ်ပြီး နောက်တစ်ယောက်ကတော့ ဂီတသံကို နှလုံးသားနဲ့ နားဆင်တတ်သူပါတဲ့။ တခါတလေများ စောင်းဆရာက တောင်တန်းတွေအကြောင်း သီဆို တီးခတ်လိုက်ရင် နားထောင်တဲ့သူက ငါတို့ရှေ့မှာ တောင်တန်းတွေ မြင်နေရသလိုပဲ လို့ ချီးကျူးတတ်တယ်။ စောင်းဆရာက ရေစီးသံလို ဂီတကို တီးခတ်လိုက်ရင်လည်း ဟော ဟော ဒီမှာ စမ်းချောင်းလေး စီးဆင်းနေတယ်လို့ ပြောတတ်သတဲ့။ ဒီလိုနဲ့ တစ်ရက်မှာ အဲဒီ နှစ်ယောက်ထဲက နားထောင်သူဟာ ကွယ်လွန်သွားတယ်။ စောင်းဆရာဟာ အဲဒီနေ့ကစလို့ သူ့စောင်းကြိုးတွေကို ဖြတ်ပစ်လိုက်ပြီး နောက်တစ်ခါ ဘယ်တော့မှ မတီးခတ်တော့ဘူးတဲ့။


ဒေါသကို ခံယူခြင်း

တခါတုန်းက စားတှောကဲ တစ်ဦးဟာ သူ့ရဲ့ ဇင်ဆရာကြီးတွေ အတွက် ညစာ ပြင်ဆင်ဖို့ရာ နောက်ကျနေပါတယ်။ ဒါနဲ့ သူလည်း ဓားတစ်ချောင်းဆွဲ ပန်းခြံထဲကိုဆင်း တွေ့သမျှ ဟင်းသီးဟင်းရွက် အဖူးအငုံတွေကိုမှ ခူးဆွတ်ပြီး အလျှင်အမြန် ရောနှောချက်ပြုတ်လို့ ညစာကို ပြင်ဆင်ရတယ်။ သူဟာ အလျှင်လိုနေတာမို့ အဲဒီ ဟင်းသီးဟင်းရွက်တွေထဲမှာ မြွေခေါင်းလေးပြတ်ပြီး ပါသွားတာကို မသိလိုက်ဘူး။ ဒီလိုနဲ့ ညစာစားကြတဲ့အခါ ဆရာကြီးရဲ့ တပည့်တွေဟာ သူတို့ သောက်ဖူးသမျှထဲမှ အကောင်းဆုံး စွပ်ပြုတ်လို့ ထင်ရလောက်အောင်ကို အရသာတွေ့ကြတယ်။ ဒါပေမယ့် ဆရာကြီးကတော့ မြွေခေါင်းပြတ်လေးကို မြင်သွားပြီး စားတှောကဲကို ခှေါစေတယ်။ ပြီးတော့ မြွေခေါင်းကို ကိုင်ပြီး ဒါဘာလဲလို့ မေးလိုက်သတဲ့။ အဲဒီအခါ စားတှောကဲက ဟာ အရမ်းကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျား လို့ ပြောပြီး အဲဒီမြွေခေါင်းကို ယူပြီး ချက်ချင်းပဲ ဝါးစားပစ်လိုက်ပါတယ်တဲ့။


တိတ်ဆိတ်ခြင်း

တခါတုန်းက တန်ဒိုင်ဆိုတဲ့ တရားကျောင်း တစ်ခုမှာ သိပ်ရင်းနှီးကြတဲ့ သူငယ်ချင်းလေးယောက် ရှိကြတယ်။ သူတို့ဟာ တစ်ရက်ကျတော့ ငါတို့လေးယောက်စလုံး ၇ ရက်တိတိ စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေကြဖို့ ကတိပြုကြတယ်။ ဒီလိုနဲ့ ပထမ တစ်နေ့လုံးကိုတော့ သူတို့ အောင်မြင်စွာပဲ ဖြတ်ကျှောနိုင်ခဲ့တယ်။ ဒါပေမယ့် ညအချိန် ရောက်လာတော့ မှန်အိမ်ရဲ့ ဆီဟာ ခမ်းပြီး မီးအားနည်းလာချိန်မှာ သူတို့အထဲက တစ်ယောက်က ဘယ်လိုမှ မနေနိုင်တော့ဘဲ အစေခံ တစ်ယောက်ကို မီးစာတွေ ဖြည့်လိုက်ဦးလို့ စတင် ပြောလိုက်သတဲ့။ အဲဒီအသံကို ကြားလိုက်ရတော့ ဒုတိယတစ်ယောက်ဟာ အံအားသင့်သွားပြီး ငါတို့ စကားမပြောဖို့ အဓိဋဿဌာန်ထားကြတယ် မဟုတ်လားလို့ လှမ်းပြောလိုက်မိတယ်။ အဲဒီမှာတင် တတိယတစ်ယောက်က မင်းတို့နှစ်ကောင် တကယ့် လူမိုက်တွေပဲ ဘာဖြစ်လို့ စကားပြောရတာလဲလို့ မေးလိုက်မိပြန်သတဲ့။ အဲဒီမှာ နောက်ဆုံးတစ်ယောက်က အင်း အားလုံးထဲမှာ ငါတစ်ယောက်ပဲ စကားမပြောတဲ့သူ ကျန်တော့တယ်လို့ အသံထွက်လာပါသတဲ့။



ကျွန်တှောရသော သင်ခန်းစာ

  1. ကိုယ့်ကိုယ်ကိုယ် သိပ်တှော သိပ်တတ် ထင်နေသူများနဲ့ စကားကို မပြောပါနဲ့ အချိန်ကုန်တယ်။
  2. ရန်သူဟာ ကိုယ်ပြောတာတွေတော့ လိုက်လုပ်ကောင်း လုပ်နေလိမ့်မယ်၊ ကိုယ့်ကိုတော့ ဘယ်တော့မှ အကောင်းပြောလိမ့်မယ် မဟုတ်။
  3. ဒီထက်ပိုပြီး ဘာမှ သတိမပေးနိုင်တော့ဘူး။
  4. ဘက်တူမှ ပေါင်းလို့သင်းလို့ရတယ်။ ကိုယ်ပြောတာ၊ ကိုယ်လုပ်နေတာကို ခံစားနားလည် တတ်သူကိုသာ ပြောပါ။
  5. တပါးသူ ကိုယ့်ကြောင့် ဒေါသထွက်တဲ့အခါ အဲဒီဒေါသကို ကျေကျေနပ်နပ် လျှင်လျှင်မြန်မြန် ခံယူပါ။
  6. တိတ်ဆိတ်ခြင်းဟာ လူတွေ မနေတတ်ဆုံး အရာ။



The Moon Cannot Be Stolen


မနေ့ညက မြန်မာစာလုံးတွေကို Lemmatization လုပ်နေတုန်း လူတစ်ယောက်က ၃၈၀၅၉၉ နံပါတ်နဲ့ ဖုန်းဆက်လာတယ်။ နံပတ်ကလည်း ရင်းနှီးနေသလိုလိုဆိုတော့ ပထမတော့ ကိုယ့်သူငယ်ချင်း ထင်မိလိုက်တယ်။ နောက်မှ တမင်သက်သက် အနှောက်အယှက် ပေးမှန်း သိရတော့တယ်။ Insult လုပ်တာတင် မကတော့ဘူး Threating ပါလုပ်လာတယ်။ ဒါတွေကို ကျွန်တှော ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိစဿစနဲ့ကိုယ်တောင် ခေါင်းတွေ လည်ထွက်နေအောင် စဉ်းစားနေရတဲ့အထဲ အဆက်မပြတ် ဖုန်းဆက်ပြီး ဒီလို အနှောက်အယှက် ပေးတဲ့သူတွေကို အံ့ဩမိတယ်။ အလုပ်လုပ်နေတဲ့အချိန်မို့ ဘလိုင်းကြီး လာပြောနေတော့ စိတ်ကလည်း တိုမိသွားတယ်။ အရှိန်လေးနဲ့ ဉာဏ်ကွန့်မြူးပြီး လုပ်ရတဲ့ အလုပ်မှာ ဒီလို စိတ်တိုရတော့ လူက ဆက်လုပ်ချင်စိတ်တောင် မရှိတော့ဘူး။ ကိုယ့်ဆီလာတဲ့ဖုန်းကို မခြေမငံ ပြောမိပြန်ရင်လည်း သောက်ကြီးသောက်ကျယ်လို့ ပြောခံရဦးမယ်။ ကျွန်တှော လုပ်နေတဲ့ အလုပ်ကလည်း ဘယ်သူနဲ့မှ ပတ်သက်တာ မဟုတ်။ ဘယ်သူ့ လခမှ စားနေတာလည်း မဟုတ်။ အခုနောက်ပိုင်း ဘယ်သူကောင်းတယ်၊ မကောင်းဘူး ဘာမှလည်း မပြောဖြစ်ပါဘူး။ ဒီမြန်မာစာတွေနဲ့ ကိုယ့်ဟာနဲ့ကိုယ်တောင် အပတ်မလည်ဘူး။ ဘယ်သူတွေက ဘာတွေကို ဘယ်လို မကျေမနပ် ကြည့်မရ ဖြစ်နေလဲတော့ မသိ။ အဲဒီတော့ ဒီလိုလုပ်တာဟာ ကျွန်တှော့ကို သက်သက် ပါဆင်နယ် စိတ်ရှုပ်ထွေးအောင် လုပ်တယ်လို့ပဲ သတ်မှတ်လိုက်တယ်။ စိတ်ရှုပ်ထွေးတော့ အလုပ်က ပျက်ရော။ ကိုယ့်အတဿတကို လာထိပါးတာမို့ ဒေါမနသဿသ ဖြစ်နေတဲ့စိတ်က တှောတှောနဲ့ ငြိမ်မသွားဘူး။ အဲဒီအချိန်မှာ ဇင်ဘာသာထဲက ပုံပြင်လေးတစ်ပုဒ် သွားဖတ်မိလိုက်တယ်။ အဲဒီတော့မှ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိပြီး ကျွန်တှော့စိတ်ဟာ ပြန်လည် အေးမြသွားတော့တယ်။ နောက်ကျရင် ကျွန်တှော ဖတ်ဖြစ်တဲ့ ဇင်ပုံပြင်လေးတွေ တင်ပေးဦးမယ်။



The Moon Cannot Be Stolen

Ryokan, a Zen master, lived the simplest kind of life in a little hut at the foot of a mountain. One evening a thief visited the hut only to discover there was nothing to steal. Ryokan returned and caught him. "You have come a long way to visit me," he told the prowler, "and you should not return empty-handed. Please take my clothes as a gift." The thief was bewildered. He took the clothes and slunk away. Ryoken sat naked, watching the moon. "Poor fellow," he mused, "I wish I could have given him this beautiful moon."

Tuesday, August 18, 2009

Top Social Media Sites 2008

Image Hosted by ImageShack.us

Top Social Media Sites
(ranked by unique worldwide visitors November, 2008; comScore)

  1. Blogger (222 million) ***
  2. Facebook (200 million)
  3. MySpace (126 million)
  4. Wordpress (114 million) ***
  5. Windows Live Spaces (87 million)
  6. Yahoo Geocities (69 million)
  7. Flickr (64 million) ***
  8. hi5 (58 million)
  9. Orkut (46 million)
  10. Six Apart (46 million)
  11. Baidu Space (40 million)
  12. Friendster (31 million) ***
  13. 56.com (29 million)
  14. Webs.com (24 million)
  15. Bebo (24 million)
  16. Scribd (23 million) ***
  17. Lycos Tripod (23 million)
  18. Tagged (22 million)
  19. imeem (22 million)
  20. Netlog (21 million)

Source: TechCrunch

Remark: This is 2008 Stats from comscore. Some services shown with *** are banned in Myanmar. Who care! there are lot of platforms still available.

Fake Verify Mail Alert sent as Google Mail Team


မနေ့က မေးလ်ထဲကို Gmail ကနေဆိုပြီး မေးလ်တစ်စောင် ရောက်လာတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ တကယ်ထင်စရာပါပဲ။ ကိုယ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖျက်ပစ်လိုက်တဲ့ မေးလ်အကောင့် တစ်ခုကို Retrieve လုပ်နေတဲ့ အချိန်ဆိုတော့ ဟုတ်များဟုတ်နေသလားပေါ့။ ဒါပေမယ့် မသကဿငာလို့ အချက်အလက်တွေ စစ်ဆေးကြည့်လိုက်တော့ အတုကြီး ဖြစ်နေတာ သေချာသွားတယ်။ အခြားသူတွေ ဒါမျိုးကြုံခဲ့ရင် အယုံလွယ်ပြီး သူတို့ ပြောသမျှ မလုပ်မိအောင်လို့ပါ။ ကျွန်တှော့ကို နိုင်ငံခြားသား ပညာရှင်တစ်ယောက်က ပြောဖူးတယ်။ Security ချိုးဖောက်ခံရတာတွေ အားလုံးရဲ့ 90% လောက်က ကိုယ့်ကြောင့် ဖြစ်တာတွေတဲ့။




ဒါက ကျွန်တှော့ဆီ ရောက်လာတဲ့ အီးမေးလ်



ဂူဂယ်ဟာ နာမည်၊ လျှို့ဝှက်ကုဒ်၊ မွေးသကဿကရာဇ်၊ နေထိုင်ရာအရပ် စတဲ့ အရာတွေကို ဘယ်တော့မှ အဲဒီလို မေးလေ့မေးထ မရှိဘူး။ ပြီးတော့ မေးထားတဲ့ ပုံစံက စနစ်မကျဘူး။ အောက်က Warning ကလည်း ခြိမ်းခြောက်လွန်းအား ကြီးတယ်။ GMAIL Beta ဆိုတဲ့ လိုဂိုမှာ Font Space က ဂူဂယ်ရဲ့ဟာနဲ့ မကိုက်ဘူး။ နောက်ဆုံး အပှေါက Show Detail မှာ ကြည့်လိုက်တော့ ပို့တဲ့နေရာမှာ verifyscess@gogleteam.com ဆိုပြီး ဖြစ်နေတယ်။ ကိုယ်က ပြန်မယ့် အီးမေးလ်ကိုကျတော့ accessacount11@gmail.com ဆိုပြီး လွှဲထားတယ်။ အားလုံးကို သုံးသပ်လိုက်တော့ ဒါဟာ တစ်ယောက်ယောက်က ကိုယ့်ဆီက အချက်အလက်တွေကို လိုချင်လို့ တမင် လုပ်ကြံပို့လိုက်တဲ့ စာကြီးဆိုတာ သိသာသွားပါတယ်။ ရုတ်တရက်ဆိုရင်တော့ ကိုယ့်အကောင့် ပျက်မှာကြောက်ပြီး သူတောင်းတဲ့ဟာတွေ ပေးမိကောင်း ပေးမိနိုင်ပါတယ်။ ဒါမျိုးမေးလ်တွေ လာတဲ့အခါ သတိထားနိုင်အောင်လို့ပါ။


Monday, August 17, 2009

ကောက်လွမ်းစစ်တုန့်စင်


ကျစ်ဟုန်းတီးကင်ချို့
လှောရောင်းတီမလစ်
ကောက်လွမ်းစစ်တုန့်စင်
စူကျု့ကျန်လင်စင်


လေပြင်းတိုက်ခတ်သော အခါမှ အဘယ်မြက်များက ကြံ့ကြံ့ခိုင်နိုင်သည်ကို သိရ၏။
ခရီးရှည် သွားကြည့်သော အခါမှ ဘယ်မြင်း ကောင်းသည်မကောင်းသည်ကို သိရ၏။
တိုင်းပြည်ပျက်သော အခါမှ ဘယ်ဝန်ကြီးများ သစဿစာရှိသည် မရှိသည်ကို သိရ၏။
အရေးကြုံကြိုက်လာမှ မိတ်ဆွေ စစ်သည် မစစ်သည်ကို သိရ၏။



PS: တရုတ် အဆိုအမိန့်လေးပါ။ ဦးစပ်စုရဲ့ ထူးတဲ့စပ်စု ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ စာသားလေးတွေလို့ ထင်မိတာပဲ။ ကူးထားတာ ကြာပြီမို့ သေချာတော့ မမှတ်မိတော့ဘူး။


မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၄)


မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၄)




နယ်မြေရွှေ့ပြောင်းလာသော ဒါဝင်၏ လူများသည် အားဒမ်နှင့် အေးမကို ရုတ်တရက်တွေ့ပြီး လန့်ဖြန့်ကာ ထွက်ပြေးခဲ့ကြရာ ပထမတော့ ထိုနေရာနှင့် သိပ်မနီးမဝေး ဒေသတွင် တစ်လကြာ စခန်းချကြ၏ (ထိုဒေသကို သူတို့က တလဟု ခှေါကြ၏။ ထိုမှတဖန် ဆက်လက်ထွက်ခွာလာကြရာ သူတို့ ပဲများ ဝင်ခိုးသောအရပ် ပဲခိုး၊ ထိုမှဆက်ပြီး ပင်လယ်ကမ်းခြေအရပ် သောင်အငူလေး တိုးထွက်နေသော သောင်ငူ၊ ထိုဒေသမှာလည်း သူတို့ အခြေချရန် မနှစ်သက်ပြန်သောကြောင့် အနောက်ယွန်းယွန်းသို့ ဆက်လက် ထွက်ခွာကြပြန်ရာ တစ်နေရာ အရောက်တွင် မိုးကာလရောက်လာပြီး သွားရေးလာရေး ခက်ခဲကာ လွန်စွာ ဒုကဿခရောက်ကြလေသည်။ ထို့ပြင် ခရီးတလျှောက် ရခဲ့သော ဒဏ်ရာဒဏ်ချက်များမှာလည်း ပြင်းထန်သောကြောင့် ပြည်တည်၍ နေလေပြီ။ ထို့ကြောင့် ထိုနေရာတွင်ပင် ခေတဿတခဏ စတိရွာတည်ကာ အခြေချကြတော့မည်ဟု ဆုံးဖြတ်ကြလေသည်။ ထိုဒေသကိုလည်း စတိခေတဿတဟု အမည်ပေးလေ၏။ (မည်မျှ တိုက်ဆိုင်သနည်းဆိုသှော ထိုနေရာမှာ လွန်လေသော နှစ်ပေါင်းများစွာက သျှရီခေတဿတရာ (သရေခေတဿတရာ) ဟု အမည်တွင်ခဲ့သောဟူ၏)

ဒါဝင်၏ လူများမှာ ယခင်က အယောက် ၅ဝခန့် ရှိခဲ့သှောလည်း ကြမ်းတမ်းသော ခရီးလမ်းနှင့် ရာသီဥတု၊ တောရဲသားကောင်တို့ကြောင့် ယခုတော့ ၁၅ယောက်လောက်သာ ကျန်တော့သည်။ ထို စတိခေတဿတနေရာတွင် သူတို့ကို အဓိက ဒုကဿခပေးနေသော အကောင်ကြီး လေးကောင်လည်း ရှိသေးသည်။ ကြောင်ကြီး၊ ဖားကြီး၊ ခွေးကြီးနှင့် ငန်းကြီးတို့ ဖြစ်ကြလေသည်။

ကြောင်ကြီးသည် လွန်စွာကြောင်သော အကောင်ကြီးဖြစ်သည်။ သူ့မျက်လုံးများမှာ လွန်စွာမှ ကြောင်တောင်တောင် နိုင်လေသည်။ ကြောင်ကြီးသည် စားစရာကိုပဲ ရှာနေတတ်သည်။ စားပြီးလျှင် ထပ်စားရမည့်အရေးကို ချောင်းတတ်သလို ထပ်စားရမည်ကိုလည်း သိနေသော အကောင်ကြီး ဖြစ်၏။ ယင်းတို့က မကျွေးလျှင် ခိုးစားတတ်သေးသည်။ ထို့ကြောင့် ဒါဝင်လူများမှာ အစားအစာ ရလာရင် ဟိုဖွက်ရ ဒီဖွက်ရနှင့် ကိုယ့်ပစဿစည်းနှင့်ကိုယ် ဒုကဿခများရရှာသည်။

သူတို့တဲတွေရှေ့မှာ ခွေခွေခွေခွေ အမြဲနေတတ်သော ထိုအကောင်ကိုတော့ ခွေကြီးဟု အမည်ပေးထား၏။ နောင်မှ ကာလရွေ့လျောပြီး ခွေးကြီး ဖြစ်လာသောဟူ၏။ ခွေးကြီးက အချိန်ပြည့် အူသည်။ ထိုအူသံသည် လွန်စွာ ဆွေးဆွေးမြေ့မြေ့ ရှိလှသည်။ ချစ်သူ ခွဲခွာခြင်း ခံရသော လူများ ညည်းညူနေသလိုမျိုး အချစ်ကို တမ်းတကာ အူနေသလားလို့ သူတို့တွေ ထင်မြင်မိသည်။ မည်သို့ပင်ဆိုစေ ခွေးကြီးကတော့ ရည်းစားလူလု အူနုကျွဲခတ်ခံရသော လူပမာ နေ့စဉ်မပြတ် အူနေလေရာ သူတို့သည်လည်း အလွမ်းအဆွေး ဓာတ်ခံရှိသော လူများပီပီ ခွေးအူသံတွင် မျောပါကာ ဘာကိုလွမ်းမှန်းမသိ လွမ်းဆွေးရင်း ချုံးချုံးကျကုန်သော ဟူ၏။

နောက်ထပ် ပြသဿသနာကောင်တစ်ကောင်ကို ယူဆောင်လာသည်မှာ မိန်းမတစ်ယောက်ဖြစ်သည်။ ထိုမိန်းမမှာ အပျိုကြီးလည်းဖြစ်သည်။ သူတစ်နေ့တစ်နေ့ သိချင်နေသည်မှာ သူ့ဘဝမှာ ယောက်ျားရမှ ရပါဦးမလားဟူသော မေးခွန်းပင်ဖြစ်သည်။ (ယင်းအပျိုကြီးမှာ ဇီဇာကြောင်လွန်းခြင်း၊ နေရာတကာပါခြင်း၊ ပစိပစပ်များခြင်း၊ ရစ်ခြင်း၊ ဆရာကြီးလုပ်ခြင်း စသော အမူအကျင့်များကြောင့် ဒါဝင်ယောက်ျားများက ရှောင်ကြလေ၏)။ ထိုမေးခွန်းကို တွေ့သည့်သူတိုင်းကို မေးသည်။ မေးလွန်းသဖြင့် အခြားသူများက သူ့တွေ့လျှင် ရှောင်ပြေးရသောဟူ၏။ နောက်ဆုံးတွင် မေးစရာမရှိသောအခါ သစ်ပင်တွင်ကပ်နေသော ယင်းအကောင်ကို တို့ဘဝမှာ ယောက်ျားရဖို့ အခွင့်အရေးလေးများ ရှိပါဦးမလားဟယ် ဟု ကနွဲ့ကလျ သွားမေးသောကာလ ယင်းသတဿတဝါက ခေါင်းတဆတ်ဆတ် ညိမ့်လေသတတ်။ ထိုအခါ ဝမ်းသာလုံးဆို့ပြီး ဒင်းကလေးက ချောမှာလားဟု ဆက်မေး၏။ ယင်းအကောင်ကလည်း ခေါင်းထပ်ညိမ့်ပြန်၏။ ထိုမှစပြီး မိန်းမအချင်းချင်း သတင်းလွေ့လွေ့ ဖြစ်သွားကာ ရှေ့ဖြစ်ဟောတတ်သော အကောင်တစ်ကောင်ဟု သတ်မှတ်ပြီး နတ်သဖွယ် ကိုးကွယ်ကြလေသည်။ အစားအစာ ရှာ၍ရလျှင် ယောက်ျားကို အသာထာပြီး ယင်းအကောင်ကို ဦးစွာ သွားပသကြ၏။ (ဗုဒဿဓတရားတှောထဲမှ ရွှေဆွဲပြားဆွဲပြီး မာန်တက်နေသော အကောင်မှာ ယင်းအကောင်၏ ဘိုး၊ဘေး တှောစပ်လေသည်) ထိုကဲ့သို့ မုန့်လေးပဲလေးနှင့် သွားသွားမေးလျှင် ခေါင်းညိတ်တတ်သောကြောင့် မုန့်တင်ညိတ်ဟု အစက အမည်ပေးကြလေသည်။ (ဝဂ်တူစကားလုံးများ ပြောင်းလဲတတ်သည်ဟူသော မြန်မာစကားထုံးတမ်းတို့အရ မုန့်မှပုန့်၊ နသတ်မှတသတ်ပြောင်း အောက်မြစ်ကျေပြီး ပုတ်ဖြစ်လာ၏။ ညိတ်မှ တသတ်က တစ်ချောင်းငင်ဖြစ်ပြီး ညိုဖြစ်လာရာမှ နောက်ပိုင်း ပုတ်သင်ညိုဟု ခှေါကြကြောင်း ပျောက်ကွယ်သွားပြီဖြစ်သော လိပိဗေဒကျမ်းတို့က ဆိုလေသည်)

ကမဿဘာဦး လူသားများ ဖြစ်သည်နှင့်အညီ ဉာဏ်အားဖြင့် နည်းပါးသေးသည့်အလျောက် ယင်းတို့ မသိသည့် အချက်မှာ ယင်းသို့သော ပုတ်သင်ညိုကောင်များသည် ဘာမေးမေး၊ ဘာပြောပြော ခေါင်းညိတ်တတ်သည် ဆိုသော အချက်ပင် ဖြစ်လေ၏။ ဤသို့ဖြင့် မေးရင်းမေးရင်းမှ ပုတ်သင်ညိုလေးရေ ငါ့ရည်းစားကို ဟိုကောင်မ မျက်စပစ်နေတယ် ဆိုတာ ဟုတ်လားဟင် ဆိုသော မေးခွန်းမျိုး၊ ဟိုကောင်မ ငါ့နေရာလုဖို့ ကြံနေတာ ဟုတ်တယ်မဟုတ်လား ဆိုသော မေးခွန်းမျိုးများ ပါလာရမှ စပြီး ဒုကဿခရောက်ကြလေ၏။ ပုတ်သင်ညိုက မေးသမျှ ခေါင်းညိတ်၏။ ထိုအခါ ဒေါမနသဿသတွေ ပွားများကြပြီး အချင်းချင်း တုတ်တပြက် ခဲတပြက် (ကျောက်ခေတ်သာ ရှိသေးသောကြောင့် ဓား မပှေါသေး) ဖြေရှင်းကြကုန်၏။ မိန်းမများအချင်းချင်း ဖြစ်သောစစ်ပွဲသည် ယောက်ျားများကို ကူးစက်တက်ရကား ယောက်ျားများလည်း အချင်းချင်း သတ်ကုန်ကြ၏။ ထိုအကောင်ကောင်းမှု အကြောင်းပြု၏ ဒါဝင်လူများမှာ တစ်ရပ်ထဲ နေနေသှောလည်း အစိတ်စိတ် အမွှာမွှာကွဲကာ တစ်ဦးကိုတစ်ဦး အယုံအကြည် မရှိကြတော့ပေ။ ဖက်ဒရယ်မူကြောင့် ဒါဝင်ပြည်ထောင်စု ပြိုကွဲတော့မည့် အရေးကို ပြေးမြင်ကြသော ဒါဝင်လူကြီးသူမများမှာ ယင်းပြသဿသနာကို ဖြေရှင်းဖို့ရန် ခေါင်းခဲကြရလေသည်။

နောက်ဆုံး အကောင်တစ်ကောင်ကား ငန်းကြီးဟု အမည်ရလေ၏။ ငန်းကြီးမှာ ယခုသင်တို့ မြင်ဖူးကြသော အရွယ်အစား မဟုတ်ပါ။ ကမဿဘာဦးသတဿတဝါ ဖြစ်သောကြောင့် အတှောကြီးလေ၏။ ယင်းငန်းကြီးသည် ယခင်ဘဝက တဏှာရာဂ အင်မတိအင်မတန် ကြီးမားသော လူယောက်ျားတစ်ဦး ဖြစ်ခဲ့ပုံ ရပါ၏။ အဘယ်ကြောင့်ဆိုသော ငန်းဘဝ ရောက်နေသည့်တိုင် မိန်းမမြင်တိုင်း လည်ပင်းကြီးဆန့် နှုတ်သီးကြီး ရှေ့ထိုးထိုးပြီး အတင်းအဓမဿမ လိုက်လေသောကြောင့် ဒါဝင်မိန်းမများမှာ ဟိုနေရာ စုတ်ပြဲ ဒီနေရာစုတ်ပြဲ ဟိုနေရာ သွေးခြေဥ ဒီနေရာ သွေးခြေဥ ဖြစ်ကြရလေ၏။ ယင်းငန်း အလိုက်ကို ခံရ၍ ကြောက်လန့်ပြီး ပြေးရာမှ ချောက်ထဲကျသေသူလည်း သုံးလေးယောက် ရှိသောဟူ၏။ မည်သို့ပင် ဒါဝင်လူများ တပ်ပျက်နေပါစေ ငန်းကြီးကတော့ မိန်းမမြင်တိုင်း လိုက်ထိုးတုန်းပင်၊ မှီရာလေးကို ကိုက်ဆွဲလိုက်ချင်တုန်းပင်။ ကြာလာတော့ ဒါဝင်လူများမှာ ဆီးချုပ်ဝမ်းချုပ်ပင် ဖြစ်လာကြသည် ဆို၏။ မတှော သူတို့သတိမေ့နေတုန်း မောင်ရွှေငန်းက မတှောရာဝင်ဆွဲ မတှောရာဝင်ထိုးလျှင် ကိုယ်ကျိုးနည်းကုန် ကြမည်ပေါ့။ ထို့ကြောင့် ဒါဝင်မိန်းမများခများ အမျိုးသမီးငန်းစောင့်ရှင်များ တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ကင်းစောင့်ကြရသည်အထိ အလုပ်ရှုပ်ကြရတော့သည်။

ထို့ကြောင့် သူတို့သည် အဆိုပါ ကြီးလေးကြီး ပြသဿသနာကို ဖြေရှင်းဖို့ရာ အစည်းအဝေး မကြာခဏ ထိုင်ကြရတော့သည်။ သို့ရာတွင် အစည်းအဝေးများ၏ ထုံးစံအတိုင်း လိုရာသို့ မရောက်နိုင် ပြောချင်ရာတွေပြော ငြင်းချင်ရာတွေ ငြင်းပြီး မည်သည့်အခါမှ ပြသဿသနာ ပြေလည်သွားသည် မရှိဘဲ အစည်းအဝေး ထိုင်ခြင်းသည်သာ အဖတ်တင်သောဟူ၏။ နောက်ဆုံးတွင်တော့ သူတို့ လူများ လျော့နည်းလာရခြင်းမှာ လွန်စွာ စိုးရိမ်ရသော အခြေအနေ ဖြစ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်ကို ရလေသည်။ ထိုပြသဿသနာကိုတော့ မိမိတို့ အနစ်နာခံကာ ဖြေရှင်းပေးပါမည်ဟု လူယောက်ျား ၁ဝယောက်စလုံးက လူမိန်းမ ၅ယောက်ကို အံကြိတ်ခါ အာမခံလေသည်။ ဤနေရာတွင် အလျင်းသင့်၍ ပြောလိုသည်မှာ အဆိုပါ ဒါဝင်လူများမှာ အားဒမ်နှင့် အေးမ၊ ဒညင်းမယ်တို့ကဲ့သို့ မဟုတ်ကြပေ။ သူတို့သည် သဘာဝတရားကြီး အကြောင်းကို ကောင်းကောင်း သိလေ၏။ ယောက်ျားဟူသည် အဘယ်နည်း၊ မိန်းမဟူသည် အဘယ်နည်းမှ အစ အဆိုပါယောက်ျားနှင့် မိန်းမတို့ တက်ညီလက်ညီ ပူးပေါင်းပါက မည်သို့သော ရလဒ်များ ထွက်ပှေါလာတတ်ကြောင်းကိုလည်း သိသောဟူ၏။ လွန်စွာ ထူးချွန်သော ဒါဝင်လူများပါပေ။ အဆိုပါ ယောက်ျားတို့၏ အနစ်နာခံချက်ကို ဒါဝင်မိန်းမများက သနားသဖြင့် လက်ခံကာ လူဦးရေ တိုးပွားအောင် ဆောင်ရွက်ကြလေတော့သည်။ ထိုသို့ဖြင့် သူတို့သည် အနဿတရာယ် ကြီးလေးကြီး၏ ပြသဿသနာကို မဖြေရှင်းနိုင်သှောငြားလည်း လွန်စွာ အရေးကြီးလှသော လူဦးရေ တိုးတက်မှု ပြသဿသနာကြီးကို ကိုင်တွယ်နိုင်ခဲ့ ကြပေသည်။


ပေါက်တတ်ကရကိုမှ အားပါးတရ ဖတ်ချင်သူများအတွက် :D


Thursday, August 13, 2009

18+Den is upgraded with newly Zawgyi 2009


ဒီနေ့ ကျွန်တှော့ရဲ့ ဘလောဂ် တစ်ခုလုံးကို ဇှောဂျီစာလုံးအသစ် ၂၀၀၉ နဲ့ အစားထိုးလိုက်တယ်။ Stable Version လို့လည်း ယူဆလို့ ရနေပါပြီ။ ဒီဖောင့်အသစ်ဟာ Mark ရဲ့ အစွမ်းကြောင့် မြန်မြန် ထွက်လာတာပါ။ မြန်မြန် ဆိုတာတောင်မှ အခါပေါင်းများစွာ လိုနေတာတွေဖြည့်လိုက်၊ ပိုကောင်းအောင် လုပ်လိုက်နဲ့ တှောတှော အချိန်ပေးလိုက်ရမှာ အသေအချာပါပဲ။ ဒီစနစ်မှာ ပြောင်းလဲမှုတွေ အများကြီး ပါပါတယ်။ အရင်က အမျိုးအစားတွေ ကွဲပြားနေတဲ့ ရရစ်တွေ၊ ဟထိုးတွေ၊ အောက်မြစ်တွေကို စံစနစ် တစ်ခုထဲမှာ ထားလိုက်တယ်။ အဲဒါကြောင့် လူက မှားရိုက်ရင်တောင် Keyboard ကနေ အလိုလို ပြင်ပေးသွားပါလိမ့်မယ်။ ဖောင့်အသစ် သွင်းထားတဲ့သူ အနေနဲ့ ဖောင့်အဟောင်းနဲ့ ရေးထားတဲ့ စာတွေကို အရင်အတိုင်း မြင်ရပါမယ်။ ဒါပေမယ့် ဖောင့်အဟောင်း သုံးနေဆဲ လူတွေကတော့ ဖောင့်အသစ်နဲ့ ရေးထားတာတွေကို ဖတ်ရှုရင် အမြင်မှားယွင်းနေပါလိမ့်မယ်။ လက်ကွက်အပြောင်းအလဲ သိပ်မရှိပါဘူး။ ကိုယ့်ဘလော့မှာ ရေးထားတဲ့ အရင်ကစာတွေကိုလည်း Keymaster မှာပါတဲ့ Converter ကနေ တစ်စကဿကန့် အတွင်း ပြောင်းပေးနိုင်ပါတယ်။ ကျွန်တှော့ရဲ့ ဘလော့မှာ ပိုစ့်ပေါင်း ၁၄၀၀ ကျှော ရှိတယ်။ Space ခံထားတဲ့ အကဿခရာပေါင်း သုံးသန်းခွဲလောက် ရှိပါတယ်။ ဒါကို ၁.၁ စကဿကန့်အတွင်းမှာ ပြောင်းပေးနိုင်တာ တွေ့ရပါတယ်။ အပြင်က Word လိုမျိုးပှေါမှာ ရိုက်ထားတဲ့ စာကို ပြောင်းလဲတာ အရမ်းလွယ်ကူတာ တွေ့ရပါလိမ့်မယ်။ ဘလော့တွေမှာ ဆိုရင်တော့ အဆင့်လေး နဲနဲ ရှိပါတယ်။ အဲဒီလို ပြောင်းလဲပုံ အဆင့်ဆင့်ကို မနက်ဖြန်ကျမှ ရေးပါတော့မယ်။ ဇှောဂျီဖောင့် သုံးနေတဲ့သူတွေ အနေနဲ့ကတော့ အရင်အဟောင်းအစား ဒီဖောင့်ကို အဆင့်မြှင့်တင် အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီအသစ်ကို အသုံးပြုမယ်ဆိုရင် Search Engine တွေအနေနဲ့ စနစ်ကျတဲ့ Keyword တွေကို သတ်သတ်မှတ်မှတ် ရွေးချယ်လာနိုင်မှာမို့ ကိုယ့်ဝဘ်ဆိုဒ်ရဲ့ Ranking တွေလည်း တက်လာ နိုင်ပါတယ်။ မည်သူ့ကိုမှ မစည်းရုံးပါ။ ကိုယ်နဲ့ အဆင်ပြေတဲ့ဟာကို သုံးတာ ကိုယ့်အတွက် စိတ်အချမ်းသာဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော့အတွက်ကတော့ ဒီဟာက အဆင်အပြေဆုံး ဖြစ်နေတာမို့ ဒါလေးကိုပဲ ဆက်လက် ရွေးချယ်လိုက်ပါတယ် ခင်ဗျား။


Wednesday, August 12, 2009

Animal Farm by George Owell


Image Hosted by ImageShack.us


George Owell ရဲ့ Animal Farm ဆိုတဲ့ စာအုပ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး။ ညဘက် အိပ်မပျှောသေးလို့ ဟိုလုပ်ဒီလုပ် လုပ်နေရင်း ဒီစာအုပ်လေး သွားတွေ့တယ်။ အရင်ကလည်း ဒီစာအုပ်အဖုံးကို မြင်နေကျပါပဲ။ ဒီနေ့မှပဲ ဒီဝက်ရုပ်က ပိုပီပြင်နေသလိုလို ဘာလိုလို။ တှောတှော အသက်ပါနေတယ်လေ။ ဒါနဲ့ ဝက်ရဲ့ လုပ်နည်းကိုင်နည်းလေးတွေကို မဖတ်ဖူးသေးတဲ့သူတွေ ဖတ်ရအောင်လို့ ညွှန်းလိုက်တာပါ။ မြန်မာပြန်တော့ ရှိတယ်သာ ကြားဖူးတယ် တစ်ခါမှ မဖတ်ဖူးသေးဘူး။ အဂဿငလိပ်လိုလည်း ပီပြင်ပါတယ်။

ဟောဒီလိုရှာပြီး ကြိုက်တဲ့နေရာကနေသာ ဒေါင်းလုဒ် ဆွဲပေတော့ဗျာ။ [Search Animal Farm]


Lea & Perrins


Image Hosted by ImageShack.us


ရေးမယ်ရေးမယ်နဲ့ လုပ်နေတာ နဲနဲကြာသွားတယ်။ လျှက်တစ်ပြက် အတွဲ(၂) အမှတ်(၄၅) စာမျက်နှာ ၇ မှာ တောင်သမန်ကျေးရွာစုထဲက ရွှေလဝန်းဘုရားကို ပြုပြင်ရင်း ရှေးဟောင်းပစဿစည်းတွေ ထွက်လာတဲ့အကြောင်း ပါပါတယ်။ ရှေးဟောင်းပစဿစည်းတွေနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာ မရှိပေမယ့် ဓာတ်တှောတွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးမှာ Lea & Perrins ဆိုတဲ့ နာမည် ပါတယ်တဲ့။ ကျွန်တှော စိတ်ဝင်စားသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနာမည်ကို ရင်းနှီးနေလို့ပါ။ ရင်းနှီးတဲ့ အကြောင်းကလည်း Beef Steak ကြိုက်လို့ပါပဲ။ အဲဒီနာမည်နဲ့ ဆော့က Beef Steak နဲ့စားရင် သိပ်ကောင်းတာကိုး။

Lea & Perrins ဆိုတဲ့ Sauce ကို 1800 နှစ်များမှာ ဝုစတားရှီယားနယ်က မစဿစတာဂျွန်လီယာနဲ့ မစဿစတာဝီလျံပါရင်းတို့က ဖန်တီးခဲ့ကြပါသတဲ့။ 1829 ကစလို့ အမေရိကန်ပြည်တွင်းကို တင်သွင်းခဲ့ကြပါတယ်။ ကမဿဘာမှာလည်း ယနေ့တိုင် နာမည်ကျှော တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဌာပနာက ထွက်လာတဲ့ ပုလင်းမှာ လှူဒါန်းတဲ့ ခုနှစ်က သာသနာနှစ် ၂၄၃၇၊ ကောဇာသကဿကရာဇ် ၁၂၅၅ ဆိုတော့ ခရစ်နှစ် 1893 ပေါ့။ လှူတဲ့သူကလည်း မနဿတလေးမှာနေတဲ့ ဗန်းမှောမြို့ဆိုင်ရာ ဝန်စာရေး ဦးလူတုပ် လို့ ဆိုထားတာကြောင့် အဂဿငလိပ်တွေ မနဿတလေးမှာ အခြေစိုက်လာကြတဲ့ သီပေါမင်း လက်ထက်လောက်မှသာ ဒီလို အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်ပုလင်းတွေ မနဿတလေးကို ရောက်လာတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါကြောင့် ဒီဌာပနာတိုက်ထဲက တွေ့ရတဲ့ ပုလင်းတွေဟာ ၁၈၈၀ ခုနှစ် ပတ်ဝန်းကျင်လောက်ကသာ ဖြစ်ပါလိမ့်မယ်။ ဒီပုလင်းခွံ မနဿတလေးက ဝန်စာရေး တစ်ယောက်ရဲ့အိမ်ကို ရောက်နေတာက ပိုပြီး ထူးဆန်းတယ်။ ဝန်စာရေးကပဲ ကြိုက်လို့ ဝယ်စားတာလား။ ဒါမှမဟုတ် အဂဿငလိပ်အရာရှိ တစ်ယောက်ယောက်ကနေ လက်ဆောင်ပေးထားတာလား။ ဒါမှမဟုတ် သူ့မိန်းမ မမယ်ဖော့က ခင်ရာမင်ရာ အဂဿငလိပ်ဆီကနေ ပုလင်းလေးလှလို့ တောင်းထားတာလား ဆိုတာ လျှောက်စဉ်းစားကြည့်နေမိတယ်။ နောက်မှ အဲဒီဝန်စာရေး ဦးလူတုပ်အကြောင်း ရှာကြည့်ဦးမယ်။ သီပေါမင်း ပူတှောမမာခင်က ဗန်းမှောမြို့ဝန်နာမည်က ဦးလူကြီးတဲ့။ သူက စစ်ပွဲမှာ မအောင်လို့ အရိုက်အရာကနေ ရုတ်သိမ်းခံရပြီး မနဿတလေးမှာပဲ အခြေချ နေထိုင်သွားသတဲ့။ သူလည်း အရင်က စာရေးကြီးပဲ။ စာရေးကြီးကနေ ရာထူးတက်ပြီး မြို့ဝန်ဖြစ်သွားတာ။ သူသေတော့ ၁၈၈၇။ နာမည်ဆင်ဆင်တူနေလို့ မှတ်ထားလိုက်တာ။ ဝက်မစွက်ဒိုင်ယာရီ ပြန်ရှာကြည့်ရင် ဦးလူတုပ်အကြောင်းလည်း တွေ့ကောင်းတွေ့နိုင်သေးတယ်။ ဘာရယ်မဟုတ်ပါဘူး။ ဟိုရောက်ဒီရောက်ပေါ့။ အခုန ပုလင်းလေးလည်း မမေ့နဲ့ဦး။ မြန်မာပြည်မှာဆို စီးတီးမတ်ထဲ အဲဒီပုလင်း ရှာဝယ်လို့ ရပါတယ်။ Beefsteak လေးနဲ့သာ တွဲဖက်စားကြည့် သိပ်ကောင်းပဲ။ အဟုတ်။



PS: If you think my characters are something wrong, believe I m not wrong and it's because of newly Zawgyi 2009, by Mark! :D . Thanks Mark for all of his effort and great idea! All posts will be converted to new Zawgyi very soon. Hope you love it too.


Tuesday, August 11, 2009

Strong earthquake in Yangon


There was strong earthquake in Yangon at 2:28 am, August 11. My condo was shake steadily about 1 minute. I think it might be the first strong earthquake after Tsunami. It's really something. My heart is still beating.

2:38am, August 11.



Update! 3:08 am

Image Hosted by ImageShack.us

Magnitude: 7.6
Earthquake Region: ANDAMAN ISLANDS, INDIA REGION

260 km (160 miles) N of Port Blair, Andaman Islands, India
365 km (225 miles) SSW of Pathein (Bassein), Myanmar
825 km (510 miles) W of BANGKOK, Thailand
2295 km (1420 miles) SE of NEW DELHI, Delhi, India

Source: USGS



Update: 3:20 am

Image Hosted by ImageShack.us

The Pacific Tsunami Warning Center issued a tsunami watch for the region.! (Ref)



Update: 11:30 am

Image Hosted by ImageShack.us

Dont worry! Everything seem fine and nothing collapse news came out. The magnitude of earthquake which stroke in Yangon & Labutta was mercalli scale 4.



Wednesday, August 5, 2009

နေကြတ်ခြင်း

ကိုတာရာမင်းဝေ ကွယ်လွန်တဲ့ အထိမ်းအမှတ် ကဗျာလေးတစ်ပုဒ် ရေးဖြစ်တယ်။ အသိတစ်ယောက်ကတော့ နင်နဲ့ဘာဆိုင်လို့ ရေးရတာလဲလို့ မေးပါတယ်။ အခုခေတ်ပှေါစာပေ ပြောင်းလဲမှုမှာ ကိုတာရာမင်းဝေဟာ အဓိကလူတစ်ယောက်လို့ ကျွန်တှော ယုံကြည်တယ်။ ကျွန်တှောတို့ ကိုယ်တိုင်လည်း ကိုတာရာမင်းဝေရဲ့ စာပေလွှမ်းမိုးမှု အများကြီးကို ခံခဲ့ရတာပါ။ စာလုံးအနုအရွလေးတွေကို ခေတ်ပှေါကဗျာတွေထဲ ထည့်တဲ့နေရာမှာ ကိုတာရာမင်းဝေကို ဘယ်သူမှ မမှီဘူးလို့ ထင်မိတယ်။ ဒါကြောင့် ဒီကဗျာလေးကို ၂ရက်တိတိ သေသေချာချာ စကားလုံးရွေးချယ် မုဒ်အပြည့်သွင်းပြီး အမှတ်တရ ရေးခဲ့ပါတယ်။ (စကားမစပ် သူကွယ်လွန်သွားတာကို နေကြတ်တာနဲ့ နှိုင်းယှဉ်ပြီး ရေးရလားလို့တော့ ပေါက်တက်ကရတွေ မဝေဖန်ကြပါနဲ့ခင်ဗျာ)




နေကြတ်ခြင်း


မျက်လှည့်ဆရာ ပါးစပ်ထဲ မြိုချလိုက်သလိုမျိုး
မီးတောက်ဟာ ရုတ်တရက် ကွယ်ပျောက်သွား
ဖူးပွင့်တော့မယ့် ပန်းကလေးတစ်ပွင့်တောင်
ထိတ်ခနဲ လန့်ဖြန့်ပြီး ပြန်ငုံသွားရရှာတယ်
နေကြတ်ပြီမေမေ
စကြဝဠာတောအုပ်တွေထဲက
တောရဲတိရစဿဆာန်တွေအားလုံး
ဝေါခနဲ တိတ်ဆိတ်သွားကြ
အားလုံးရဲ့ အကြည့်ဟာ ပျောက်ဆုံးသွားသောအရာ
တစ်သက်လုံး လင်းခဲ့သမျှ ခဏလေး အမှောင်ကျသွားခဲ့တာပါ
ကျွန်တှောတို့ မခံနိုင်ခဲ့ကြဘူး
လှုပ်ရှားနေတဲ့ အရာတွေ တစ်ချိန်မှာ ရပ်တန့်သွားမယ်
ငြိမ်သက်နေတဲ့ အရာတွေလည်း တစ်ချိန်မှာ လူးလွန့်လာမယ်
ရနေတာတွေအားလုံး တစ်ချိန်မှာ ပျောက်ဆုံးပြီး
မရခဲ့သေးတာတွေအားလုံး တစ်ချိန်မှာ ပှေါလာမယ်
နေကြတ်ပြီ
နဂါးငွေ့တန်းရဲ့ အခန်းထဲမှာ
ကမဿဘာရဲ့ ဂြိုဟ်ရံလကို ခြုံလွှာလို အကာအကွယ်ယူပြီး
နေဟာ မြွေတစ်ကောင်လို အရေခွံလဲခဲ့ပြီ။



July 27, 2009

PS. ဒီကဗျာလေးကို မနှောရဲ့ အရှေ့မြို့ရိုးကနံနက်ခင်း ဆိုတဲ့ ကဗျာပြပွဲလေးမှာလည်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Sunday, August 2, 2009

Subscribe Comment Feed


Subscribe Comment


မှတ်ချက်တွေကို Reader ထဲမှာ အလိုအလျောက် ဖတ်လို့ရအောင် Feedburner နဲ့ လုပ်ထားလိုက်ပါတယ်။ အထက်ပါ Feed ကို Google Reader ကဲ့သို့သော Reader တစ်မျိုးမျိုးထဲမှာ ထည့်သွင်းခြင်းဖြင့် ပိုစ့်တစ်ခုချင်းစီ အတွက် ပေးထားကြတဲ့ မှတ်ချက်တွေကို စဉ်ဆက်မပြတ် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။


ညီမလေး

ညီမလေး


ကြယ်ပန်းခင်းများနဲ့လင်းတဲ့ ညဟင်းလင်းပြင်
ကျွန်တှော့ရင်ခွင်ဟာ အေးမြသတဲ့
ညီမလေး
လက်ညှိုးလေးကွေးပြီး
စကား တိုးတိုးလေး ပြောတတ်သူ။


လင်းဆက်

မောင်ခင်လေးရဲ့ ဆေးလိပ်


ဒီရက်ပိုင်း ဖတ်မိသမျှ ကဗျာတွေထဲမှာ ရင်ထဲကို တန်းဝင်သွားတဲ့ ကဗျာလေးကတော့ မောင်ခင်လေးရဲ့ ဆေးလိပ် ဆိုတဲ့ ကဗျာလေးပါပဲခင်ဗျ။ အလွန့် အလွန် အလွန် အနုပညာအားပါပြီး ကောင်းလွန်းလို့ အရမ်း အရမ်းကို သဘောကျနေမိတော့တယ်။


ဆေးလိပ်…(မိဖြူ)


ဘာရယ်ဟုတ်ဖူး
မင်းရဲ့ ခါးသေးသေးလေးကိုအသာပွေ့ဖက်
မင်းရဲ့ဖင်စီခံလေးကို တေ့စုပ်လိုက်မိတာ

ဒါကိုပဲ….
မျက်နှာကလေးနီရဲပြ
အခိုးတလူလူထအောင် ရှက်ပြနေတာ
လွန်ဘူးလားကွယ်။ ။


မောင်ခင်လေး

Source: http://maungkhinlay.blogspot.com/2009/07/blog-post_31.html [link]

Saturday, August 1, 2009

Announcement: MCPA Challenge Competition 2009


MCPA Challenge Competition 2009



မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းသည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉ဂခုနှစ်မှ စတင်ကာ နိုင်ငံအတွင်း ကွန်ပျူတာပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေသည့် ဟောပြောပွဲများ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပပေးခြင်း၊ သင်တန်းပို့ချခြင်း၊ စာမေးပွဲများစစ်ဆေးခြင်း၊ ပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်း စသည့် လုပ်ငန်းရပ်များကို အစဉ်တစိုက် ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျှောခဲ့ပြီ ဖြစ်ပါသည်။

ယခု၂၀၀၉ခုနှစ်မှ စတင်ကာ MCPA Challenge အမည်ဖြင့် ပရောဂျတ် အခြေပြု ပြိုင်ပွဲများ (Project-based Competition) ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ သတ်မှတ်ကာလ (၆)လအတွင်းတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပြုလုပ်ပြီး ထွက်ပှေါလာသော Product ကို Paper နှင့်တကွ တင်သွင်းရမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင် Project များမှ အကောင်းဆုံး တစ်ခုကို ရွေးချယ်ပြီး MCPA Challenge Winner 2009 အမည်ဖြင့် ဆုချီးမြှင့်မည် ဖြစ်ပါသည်။ ဆုကြေးငွေမှာ ကျပ် သိန်း(၃၀) ဖြစ်ပါသည်။

၂၀၀၉ခုနှစ်အတွက် ပြိုင်ပွဲဝင်ရမည့် ခေါင်းစဉ်မှာ “Myanmar Search Engine” ဖြစ်ပါသည်။


အသေးစိတ် ဖတ်ရှုရန် [www.mcpamyanmar.org]


Note: ဒါနဲ့ ပတ်သက်တဲ့ ဆီမီနာ တစ်ခုကို ဩဂုတ်လ ၁၅ရက်နေ့မှာ MICT Park ထဲမှာ ကျင်းပဖို့ ရှိနေပါတယ်။ စိတ်ဝင်စားတဲ့သူ၊ ပါဝင်ယှဉ်ပြိုင်မယ့်သူအားလုံး MCPA ကို တနလဿငာနေ့ကစပြီး ဆက်သွယ်ထားလို့ ရပါပြီ။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz