Thursday, December 31, 2009

ရန်ကုန်အဝေးပြေးက တက်စီအရှုပ်ထုပ်

ပြောရရင် ဒာတွေကို မရေးချင်တော့ပာဘူး။ ကိုယ်ကလည်း ဘာမှ လုပ်ပေးနိုင်သူ မဟုတ်လေတော့ ပြောပြန်ရင် ခိုညည်းသလို ဖြစ်မယ်။ ဒာပေမယ့် တခာလည်းမဟုတ် နှစ်ခာလည်းမဟုတ် နှိပ်စက်ကြတာ များလွန်းလို့ မသိသူတွေ မခံရစေဖို့ လက်တို့တဲ့ သဘောပာပဲ။ အကြောင်းကတော့ ရန်ကုန်က အောင်မဂဿငလာအဝေးပြေးဂိတ်က အရှုပ်ထုတ်တွေ အကြောင်းပာ။ ကိုယ်ပိုင်ကားမရှိလို့ လိုင်းကားနဲ့ ခရီးသွားနေကြတဲ့ ကိုယ်လိုသူလို ခရီးသွားတွေ အပှောမှာ ခောင်းပုံဖြတ် အမြတ်ထုတ် ကိုယ်ကျိုး တစ်ခုတည်းကြည့်တဲ့ တက်စီသမားတွေ အကြောင်း ဆိုပာတော့။ တကယ်တမ်း ဒီပြသဿသနာက အခုမှတော့ မဟုတ်ပာဘူး။ ဖြစ်နေတာက ကြာပြီ။ ဟိုးကာလ တှောတှောကြာကတည်းက။ ကျွန်တှောကြုံရတာလည်း သုံးခာမကတော့ဘူး။ အားနာတာကတစ်ကြောင်း၊ အိမ်ပြန်ချင်တဲ့စိတ် လောနေတာကတစ်ကြောင်း၊ လူကြား သူကြားထဲ ရှက်တာက တစ်ကြောင်း အကြောင်းကြောင်းနဲ့ မြိုသိပ်လာခဲ့တာ။ ဒီတစ်ခောက်ကတော့ မခံတော့ မခံခဲ့ရဘူး။ ဒာပေမယ့် ဒီအဖြစ်အပျက်တွေကို တွေ့နေရဆဲ ပိုတောင် ဆိုးလာသမို့ ရေးမိပာတယ်။ အဓိကအကြောင်းကို ရေးရင်းနဲ့ သာမည ဗျူရိုကရေစီအကြောင်းလေးတွေ ပာသွားရင်လည်း လွန်တာရှိ ဝနဿတာမိပာပဲ။

မနေ့က ပြင်ဦးလွင် အိုင်စီတီပွဲကနေ ပြန်လာပာတယ်။ ပထမတော့ မနဿတလေးမှာ တစ်ရက်နှစ်ရက် နေဦးမလို့ပာပဲ။ ဒာပေမယ့် ကိုယ်လည်း ဟောပြောပြီးရော အဲဒီ ICT ပြပွဲကြီးထဲကနေ အပြင်ကို လမ်းလျှောက် ထွက်လာရကတည်းက ဘယ်လိုမှ ဖီးလ်မလာတော့လို့ ပြန်ပာတယ်။ အသိ ညီမများက အပြင်အထိ ဆိုင်ကယ်နဲ့ ပို့ခိုင်းပာတယ်။ ဆိုင်ကယ်သမားက ဦးထုပ်မပာလို့ဆိုပြီး ပြပွဲနေရာမှာ ချထားလိုက်ပာတယ်။ ဘယ်တတ်နိုင်မလဲ ကိုယ့်ဂွင်မှ မဟုတ်တာလေ။ ဆိုင်ကယ်တက်စီလေး ရတဲ့အထိ လမ်းလျှောက်လိုက်ရတာ တှောတှောလည်း ပြိုင်းထွက်သွားတယ်။ ထားတော့။ ဒာနဲ့ ပြန်မယ်ဆိုတော့ ကားလက်မှတ်မှာတယ်။ နောက်ဆုံးနားမှာ ရတယ်။ လာပို့မယ်ဆိုပြီး ကားထွက်ခာနီးအထိ လာမပို့ဘူး။ ဒာနဲ့ လှမ်းဆက်မေးကြည့်တော့ ရတော့ဘူးတဲ့။ လုပ်ပေးတာက တည်းခိုးခန်းက လုပ်ပေးတာ။ ဒာနဲ့ ကျွန်တှောလည်း တည်းခိုခန်းကို ရစ်တာပော့။ နောက်ဆုံးတော့ ဘယ်ကနေ ဘယ်လို လုပ်လိုက်တယ် မသိဘူး။ လက်မှတ်ရပာတယ်။ ရတဲ့ လက်မှတ်က အကောင်းစား ထိပ်ဆုံးတန်းကဗျား။ အဲဒီနေရာတွေက VIP တွေအတွက်တဲ့။ ကားတိုင်းကားတိုင်း အဲဒလိုခုံမျိုး ၆ခုံ Every Reserve ပာတဲ့။ ကံကောင်းလို့ အဲဒီနေ့က VIP မရှိလို့ ကျွန်တှော့မယ် အဲဒီနေရာ ရတာကိုး။ ကျေးဇူးတောင် တင်ရမလိုလိုဘာလိုလို။

ဒီလိုနဲ့ အဝေးပြေးကားပှောမှာ ဒူးရှည်ခြင်းရဲ့ ဒုကဿခတွေကို ခံစားပြီး ၁၂နာရီကျှော လာတဲ့အခာမှာ ရန်ကုန်ကို ရောက်ပာတယ်။ ကားပှောက ဆင်းလိုက်တာနဲ့ တက်စီသမားတွေ ပြုံတိုးလာတယ်။ သူ့ထက်ငာ အိတ်ဆွဲတဲ့လူကဆွဲ၊ လက်ဆွဲတဲ့လူကဆွဲနဲ့ တှောတှောဇာတ်ပျက်နေတယ်။ သူတို့ကို ယုံမိလို့ကတော့ သေပြီသာ မှတ်ပေတော့။ ကျွန်တှော့မှာ အတွေ့အကြုံ ကောင်းကောင်းရှိတယ်။ အဝေးပြေးကနေ မြို့ထဲအထိ တက်စီခ ယူပာ ငားထောင် ဘာမှ မပြောလိုပာဘူး။ သူတို့က အဲလို မဟုတ်ဘူး နှစ်ယောက် သုံးယောက်တင်တာ။ ဟိုးအရင် အခောက်တွေတုန်းကဆို သူတို့စကားကို ယုံစားပြီး ကားငှားမိပာတယ် တစ်စီးထဲမှာ လေးယောက်လောက် စီးရတယ်။ ပေးရတာကလည်း တစ်ယောက် ငားထောင်။ နောက်တစ်ခာကျတော့ ကျွန်တှော တစ်ယောက်တည်း စီးမယ်လို့ သေသေချာချာ ပြောပြီး ငှားတယ်။ ဟုတ်ကဲ့ပာ အထပ်ထပ် ကတိတွေခံတယ်။ ပြီးတော့ ကားပှောလည်း ရောက်ရော နောက်ထပ် လူတွေ ရှိနေတယ်။ တစ်ခောက်ကလည်း ကိုယ့်အိတ်ကို ကားနောက်ခန်းမှာ ပိတ်ထားပြီး ထွက်သွားတယ်။ တခြားလူ သွားခှောတာ။ ကိုယ့်မှာ ဒောသထွက်လည်း သွားမရ ပြုမရနဲ့ တှောတှော ဒုကဿခရောက်တယ်။ နောက်တစ်မျိုးက ပွဲစားတွေ။ ကိုယ့်ကားလည်း မဟုတ်ဘဲနဲ့ သူများ တက်စီအတွက် လူရှာတဲ့ကောင်တွေ။ သူတို့က လူတစ်ယောက် ရှာပေးရင် ဘယ်လောက် ဘယ်လောက်ဆိုပြီး ယူသေးတယ်။ ဒီတစ်ခောက်လည်း ဒီလိုပဲ။ ကျွန်တှောက အဲဒာမျိုးတွေ ကြုံဖူးခဲ့တော့ ကားရပ်တဲ့ နေရာမှာ ကားမငှားဘဲ အပြင်ကို ထွက်ငှားဖို့ လုပ်တယ်။ ပွဲစားတစ်ကောင် ရောက်လာပြီး အကို တစ်ယောက်တည်း သွားမှာလား မေးတယ်။ ဟုတ်တယ်ဆိုတော့ ကျွန်တှော့ကား ရှိတယ်ပော့ တစ်ယောက်တည်း သွားပော့။ အဲလိုပြောပြီး အိတ်ကို လာဆွဲတယ်။ ကျွန်တှော သိပ်မယုံလို့ မပေးဘူး။ ကားနားရောက်တော့ ကားပှောမှာ အဒှောကြီးတစ်ယောက် ရှိနေတယ်။ သူ့ကားလည်း မဟုတ်ဘူး။ ဒီအဒှောကြီး တစ်ယောက်တည်းပာ အကိုရယ် ဆိုပြီး လုပ်တယ်။ ကျွန်တှောလည်း ဒောသက တှောတှော ထွက်သွားတယ်။ အဲဒီကောင်ကို ကျွန်တှော သေသေချာချာ ပြောပြီးသား ဒာကို ဝေ့လည်ကြောင်ပတ်တွေ လာလုပ်တယ်။ ကျွန်တှော မလိုက်တော့ဘူး ဆိုတော့ ဟိုးကားနဲ့သွားပာ ဒီကားနဲ့သွားပာ အတင်းလုပ်ပြန်တယ်။ အိတ်ကို အတင်းလိုက်ဆွဲတယ်။ ကျွန်တှောလည်း သွားနေတဲ့ ကားတစ်စီးကို တားပြီး လိုက်သွားလိုက်တော့တယ်။

ပြောချင်တာကဗျာ ဘယ်သူမဆို ခရီးရှည် သွားပြီးရင် အိမ်ကို အမြန်ဆုံး ရောက်ပြီး နားချင်ကြပြီ။ မြန်မာလူမျိုး ဆိုတာကလည်း အားနာတတ်တယ်။ ပြီးတာတွေ ပြီးပာစေတော့ ဆိုပြီး စိတ်ထားတတ်တယ်။ အဲဒာတွေကို အခွင့်ကောင်း ယူပြီး ဒီလူတွေ အဲဒီလို လုပ်နေတာ တှောတှော ကြာနေပာပြီ။ တက်စီခ မတရားယူတာကို ကျွန်တှော မပြောချင်ဘူး။ ဒာပေမယ့် တစ်ယောက်ရရင် တှောပြီပော့ ဘာလို့ အခြားလူတွေကို ထပ်တင်လဲ။ ဒီလူတွေ အဲလို လုပ်စားနေတာကို ဂိတ်ကလည်း ခွင့်ပြုထားတယ်။ သိသိကြီးနဲ့ ဘာမှ မလုပ်ကြဘူး။ ခရီးသည်တွေဘက်မှာ ဂိတ်က မရှိဘူး။ ခရီးသည်တွေကို အဆင်ပြေစေချင်တယ်ဆိုရင် လေယာဉ်ကွင်းကလို တက်စီဆားဗစ် ထားပေးလိုက်။ သွားချင်တဲ့နေရာပြော ဈေးတစ်ခာတည်းမေးပြီး တစ်ယောက်တည်း စိတ်ချမ်းသာ လက်ချမ်းသာ သွားရုံပော့။ အခုတော့ ဒီဂွင်ကြီးကို ဖန်ပေးထားသလို ဖြစ်နေတယ်။ ဒာတောင် ကျွန်တှောက ရန်ကုန်ကမို့။ ဒီလို အဖြစ်မျိုး ခံနေရတဲ့ နယ်ကလူတွေ ဘယ်လောက်တောင် ရှိနေပြီလဲ။ အဲဒီလို မသိတဲ့ လူတွေ အပှောမှာရော ဘယ်လောက်တောင် ငွေကြေး အမြတ်ထုတ်ခဲ့ကြပြီလဲ။ ဧဓားပြတိုက်သလို ဖြစ်နေတယ်။ ကောင်းတဲ့လုပ်ငန်းနဲ့ ပိုက်ဆံရှာရတာခက်တဲ့ ခေတ်ကာလကြီးမှာဗျာ လူလူချင်း လူညွန့်ခူးတာလောက် မုန်းတာ မရှိဘူး။ နံနက်ခင်းမှာ မဂဿငလာ မရှိဘူး။ စိတ်ညစ်ညူးရတယ်။ ဒောသထွက်ရတယ်။

မပြီးသေးဘူးဗျ အဲဒီ ကားဂိတ်ထဲကနေ လမ်းပှောရောက်အောင် နာရီဝက် ကြာခဲ့တယ်။ ကားတွေ ကားတွေ ပိတ်နေလိုက်တာ။ ဘာဖြစ်လို့လည်း မေးတော့ အထွက်ဂိတ်မှာ ယာဉ်ထိန်းရဲက လိုင်စင် စစ်နေလို့တဲ့။ ဒီလောက် ကျပ်ညပ်နေတဲ့ လမ်းကျဉ်းလေးမှာဗျာ။ ကားတွေ ဆိုတာကလည်း မနက်ပိုင်း ဂိတ်ဆိုက်တဲ့အချိန်။ ရှုပ်ရှက်ခက်နေတာ။ ဖုန်တွေကလည်း တလိမ့်လိမ့်။ ဒီလို အခြေအနေမျိုးမှာ ဒီလို စစ်နေတာကတော့ တှောတှော့ကို တာဝန်ကျေပွန်တယ်လို့ ပြောရမလား။ ခရီးသည်တွေရဲ့ ဘက်ကို ထည့်မစဉ်းစား ကြတော့ဘူးလား။ ပြည်သူလူထုတွေ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး ခရီးသွားနေရတာပာဗျာ။ စိတ်လက်ချမ်းသာစွာ သက်တောင့်သက်သာ အိပ်စက်ပြီး သွားရတာမျိုး မဟုတ်ရင်တောင် အိမ်ရောက်ခာနီး စိတ်လေးတော့ ချမ်းသာချင်တာပော့ မဟုတ်ဘူးလား။ ထားပာတော့လေ။

ဒီတော့ စဉ်းစားကြည့်ရင် ခရီးစဉ် အစကနေ အဆုံး ကိုယ်က ပိုက်ဆံပေးရတာတောင် စိတ်ဆင်းရဲရတယ်။ စိတ်ညစ်ရသေးတယ်။ ၁၂နာရီကျှော ဒုကဿခခံလာတဲ့ ခရီးသည်တွေကို ဂိတ်ရောက်တော့ ခုနက ပွဲစားတွေ၊ ကားသမားတွေက ဝိုင်းနွှာကြပြန်တယ်။ ကာလတွေသာ ကြာသွားတယ်။ ပိုမကောင်းလာဘူး ပိုဆိုးဆိုးလာတယ်။ လူတွေလည်း ပိုယုတ်ယုတ်လာတယ်။ လူကြီးတွေ အနေနဲ့ ဒာတွေကို မသိနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ ကားတွေနဲ့ ခရီးသွားကြတာကိုး။ ပြီးတော့ သွားစစ်ဆေးမယ် ဆိုရင်လည်း ဒာတွေကို ကြိုရှင်းထားတာကိုး။ ပြောမယ့်လူလည်း မရှိဘူး။ အစည်းအဝေးတွေ စစ်ဆေးရေးတွေဆို ကိစဿစအားလုံးက အိုကေနေတယ်။ မြန်ဆန်ချောမွေ့တယ်၊ စနစ်ကျတယ်နဲ့ ပြီးပြီးသွားတယ်။ အဲဒာတွေ နောက်ကွယ်က အဖြစ်အပျက်တွေကို သတိမပြုမိကြဘူး။ ဒီကိစဿစက ကုန်းလမ်းပို့ဆောင်ရေးက တာဝန်လား ဘယ်သူ့ တာဝန်လဲတော့ မသိဘူး။ ခရီးသည်တွေ အဝေးပြေးမှာ တှောတှောဒုကဿခရောက်ကြတာတော့ ကျွန်တှောသိတယ်။ အဲဒာ တွေးမိပြီး ဒောသထွက်လာလို့ ရေးဖြစ်တာပာ။ ကိုယ်လည်း ဘာမှ လုပ်နိုင်တာ မဟုတ်ဘူး။ ဒာကို မကျေနပ်လို့ ဂိတ်မှာ သွားတိုင်ရင်တောင် ဝတဿတရားနှောက်ယှက်မှုနဲ့ ပြသဿသနာ တက်မလား တွေးပူရသေးတယ်။ ဒီတော့ လက်လှမ်းမီသလောက် ကိုယ့်ပတ်ဝန်းကျင်ကို သတိပေးတဲ့ သဘောပာ။ အဝေးပြေးကားဂိတ်မှာ ရပ်ထားတဲ့ တက်စီကားတွေ မငှားဖို့နဲ့ အဲဒီက လူတွေကို မယုံဖို့ပာ။ အနည်းဆုံးတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်မညစ်ညူး ဒောသမထွက်ရဘူးပော့။ တာဝန်ရှိတဲ့ လူတွေ အနေနဲ့ ခရီးသည်တွေရဲ့ အခက်အခဲ ပြသဿသနာကို ထောက်ထားပြီး အဲဒီတက်စီကိစဿစကို ဖြေရှင်းပေးမယ်ဆို ကားစီးရတဲ့ဒုကဿခမှာ တစ်ဝက်လောက် သက်သာသွားမယ် ထင်မိတယ်။ မဟုတ်ရင်တော့ အမြဲတမ်း ခရီးဝေးသွားတိုင်း စိတ်ညစ်ကြရမှာပာပဲ။ ကူညီကြပာ ကူညီကြပာခင်ဗျာ။


ဆက်စပ် သင်ခန်းစာများ

ခရီးဝေးသွားရင် ကားကို ဘယ်တော့မှ နောက်နားမှာ မစီးအပ်။ (ခုန်၏ မူး၏)
ခုံနံပာတ် ၉၊၁၀၊၁၁၊၁၂ မစီးအပ်။ ခြေထောက်ဆန့်မရ။ ခြေထောက်အောက်တွင် လေထုတ်စက် ရှိလေ၏။ (ညောင်း၏ အေး၏)
မြတ်မနဿတလာထွန်းကား၏ ခုံများ ရွှေမနဿတလာထက် ပိုသေး၏ ပိုကျပ်၏။
ရန်ကုန် အဝေးပြေးမှာ ရပ်ထားသောကားများ ဘယ်တော့မှ ငှားမစီးအပ်။
ရန်ကုန် အဝေးပြေးမှာ ကားငှားရန် လာခှောသောသူများအား ဘယ်တော့မှ မယုံကြည်အပ်။


13 Responses to “ရန်ကုန်အဝေးပြေးက တက်စီအရှုပ်ထုပ်”

sweetpeony said...

ဟုတ်ပါ့.. ဟုတ်ပါ့...
ဒါမှတ်သားစရာပဲ....
တကယ် စိတ်ပျက်စရာတွေ....

ဒူးရှည်ခြင်းဒုက္ခကိုတော့ ကောင်းကောင်းစာနာပါတယ်.. နန်းညီရဲ့ မရှည်လျားလှသော ဒူးတောင်အတော်ခံစားရတာ.. အကောင်းဆုံးကတော့ အဝေးပြေးကားဂိတ်ကနေ ပြန်ဖို့ဆိုရင် ကားရှိတဲ့အသိတစ်ယောက်ယောက်ကို အတင်းသာလာကြိုခိုင်း.. သူပွားတာနားထောင်ပြီး သူ့ပြန်ကျွေးမွေးပြုစုရတာ ခက်ခဲပေမယ့် အဲ့ဒါကမှ အများကြီးစိတ်ချမ်းသာသေးတယ်..

Anonymous said...

ရန်ကုန် - လပွတ္တာ ကားတွေ ဆိုရင်တော့ အဝေးပြေးဂိတ်မှာ လာကြိုပေးတဲ့ ဖယ်ရီ ရှိသဗျ .... လမ်းမှာ ကိုယ်ဆင်းချင်တဲ့ နေရာ ဆင်းပီး ကားပြန်ငှားနေကျဆိုတော့ အဲ့လို ဒုက္ခ မခံစားဖူးဘူး ... ဒီပို့စ် ဖတ်ပီးမှ အဲ့လို လူတွေ ရှိမှန်းသိတယ်
ကျေးဇူးတင်ပါတယ် ... နောက် သတိထားရမယ်

Talkii said...

ရန်ကုန်မှာတက်စီဆိုရင် ကျွန်တှောတို့ နယ်မှာ ဆိုင်ကယ်တက်စီပော့။ ခရီးသည်ကို ကားပှောက မဆင်းခင်ကတည်းက ဝိုင်းလု ဝိုင်းဆွဲနေလိုက်ကြတာ အမဲဖျက်တဲ့အတိုင်းပဲ။ ကျွန်တှောသွားဖြစ်တယ်ဆိုရင်ကတော့ အထာနပ်သွားပြီ။ လာကြိုမှာလို့အှောပြီး လူရှင်းတဲ့နားကို ရောက်အောင် သွားလိုက်ရတယ်။ ပြီးမှ အခြေအနေကြည့်ပြီး သင့်တှောမယ့်ကားကို ရှာရတယ်။

ဒာတောင် ကားဝင်းထဲကို လစဉ်ကြေးပေးတဲ့ ကားတွေကိုပဲ ဝင်လို့ရအောင် လုပ်ထားတယ်ပြောတယ်။ ခရီးသည်တင်ပြီး ကားဝင်းက အထွက်မှာ တစ်စီး ၅၀၀ ပေးရတယ်တဲ့။

ကားလိုင်းတွေကလည်း လက်မှတ်ကို ဂွင်နဲ့ရောင်းတယ်။
ကားမောင်းတဲ့သူနဲ့ စပာယ်ယာနဲ့ လမ်းမှာ ဂွင်နဲ့ လူတင်တယ်။
ရောက်လာတော့ တက်စီက ဂွင်နဲ့လုပ်ပြန်တယ်။
ကျောမွဲအောင် ခံရတာကတော့ ထုံးစံအတိုင်း အောက်ခြေကလူပဲပော့။
စကားမစပ် ဖုန်းပြောခတွေတက်ပြီတဲ့နှော။ :) new year gift ဆိုပဲ။

အဲ့လို အဲ့လို ဒုက္ခတွေမဖြစ်အောင်
တက်စီမွေးစားထားတာပိုကောင်းတယ်။

Anonymous said...

ဟုတ်ပါ့...
တစ်ခုခုလုပ်ဖို့ ဘယ်သူမှ စိတ်မကူးသေးတော့လဲ
ဒီလိုပဲ ခံနေရတာ..
လောဘက ဖုံးလွမ်းနေတော့ ဒီလူတွေက ကိုယ်ချင်းစာစိတ်ပျောက်ကုန်တာပါပဲ။

Rita said...
This comment has been removed by the author.
Anonymous said...

သည်းခံလိုက်ပါ။
မကြာတော့တဲ့ တနေ့ကျ ဒါမျိုးတွေ မဖြစ်တော့ပါဘူး။
(ဘယ်တော့လဲတော့ မသိသေးဘူး။)

AMMK

luvfever said...

Yes, I also hate them most...

madyjune said...

ကျေးဇူးပဲ။ ဒီညနေ ဘတ်စ်ကားစီးတဲ့အခါ ကိုလင်းဆက်ပြောတဲ့ ခုံနံပါတ်တွေကို မရွေးပဲ တခြားထိုင်ခုံနံပါတ်ပဲ ရွေးလိုက်တော့မယ်။

Anonymous said...

အစ်ကိုပြောတဲ့အတိုင်း တစ်ထပ်တည်းပဲဗျာ။ ကျွန်တော်ဆိုရင် ခဏခဏ အဲဒီလို ခံရပေါင်းမနည်းတော့ဘူး။ အညာသား ရန်ကုန်မှာ အလုပ်လုပ်နေတာဆိုတော့ မိဘဆီအလည်ပြန်တာနဲ့ ခဏခဏ ခံနေရတယ်။ ကိုယ့်လို ခံနေရတဲ့သူတွေလည်း မနည်းဘူးဆိုတာ တွေးမိတယ်။ မျက်နှာမွဲ ကျောမွဲဆိုတော့လည်း မပြောရဲလို့ငြိမ်နေရတယ်။ သက်ဆိုင်သူများက ကြပ်မတ်ပေးရင်တော့ ပြည်သူတွေစိတ်ချမ်းသာစရာပါ။ သက်ဆိုင်သူများက အကူအညီပေးကြပါလို့ အစ်ကိုနဲ့အတူ တောင်းဆိုပါတယ်။

Rsj said...

that true bro !!

kilo said...

ဖတ်ရတာ နဲ့တင် ရင် မောလိုက်တာ ခင်ဗျာ

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz