Thursday, December 17, 2009

Some essential handy tools for computer

Some essential handy tools for me


CCleaner

အင်တာနက်ကို အမြဲထိတွေ့နေတဲ့သူ၊ မိမိရဲ့ Security ကို ဂရုစိုက်တဲ့သူ၊ ကွန်ပျူတာရဲ့ Health ကို ဂရုစိုက်တဲ့သူတိုင်း ဒါလေးကို လက်ကိုင်ထားကြပါတယ်။ ကာလကြာရှည် ကျွန်တော်သုံးခဲ့သမျှ စိတ်တိုင်းအကျဆုံး Tool လေးတစ်ခုပါပဲ။ သုံးရတာ လွယ်ကူသလို အစွမ်းထက်မြက်မှုလည်း ရှိပါတယ်။ ကိုယ်က အင်တာနက်သုံးတယ်၊ ပရိုဂရမ်တွေ အများကြီးသုံးတဲ့ အခါမျိုးမှာ ယေဘုယျအားဖြင့် ကိုယ်မမြင်နိုင်တဲ့ ဖိုင်တွေက စက်ပိတ်လိုက်ရင်တောင် တချို့နေရာတွေမှာ ကျန်နေတတ်ပြီး ကြာလာတဲ့အခါ ကိုယ့်စက်မှာ နေရာကျဉ်းလာတာမျိုး၊ လေးလံလာတာမျိုးတွေ ဖြစ်တတ်တယ်။ ဒီကောင်လေးက ဒါတွေကို ရှင်းပေးနိုင်ပါတယ်။ ပြီးတော့ Reg အမှားတွေကိုလည်း ပြင်ပေးနိုင်တယ်။ ပြောရရင် Reg Editor တွေဟာ ကြောက်ဖို့ကောင်းတယ်။ တစ်ခုခု မှားပြီး လုပ်လိုက်မိရင် စက်ဖွင့်မရတာမျိုးအထိ ဖြစ်တတ်တယ်။ ကျွန်တော်သုံးခဲ့သမျှမှာတော့ ဒါလေးက တစ်ခါမှ ဒုက္ခမပေးဖူးဘူး။
Download: http://filehippo.com/download_ccleaner/


Puretext

Microsoft Word ထဲမှာ စာတွေရိုက်ပြီး ကိုယ့်ဘလော့ပေါ်ကို Clt+C, Clt+V လုပ်တဲ့အခါ စာလုံးတွေ အဆမတန် ကြီးသွားတာမျိုး ကြုံရတတ်ပါတယ်။ ဒါက Word ရဲ့ Style တွေ Clt+C လုပ်ရာမှာ ကပ်ပါလာလို့ပါ။ ဒါကြောင့် အရင်ကဆို စာရိုက်ရင် နုတ်ပဒ်ထဲမှာ သွားသွားရိုက်ပြီး ကူးကြရတယ်။ ဒီကောင်လေး ထည့်ထားရင်တော့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ဘယ်နေရာက စာကိုပဲကူးကူး နုတ်ပဒ်ထဲကနေ ကူးရသလို Plain Text တွေအနေနဲ့ Paste လုပ်လို့ ရပါလိမ့်မယ်။
Download: http://www.stevemiller.net/puretext/


7zip

Winzip တို့ Winrar တို့ကို အလဲထိုးသွားတဲ့ Compression Tool လေးပါ။ အဲဒီဟာတွေထက် အများကြီးပိုပြီး ချုံ့နိုင်တာ တွေ့ရပါတယ်။ ပြီးတော့ Zip ဖိုင်တွေကို ပြန်ဖြေရာမှာလည်း အခြား Extractor တွေထက် ပိုပြီး အလုပ်လုပ်နိုင်တာကို တွေ့ရပါတယ်။
Download: http://filehippo.com/download_7-zip/


Universal Extractor

ဒါကတော့ System file တွေဘာတွေကို Extract လုပ်ချင်တဲ့ အခါမျိုးမှာ သုံးဖြစ်တာပါ။
Download: http://legroom.net/software/uniextract


Notepad++

ဒီကောင်ကို သွင်းပြီးချိန်ကစပြီး Microsoft Word တောင် သိပ်မသုံးဖြစ်တော့ဘူး။ Notepad++ မှာ လုပ်ဆောင်နိုင်စွမ်းတွေ အများကြီး ရှိပါတယ်။ အသုံးအဝင်ဆုံး တစ်ခုကို ပြောရမယ် ဆိုရင်တော့ တချိန်တည်းမှာ Tab တွေနဲ့ ဖိုင်တွေ အများကြီး ဖွင့်နိုင်တယ်။
Download: http://filehippo.com/download_notepad/


Faststone Capture

ဒါကတော့ Screen Capture လုပ်ဖို့ အတွက်ပေါ့။ သေးငယ်တယ်။ ပေါ့ပါးတယ်။ သာမန် Editing လွယ်လွယ်နဲ့ လုပ်လို့ရတယ်။
Download: http://www.faststone.org/FSCaptureDetail.htm


Faststone Resizer

ပုံတွေအများကြီးကို တပြိုင်တည်း ချုံ့လို့ရတယ်။ ပြင်လို့ရတယ်။ အမည်ပြောင်းလို့ရတယ်။ ရေစာတွေ၊ ဘာတွေညာတွေ ထည့်လို့ရတယ်။
Download: http://www.faststone.org/FSResizerDetail.htm


Tweetdesk

ဒါကတော့ Twitter သုံးတဲ့သူတွေ အကြိုက်တွေ့ကြတဲ့ Tool လေးပါ။ Twitter ကို သူ့ဆိုဒ်မှာ သွားဖွင့်ပြီး သုံးတာထက် ပိုပြီး ကောင်းတာ၊ လွယ်တာကို တွေ့ရပါလိမ့်မယ်။ ဒာပေမယ့် သူ့ကို အသုံးပြုမယ် ဆိုရင်တော့ Adobe Air ကို အရင်ဆုံး သွင်းထားဖို့တော့ လိုပာလိမ့်မယ်။
Download: http://www.tweetdeck.com/download/


Picasa


ဂူဂယ်ရဲ့ အခမဲ့ ဓာတ်ပုံတွေ Organize လုပ်တဲ့ ဆော့(ဖ်)ဝဲ(လ်)ပာ။ အခုနောက်ဆုံး ထုတ်တဲ့ ဗားရှင်းမှာ ကိုယ့်စက်ထဲမှာ ရှိနေတဲ့ Portrait ဓာတ်ပုံတွေကို တစ်ခာ နာမည်ပေးထားရုံနဲ့ ကျန်ပုံတွေကို Face Recognition လုပ်ပြီး သူ့အလိုလို Tag လုပ်ပေးတဲ့ စနစ် ပာဝင်ပာတယ်။ ဒီတစ်ခုထဲနဲ့တင် ဒာလေးက အရမ်းကို အစွမ်းထက်ပာတယ်။
Download: http://picasa.google.com


4 Responses to “Some essential handy tools for computer”

CCleaner ထုတ်တဲ့ http://www.piriform.com က products တွေအကုန်လုံးကြိုက်တယ်။

Defraggler - Defragmenter
Recuva - Recovery Tool
Speccy - system information tool

NYO said...

ကို ညီလင်းဆက်

Typing Error

TweetDeck က Tweetdesk ဖြစ်နေတယ်။

mielay said...

link လေးတွေကို ယူသွားပါတယ်..ကျေးဇူး

kelvin said...

Tks for sharing , bro ..

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz