Thursday, January 29, 2009

ဘုန်းကြီးပျက်


ဒီနေ့ အပြင်သွားရင်း စာအုပ်တွေ ဝယ်နေတုန်း ဘေးနားက ဒီဗီဒီတွေ ရောင်းတဲ့ဆိုင်ကို ဘုန်းကြီးသုံးပါး ရောက်လာတယ်။ ပထမ ဟိုကြည့် ဒီကြည့် ကြည့်ကြတယ်။ ဒုတိယ နောက်ထဲဝင်သွားတယ်။ တတိယ အပြာကားတွေ ရွေးနေတယ်။ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားတယ် မသိဘူး။ သွားကို ပြောပစ်လိုက်ချင်တာ။ ဒီနေ့မှ အလုပ်နဲ့မို့ ကင်မရာ ထားခဲ့မိတာ တှောတှောနာတယ်။ စိတ်ထဲမှာလည်း မကောင်းဘူး။ ဆက်ရေးမိရင်လည်း ဆရာသိန်းဖေမြင့် တက်ဘုန်းကြီး ရေးတုန်းကလို ကျွန်တှော့ကို ဝိုင်းအာကြတော့မယ်။ သာသနာဖျက်လို အပြောခံရဦးမယ်။ ဒါကြောင့် ဒီလောက်နဲ့တင် ရပ်ထားလိုက်တယ်။ ဒီနေ့ အကုသိုလ် တှောတှောလေး ပွားသွားပါတယ်။ ဒါတွေ ဝါသနာပါလို့ ကြည့်ချင်ရင်လည်း လူထွက်ပြီး ပွင့်ပွင့်လင်းလင်း ကြည့်ပေါ့။ သကဿငန်းကိုတော့ ညစ်ညမ်းအောင် မလုပ်သင့်ဘူး ထင်တာပဲ။ အဲဒီလို ဘုန်းကြီးပျက်တွေကြောင့် ကျန်တဲ့ ဘုန်းကြီးအားလုံးပါ သိကဿခာကျတယ်။ အဲဒီလို ဘုန်းကြီးပျက်တွေကို စောင့်ဖမ်းပြီး သဲဒဏ်ရေဒဏ် ခံခိုင်းသင့်တာ။ ရောင်းတဲ့ကောင်ကလည်း သကဿငန်းကိုတောင် အားမနာဘူး။ ရောင်းသေးတယ်။ ကျက်သရေ ယုတ်လိုက်တဲ့ မြင်ကွင်းပါဗျာ။ :(


Remark: ဒီပိုစ့်ကို ပြန်လာလာချင်း ရေးဖြစ်ပေမယ့် ချက်ခြင်း မတင်သေးဘဲ Draft အနေနဲ့ ၃ရက် ထားခဲ့ပါတယ်။ အဲဒီလို ထားခဲ့တဲ့ အချိန်မှာ လှည်းတန်းက စာအုပ်ဆိုင် တစ်ခုမှာ ဘုန်းကြီးတစ်ပါးကို စာအုပ်ခိုးမှုနဲ့ ဖမ်းမိတာကို တိုးပါတယ်။ အထူဆုံး၊ တန်ဖိုး အကြီးဆုံး စာအုပ်တွေကို သကဿငန်းကြားမှာ ညှပ်ပြီး ခိုးတာကို ပိုင်ရှင်က ဖမ်းမိလို့ ရဲလက် အပ်လိုက်တယ်။ ကျွန်တှော တှောတှောလေး တုန်လှုပ်ပါတယ်။ ဘုန်းကြီးတု ဘုန်းကြီးယောင်တွေ အပြင်မှာ သိပ်များနေပြီလို့ ခံစားရတယ်။ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်တာ ကောင်းတယ်။ လူအလုပ် လုပ်ချင်ရင် လူသာထွက်ပေတော့။ ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ကျွန်တှော ခုတလော အမြင်မကြည်လင်ဘူး။ ဒါနဲ့ ဆက်စပ်ပြီး စိတ်ထဲ သိပ်မပြေလည်တဲ့ ကိစဿစတစ်ခု ရှိသေးတယ်။ ဒါပေမယ့် ကျွန်တှော မပြောသေးဘူး။ ဆက်စောင့်ကြည့်လိုက်ဦးမယ်။ 


ထူးဆန်းတယ်

ရန်ကုန်မြို့လယ် မဂဿငလာတောင်ညွန့်နှင့် တာမွေတဝိုက်တွင် နေထိုင်ကြသူများမှာ ယခုရက်ပိုင်းအတွင်း ကိုယ်ပှေါမှ ရံဖန်ရံခါ အနီပြင်များထ၍ ထူးဆန်းသည့်ယားယံမှုများ ဖြစ်ပှေါနေသည်ဟု သိရသည်။ ... 

ဒီသတင်းလေးကို ကျွန်တှော နဲနဲ စိတ်ဝင်စားမိတယ်။ နဲနဲလည်း သဘောတူမိသလိုပဲ။ အခုတလော တှောတှော ထူးခြားတယ်။ အိမ်မှာ နေနေရင်းနဲ့ အလိုလို ယားနေတာ။ သွေးထဲကကို ယားနေသလို ဖြစ်နေတာ။ ကိုယ်က အလာဂျီ ဖြစ်တတ်တာမို့ ဖြစ်ရိုးဖြစ်စဉ်လို့ ထင်နေရာက အခု ဒီသတင်းလေး ဖတ်မိချိန်မှာ စဉ်းစားစရာ ဖြစ်လာပြီ။ ကိုယ်နေတာကလည်း မဂဿငလာတောင်ညွှန့်မှာ။ တိုက်ဆိုင်တယ်။ ဒါလေးကို စုံစမ်းကြည့်ဦးမယ်။ ရေးရင်းနဲ့တောင် ကြက်သီးထလာသလိုပဲ။ နိုင်ငံခြားမှာ ဆိုရင်တော့ ဒါမျိုးဆို ဆိုင်ရာကို တရားစွဲပြီပဲ။ ဒီမှာတော့ ဖြစ်ရင်တောင် မသိလိုက်ဘဲ သေသွားမှာ။ တိုက်ကလူတွေ ရပ်ကွက်ကလူတွေကိုလည်း မေးကြည့်ရဦးမယ်။ သူတို့ရော သိမှ သိကြရဲ့လား။ ဆေးစစ်ဖို့တွေ လိုနေမလား။ အတွေးတွေ အများကြီးပဲ။ 


MJOY: Free Text Messages to any Mobile Phone


Image Hosted by ImageShack.us

Send unlimited FREE Text Messages to any mobile phone in the world.

Mjoy.com offers unlimited free text messaging to any mobile phone in the world. It’s easy, just follow these simple steps:

  1. Go to their website.
  2. Choose your country and input your mobile phone number. They will also ask you to input the security code provided.
  3. Click “Send message to my phone” and check if you receive the message. (should be!)
  4. Open the link using your mobile phone to proceed to the registration page.
  5. Complete the Registration form then click register.

Your mobile phone must have internet connection or GPRS in order to gain access and use this service. Please check your settings first or you may contact your network service provider. This service may vary depending on the model of your mobile phone.


Attention: မြန်မာပြည်တွင်း နေထိုင်သူများနှင့် မသက်ဆိုင်။ 

Sunday, January 25, 2009

Myanmar Books Catalogue



Find more photos like this on Myanmar Books Catalogue (Alpha)



မဂဿငလာပါ

မြန်မာစာအုပ်အညွှန်း ကွန်ယက် (Myanmar Books Catalogue) ကို လာရောက် လည်ပတ် ဖတ်ရှုကြဖို့ အားလုံးကို ဖိတ်ခှေါပါတယ်။ ဒီဆိုဒ်လေး ဖြစ်နိုင်အောင်လို့ အချိန်များစွာ၊ ငွေများစွာ ကုန်ကျခံပြီး ကြိုးစားခဲ့ရပါတယ်။ ရှားပါးတဲ့ မြန်မာစာအုပ်တွေကို လေ့လာနိုင်အောင်နဲ့ ဘယ်စာအုပ်မှာ ဘာအကြောင်းအရာတွေ ပါတယ်ဆိုတဲ့ သုံးသပ်ချက် အညွှန်းတွေကို လေ့လာနိုင်အောင် ဖြစ်ပါတယ်။

ဒီနေရာဟာ စာအုပ်တွေ အီးဘွခ်တွေ ဒေါင်းလုဒ် လုပ်တဲ့နေရာ မဟုတ်ပါဘူး။ စာပေ ချစ်မြတ်နိုးသူတွေနဲ့ စာဖတ်ဝါသနာ ပါသူတွေ၊ သုတေသနသမားတွေ အတွက် ရည်ညွှန်းနဲ့ ကိုးကား လေ့လာစရာ နေရာတစ်နေရာ ဖြစ်ဖို့သာ ရည်ရွယ်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တှော့မှာရှိတဲ့ စကန်ဖတ်ထားတဲ့ စာအုပ်ကာဗာ လေးတွေနဲ့ မာတိကာ အညွှန်းတွေ၊ ဖတ်ညွှန်းတွေ၊ အတွေးအမြင်တွေကို စပြီး တင်ထားပါတယ်။ အခြားသူတွေ အနေနဲ့လည်း မိမိတို့မှာ ရှိတဲ့ စာအုပ်မျက်နှာဖုံးတွေကို စကန်ဖတ်ပြီး ဒီနေရာ တင်ပေးနိုင်ပါတယ်။ ကိုယ်ဖတ်ရှုခဲ့တဲ့ စာအုပ်တွေကိုလည်း ဒီနေရာကနေ သုံးသပ်ချက်တွေ အမြင်တွေ ရေးပေးမယ်ဆို မဖတ်ရသေးတဲ့ သူတွေအတွက် ဘယ်စာအုပ်ဟာ ကိုယ်နဲ့ လိုက်ဖက်တယ်၊ ဖတ်ရှုသင့်တယ် ဆိုတာကို လွယ်လွယ်ကူကူ မြင်သွားနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာဟာ ဘယ်စာအုပ်မှာ ပါဝင်နေတယ် ဆိုတာကို ကြိုသိနိုင်ပြီး စာအုပ်တစ်အုပ်ကို ဝယ်သင့်မဝယ်သင့် စဉ်းစားနိုင်ပါမယ်။ ပြီးတော့ ကိုယ်နှစ်သက်တဲ့ စာအုပ်တွေကိုလည်း အဆင့်အတန်း ခွဲပြီး Vote လုပ်ပေးကြမယ်ဆိုရင် ဘယ်စာအုပ်ဟာ ဘယ်လောက် လူကြိုက်များတယ် ဆိုတာကိုလည်း သိနိုင်ပါမယ်။ 

အခု လောလောဆယ်မှာတော့ စာအုပ်နာမည်တွေ အချက်အလက်တွေ လိုက်ဖြည့်နေဆဲ ဖြစ်ပါတယ်။ နောက်လည်း တဖြည်းဖြည်းချင်း ဖြည့်သွားပါမယ်။ အားလုံးလည်း ကိုယ်ဖတ်ဖူးတာလေးတွေ ဝေမျှကြမယ်လို့ ယုံကြည်ပါတယ်။ 

Sunday, January 18, 2009

ခရီးသွားမည်


လွန်စွာ ထူးဆန်းသော၊ ကြောက်မက်ဖွယ်ရာများ ပြည့်လျှမ်းနေသော၊ မမြင်ရသည့် အံ့ဩဖွယ်ရာများ လွှမ်းခြုံနေသော၊ မထိတွေ့နိုင်သည့် အစောင့်အကျပ်များဖြင့် ပြည့်နှက်နေသော၊ လူသူ အရောက်အပေါက် ခက်ခဲလှသည့် မြန်မာပြည် အထက်ပိုင်း တောကြီးတစ်ခု အတွင်းမှ လျှို့ဝှက်ဆန်းကြယ် ဂမဿဘီရ နေရာတစ်ခုသို့ အဂဿငါနေ့တွင် သွားရောက်မည် ဖြစ်သည်။ မည်သည့်ရက်တွင် ပြန်ရောက်မည်ကို အတိအကျ မပြောနိုင်သှောလည်း ကျွန်ုပ် ပြန်ရောက်သောအခါတွင် အားလုံးအတွက် စိတ်ဝင်စားစရာ ဓာတ်ပုံများ၊ ရင်သပ်ရှုမောဖွယ်ရာ အဖြစ်အပျက်များ၊ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းများကို တပါတည်း ယူဆောင်လာခဲ့ နိုင်လိမ့်မည်ဟု ယုံကြည်မိလေသည်။ 


Saturday, January 17, 2009

သူဘယ်သူလဲ

Edouard Manet - Le Déjeuner sur l'herbe, 1863

Bow Wow Wow - See Jungle! See Jungle! Go Join Your Gang, Yeah, City All Over! Go Ape Crazy! (1981, RCA)


ကျွန်တှောပဲ ဒီမှာစာတွေရေးနေရတာ ပျင်းလာပြီ။ ဒီတော့ Web Research ကို စိတ်ဝင်စားတဲ့ သူတွေနဲ့ အတူတူ Research လုပ်ကြည့်ရအောင်။ အထက်ကပုံက မနေးရဲ့ နာမည်ကျှော ပန်းချီကားတစ်ချပ်၊ အောက်ကပုံက ဒါဒါပုံစံ လုပ်ထားတဲ့ Vow Wow Wow ရဲ့ နာမည်ကျှော အခွေကာဗာ။ ဒါကို အကြောင်းမဲ့ တင်ထားတာ မဟုတ်ပါဘူး။ အိုကေ စိတ်ဝင်စားတဲ့သူတွေ Research လုပ်ကြည့်လိုက်ကြပါဦး။ ဒါဆိုရင် စိတ်ဝင်စားစရာ လူတစ်ယောက် အကြောင်းကို သိလာရမယ်လို့ အာမခံတယ်ဗျာ။ ကျွန်တှောကိုယ်တိုင် ဒီပုံကို 2004 Art Theory သင်တုန်းက မြင်ခဲ့ဖူးပေမယ့် အမှတ်တမဲ့ပဲ သဘောထားခဲ့တာ။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် အဘိဓာန် စာအုပ် တစ်အုပ်ထဲက အကြောင်းအရာလေး တစ်ခုနဲ့ ဆက်စပ်ပြီး ရှာဖတ်ဖြစ်လိုက်တာ။ အိုကေ  ဒီပုံမှာ ကျွန်တှောတို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး လူတစ်ယောက် ဘယ်သူဖြစ်မလဲ ဆိုတာ ရှာဖွေကြည့်လိုက် ကြပါဦး။ အဖြေသိရင် တခြားသူတွေကိုလည်း ကွန်မန့်မှာ မျှဝေပေးလိုက်ပါဦး။ 


ခရစဿစတီးနားရဲ့ကမဿဘာ


Christina's World

ခရစဿစတီးနားရဲ့ကမဿဘာ (Christina's World) လို့ အမည္ရတဲ့ ကမဿဘာေက်ာှ ပန်းချီကားကို ရေးဆွဲခဲ့သူ အမေရိကန် ပန်းချီကျှော အင်ဒရူးဝိုင်းယတ် ဟာ ၁၆ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၉၁နှစ် ရှိနေပြီ ဖြစ်ပါတယ်။ [news]  



ခရစဿစတီးနားရဲ့ကမဿဘာ


စျကဝဠာတစ္ခုလံုး
ဖူးပွင့်သွားတာကိုတောင်
မသိလိုက်တဲ့ကောင်ပါ
နွေရာသီတစ်ခုလုံး ငါ့အပှေါပြုတ်ကျ
မိုးဦးရနံ့တွေနဲ့ တမ်းတနှုတ်ဆက်စကား ဆိုမိတော့မှ
ငါဟာ ရွက်ကိုတပ်လို့
အရှေ့ဘက် မြစ်ဖျားတွေဆီ ထွက်ခဲ့တယ်

ငါရရှိခဲ့တယ်... အားသွင်းထားတဲ့ ဓာတ်ခဲတွေ
ငါရရှိခဲ့တယ်... သေသေပ်တဲ့ လေပန်ကာတွေ
ငါရရှိခဲ့တယ်... ရေခဲထဲမှာ သေနေတဲ့ငါးတွေ
ငါရရှိခဲ့တယ်... နေကြာပန်းတွေ
ငါရရှိခဲ့တယ်... ဆွဲအားလွတ် လေဟာနယ်တွေ
ငါရရှိခဲ့တယ်... မသိသေးတဲ့ နံနက်ခင်းနေရောင်တွေ
ငါရရှိခဲ့တယ်...
ငါရရှိခဲ့တယ်...

ကလေးတစ်ယောက် ချှောလဲသွားတယ်
အိပ်နေရင်းနဲ့ ချစ်သူဆိုတာကို မျှောလင့်လို့...။



အဲဒီပန်းချီကားလေးရဲ့ နာမည်နဲ့ နောက်ခံ အကြောင်းကို နှစ်သက်လို့ 2001 လောက်က ရေးခဲ့တဲ့ ကဗျာလေးပါ။ 


Thursday, January 15, 2009

လူ့ဘောင်သမိုင်းသစ်


ဒီစာအုပ်လေးကလည်း ကျွန်တှော ငယ်ငယ်က ဖတ်ခဲ့ရ၊ နှစ်သက်ခဲ့ရတဲ့ စာအုပ်ကလေးပါ။ အိမ်မှာရှိတဲ့ စာအုပ်က ခြကိုက်လို့ တဝက် မရှိတော့ဘူး။ အဲဒါ တစ်ရက်က အဟောင်းတန်းမှာ မမျှောလင့်ဘဲ တွေ့လို့ ၂၅၀၀ ပေးပြီး ဝယ်လာခဲ့တယ်။ အိမ်ရောက်တော့ စာအုပ်ကို တစ်ရွက်ချင်းဖြုတ် စကန်နာထိုင်ဆွဲပြီး ပြန်သန့်ထားလိုက်ပါတယ်။ လူကြီးတွေ ဖတ်ဖို့ မဟုတ်ပါဘူး။ ကလေးတွေ ဖတ်ဖို့ပါ။ 

စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ [Download PDF: 6Mb ]

--
Every secret of a writer's soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)

Myanmar Ban Blogspot Again


ဘလောဂ်မှာ အရင်ကလို စာတောင် တင်လို့ မရတော့ပါဘူး။ ပရောက်ဆီ ဆောဖ့်ဝဲတွေ သုံးရင်လည်း ပိုစ့်တင်လို့ မရတော့ပါဘူး။ အနည်းဆုံး Save in Draft တောင် လုပ်လို့ မရတော့တာ တွေ့ရပါတယ်။ ပိုစ့်တင်မယ်လို့ နှိပ်လိုက်ရင် အောက်ကလို စာသားတွေ ထွက်လာပါတော့တယ်။ အရင်က ဘလော့ကို မူရင်း www.blogger.com ကိုပိတ်ထားပေမယ့် https://www2.blogger.com ကနေဝင်ရင် အေးအေးဆေးဆေး စာဝင်ရေးလို့ရတယ်။ ပြင်လို့ရတယ်။ အခုတော့ ဒါတွေအားလုံးပါ ပိတ်သွားခဲ့ပြီ။ အခုလည်း ဘယ်လိုမှ တင်မရလို့ Mail to Blogger ကိုအသုံးပြုပြီး တင်လိုက်ပါတယ်။ မနေ့ညကမှ ဪ ဘလောဂ်တွေ ဖွင့်ပေးနေပြီလို့ ဝမ်းသာအားရ ဆိုလိုက်မိတာ မှားသွားမှန်း သိလိုက်ရတယ်။ ကျွန်တှောကိုယ်က အမှတ်မရှိတာ။


The requested URL could not be retrieved

Please double check or try again later.
Celebrity Secrets To Staying Young
Adventure Sailing Vacation
Activities for the Youth
Accountancy Career
Making Chocolate
The History of Acupuncture
Tai Chi Techniques and Training
Organic Vegetable Gardening
A Simplified Look at Composting
What are Hydrogen Fuel Cells?
Top 5 Reasons Why to Raise Chickens


ရှေးဟောင်းလူ နှင့် ဝက်သား


တစ်နေ့က စာအုပ်တွေရှင်းရင်း  ကျွန်တှော ငယ်ငယ်က ဖတ်ခဲ့ရတဲ့ သမိုင်းစာအုပ်လေးကို ပြန်တွေ့တယ်။ တှောတှောလည်း ပျှောသွားတယ်။ ဒီစာအုပ်လေးကို ကျွန်တှောတို့ ခေတ်မှာ မသင်ခဲ့ရပါဘူး။ ကျွန်တှော့ အကိုတို့ လက်ထက်ကတော့ သင်ခဲ့ရပုံ ပှေါတယ်။ ကျွန်တှောကတော့ အဲဒီစာအုပ်လေးကို ငယ်ငယ်ထဲက အတှော စွဲလမ်းခဲ့တာ။ အဲဒီအထဲက ဇာတ်လမ်းလေးတွေဟာ သိပ်ကောင်းတယ်။ အခုခေတ် စာအုပ်တွေနဲ့ မတူဘူး။ နဲနဲ မြည်းကြည့်လိုက်ပါဦး။ 




ရှေးဟောင်းလူနှင့် ဝက်သား


ရှေးအခါက တရုတ်ပြည် အနောက်ဖက်ပိုင်း တာရင်ချိုင့်ဝှမ်း ဒေသတွင် ရှေးဟောင်းလူများ နေခဲ့သည်။ ယင်းဒေသ လူများသည် တိရစဿဆာန်များကို မွေးမြူ၍ အသက်မွေးတတ်သည်အထိ ယဉ်ကျေးနေကြပြီ ဖြစ်သည်။

တောင်စောင်းတခုအနီး ရွာငယ်တခုတွင် တဲငယ်တခု ဆောက်၍နေသည့် မိသားစု အိမ်ထောင်တစု ရှိ၏။ အမိ၊ အဖ၊ အစ်ကို၊ အစ်မ တို့အားလုံး သိုးကျောင်း၊ သစ်သီးရှာ၊ ငါးမျှား စသော အလုပ်များလုပ်ရန် ထွက်သွားကြစဉ် ဘိုဘိုဟုခှေါသော သူငယ်တယောက်တည်းသာ တဲစောင့်နေခဲ့၏။

ဘိုဘိုသည် အိမ်တွင် ပျိုးထားသော မီးဖိုထဲမှ မီးတစကို ယူ၍ ကလေးဘာဝ မီးနှင့် ကစားစဉ် တဲငယ်ကလေး မီးလောင်သွားတော့၏။ မီးလောင်နေသော တဲကိုကြည့်ပြီး ဘိုဘိုသည် စိတ်ပူနေသည်။ မကြာမီ တဲကလေး မီးကျွမ်းသွားသောအခါ တဲထဲတွင် နေသည့် ဝက်ကလေး ငါးကောင်တို့မှာလည်း မီးလောင်၍ သေနေကြသည်။ မီးလောင်ပြီး သေနေသော ဝက်ငယ်များ အနီးသို့ ဘိုဘို သွားကြည့်သည်။ 

ဝက်ကလေးများမှာ မီးသင်းထားသဖြင့် ကား၍ တောင့်၍ နေကြသည်။ မီးသင်းထားသော ဝက်ကလေးများမှ ဝက်နံကင် အနံ့ကဲ့သို့ အမွှေးနံ့များ သင်းနေသည်။ ဘိုဘိုက ဝက်နံကင် အနံ့ကို ရသဖြင့် သဘောကျပြီး အနီးသို့ ချဉ်းကပ်လျက် ကလေးတို့ဘာဝ ဝက်ကလေးတကောင်အား လက်ညှိုးဖြင့် ထိုးကြည့်လိုက်ရာ ဝက်သားသည် နူးနပ်နေပြီ ဖြစ်၍ ဘိုဘို၏ လက်ညှိုးကလေးသည် ဝက်သားထဲမြုပ်၍ ဝင်သွားသောအခါ အလွန်ပူလောင်သွားသည်။

ဘိုဘိုသည် လက်ညှိုးတွင် အပူထိသဖြင့် အမြန်ဆွဲနုတ်လိုက်ပြီး သက်သာရာ သက်သာကြောင်း လက်ညှိုးကို သူ့ပါးစပ်ကလေးဖြင့် စုတ်မိလေသည်။ ထိုသို့ စုတ်မိလိုက်သည်နှင့် တပြိုင်နက် မိမိခံစားနေရသော အပူကို မေ့လောက်အောင်ပင် လျှာတွင် အရသာ တွေ့သွားသည်။ ဘိုဘို အလွန်သဘောကျသွားသည်။ နောက်တကြိမ် ဝက်ကလေးကို လက်ညှိုးဖြင့် ထိုးပြီး လက်ကို စုတ်မိပြန်သည်။ အရသာ တွေ့လှသဖြင့် လက်ညှိုးဖြင့် ထိုးရုံမျှမကဘဲ လက်နှင့် ကှော၍ကှော၍ ဝက်သားကို စားလေတော့သည်။

ထိုခဏတွင် အဖဖြစ်သူ ရောက်လာပြီး၊ တဲမီးလောင် ပြာကျနေသည်ကို မြင်သောအခါ အလွန်ဒေါသဖြစ်လျက် အှောငေါက်ပြီး အိမ်ဆီသို့ ပြေးလာသည်။ အိမ်မီးလောင်ရုံမျှ မကေသေး၊ ဘိုဘိုသည် ရွံစရာကောင်းသော ဝက်၏ အသားကို လက်ညှိုးဖြင့် ကှောကာ စားနေသည်ကို တွေ့ပြန်သဖြင့် ဘိုဘို၏ အပှေါသို့ သူ့အဖေကြီးက လက်သီးမိုး ရွာချလိုက်တော့သည်။

ဘိုဘိုလည်း သူ့အဖေအား ဝက်၏အသားသည် အလွန်မွှေး၊ အလွန် အရသာရှိကြောင်း လက်သီးထိုးခံရင်း ရှင်းပြသည်။ မယုံကြည်လျှင် တတို့မျှ တို့၍ မြည်းကြည့်ရန် ပြောလိုက်သောအခါ အဖိုးကြီးက ပထမ ငြင်းဆန်ပြီး ဘိုဘိုအား ပြစ်တင်ရှုံ့ချလျက်ပင် နေသေးသည်။ သို့သှော ဘိုဘိုက လက်ညှိုးဖြင့် ကှောကာကှောကာ စားပြရင်း သူ့အဖေကြီးအား အနည်းငယ်မျှ မြည်းကြည့်ရန် တိုက်တွန်း၏။

အဖိုးကြီးလည်း ဝက်ငယ်တကောင်ကို လက်ညှိုးဖြင့် ထိုးလိုက်ရာ အလွန်ပူလှသဖြင့် ဘိုဘိုကဲ့သို့ပင် လက်ညှိုးကို ပါးစပ်ဖြင့် စုတ်လိုက်မိလေသည်။ အဖိုးကြီးလည်း ဘိုဘိုနည်းတူ အရသာ တွေ့သွားသဖြင့် ဘိုဘို၏ ကျောကို သပ်လျက် ချော့မြှူရင်း မီးသင်းဝက်သားကို ကှောကာကှောကာ စားလေသည်။ နောက် အခြားအိမ်သားများ ပြန်လာသော အခါတွင်လညး မီးသင်းဝက်သားကို မြိန်ရှက်စွာ စားကြလေသည်။

ထိုအခါမှစ၍ အသားကို မီးသင်း၍ စားသော အလေ့အထသည် ကျန်ဒေသများသို့ ပြန့်နှံ့ သွားလေသတည်း။



တတိယတန်း ကမဿဘာ့သမိုင်းပုံပြင်၊ စာ ၈၇၊ ၁၉၇၈


မှတ်ချက်။ အစဿစလာမ် စာဖတ်သူတွေ ဒီပိုစ့်တော့ ခွင့်လွှတ်ကြပေါ့ဗျာ။

Wednesday, January 14, 2009

Blogger and Blogspot are unbanned in Myanmar


Blogger and Blogspot are unbanned in Myanmar (False News!)

Yangon, 
11pm, Jan 14, 2009.


What a beautiful day!!! Our lovely Google's Blogger and Blogspot are released from ban in Myanmar. 

Blogspot, the most popular blogging platform among burmese bloggers was banned in Myanmar since last two years ago. Blogging is interested as one of the most famous tech revolution and media explosion in myanmar youths and, it reached its highest popularity at 2007. Actually it(blogging) doesn't mean as most people thought as just writing something on web, but it has more meaningful characteristics and can be doing as professional. At least, it can earn some extra bucks for survive. Now, it is released from ban and we bloggers hope to build more meaninful myanmar blogosphere for community, and wishing not to be banned again. Cheer!


Update!


ဒီဟာ ရေးပြီးမှပဲ မနက်မိုးလင်းချိန်မှာ ပြန်ပိတ်တာ ခံလိုက်ရပါတော့တယ်။ ကိုယ်တောင် တှောတှော ကြောင်သွားတယ်။ တကယ်တမ်း မသိလိုက်ရင် အကောင်းသား။ :( ယုံကြည်မိတာကိုက ကျွန်တှော့ အမှားပါ။

Tuesday, January 13, 2009

ငရဲခွေးကြီးလွတ်နေပြီ


ငရဲခွေးကြီးလွတ်နေပြီ

The Hell-Hound at Large



Escaped from Awizi, a devil in the form of a black dog. Had been during his brief span on earth a base object of universal odium and execration, - sentenced to Eternal Damnation for Treachery, Theft, Presumption, Intrigue, Pettifogging, Sadism, Churlishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations etc., menacing the public placed with his unwanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. ulcers on his neck and buboes due to copulation with his own wife. 

Will finder please kick him back to Hell?


Yamamin.


From: Oway or The Voice of the Peacock, Voice of the RUSU, Jan. 1936; Vol. 5, No. 1, p.56. Points from Letters.

အိုးဝေမဂဿဂဇင်း အတွဲ (၅) အမှတ် (၁) တွင်ပါရှိသည့် ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါး။ 



ငြိမ်းချမ်းပါစေ မောင်မောင်


ဒီနေ့ ငယ်သူငယ်ချင်း မောင်မောင် (ခ) ဖိုးလုံး ကို သဂြဿငိုဟ်မယ် ဆိုတဲ့ စိတ်မကောင်းစရာ သတင်းတစ်ခု ကြားရတယ်။ သူနဲ့ ကျွန်တှော နောက်ဆုံးတွေ့တာက လွန်ခဲ့တဲ့ ၅နှစ်လောက်က တောင်ငူ လေယာဉ်ကွင်းဘေးက လက်ဘက်ရည်ဆိုင်လေး တစ်ခုမှာ။ လူကလည်း ဝလို့။ ပါးစပ်မှာလည်း ကွမ်းတွေက အပြည့်။ မိန်းမလည်း ရနေပြီလို့ သိရတယ်။ နာရီဝက်လောက် စကားတွေ ပြောခဲ့ရသေးတယ်လေ။

ဒီကောင်က ငယ်ငယ်တုန်းက တှောတှော ချစ်ဖို့ကောင်းတယ်။ သူစကားပြောရင် မောင်ကလေ မောင်ကလေလို့ ပြောတတ်လို့ အားလုံးက မောင်မောင်လို့ ခှေါကြတယ်။ ဝတုတ်ပြီး လုံးကျစ်နေလို့ ဖိုးလုံးလို့လည်း ခှေါကြတယ်။ သူ့ရဲ့ အမေက ကျွန်တှောတို့ ဆရာမ။ ပထဝီ သင်တယ်။ 

သူနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်လေး တစ်ခု အမြဲမှတ်မိနေတာ ရှိတယ်။ ကျွန်တှောတို့ လေးတန်းရောက်တော့ ကျွန်တှောရယ်၊ ဒီကောင်ရယ်၊ ကျှောထင်ဇှော ဆိုတဲ့ကောင်ရယ်၊ စိုင်းလင်းသက်ထွန်း ဆိုတဲ့ကောင်ရယ်က ရွယ်တူ သူငယ်ချင်းတွေပေါ့။ ကျွန်တှောက အဲဒီမှာ ပထမ အမြဲရတယ်။ ဒုတိယ ရတတ်တဲ့ ကောင်မလေး တစ်ယောက် နာမည်က ထားပါတော့ ကြူကြူတဲ့။ အဲဒီကောင်မလေးကို ဒီအထဲက နှစ်ယောက်က ကြိုက်ကြရော ဆိုပါတော့။ တစ်ကောင်က ဆရာကြီးစတိုင်နဲ့ ကြိုးပမ်းတယ်။ နောက်တစ်ကောင်က ဂျီတိုက်ပြီး ပိုးပမ်းတယ်။ ကျွန်တှောက လက်ရေး နဲနဲလှတော့ နှစ်ကောင်စလုံးအတွက် ရည်းစားစာ ရေးပေးရတယ်။ တစ်ရက်ကျတော့ မောင်မောင်က အဲဒီရည်းစားစာကို သူ့အိမ်မှာ သိမ်းမထားရဲလို့တဲ့ ကျွန်တှော့ကို သိမ်းထားပေးဖို့ ပြောတယ်။ ဒါနဲ့ ကျွန်တှောကလည်း အိမ်အောက်က ဆင့်တွေကြားမှာ သွားဖွက်ထားပေးလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီညနေ အကိုနဲ့ အမနဲ့က ဘောလုံးကန်ရင်း ဘောလုံးက အိမ်အောက်ကို ရောက်သွားပါလေရော။ အမက လိုက်ကောက်ရာက ဆင့်ကြားမှာ ဖွက်ထားတဲ့ စာကို တွေ့ဖြစ်အောင် သွားတွေ့ပါတော့တယ်။ လက်ရေးက ကျွန်တှော့လက်ရေး နာမည်ကတော့ မောင်မောင်ပေါ့။ ဒါနဲ့ အမက စာကို ယူပြီး အမေ့ကို သွားတိုင်လို့ ကျွန်တှော့မှာ အသည်းအသန် ရှင်းပြလိုက်ရတာ အရိုက်မခံရရုံ တမယ်ပါပဲ။ (နောက်တော့ အဲဒီကောင်မလေးက သူနဲ့လည်း ကြိုက်တယ်၊ နောက်တစ်ယောက်နဲ့လည်း ကြိုက်ပါသေးတယ်)

နောက်တစ်ခုကလည်း ချစ်စရာ အဖြစ်အပျက်လေး တစ်ခုပါ။ ကျွန်တှောနဲ့ သူနဲ့ နှစ်ယောက်ပဲသိတဲ့ ကိစဿစလေး။ ငယ်ငယ်တုန်းက ကျွန်တှော့မှာ စက်ရုပ် အရုပ်လေးတွေ ရှိတယ်။ ကျွန်တှောက သားရေကွင်းပစ်၊ ဂှေါလီပစ်၊ လောက်လေးပစ်၊ အရုပ်ပစ် အဲဒီ ဘက်တွေမှာ တှောတှောထူးချွန်တော့ အဲဒါတွေကနေ နိုင်လာတဲ့ဟာတွေကို စက်ရုပ်လေးတွေနဲ့ လဲလဲပြီး စုထားတာ။ တှောတှောလည်း ကြိုက်တယ်။ တစ်ရက်ကျတော့ ကျွန်တှော လက်ပံပွင့် သွားကောက်ပြီး ပြန်လာတယ်။ အိတ်ထဲကနေ အရုပ်တွေထုတ်ပြီး ကြည့်လိုက်တော့ အရုပ်လေး နှစ်ရုပ်က ပျောက်နေတယ်။ အိမ်ကို ဘယ်သူလာသေးလဲလို့ မေးလိုက်တော့ သူလာသွားတယ်တဲ့။ အင်း ကျွန်တှော သိလိုက်ပြီ။ ဒီကောင် ကျွန်တှော့ကို အဲဒီအရုပ်လေး တောင်းနေတာ တှောတှောကြာနေပြီ။ ကျွန်တှောကလည်း ပုံစံတူ မရှိလို့ မပေးဖြစ်ဘူး။ မှတ်မိသေးတယ် စက်ရုပ် အနီလေး နှစ်ရုပ်။ ယိုးဒယားကလာတဲ့ လက်မလောက် စက်ရုပ်လေးတွေ။ သူကလည်း ဟေ့ကောင် မင်းဒါလေး ငါ့ကိုပေးကွာလို့ ခဏခဏ တောင်းတယ်။ ကျွန်တှောကလည်း ကပ်စေးနဲနေမိတယ်။ ဆိုတော့ ဒီနေ့ ကျွန်တှော မရှိတုန်း ဒီကောင် ယူသွားတာ ဖြစ်မယ်ပေါ့။ ဒီအတိုင်း သွားတောင်းရင်တော့ ကျွန်တှော ပြန်ရမှာ မဟုတ်ဘူးဆိုတာ သိနေတယ်။ ဒါနဲ့ အကွက်ဆင်ရတယ်။

ညနေဘက် ကျွန်တှောတို့ ဘောလုံးကန်ရာက ပြန်လာတော့ ဒီကောင့်ကို ငါသိပ်စိတ်ညစ်နေတယ်ကွာလို့ ပြောလိုက်တယ်။ ဒါနဲ့ သူက ဟ ဘာဖြစ်လို့လဲပေါ့။ အဲဒီကျမှ ကျွန်တှောက အရုပ်လေး နှစ်ရုပ် ပျောက်သွားကြောင်း၊ အဲဒီအရုပ်လေးတွေ မတွေ့တော့လို့ တစ်နေ့လုံး နေလို့တောင် မရကြောင်း၊ အရမ်း နှမြောနေကြောင်း၊ ကျောင်းတောင် တက်နိုင်မယ် မထင်ကြောင်း၊ ထွေလီကာလီ လျှောက်ပြောတော့တာပေါ့။ ဒီကောင် သနားတတ်တာ ကျွန်တှောသိတယ်လေ။ ကျွန်တှောက မျက်နှာပိုး သေသေလေးနဲ့ ခေါင်းလေးငိုက်စိုက်ချပြီး ပြောတော့ ဒီကောင် ဘာမှ သိပ်ပြန်မပြောဘူး။ ပြန်တွေ့မှာပါကွာလို့ ပြောတယ်။ နောက်တစ်နေ့ကျတော့ ကျောင်းမှာ ဒီကောင် အဲဒီအရုပ်လေးနှစ်ရုပ် လာပေးတယ်။ ဟေ့ကောင် မင်းဟိုနေ့က ငါ့အိမ်လာဆော့တုန်း ကျန်ခဲ့တာတဲ့ ဘယ်ကလာ ပျောက်ရမှာတုန်းတဲ့။ ဒီကောင်က အဲဒီလို ချစ်ဖို့ကောင်းတာ။ 

ဒါလေး ရေးမယ်ဆိုတော့ ဪသူဆုံးကာမှ ဒါမျိုး ရေးရသလားလို့ ထင်မှာလည်း စိုးပါသေးတယ်။ ဒါပေမယ့် ဘဝတစ်ခုမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတဲ့အခါ ထာဝရ မှတ်မှတ်ယယ ဖြစ်နေတတ်တဲ့ အကြောင်းအရာမျိုးက ရှားပါတယ်။ ပြီးတော့ သူနဲ့ ကျွန်တှောကလည်း အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေပါ။ အပြစ်လို့လည်း မမြင်ပါဘူး။ ဒီကောင်ယူသွားတာကို မလှိမ့်တပတ်နဲ့ ကျွန်တှော ပြန်ယူလိုက်တာလေးကို သတိရနေမိတာ။ နောက်ပိုင်း ကျွန်တှောတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတော့ဘူး။ ဒီကောင် မိန်းမခိုးသွားတယ်လို့ သတင်းပဲ ကြားလိုက်တယ်။ ကျွန်တှော သူ့ကို နောက်ဆုံး ပြန်တွေ့တဲ့ အချိန်မှာ ဟိုးငယ်ငယ်တုန်းကလို ဖြူဖြူလုံးလုံး မောင်မောင် မဟုတ်တော့ဘူး။ ဂျာကင်ကြီးနဲ့၊ ကွမ်းတွေ တပြစ်ပြစ်စားပြီး ဆေးပေါ့လိပ်ကြီး လက်ကြားညှပ်ထားတဲ့ မောင်မောင် အဖြစ် ပြောင်းလဲသွားပြီ။ အခုတော့ ဒီကောင် ဆုံးသွားပြီတဲ့။ ကျွန်တှော တှောတှောလေး စိတ်မကောင်းဘူး။ ဒီကောင် ဆေးရုံတက်နေတာလည်း မသိလိုက်ဘူး။ ဆုံးသွားတာတောင် မသိလိုက်ဘူး။ သိခဲ့ရင် ကျွန်တှော သွားဖြစ်မှာ။ အခုတော့ စိတ်မကောင်းစွာနဲ့ သူငယ်ချင်း ကောင်းရာသုဂတိ ရောက်ပါစေလို့ စိတ်ထဲက ဆုတောင်းပေးရုံကလွဲပြီး ကျွန်တှော ဘာမှ မတတ်နိုင်ခဲ့တော့ပါဘူး။ 


Monday, January 12, 2009

ရတနာနတ်မယ်


Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08



Question: Who is she?

ဘယ်လောက် ကျက်သရေရှိပြီး လှပတဲ့ အမျိုးသမီးလဲဗျာ။ ဒါပေမယ့် သူက မြန်မာ စစ်စစ်တော့ မဟုတ်ရှာဘူး။ အဖေက နိုင်ငံခြားသား၊ အမေက မြန်မာပေါ့။ မြန်မာဝတ်စုံနဲ့ ဒီလောက် ကျက်သရေရှိတဲ့ မိန်းမပုံကို ပထမဆုံး မြင်ဖူးခြင်းပါပဲ။ သူဘယ်သူလဲ ဆိုတာကို စဉ်းစားကြည့်ကြ ပါဦး။ သူ့မှာတောင် အဲဒီဓာတ်ပုံတွေ ရှိပါဦးမလားလို့ တွေးနေမိတယ်။ အခြားပုံတွေကိုပါ ကြည့်ချင်တယ် သိမ်းထားချင်တယ်ဆိုရင် ဒီနေရာကို [link] သွားလိုက်ပါဦး။


Answer: Yadana Nat Mai

ကျွန်တှော့လိုပဲ သူဘယ်သူလဲဆိုတာ စိတ်ဝင်တစား ရှိကြလို့ ဝမ်းသာပါတယ်။ ဒီပုံဟာ ရတနာနတ်မယ် အထက်တန်း ကျောင်းသူဘဝက အမေရိကန် နယူးယောက်မြို့မှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ Herald Tribune အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ The World We Want ဆိုတဲ့ ဖိုရမ်မှာ မြန်မာပြည် ကိုယ်စားပြု တက်ရောက်ရ သူတွေက ရတနာနတ်မယ်နဲ့ ရစ်ချက်ထွန်ညွးန့်တို့ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၁၆နိုင်ငံက ကျောင်းသားကျောင်းသူ ၃၂ဦး တက်ရောက်ပြီး ကမဿဘာ့နိုင်ငံ တစ်ခုနဲ့တစ်ခု ကြားက ဆင်းရဲချမ်းသာ ကွာဟမှု၊ အချစ်အမုန်း အာဃာတတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ ကမဿဘာ့မိသားစုကြီး တစ်ခုလို တည်ဆောက်ကြမယ် ဆိုပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ခန့်မှန်းချက်အရ ၁၉၅၀ ဝန်းကျင် ဖြစ်မယ်လို့ ထင်ပါတယ်။ ရတနာနတ်မယ် အသက် ၂ဝ လောက်မှာ ဖြစ်ပါတယ်။

မင်းသမီးကြီးရဲ့ပုံကို ကျွန်တှော တစ်ခါပဲ မြင်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဒီပုံတွေကို Life မှာတွေ့လိုက်ရချိန်မှာ ဒါဟာ သူပဲလို့ တပ်အပ် သိလိုက်ပါတယ်။ ဒါပေမယ့် ပိုသေချာအောင် သူ့ထံမှာ အတည်ပြုချက် ရယူခဲ့ပါတယ်။ ရတနာနတ်မယ် အကြောင်းကို ဒီနေရာမှာ ကျွန်တှော ရေးခဲ့ဖူးတယ်။ [Yadana Nat Mai] Identity ပျောက်နေတဲ့ ဓာတ်ပုံတစ်ခုကို Identity ပြန်ရှာနိုင်ခဲ့လို့ ကျွန်တှော တကယ်ပဲ ဝမ်းသာမိတယ်။ တချို့တွေက အထက်က ဓာတ်ပုံတွေကို မင်းသမီး ဝင်းမင်းသန်း (Win Min Than) လို့ ထင်ကြတယ်။


Image Hosted by ImageShack.us
Win Min Than By lynnseck at 2009-01-12

ဝင်းမင်းသန်း ဆိုတာလည်း The Purple Plain ဆိုတဲ့ ခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ နာမည်ကျှော မင်းသား Gregory Peck နဲ့အတူ ပါဝင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူလည်း အခုထိ သက်ရှိထင်ရှား ရှိနေသေးတယ်လို့ သိရပါတယ်။ အမေရိကားမှာလို့ တချို့က ဆိုတယ်။ တချို့ကလည်း ဩစတေးလျမှာ လို့လည်း ဆိုကြပါတယ်။ 


Related Article: Yadana Nat Mai


Animals


မမ်မွတ်


မြေခွေး


ပြောင်မ


တံဆိပ်မတပ်တဲ့နွား


တံဆိပ်တပ်ထားတဲ့နွား


ညက ပျင်းပျင်းနဲ့ ထိုင်ဆွဲထားတဲ့ ပုံလေးတွေ။ တီကောင်တွေ၊ ကြွက်တွေ၊ ငှက်တွေလည်း ရှိသေးတယ်။ ဆွဲရတာထက် အေပါှကို တင္ရတာက ေတာှေတာှ ပျင်းဖို့ကောင်းတယ်။ ဟိုးတုန်းက ဆွဲထားတာလေးတွေ ရှိသေးတယ်။ ခံစားချက် မတူသလို ပုံစံကလည်း မတူဘူးပေါ့။ အောက်က လင့်(ခ်)တွေမှာ ကြည့်ကြည့်ပါ။



Saturday, January 10, 2009

မြစ်ကျဉ်းသုံးခု


ခုနစ်ရက်နေ့က မနှော နိုင်ငံခြား မထွက်ခင် သူတို့ သူငယ်ချင်း သုံးယောက်ရဲ့ မြစ်ကျဉ်းသုံးခု ကဗျာစာအုပ်လေး ထုတ်တဲ့ပွဲ လုပ်တယ်။ အဲဒါ ဖိတ်တာနဲ့ ကျွန်တှော သွားဖြစ်တယ်။ ဒါပေမယ့် စာပေအသိုင်းအဝိုင်းထဲမှာ ကျွန်တှောနဲ့ သိတဲ့လူမှ မရှိတာ။ ဒါကြောင့် စာအုပ်လေး ယူပြီး ချက်ချင်းပဲ ပြန်လာခဲ့တယ်။ ထွက်လာပြီးမှ ကျန်ကဗျာဆရာ နှစ်ယောက်နဲ့ မိတ်မဆက်ခဲ့မိတာ သတိရတော့တယ်။

စာအုပ်မှာ ကိုဧထက်၊ မစမ်းသီတာနဲ့ မနှောဟရီတို့ရဲ့ ကဗျာ၅၉ပုဒ် ပါပါတယ်။ သရုပ်ဖှော ပုံတွေကို ကိုယ်မောင်မြင့်က ဆွဲပေးထားတယ်။ ဒီလူတွေကို ဟိုးတုန်းက တကဿကသိုလ် ကဗျာစာအုပ် (၁၉၉၀ ဝန်းကျင်) တွေနဲ့ မရင်းနှီးရင် သိမှာ မဟုတ်ပါဘူး။ ကျွန်တှောကတော့ ငယ်ငယ်ကတည်းက အဲဒီစာအုပ်တွေနဲ့ ကဗျာပိုး စခဲ့တယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမက တကဿကသိုလ်တက်တော့ သူက ကဗျာစာအုပ်တွေ အကုန် ဝယ်ဝယ်လာတာကိုး။ ရာစုသစ်မြစ်ကျဉ်း အောင်မြင်သလို တခြား အောင်မြင်ခဲ့တဲ့ ကဗျာစာအုပ်တွေလည်း အများကြီးပဲ။ အခုခေတ် နာမည်ကျှော စာရေးဆရာတွေ ထဲမှာလည်း တကဿကသိုလ် ကျောင်းသားဘဝက စာပေလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေ များပါတယ်။ တချို့ကတော့ အဲဒီမှာ နာမည်သိပ်ကြီးပေမယ့် နောက်ပိုင်း စာပေလောကထဲကို ဝင်မလာကြတော့ဘူး။ 

မစမ်းသီတာကို ကျွန်တှော သိပ်မသိဘူး။ ကိုဧထက်ကိုတော့ ကဗျာအသံတွေ သိပ်မကြိုက်ပေမယ့် သူ့ကဗျာလေးတွေက အတွေးသစ်တယ်၊ လန်းတယ်လို့ ပြောရမလား အဲဒါကြောင့် မှတ်မိနေတယ်။ မနှောကိုတော့ သူ့ကဗျာတွေထဲ လက်တန်းပုံပြင်ဆိုတဲ့ ကဗျာလေး တစ်ပုဒ်ကို တှောတှော ကြိုက်မိတာ။ တခြား ကဗျာတွေတော့ ကျွန်တှော့လိုင်း သိပ်မဟုတ်လို့ သိပ်မကြိုက်ဘူး။ တကယ်တမ်း မနှောက ဝတဿထုတိုတွေ ပိုကောင်းတယ်လို့ ကျွန်တှောထင်တယ်။ (သူကပြောတယ် ခင်မင်နေလည်း ကိုယ်မြင်တဲ့အတိုင်း ဝေဖန်ပါဆိုလို့ :D)။ ကိုယ်မောင်မြင့် ဆိုတာကိုလည်း ကျွန်တှော ရင်းနှီးနေပြီးသား။ သူက အဲဒီ နာမည်ကြီး ကဗျာစာအုပ်လေး တွေမှာ အမြဲတမ်းလိုလို သရုပ်ဖှောပုံတွေ ဆွဲခဲ့တာကိုး။ ဒီလိုနဲ့ စာအုပ်ထဲက ကဗျာတွေကို ဖတ်ကြည့်မိချိန်မှာ ရင်ထဲကို တန်းဝင်သွားတဲ့ ကဗျာလေး နှစ်ပုဒ်ကို သွားတွေ့တယ်။ 

အခြေအနေအရ


သံဆူးကြိုးခွေထဲ ငြိနေတဲ့ ခွေးတစ်ကောင်လို
ရုန်းလေ ရှလေ၊ ရုန်းလေ ရှလေ
တစ်ခါတစ်လေ ငြိမ်နေတာက ပိုကောင်းတယ်။

ရေတွင်းနက်ထဲ ကျနေတဲ့ လူတစ်ယောက်ခင်မျာ
ကြာလေမွန်းလေ ကြာလေမွန်းလေ
တစ်ခါတစ်လေ.. ရုန်းထွက်နိုင်မှ လွတ်မြောက်မယ်။

ငြိမ်သက်၊ ရုန်းထွက်
ဆုံးဖြတ်ချက်ဆိုတာက
အခြေအနေ အရပါပဲ။

ဧထက်

------------------------------

၁ နဲ့ ၂ မတူ


(၁) အကာအကွယ် 
မင်းရှေ့မှာ မားမားမတ်မတ်
ငါ.. ရပ်နေပေးမယ်။

(၂) အကာအရံ
ကျွန်တှော့ထံလာသော အလင်းတန်းများ
စိတ်မှန်းနဲ့သာ ခိုးယူလင်းမြရတော့တယ်။

ဧထက်

ကဗျာတွေက အခုခေတ် ပိုစ့်မှောဒန် ကဗျာတွေလို မဟုတ်ဘူး။ ဒါတွေက တကဿကသိုလ်ရနံ့တွေလို့ ပြောလို့ရတယ်။ တကဿကသိုလ်မှာ ကျောင်းသားတွေ ထုတ်ကြတဲ့ ကဗျာပုံစံလေးတွေ။ အမှတ်တရ ပြန်ရေးထားတယ်လို့ ထင်မိတယ်။ ဒါမှမဟုတ် Inspiration သိပ်များသွားလို့ ဖြစ်မယ်။ မြစ်ကျဉ်းဆိုတဲ့ အဓိပဿပာယ်လေးကို ကျွန်တှောက ဒီလို မြင်ပါတယ်။ မြစ်ဟာ စီးဆင်းတယ်။ အဲဒီမှာ သိပ်ကျဉ်းမြောင်းတဲ့ မြစ်ကျဉ်းကို ရောက်တဲ့အခါ နဂိုမူလထက် ပိုပြီး စီးဆင်းမှု ပြင်းထန်လာတယ်၊ ခက်ထန်လာတယ်။ အရှိန်နဲ့ စီးတယ်။ တိုက်စားမှု ပိုများတယ်။ အဲဒီအခါ မြစ်ကို ခက်ထန်လွန်းလှချည်ရဲ့လို့ လူတွေက ထင်ကြတယ်။ တကယ်တမ်း ဒီလိုဖြစ်အောင် မြစ်ကျဉ်းက အများကြီး လုပ်ခဲ့တယ်ဆိုတာ မေ့နေကြတယ်။ ဘယ်လိုပဲ ကျဉ်းမြောင်းစွာ ပိတ်ပင်ထား၊ မြစ်ဟာ သူ့ဘာသာ လမ်းရှာပြီးတော့ ဒါမှမဟုတ် တိုးတိုက်ပြီးတော့ စီးဆင်းသွားမြဲပါပဲ။ ဒါက ကျွန်တှော့ အယူအဆ သက်သက်ပါ။ ကာယကံရှင်တွေကို မေးကြည့်ဖြစ်မှာတော့ မဟုတ်ပါဘူး :D



စာအုပ်ကို ကြောင်နှစ်ကောင် စာပေက ထုတ်တယ်
စာမူခွင့်ပြုချက်က ၄၂၀၀၆၄၁၁၀၈
အုပ်ရေ ၁၀၀၀
တန်ဖိုးကတော့ ၁၀၀ ထဲပါတဲ့။ (တကယ်ဟုတ်မဟုတ်တော့ မသိဘူး။ ကျွန်တှောက အလကားရလို့)


Friday, January 9, 2009

ကိုယ် မညာတော့ဘူး


ကိုယ် ... မညာတော့ဘူး



အရှိကို အရှိတိုင်းသာ ဖွင့်ပြောမည် 
မြင်မြင်ချင်း မင်းကို ချစ်သွားသည်
ပိုင်ဆိုင်တဲ့ အသည်းကို အရှုံးပေးခဲ့ရ 
ဒါအချစ်ပဲလား စိတ်မှာ မောသည်

နားလည်မှု တံခါးတွေ ဖွင့်ထားသည်
အကြင်နာ စကားလေးတွေ မျက်ဝန်းဆီ
ပိုင်ရှင်မဲ့ အချစ်ကို ပေးအပ်ခဲ့ပြီ
ကိုယ် မညာတော့ဘူး မင်းကို ချစ်သည်

မင်း ပြုံးလိုက်ရင်လည်း အိပ်မက်တွေ အထိပဲ လိုက်နှောက်ယှက်သည်
အိပ်မက်ထဲမှာလို ဘယ်အချိန်ပဲ ကြည့်ကြည့် ပြန်တွေးတိုင်း ရင်ခုန်လာသည်

ချစ်သူလေး ရှိရာ ဟို ... အဝေးဆီ 
လာရာ လမ်းလေးကို မျှောတတ်ပြီ
ပိုင်ဆိုင်ခွင့် ဘဝကို ပေးအပ်ခဲ့ပြီ 
ကိုယ်  မညာတော့ဘူး မင်းကို ချစ်သည်



အလဲ့။ အခုတလော ဒီသီချင်းလေး နားထဲကို တှောတှောလေး ရောက်လာတယ်။ မူရင်းက တရုတ်သီချင်းလေး ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကှောပီ လုပ်ထားတာလေးက တှောတှောကောင်းတယ်။ စကားလုံး ရွေးထားတာလေးတွေ လိုက်ဖက်တယ်။ လှတယ်။ Rခိုင်က အဲဒီလို သီချင်းကောင်းလေးတွေ ရေးတတ်တယ်။ အာဇာနည်အတွက် သူရေးပေးတာလေးတွေလည်း ကောင်းတာ များတယ်။ အခု သီချင်း ဆိုတဲ့သူက မိန်းမ။ အန်ခိုင်ရာ ဆိုလားပဲ။ ဗွီစီဒီထဲတော့ ဖြတ်ခနဲ မြင်လိုက်တယ်။ အသံက မဆိုးပါဘူး။ ဆိုတတ်တယ်။ ပြီးတော့ သီချင်းနဲ့ လိုက်တယ်။ ဒါပေမယ့် တိုင်းရင်းသူဆိုတော့ တချို့နေရာလေးတွေ အသံနဲနဲ ဝဲနေသေးတယ်။ ဒီသီချင်းလေး ကျွန်တှော ကြိုက်တယ်ဆိုတော့ မိန်းမသီချင်းကြီး ကြိုက်တယ်ဆိုပြီး သူငယ်ချင်းတွေက အံ့အားသင့်နေကြသေးတယ်။ ဟားဟား။ သီချင်းပဲ မိန်းမဆိုဆို ယောက်ျားဆိုဆို ကိုယ့်အာရုံလေးထဲ ဝင်လာရင် ကြိုက်တာပဲပေါ့။ ဘာများ ထူးဆန်းလို့လဲ။  မဟုတ်ဘူးလား။ ဘာရယ်တော့မဟုတ်ဘူး အဲဒီ သီချင်းလေး ပါးစပ်ထဲမှာ ညည်းမိနေတယ်။ ဒါဒါဒါ့ ဒီဒီဒါ့ဒါ။ :) 

ဪ စကားမစပ် ပြောရဦးမယ်။ ဒီသီချင်းစာသားတွေက ကိုပီကေ လုပ်ထားတဲ့ Lyric ဆိုဒ်ကနေ ယူထားတာပါ။ ဒါမျိုးလေး လုပ်မယ်လို့ စဉ်းစားနေတာ တှောတှောကြာပြီ။ အခု ကိုပီကေ လုပ်ထားတာလေး တွေ့လိုက်တော့ တှောတှော သဘောကျနေတယ်။ ချီးကျူးဖို့ ကောင်းတယ်။ ကျေးဇူးယူပီဂျီ အဲ.. ကျေးဇူး ကိုပီကေ... နဲနဲတော့ ဆင်တယ်ဟုတ် :P

Historical Photos of Myanmar


ဒီနေ့တော့ ကျွန်တှော ဓာတ်ပုံလေး တစ်ပုံနှစ်ပုံ ရှာပြီးရင်တော့ အိပ်တော့မယ်ဆိုပြီး လုပ်လိုက်ကာမှ အချိုရှာ သကာတွေ့ ပျားရည်ပုံးကြီးထဲ နစ်သွားပါတော့တယ်။ အမှန်ဆို ဒါကို လွန်ခဲ့တဲ့ လလောက်ကတည်းက တွေ့နေတာ။ သတိမထားမိခဲ့ဘူး။ ဒီလောက် တန်ဖိုးရှိလိမ့်မယ်လို့လည်း မထင်ခဲ့ဘူး။ ဒီနေ့မှ သေသေချာချာ ကြည့်မိရာက မအိပ်တောင် မအိပ်နိုင်တော့ပဲ ဒီပုံလေးတွေ ဒေါင်းလုဒ်ထိုင်ဆွဲ နေမိပါတော့တယ်။ ကဲ ကျွန်တှော့ကို ဘယ်လိုပုံတွေက ဘာကြောင့်များ ဒီလောက်ထိ ဆွဲဆောင်ခဲ့တယ်ဆိုတာ ကြည့်ကြည့်ပါဦး။


Image Hosted by ImageShack.us
By lynnseck at 2009-01-08

ဒီပုံက ဗိုလ်ချုပ် လုပ်ကြံခံရပြီးချိန်မှာ ဒှေါခင်ကြည်နဲ့ သားနှစ်ယောက် ရိုက်ထားတဲ့ပုံလို့ ဆိုတယ်။ ဗိုလ်ချုပ်ပုံ အထိမ်းအမှတ် ပန်းချီကားရှေ့မှာ ရိုက်ထားတယ်။ တချို့က အောင်ဆန်းလင်းဟာ ဗိုလ်ချုပ် မကွယ်လွန်ခင်မှာ ရေနစ်ပြီး သေသွားတယ်လို့ ထင်ကြတယ်။ တကယ်တမ်းက ဗိုလ်ချုပ်ကွယ်လွန်ပြီး ၆နှစ်ကျှောကြာမှ ကွယ်လွန်သွားတာပါ။

Image Hosted by ImageShack.us
By lynnseck at 2009-01-08
ဒါကတော့ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်ကို လာရောက် ဥညွှီးတ်အလေးပြုနေတဲ့ John Foster Dulles


Image Hosted by ImageShack.us
By lynnseck at 2009-01-08
အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် အရွေးချယ် ခံရတဲ့ ဦးသန့်ကို ဂုဏ်ပြုနေသူများ


Image Hosted by ImageShack.us
By lynnseck at 2009-01-08
တစ်ခေတ် တစ်ခါက နာမည်ကျှော ဗိုလ်နေဝင်းပေါ့။


Image Hosted by ImageShack.us
By lynnseck at 2009-01-08
ဒီပုံကတော့ ဦးသန့်ရဲ့ သားနဲ့သမီး အေးအေးသန့်နဲ့ တင်မောင်သန့်ပါတဲ့။


Image Hosted by ImageShack.us
By lynnseck at 2009-01-08
တာတေစနေသား ဦးနု


Image Hosted by ImageShack.us
By lynnseck at 2009-01-08
ဒဂုန်ခင်ခင်လေး ရဲ့ ကိုယ္ေရးအတဿထုပဿပတဿတိထဲက ဗမာ့ခေတ် ဦးအုန်းခင်။


Image Hosted by ImageShack.us
By lynnseck at 2009-01-08
ဗုံးဒဏ်ထိတဲ့ ရန်ကုန်ဆိပ်ကမ်း


ပုံတွေက အများကြီးပါပဲ။ စိတ်ဝင်စားတဲ့သူတွေ ဂူဂယ်က တင်ထားတဲ့ Life ဆိုတဲ့ အမှတ်တရ ဓာတ်ပုံကဏဿဍလေးမှာ သွားကြည့်နိုင်ပါတယ်။ Keywordသမိုင်းတန်ဖိုးရှိတဲ့ ပုံတွေပါ။ ဒီပုံတွေကို ကြည့်ရင် နိုင်ငံခြားသားတွေ ဘယ်လောက် စနစ်တကျ ရှိသလဲဆိုတာ သိနိုင်ပါတယ်။ ၁၉၄၅ နောက်ပိုင်းက ပုံတွေ အများကြီး ရှိနေပါတယ်။ ပျှောရွှင်ပါစေ။


မှတ်ချက်။ ၇ ရက်နေ့က ရေးထားခဲ့တဲ့ ပိုစ့်လေးပါ။

Thursday, January 8, 2009

ဘယ်မှသွားရန် စိတ်ကူးမရှိ


တစ်ရက်တစ်ရက် ချိန်းဆိုတာတွေ၊ အလှူတွေ၊ ဧည့်ခံပွဲတွေ၊ အစည်းအဝေးတွေကို တှောတှောလေး ကြောက်နေမိတယ်။ မနေ့ကဆို လမ်းတှောတှောလေး လျှောက်လိုက်ရတယ်။ အပြင်တခါတခါ ထွက်ရင် ပိုက်ဆံက တှောတှောကုန်တယ်။ အချိန်လည်း ကုန်တယ်။ ကိုယ့်အလုပ်တွေလည်း တှောတှောပျက်တယ်။ တခါတလေ လက်ထဲမှာ ရှိတာက ၃၀၀၀ လောက်နဲ့ အသင်းအဖွဲ့တွေက အစည်းအဝေး တစ်ပါတ်တစ်ကြိမ်လောက် ခှေါတဲ့အခါမျိုး ကြုံလာရင် ထွက်ပဲပြေးချင်တော့တယ်။ ကိုယ်က ကုမဿပဏီ ပိုင်ရှင်တွေလို ဘာကားမှ ရှိတာလည်း မဟုတ်တော့ တှောတှော ဒုကဿခရောက်တယ်။ အရင်ကတော့ မရှိရင် ရှိတဲ့သူဆီက ချေးငှားသွားတယ်။ အခုတော့ ကိုယ်မရှိရင် သွားကို မသွားတော့ဘူး။ မလာလို့ လှမ်းဖုန်းဆက်နေမှာ စိုးရင်လည်း ဖုန်းကို ပိတ်ထားစရာတောင် မလိုဘူး။ အံဆွဲထဲ ဝှစ်ခနဲ ပစ်ထည့်ထားလိုက်ရင်ပဲ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်သွားပြီး အရမ်းပဲ အလုပ်များနေသလိုလို၊ အစည်းအဝေးခန်းထဲပဲ ရောက်နေသလိုလို။ ဖုန်းပိတ်ပြီး တမင်သက်သက် ရှောင်နေတာမျိုး မဟုတ်တော့ဘူးပေါ့။ ဘယ်လောက်ကောင်းသလဲ။ CDMA မက်ဆေ့ပို့လို့မရတာဟာ မြန်မာပြည်မှာ အထူးကျေနပ်ဖွယ်ကောင်းတဲ့ ဝန်ဆောင်မှုကြီး တစ်ခုပဲ ဖြစ်ပါတယ်။ တကယ်ပြောတာ။ ဒါကြောင့် အခုထက်ထိကို So called GSM နဲ့ မလဲသေးတာပေါ့။ 


နှစ်၁၅ဝပြည့် မနဿတလေး စာအုပ်


နှစ်၁၅ဝပြည့် မနဿတလေး
ဆရာဝန် တင်မောင်ကြည်
ပဿစဂံစာအုပ်တိုက်
၄၀၀၀၉၉၀၁၀၈
ပထမအကြိမ်
ဒီဇင်ဘာ၊ ၂၀၀၈
တန်ဖိုး ၂၃ဝဝကျပ်


မနဿတလေး နှစ်၁၅၀ အတွက် ဆရာဝန် တင်မောင်ကြည်ရဲ့ စာအုပ်တစ်အုပ် ပထမဆုံး အနေနဲ့ ထွက်လာပါတယ်။ ဆရာဟာ ဆရာဝန်အလုပ်ကနေ ရုပ်သေးတွေ၊ အနုပညာနဲ့ ယဉ်ကျေးမှုတွေဘက်တွေကို ကူးပြောင်းသွားခဲ့သူပါ။ အခု စာအုပ်ကတော့ ၁၂၂၁ကနေ ၁၃၇၁ ကြားကာလမှာ မနဿတလေး ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေကို ဓာတ်ပုံစာအုပ် အနေနဲ့ မှတ်တမ်းတင်ထားပါခြင်း ဖြစ်ပါတယ်။

ပြောရရင်တော့ ပုံတွေ အတှောများများဟာ စာအုပ်တွေထဲက ပုံတွေ ဖြစ်ပါလိမ့်မယ်။ တချို့ပုံတွေဆို အင်တာနက်ပှေါက ယူထားတယ်လို့တောင် ထင်ပါတယ်။ ဆိုးတာက ပုံတွေဟာ Thumbnail သာသာလေးတွေပဲ ရှိတာကိုပါ။ ပြတ်သားမှု တိကျမှုလည်း မရှိပါဘူး။ အဆိုးဆုံးကတော့ တချို့ပုံတွေကို Edit ပြန်လုပ်တဲ့ နေရာမှာ မူရင်းပုံတွေထိသွားခြင်းပါ။ အဲဒါကို ဘယ်ပုံမှာ အဓိက တွေ့ရသလဲဆိုတော့ ၁၂၄၃ ဆင်းမလားသွားတဲ့ သံအဖွဲ့ပုံမှာ ဖြစ်ပါတယ်။ မျက်နှာတွေကို အပြင်လွန်သွားတော့ မူရင်းရုပ်တွေ ပြောင်းကုန် ပါတော့တယ်။ ဆရာ့ရဲ့ စုဆောင်း ထားနိုင်မှုကို ချီးကျူးမိပါတယ်။ ဒါပေမယ့် ဘယ်လိုမှ အားမရပါဘူး။ တကယ်တမ်း လုပ်မယ်ဆိုရင် ဒီထက် အများကြီးလုပ်လို့ ရပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ 

ပြောရရင်တော့ ဒီစာအုပ်လေးကို ဝယ်လိုက်မိချိန်မှာ ခံစားချက် နှစ်မျိုးရတယ်။ တစ်မျိုးက ဒါလေးတွေ တစုတဝေးထဲ တွေ့ရလို့ စိတ်ချမ်းသာမိတာ။ နောက်တစ်မျိုးက အားမလိုအားမရ ဖြစ်မိတာ။ ပုံတွေ ဒီထက် ပိုပြီး ရှင်းလင်းပြတ်သားရင် ပိုကောင်းပါမယ်။ စာအုပ်တိုက်တွေမှာ အဲဒီရှားပါး ဓာတ်ပုံတွေ ရှိလိမ့်မယ်လို့ ထင်မိတယ်။ (ဥပမာ ရာပြည့်) သူတို့တွေကပါ ဒီလို Pictorial Historical Book လေးတွေ ထုတ်မယ်ဆိုရင် တှောတှောလေး ကောင်းပါမယ်။ နှစ်၁၅ဝပြည့်နဲ့ တိုက်ဆိုင်ချိန်မှာ ထွက်လာလိမ့်မယ်လို့လည်း မျှောလင့်မိပါတယ်။ စာနဲ့ ရေးပြနေတာထက် ဓာတ်ပုံလေး မြင်လိုက်ရတော့ ပိုသိသွားတယ်။ မျက်လုံးထဲ တန်းဝင်သွားတယ်။ ကိုယ်မသိတာတွေ သိလာရတယ်။ မမြင်ဖူးတာတွေ မြင်လာရတယ်။ ဒါကြောင့် စိတ်အာသာ မပြေဘူး ဆိုပေမယ့် ဝယ်ထားသင့်တယ်လို့ ထင်ပါတယ်။ ၂၃ဝဝဆိုတာ နဲနဲများတယ် ထင်ရပေမယ့် မများလှပါဘူး။

ဓာတ်ပုံတစ်ပုံဟာ စကားလုံး အများကြီးကို ကိုယ်စားပြုတယ်လို့ ပြောကြတယ်။ သမိုင်း ဓာတ်ပုံတွေဟာ သိပ်တန်ဖိုး ရှိပါတယ်။ ကျွန်တှောတို့ နိုင်ငံဟာ ဒီလိုမျိုးတွေမှာ သိပ်အားနည်းတာ တွေ့ရပါတယ်။ နှစ်ပေါင်းများစွာ မပြောနဲ့။ ဟိုး ၁၉၅၀ တဝိုက်က ပုံတွေတောင် ကျွန်တှောတို့ ကောင်းကောင်း သိမ်းထား နိုင်လို့လား။ တစ်ရက်ကတော့ အရမ်းတန်ဖိုးရှိတဲ့ မြန်မာ ဓာတ်ပုံတွေကို အင်တာနက်ပှေါကနေ ရလိုက်ပါတယ်။ တချို့ပုံတွေဆို တကယ်ကို ရှားပါး သမိုင်းဝင် ဓာတ်ပုံတွေပါ။ နာမည်တစ်ခုကို အတည်ပြုဆဲ ဖြစ်တာမို့ ကျွန်တှော မတင်သေးတာပါ။ ဒီတစ်ရက် နှစ်ရက် တင်ဖြစ်မယ် ထင်ပါရဲ့။ 
 
 မနဿတလေး နှစ်၁၅ဝပြည့်မှာ ဆရာတှော ရွှေကိုင်းသားလို၊ လူထုဒှေါအမာလို တိကျပြီး စနစ်ကျတဲ့ သုတေသန စာပေပညာရှင်နှစ်ယောက် မရှိတော့တာ ကျွန်တှောတို့အတွက်တော့ ကြီးမားတဲ့ စာပေဆုံးရှုံးမှုကြီး တစ်ခုပါပဲ။ 

Wednesday, January 7, 2009

Share January 08, 2009

ဖြစ်ရလေ


အင်တာနက်ပှေါမှာ ကစ်ကစ် သတင်းတွေ့လို့ ကျွန်တှော ဖတ်ကြည့်ပြီး ရယ်နေမိပြန်တယ်။ ကျွန်တှောကသာ ရယ်နေမိတာ ဆိုင်တဲ့သူတွေကတော့ စိတ်ပျက်ကြမှာပဲ။ ေအာှ ဒုကဿခ။ သတင်းတွေကလည်း ရေးချင်ရာရေး။ ပြောချင်ရာပြော။ သေသေချာချာ သိတာလဲ မဟုတ်ဘဲနဲ့။ တင်ထားတဲ့ ဓာတ်ပုံကလည်း မှားလို့မှား။ မဟုတ်တာတွေ လျှောက်ရေး လျှောက်တင်တာဟာ မဆိုင်တဲ့ သူတွေကိုပါ ထိခိုက်စေပါတယ်။ အနည်းဆုံးတော့ သူတို့တွေ အချင်းချင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုတာ လောက်တော့ သိထားဖို့တော့ ကောင်းတာပေါ့။ နိုင်ငံရေးနဲ့ ပက်သတ်လာတဲ့အခါ လူတွေအားလုံးဟာ ဓားစာခံတွေ ဖြစ်ကုန်ကြရရောလား။ သတင်းဌာနတိုင်းဟာ သတင်းတွေကို အမှားအမှန် မစစ်ဆေးဘဲ ပွပြီးရော တင်နေကြတော့ တာပဲလား။ ဪ ဒုကဿခ။ 


မင်းကိုငါနိုင်ခဲ့ပြီ


ဆေးလိပ်ကို ကျွန်တှော ရေကြောင်းသိပဿပံ တက်ချိန်မှာ စတင် သောက်တတ်ခဲ့တယ်။ ဒါပေမယ့် စကဿငာပူ မသွားခင် ၂၀၀၄မှာ ကျွန်တှော ဖြတ်ဖို့ ကြိုးစားတယ်။ မပြတ်ခဲ့ဘူး။ စကဿငာပူမှာ ဒီလောက် ဈေးကြီးတာကို ကျွန်တှော ဝယ်သောက်ခဲ့တယ်။ ထမင်းစားပြီးရင်၊ မနက်အိပ်ယာထရင် စီးကရက်လေး ခဲလိုက်ရမှ နေသာထိုင်သာ ရှိသွားတယ်။ တခါတလေတော့လည်း တစ်ယောက်တည်း ရှိတဲ့အချိန် အတွေးလေးတွေနဲ့ ဆေးလိပ်လေး ခဲနေရရင် အရသာ တှောတှောရှိတယ်။ ကျွန်တှော့ရဲ့ တစ်ရက်တာ ဖြတ်သန်းမှုက သူများတွေလို လူများသူများနဲ့ ဆက်ဆံနေတာမျိုး မဟုတ်ဘူး။ အပြင်လူတွေနဲ့လည်း ထိတွေ့ ဆက်ဆံခဲပါတယ်။ တခါတလေ တစ်ရက်လုံးနေလို့ စကားတောင် တစ်ခွန်း ပြောဖြစ်တာ မဟုတ်ဘူး။ ဒါနဲ့ပဲ ဆေးလိပ်ကို အဖှောလုပ်ရင်း သောက်နေဖြစ်လိုက်တာ တှောတှော ကြာလာခဲ့တယ်။ 

ခဏခဏပဲ ကျွန်တှော ဖြတ်ဖို့ ကြိုးစားပါတယ်။ မရဘူး။ ပြန်သောက်ဖြစ်တာပဲ။ ပြန်သောက်ဖြစ်ပြီဆိုတာနဲ့ အရင်ကထက် သောက်နှုန်းက ပိုတောင် တက်လာသေးတယ်။ ဆေးလိပ်သောက်တာ မကောင်းဘူး ဆိုတာကို ဆေးလိပ်သောက်နေတဲ့သူက ပိုသိတယ်။ ဒါပေမယ့် အခုန ပြောသလိုပေါ့ ဖြတ်ဖို့ ခက်နေတာ။ ကျွန်တှော့ကို ဆေးလိပ်က အဲဒီလို လွှမ်းမိုးလာတာ၊ သူ့ကို ကျွန်တှော စွဲလမ်းနေမိတာကို ကျွန်တှော မကြိုက်ဘူး။ ဒါကြောင့် ဒီတစ်ခါ ဖြတ်ရင်တော့ အပြတ်ဖြတ်မယ်လို့ စိတ်ကူးထားလိုက်တာ။ ဒီဇင်ဘာ ၃ဝမှာ စအကောင်အထည် ဖှောဖြစ်တယ်။ 

အခုဆို တစ်ပါတ် ရှိသွားပြီ။ ကျွန်တှော့ရှေ့မှာ လာသောက်နေလည်း သောက်ချင်စိတ် မရှိတော့ဘူး။ ဘီယာသောက် နေရင်လည်း မသောက်ဖြစ်တော့ဘူး။ ဒုန်းကနဲကို ဖြတ်ချလိုက်တာ။ ဒီတစ်ခါ ကျွန်တှော့စိတ် ကျွန်တှော နိုင်လိုက်တာကို အရမ်း ကျေနပ်မိတယ်။ သူများတွေ ပြောသလို နီကိုတင်း ပလာစတာတွေ၊ ဘာညာကွိကွတွေ ဘာမှကို မသုံးလိုက်ဘူး။ ကွမ်းတွေလည်း မစားလိုက်ရဘူး။ မနက်ဖြန် မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ညမှာ တစ်ဗူးကုန်အောင် သောက်ပစ်လိုက်တယ်။ နောက်နေ့မှာ သောက်ချင်စိတ် မရှိဘူးလားဆိုတော့ သိပ်ရှိတာပေါ့။ အရမ်းကို သောက်ချင်တာ။ ဒါပေမယ့် အဲဒီလို သောက်ချင်စိတ် ဖြစ်နေတာကို သောက်မြင်ကတ်တာမို့ ပေပြီး ဇွတ်နေလိုက်ရာက နောက်တစ်ရက် နောက်နှစ်ရက် ကြာတဲ့အချိန်မှာ နေနိုင်လာပါတယ်။ သောက်ချင်စိတ် ဝင်လာတဲ့အခါ ငါဆုံးဖြတ်ပြီးသား ဆိုတဲ့ အတွေးလေးကို တွေးလိုက်တယ်။ ကျွန်တှောက ဆေးလိပ်ကို တှောတှောလေး ကြိုက်တဲ့ကောင်။ ကိုယ်စွဲလမ်းတဲ့ အရာတစ်ခုဆိုတာ ဖြတ်ရတော့ အခက်သားပါ။ ဒါပေမယ့် လူမှာ စိတ်ဟာ အရေးအကြီးဆုံးပဲဆိုတာ ကျွန်တှော တှောတှောလေး နားလည်သွားတယ်။ 

အခု တစ်ပါတ်ကြာတဲ့အချိန်မှာ ကျွန်တှော အသက်ရှူရတာ ပိုကောင်းလာတယ်။ အရင်ကဆို မနက်မိုးလင်းရင် ကျွန်တှော နှာစေးနေတတ်တယ်။ အသက်ရှု မဝဘူး။ လေတိုက်တာနဲ့ အအေးမိချင်လာတယ်။ အဲယားကွန်း ခံလို့မရဘူး။ အခုတော့ အတှောလေး သိသိသာသာ ကောင်းလာတယ်။ တကယ်တမ်း စိတ်က အဓိကပါပဲ။ မသောက်ဘူးလို့သာ ဆုံးဖြတ်လိုက်။ သူများတိုက်လည်း မသောက်နဲ့။ ကိုယ့်ဘာသာကိုယ်လည်း တစ်လိပ်လောက်တော့ သောက်လိုက်ဦးမယ် ဆိုပြီး မလုပ်နဲ့။ ဖြတ်ပြီဟေ့ ဆိုတာနဲ့ တိကနဲ ဖြတ်ချလိုက်။ နို့မဟုတ်ရင် ဇာတ်လမ်းက မပြတ်ဘူး။ ဒီနှစ်စမှာ ဆေးလိပ်သောက်တဲ့ ကျွန်တှော့စိတ်ကို အပြတ်ဖြတ်လိုက် နိုင်တာကို ကျွန်တှော အရမ်းကျေနပ်နေမိတယ်။ 

ပြောရရင် ကျွန်တှော့ ကျန်းမာရေးအရ ဖြတ်သင့်တယ်ထင်လို့ ဖြတ်ပစ်လိုက်ရတာ။ အမေတတွတ်တွတ်နဲ့ ပြောနေတာတောင် အလေးထားခဲ့မိတာ မဟုတ်ဘူး။ တကယ်တမ်း ဆေးလိပ်သောက်ရတာ အရသာရှိတဲ့ အပိုင်းလေးတွေ အများကြီးရှိပါတယ်။  ဒါကြောင့် ဆေးလိပ် မသောက်တော့တာ ကောင်းတယ် ဆိုပြီးတော့တော့ မချီးကျူးကြပါနဲ့။ :) အဲဒါလေးခဲပြီး တွေးချင်ရာတွေး ရေးချင်ရာရေး စဉ်းစားခန်း ဝင်ရတဲ့ အရသာလေးကို ဆေးလိပ် မသောက်ဖူးရင် မသိပါဘူး။ ဒါကြောင့် ဒီကောင် အရင်က ဆေးလိပ်သောက်တယ် အခုတော့ မသောက်တော့ဘူးလို့ ပြောင်းလဲ သတ်မှတ်လိုက်ရင်ပဲ အဆင်ပြေပါပြီ။ 

ကျွန်တှော့ရဲ့ အတွေ့အကြုံအရ တစ်ခါတစ်လေ ကိုယ်သိပ်ယုံကြည် စွဲလန်းနေတဲ့ အရာတစ်ခုကို ကိုယ်က အရင် ပြတ်ပြတ်သားသား အနိုင်မယူနိုင်ရင် သူက ဦးအောင် နှိပ်စက်သွားတတ်တယ်။ ကျွန်တှောကတော့ ဒီတစ်ကြိမ်မှာ ပထမဆုံး အနိုင်ယူလိုက်တယ်။ 

Tuesday, January 6, 2009

အဲဒီညက နေဝင်တယ်

အဲဒီညက နေဝင်တယ်



ဆိတ်ဖလူးပန်းတွေနဲ့ မွှေးတဲ့
ညနေခင်းရဲ့ နေတစောင်းလေး
နင်ရယ် ငါရယ်
ရန်ဖြစ်ချင်သေးတယ်

ငါတို့နှစ်ဦးကြား
နားလည်မှု လေပြည်များက နားခိုလို့
အိပ်မက်ခေါင်းလောင်းသံချိုချို
စကားတွေ ဖောင်ဖွဲ့လို့ ဆိုကြဦးမယ်ကွယ်

ထားခဲ့ပါတော့ကွယ်
ထားခဲ့ပါတော့
ခရမ်းရင့်ရောင်ပန်းတွေလည်း ကြွေခဲ့ရပေါ့
ငါတို့မြို့လေးဟာ
ရထားဥဩသံတွေနဲ့မှ
သာယာသက်ဝင်နေလွန်းခဲ့တာကိုး
တကယ်ဆို ဆိုးလွန်းတယ်

ဖွင့်မပြောတဲ့ စကားလုံးများနဲ့
အချစ်ဆိုတာ တိတ်ဆိတ်ခြင်း ဖြစ်သတဲ့လား
သူမအကြောင်းတွေ တွေးတွေးနေမိတာ
လမ်းဟောင်းလေးနဲ့ တဖြေးဖြေး ဝေးလာ
သတိတရနဲ့ လွမ်းမိတဲ့အခါမှ
မီးအိမ်လေးက  ငြိမ်းသွားရှာ။


Sunday, January 4, 2009

Diary 04.01.2009


ဒီနေ့ မနက် အစောကြီးကတည်းက ကရဝိက် ဥယျာဉ်ကမဿဘာထဲက စာအုပ်တန်းထဲ ရောက်သွားတယ်။ ဟိုတစ်ရက် အဲဒီကို သွားတုန်းက ပိုက်ဆံ မရှိလို့ စာအုပ်တွေ မဝယ်နိုင်ခဲ့ဘူး။ ဒါနဲ့ ကိုယ်လိုချင်တဲ့ စာအုပ်လေးတွေကို သိမ်းထားပေးဖို့ မှာထားခဲ့ရတာ။ အကြံကုန်နေတဲ့ ဂဠုန်အတွက် မနေ့က Blue Label တစ်လုံး လက်ဆောင် ရတယ်။ သောက်ချင်တာကတော့ ပြောမနေပါနဲ့တော့ဗျာ။ ဒါပေမယ့် အသုံးစရိတ်ရယ်၊ စာအုပ်ဖိုးရယ်၊ ဆေးကုဖို့ရယ် လိုတာကြောင့် အဲဒီ အရက်ပြာလေးကို ရောင်းထုတ်ပစ် လိုက်တယ်။ အဲဒီငွေနဲ့ ဒီနေ့ စာအုပ် သွားဝယ်တာ။ လိုချင်တဲ့ စာအုပ်လေးတွေလည်း တှောတှောရလိုက်တယ်။ ဘာတွေ ဝယ်ဖြစ်သလဲ ဆိုတော့

  • နှစ် ၂၀၀ မြန်မာနိုင်ငံသမိုင်း အဘိဓာန်
  • မြန်မာ့ယဉ်ကျေးမှု ရုပ်တုများ
  • မြန်မာ့ ရုပ်တု ယဉ်ကျေးမှု
  • မြန်မာစာပေ အဘိဓာန် (၁)
  • မြန်မာစာပေ အဘိဓာန် (၂)
  • မြန်မာစာပေ အဘိဓာန် (၃)
  • မြန်မာစာပေ အဘိဓာန် (၄)
  • ပညာအလင်းပြ အကဿခရာစဉ် ပုံပြ ဆေးအဘိဓာန်
  • ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်
  • မြန်မာ့ဆေးလောကကို တည်ဆောက်ပေးခဲ့ကြသော ပညာရှင်များ (၁)
  • မြန်မာ့ဆေးလောကကို တည်ဆောက်ပေးခဲ့ကြသော ပညာရှင်များ (၂)
  • သူတို့တေး သူတို့ဘဝ သူတို့ အနုပညာ
  • နှစ် ၁၅ဝပြည့် မနဿတလေး
  • သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ
  • သတင်းစာ ဆရာကြီးများ၏ ဘဝ အတွေ့အကြုံ
  • နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း (ဆဋဿဌမတွဲ)
  • ပြည်တှောသာခရီး (ဒုတိယပိုင်း)
  • Epigraphia Birmanica Volume II, Part 1
  • နှစ်ငါးဆယ် ယဉ်ကျေးမှု ရေးရာ (ဒု)
  • နှစ်ငါးဆယ် ကမဿဘာ့ရေးရာ ၁၉၀၀-၁၉၅၀ (တ)
  • စစ်ကြိုခေတ် အနုပညာရှင်များ

ကန်တှောကြီးထဲမှာ မနှောတို့နဲ့ တွေ့တယ်။ ကိုလွင်ဦးက ရှာပေးလိုက်တာ ဆရာဇှောဇှောအောင် စာအုပ်တချို့ ရသွားတယ်။ အမှတ်တရမှာ ကောက်ညှင်းပေါင်း ရေစိမ် ကြက်ခြေထောက် စားရတယ်။ မဖြူအိအတွက် Medicinal Plants of Myanmar စာအုပ် လိုက်ရှာတာ ဘယ်လိုမှ မရဘူး။ ဒါနဲ့ ကျွန်တှော့မှာ ရတဲ့ စာအုပ်ကိုပဲ ပေးလိုက်ရတယ်။ လက်ထဲမှာ ပိုက်ဆံ ငါးသောင်းလောက်တော့ ကျန်သေးတယ်။ လပွတဿတာတော့ သွားလို့ မဖြစ်နိုင်သေးဘူး။ နဲနဲ စောင့်လိုက်ဦးမယ်။ အှော ဒီနေ့  မွန်သာ့ ဆီကလည်း သူ့အဖိုးစာအုပ် သုံးအုပ် လက်ဆောင် ရသေးတယ်။ ဒီနှစ်ထဲမှာတော့ စာအုပ်ဝယ်ခြင်းကို ၇၅% အထိ လျှော့ချတော့မယ်။ စာအုပ်စင်က စာအုပ်တွေကို စစ်ဆေးလိုက်တော့ စာအုပ် ၁ဝအုပ်လောက် ပျောက်နေတာ တွေ့ရတယ်။ ဘယ်သူ ယူသွားလို့ ယူသွားမှန်းလည်း မသိတော့ဘူး။ စာရင်းထဲမှာလည်း ယူသွားတဲ့လူ နာမည်မရှိဘူး။ တချို့ စာအုပ်တွေဆို တှောတှောလေး နှမြောမိတယ်။ နောက်ဆုံး စာအုပ်စင်ကို အိမ်ရှေ့မှာ ထားထားရာကနေ အခန်းထဲကို သွင်းလိုက်တော့တယ်။ ပိုးကောင် မလာအောင် ပရုတ်လုံးလည်း ပစ်ရသေးတယ်။ ဖုံလည်း သုတ်ရသေးတယ်။ မျိုးတူရာ နာမည်တူရာတွေလည်း စုရ ခွဲရသေးတယ်။ အရေးထဲ သုံးနေရင်းနဲ့ 3in1 Canon ပရင်တာက ပျက်သွားတယ်။ မင်လည်း ကုန်သွားတယ်။ စကန်နာကလည်း အလုပ်မလုပ်တော့ဘူး။ လောလောဆယ်တော့ ပြင်လည်း မပြင်နိုင်သေးဘူး ဆိုတော့ Digitization ကိစဿစတွေ အကန့်အသတ်မရှိ ရပ်ထားရဦးမှာပေါ့။ 

အှော အိမ်ဘေးက လမ်းထဲမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချောတိုင်တက်ပွဲ လုပ်ကြတယ်။ ကျွန်တှောက အိမ်အပှေါကနေ ကြည့်နေတာ။ တှောတှော အသုံးမကျလိုက်တဲ့ ရန်ကုန်သားတွေ။ တက်ရတဲ့ ချောတိုင်က ပေအစိပ်လောက်ရယ်။ အဲဒါကို တက်နေလိုက်တာ သုံးနာရီလောက်ကြာတယ် တစ်ဖွဲ့မှ ထိပ်မရောက်ဘူး။ ကြားဖူးနားဝနဲ့ လာတက်ကြတယ် ထင်ပါရဲ့။ ဒါပေမယ့် တက်ပုံတက်နည်းကို မကျွမ်းကျင်တော့ တက်လိုက်လျှောလိုက်နဲ့ ကြည့်ရတာ ရယ်တောင် ရယ်မိတယ်။ တကယ်တမ်း ချောတိုင်တက်မယ် ဆိုရင် ကိုယ့်ရဲ့ ကိုယ်ကို မြေမှာ ပထမ လူးပစ်လိုက်ရတယ်။ ဒါမှ သိပ်မချောမှာ။ ပြီးရင် ခြေထောက်မှာ ပုဆိုး တစ်ထည်ကို လိမ်ပြီး တိုင်ကို အဲဒါနဲ့ ညှပ်ထားရမယ်။ လက်ကိုတော့ တိုင်မှာ အရင်ပတ် ပြီးမှ နောက်ပုဆိုး တစ်ထည်နဲ့ ညှပ်ရမယ်။ ပြီးမှ လက်နဲ့ ခြေထောက်ကို တိုင်မှာ ညှပ်ညှပ်ပြီး တက်ရတယ်။ တခါတလေမှာ အဖွဲ့သားတွေကို နင်းပြီး တက်ရတယ်။ ကိုယ်ကလည်း တခါတလေ အနင်းခံရတယ်။ အဲဒါကိုလည်း ခံနိုင်ရည် ရှိရဦးမယ်။ ဒီလောက် အမြင့်လေးတောင် မတက်နိုင်ရင် အညာဘက်က ပေ၁ဝဝလောက် ဝါးပိုးဝါးကြီးတွေဆို ဒင်းတို့ အသက်ထွက်နေမှာ မြင်ယောင်မိသေးတယ်။ 



Friday, January 2, 2009

ခရီးသွားခြင်း

ခရီးသွားခြင်း



ငါ့ဆီမှာ
ဒဲဒလပ်စ်ရဲ့ 
အသစ်စက်စက် တောင်ပံတစ်ဖက် ရှိတယ်
ချစ်သူဟာ
ကွယ်ပျောက်သွားနှင့်ပြီးတဲ့
ရှေးဟောင်းမြို့တှောကြီး တစ်ခုကနေ
ယနဿတယားဘီးတွေကို 
ယူဆောင်လာသူ ဖြစ်တယ်
ပတ်ဝန်းကျင်က ပဲ့ဖြစ်တယ်
နားလည်တတ်မှုက ဂီယာဖြစ်တယ်
ငါ့နှလုံးသားက အင်ဂျင်သက်သက်ဖြစ်တယ်
သွေးထိုးစကားများကို လောင်စာအဖြစ်နဲ့ မောင်းမယ်
စိတ်ဆနဿဒအားလုံးကို နှင်းခွဲမီးလို ထွန်းတယ်
မနာလိုသူတွေက မီးခိုးလိုအူကြတယ်
ဘရုတပ်ကို ရှောင်ကွင်းမယ့် ဘရိတ်ကို ငါဖန်ဆင်းတယ်
အနှောက်အယှက် ရန်တွေအတွက်
တီတီတွမ်တွမ် မြည်သံပေးမယ်
(ငါ့ကိုဟွန်းမတီးပါနဲ့ - ကိုနိုင်မွန်အောင်သွင်)
ချစ်ခြင်းတရားက မောင်းနှင်အားဖြစ်သွားတယ်
ယုံကြည်ချက်က ဘီးလေးဘီးကို အပြင်းယက်တယ်
တစ်ခုပဲ
ငါ့ကွန်ပတ်စ် ပြရာအရပ်မှာ
ဓူဝံကြယ်ကို ငါကိုယ်တိုင် ရှာမတွေ့ခဲ့တာ။ 



လင်းဆက်
January 2, 2009

Diary 02.01.2009


ကန်တှောကြီးထဲက ကရဝိတ်နားမှာ စာအုပ်ပွဲတှော လုပ်နေတယ်။ သွားရေကျစရာ စာအုပ်တွေ အများကြီးပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကလည်း ဒီအချိန်မှ လက်ထဲမယ် ဂဝဝဝပဲ ရှိတယ်။ ဒါနဲ့ မနေ့က စာအုပ် အဟောင်းအမြင်း ပေါချောင်ကောင်း ၄အုပ်ပဲ ဝယ်ခဲ့နိုင်တယ်။ လက်ထဲမှာ ၁၇၀၀ ကျန်တယ်။ ကိုယ်လိုချင်တဲ့ စာအုပ်လေးတွေကို စာအုပ်ရောင်း သမားတွေ ဖွက်ထားခိုင်းခဲ့တယ်။ ဒီလူတွေနဲ့လည်း တှောတှော ရင်းနှီးနေပါပြီ။သူတို့က ကျွန်တှော ဖတ်တတ်တဲ့ စာအုပ်မျိုးတွေ့ရင် သိမ်းထားပေးတတ်တယ်။ လောလောဆယ်တော့ မဝယ်နိုင်သေးဘူး။ အမေ ပိုက်ဆံပို့လာပေးမယ်လို့ ပြောတယ်။ အဲဒီတော့မှ လိုချင်တာလေး သွားဆွဲတော့မယ်။ ပြီးတော့ ပိုက်ဆံ ရတဲ့နေ့ကျရင် သူငယ်ချင်းတွေနဲ့ နှစ်သစ်ကူး စားပွဲသောက်ပွဲလေး လုပ်ရဦးမယ်။ Belated Party ပေါ့ဗျာ။ ဘီယာ မသောက်ဖြစ်တာလည်း တှောတှောကြာပြီ။ ဆေးလိပ်ကတော့ ပြတ်သလောက် ဖြစ်သွားပြီ။ ပြီးတော့ လပွတဿတာကို ခဏလောက် ပြန်သွားချင်သေးတယ်။ ယောသားကြီး ပိုက်ဆံ လွှဲလာရင် ကျွန်တှောရယ် ကိုသက်ထူးရယ် စိုးကြီးရယ် တစ်ခေါက်လောက် ပြန်သွားကြည့်ဦးမယ်။  

Thursday, January 1, 2009

ရွှေမန်းတင်မောင် ဘယ်တုန်းကသေ?


မေး - ရွှေမန်းတင်မောင် ဘယ်တုန်းကသေ?
ဖြေ - ၁၉၉၆ မှာသေ

ဪ သိပ်မကြာသေးပဲကိုးလို့ စိတ်ထဲက ဖြစ်များ ဖြစ်သွားကြလား မသိဘူး။ အဲဒီအဖြေက ကျွန်တှော ပေးတဲ့ အဖြေမဟုတ်ပါဘူး ခင်ဗျား။ ဒါဖြင့် ဘယ်သူပေးတဲ့ အဖြေလည်း ဆိုတာ ကြည့်ကြရအောင်။ 


၁၉၆၉ ခုနှစ် ပွဲဦးထွက်အဖြစ် မနဿတလေးမြို့တွင် ဂီတစွမ်းအင်(လောကနတ်) သရုပ်ဖှောအကကို၎င်း၊ ပညာပေး ဇာတ်လမ်းအဖြစ် ဒေဝဓမဿမ ဂီတသရုပ်ဖှော ဇာတ်လမ်းကို၎င်း၊ နောက်ပိုင်းအဖြစ် စာပေအရသာ အပြည့်အဝဖြင့် ဆက်တင်သစ်များဖြင့် တင်ဆက်ကပြခဲ့သည်။  သို့သှော ထိုအရသာသစ်များကို ရန်ကုန်မြို့သို့ ရောက်အောင် မယူဆောင်နိုင်တော့ပဲ အထက်မင်းလှ လက်ပံရွာ၊ မဟာပိနဿနဲ ဘုရားပွဲတင် သုံးညဉ့်မြောက် ကပြနေခိုက် ၁၃၃၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျှော ၅ ရက်နေ့ (၂၉-၁၁-၉၆) ညဉ့်တွင် ဇာတ်ကရင်းပင် မူလရှိရင်းစွဲ သွေးတိုးရောဂါ၏  ဖိစီးနှိပ်စက်မှုကို ခံရ၍ ရုတ်တရက်သတိမေ့ သွားရာမှ သရက်မြို့ဆေးရုံသို့ ယူအသွား ဆေးရုံမရောက်မီ တန်ဆောင်းလမုန်း လပြည့်ကျှော ၆ ရက်နေ့ (၃ဝ-၁၁-၉၆) နံနက် ၄ နာရီ အချိန်တွင် ကွယ်လွန်သွားလေသည်။  ရွှေမန်းတင်မောင်၏  ရုပ်အလောင်းကို မနဿတလေးမြို့ နေအိမ်သို့ သယ်ဆောင်ပြီးလျှင် တန်ဆောင်မုန်း လပြည့်ကျှော ၁ဝ ရက် (၄-၁၂-၉၆) ၁၁ နာရီတွင် မနဿတလေးတောင်၏  အရှေ့ဘက် အုတ်စက်သုသာန်၌ သဂြဿငိုဟ်သည်။  ရွှေမန်းတင်မောင်တွင် ပထမဇနီး ဒှေါသိန်ညွးန့်နှင့် သားလေးယောက်၊ သမီးသုံးယောက် ကျန်ခဲ့၍၊ ဒုတိယဇနီး ဒှေါစိန်မေနှင့် သမီးသုံးယောက် ကျန်ရစ်ခဲ့ သည်။  သားအကြီးဆုံး မောင်ညွန့်ဝင်းသည် ရုပ်ရှင်နယ်တွင် အောင်မြင်နေသည့် အကယ်ဒမီရ မင်းသားတစ်ယောက် ဖြစ်၍ ကျန်သားဖြစ်သော မောင်ဝင်းဗိုလ်နှင့် မောင်ဆန်းဝင်းတို့သည် ဖခင်၏ ဇာတ်ကို ဆက်လက်ဦးဆောင် ကပြလျက်ရှိလေသည်။


အထက်ကဟာက မြန်မာ့စွယ်စုံကျမ်း စီဒီရွမ်ထဲမှာ ပါတဲ့ ရွှေမန်းတင်မောင် ကွယ်လွန်ချိန် ဇာတ်လမ်းလေးပါ။ ဖတ်လိုက်မိကတည်းက တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တှော သိထားတာ ရွေမန်းတင်မောင်ဟာ ကျွန်တှော မမွေးခင် ၁၉၈၀ မတိုင်ခင် ကတည်းက ဆုံးပါးသွားတယ်လို့ အဖွား ခဏခဏ ပြောဖူးလို့ သတိရနေတယ်။ အခုတော့ ဒီအထဲမှာ ၁၉၉၆မှ သေတယ်ဆိုပြီး ဖြစ်နေတယ်။ အမှန်က ၆၉ ဖြစ်ရမှာ။ မြန်မာသကဿကရာဇ် ၁၃၃၁ဟာ ခရစ်နှစ် ၁၉၆၉နဲ့ အတူတူပါပဲ။ အဲဒါကို ၆၉နဲ့ ၉၆ မှားရေးပစ်လိုက်ကြတာ။ ကြောက်ဖို့ကောင်းလိုက်တာ။ မူရင်း စာအုပ်ထဲမှာတော့ မှားမယ် မထင်ဘူး။ ကွန်ပျူတာ စာရိုက်တဲ့လူတွေ မှားကြတာ ဖြစ်မယ်။ ပြန်ပြီးတော့ စစ်ဆေးကြပုံလည်း မပှေါဘူး။ စာရိုက်တဲ့ ကောင်ကလည်း ဒီလောက်လေးတောင် ဗဟုသုတ မရှိဘူး။ ဒီစွယ်စုံကျမ်း စီဒီရွမ်ထဲမှာ အမှားတွေမှ အများကြီးပဲ။ စာလုံးပေါင်း အမှားတွေလည်း ဒင်းကြမ်းပဲ။ တစ်ခါတုန်းကလည်း ဒီအထဲမှာပဲ အဆိုတှော တစ်ယောက်အကြောင်း ဖတ်ရင်းနဲ့ သူဟာ ကိုလိုနီခေတ်ကတည်းက ဓာတ်လုံးရ အဆိုတှော တစ်ယောက် ဖြစ်ခဲ့လေသည် ဆိုတာကြောင့် မျက်စိလည်ခဲ့ ဖူးသေးတယ်။ ဓာတ်ပြား မတိုင်ခင် ဓာတ်လုံးဆိုတာ ရှိသေးလားလို့တောင် ကိုယ့်ဘာသာ သံသယ တှောတှော ဖြစ်သွားခဲ့ရတယ်။

အဲဒီစွယ်စုံကျမ်းစီဒီ လုပ်ထားတာက တှောတှောလေး ညံ့ဖျင်းတယ်။ Interface ကလည်း မကောင်းဘူး။ User Friendly ဖြစ်သလား ဆိုတော့လည်း သိပ်မဖြစ်။ Searching ကျတော့လည်း အတွင်းပိုင်းတွေကို ရှာမပေးနိုင်။ ခေါင်းစဉ်လေးတွေလောက် Index လုပ်ထားတာမျိုး။ မြင်ကွင်းကလည်း အားမလို အားမရ။ အမှားတွေကလည်းများ။ အင်း ခေတ်မီမီ အဆင့်ရှိတဲ့ အသစ်တစ်ခု ပြန်လုပ်သင့်နေပြီ။ 


ကိုးကား။ ရွှေမန်းတင်မောင်၊ လူထုဒှေါအမာ။ 

ကျက်သရေတုံးတဲ့ လှောစပီကာ


တောက် ဘာမှ မတတ်နိုင်လို့ ဒီအတိုင်း နေနေရတယ်။ လုပ်များ လုပ်ခွင့် ရှိလို့ ရှိရင် ဘေးနားက ဘုန်းကြီးကျောင်းတွေရော၊ ချပ်(ရှ်) တွေရော၊ ဗလီတွေရော အကုန် မြို့ပြင် ပို့ပစ်မယ်။ ဘာလဲ ဘာသာရေး။ လူတွေကို လှောစပီကာနဲ့ နားဒုကဿခပေးတာ ဘာသာရေးလား။ အသံမစဲ မဟာပဋဿဌာန်းပွဲကြီး မြို့ပေါက်အောင် ရွတ်တာ ဘာသာရေးလား။ ဂစ်တာတွေ စနဿဒယားတွေတီး ချီးမွမ်းသံတွေကို လှောစပီကာကနေ တရစပ် လွှင့်နေတာ ခရစ်တှောကို ချစ်မြတ်နိုးနေတာလား။ ဆိုင်းသံဗုံသံ တညံညံနဲ့ စောက်သုံးမကျတဲ့ နတ်တွေ ပင့်နေတဲ့ ကောင်တွေကလည်း စောက်သုံးကျတဲ့အလုပ် မလုပ်တတ်လို့လား။  တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်။ အိပ်ရေးပျက်အောင် လုပ်တာလောက် မုန်းတာ မရှိဘူး။ ညဘက် ဆူညံနေတာလောက် မုန်းတာ မရှိဘူး။ ငရဲမကလို့ သရဲပဲကြီးကြီး ရေရေလည်လည် တင်းနေတယ်။  ဘုရားရှင်တွေ လက်ထက်က အဲဒီလို တခြားလူကို ဒုကဿခပေးတဲ့ သောက်ရေးမပါ လုပ်ရပ်တွေ ရှိမယ် မထင်ဘူး။ ကမဿဘာပှေါမှာ လှောစပီကာ ထွင်တဲ့ကောင်ကို ငါအမုန်းဆုံးပဲ။ တချို့လူတွေဟာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုကြတယ် ဆိုတာကို နားလည်မှု မရှိကြဘူး။ တိတ်ဆိတ်ခြင်းထဲက တရားကို နားမလည်ကြဘူး။ လူပဲဖြစ်ဖြစ်၊ ဘုန်းကြီးပဲဖြစ်ဖြစ်၊ သူတှောစင်ပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်က သူများကို ထိခိုက်လာနေပြီဆို လမ်းကြောင်းလွဲနေပြီဆိုတာတော့ သဘောပေါက်ဖို့ သင့်တယ်။ ဘာသာရေးလုပ်တာ မပြောချင်ဘူး။ ဒါပေမယ့် အှောကြီးဟစ်ကျယ်တော့ သူများ အိပ်တဲ့အချိန်တွေ ရှောင်သင့်တာပေါ့ဗျာ။ ဒီရက်ထဲ မျက်တွင်းကျအောင်ကို Ear Fucking! လှောစပီကာနဲ့ နှိပ်စက်နေတဲ့ ဘေးနားက အဂဿငလိကန်ချပ်(ရှ်)ကို တှောတှော စိတ်ပျက်နေမိတယ်။ သူလုပ်တာနဲ့ ခရစဿစမတ်မုဒ်ရော နယူးရီးယားမုဒ်ရော ပျက်ခဲ့ရတယ်။ :( 


 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz