Thursday, October 29, 2009

ရာဇဝင်များရဲ့သတို့သမီး (၁)

ရာဇဝင်များရဲ့သတို့သမီး (၁)


ကျယ်ပြန့်သော မြက်ရိုင်းကွင်းပြင်ကြီး။ နားထဲတွင် လေတိုက်သံ တိုးတိုးလေးကို ကြားနေရသည်။ ခါးလယ်လောက်အထိ ရောက်နေသော မြက်ရိုင်းပင်များသည် တိုက်ခတ်နေသော လေသွားရာ လမ်းကြောင်းကို ဆီးခံရင်း ယိမ်းနွဲ့နေကြသည်။ နေရောင်သည် ခပ်နွေးနွေး ဖြာကျနေ၏။ဆောင်းဦးပေါက်မှာ ကျတဲ့ နေရောင်ဆိုတော့ ရွှေအိုရောင် ခပ်နွေးနွေးလို့ပဲ စိတ်ထဲမှာ သူထင်နေမိသည်။ မှိုင်းမှိုင်းဝေဝေနှင့် လင်းနေတာမျိုး ဖြစ်သည်။ သူ အဲဒီမြက်ရိုင်းတောကြီးကို အပှေါစီးမှ မြင်နေရသည်။ အဆုံးမရှိလို့ ထင်ရလောက်အောင် တပြန့်တပြောကြီး ဖြစ်သည်။ တကယ်တော့ ဒီမြက်ရိုင်းတောကြီး၏ အနားသတ်တွင် မတ်စောက်သော မြစ်ကမ်းပါးကြီး ရှိနေလေသည်။

သူ့အကြည့်များကို ဘယ်မှညာ၊ ညာမှဘယ်သို့ ရွှေ့ပြောင်း စူးစိုက်လိုက်ချိန်တွင် မြက်ရိုင်းတောထဲမှ တစ်စုံတစ်ရာကို သတိပြုမိလိုက်မိလေသည်။ ကလေးငယ်တစ်ယောက်။ နေရောင်သည် မိုးထားသော မြက်ရိုင်းပင်များကြောင့် သူ့ကို အနှောက်အယှက် ဖြစ်စေပုံ မေပါှေပ။ အေပါှမွ ဖြတ်တိုက်နေသော လေနုအေးနှင့် မြက်ပင်များကြားက တိုးဝှေ့ဝင်လာသော လေအေးများကလည်း သူ့ကို ထိုအပူဒဏ်မှ ကာကွယ်ပေးနေပုံ ရသည်။ သူအိပ်ပျှောနေသည်ဟု ထင်မိသည်။ သဲကြိုးပြတ်ကို သံချိတ်နှင့် ပြန်ဆက်ထားသော သူ၏ တာရာဖိနပ်လေးသည် သူ့ခြေရင်းမှာ အစီအစဉ်မကျနစွာ ပြန့်ကျဲနေသည်။ အရောင်ပြယ် နေပြီဖြစ်သော ကချင်လွယ်အိတ် အနွမ်းလေးထဲက လောက်စာလုံး တစ်ချို့က ဘေးကို ထွက်ကျလို့ နေသည်။ ကလေးငယ်၏ မျက်နှာမှာ အိပ်နေရင်း ပြုံးနေသည်။ သူအိပ်မက်တွေထဲမှာ ပျှောစရာ တွေ့နေပြီ ထင်ပါရဲ့။

အားမာန်ပါလှသော လှံချက် ရင်ဝကို တိုက်ရိုက် စူးနစ်သွားချိန်တွင် ဟစ်အှောလိုက်သော အသံနှစ်ခုက ဆက်တိုက် ထွက်ပှေါလို့လာသည်။ တစ်သံက ဂုဏ်ယူဝင့်ကြွားစွာ ကြုံးဝါးလိုက်သော အသံဖြစ်ပြီး နောက်တစ်သံက ထွက်သက်နှင့် ဝင်သက်ကို နောက်ဆုံး ပိုင်းဖြတ်ခြင်း ခံလိုက်ရသဖြင့် နာကျင် စူးရှစွာ မြည်တမ်းလိုက်သော ရင်ခေါင်းသံ ဖြစ်သည်။ လေသည် တဟူးဟူးနှင့် တိုက်နေသည်။ နွေလေပူများ ဖြစ်သည်။ ပတ်ဝန်းကျင်တွင် အသံဟူသမျှ တိတ်ဆိတ်နေ၏။ အဆိုပါ အသံနှစ်ခုကြောင့် တိတ်ဆိတ်သွားတာပဲလား၊ ဒါမှမဟုတ် အဆိုပါ အသံနှစ်ခုကို ထင်ရှားစေချင်လို့ အရာအားလုံးက အသံတွေ တိတ်နေခဲ့တာလား ဆိုတာကိုတော့ မည်သူမှ တိတိကျကျ ပြောနိုင်မည် မထင်ပေ။ လဲကျနေသူ၏ ရင်ဝမှ သွေးများက မြင်မကောင်းအောင် စီးကျနေသည်။ မြင်းပှေါမှလူသည် ထိုသူ၏ ရင်ဝမှ လှံကို ဆွဲနှုတ်ယူလိုက်သည်။ သွေးများက ပွက်ခနဲ ထွက်ကျလာပြန်သည်။ မြေပြင်မှလူမှာ အသက်ဝိညာဉ် ကင်းမဲ့လို့နေပြီ ဖြစ်သည်။ မြင်းပှေါမှလူသည် လှံကို အားမာန်အပြည့်ဖြင့် ဆုပ်ကိုင်ရင်း မြစ်ကမ်းပါးထိပ်သို့ မြင်းကို အသော့နှင် သွားလိုက်သည်။ ကမ်းပါးထိပ်သို့ ရောက်သောအခါ မြစ်တစ်ဖက်ကမ်းမှ တောင်တန်းကြီးများကို ကြည့်လိုက်ပြီး စူးစူးနစ်နစ် ကြုံးဝါးအှောဟစ် လိုက်ပြန်သည်။ မြစ်ရေသည် စီးဆင်းမြဲ စီးဆင်းလျက်၊ လေပူများကလည်း တိုက်ခတ်မြဲ တိုက်ခတ်လျက်၊ သို့သှော ဘာမှ မပြောင်းလဲသော ထိုကာလတွင် အရင်က လူနှစ်ယောက် ရှိခဲ့ရာမှ အခုတော့ လူတစ်ယောက် သေဆုံးပြီး လူတစ်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထိုသူသည် ကမ်းပါးထိပ်မှ မြင်းကို မြစ်ဆီသို တဟုန်ထိုး ဆင်းချသွားပြီး ကမ်းစပ်သို့ ရောက်သောအခါမှ မြင်းပှေါက ခုန်ဆင်းလိုက်သည်။ ထို့နောက် လက်ယာလက်ဖြင့် မြစ်ကမ်းစပ်မှ သဲပွင့်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မြစ်ထဲသို့ ဖြန့်ကျဲ ချလိုက်သည်။ ပြီးလျှင် ထုံးထားသော ဆံထုံးကို ဖြေချလိုက်ပြီး ခေါင်းကို ရေထဲသို့ နှစ်ပစ်လိုက်သည်။ သူ့လှံတွင် စွန်းထင်းနေသော ရန်သူ၏ သွေးစေးများသည်လည်း မြစ်ရေနှင့်အတူ မျောပါသွားလေသည်။ သူ့တွင် ဘဝအသစ် စလေပြီ။

မြစ်သည် ဘာမှမသိသလို ငြိမ်သက်စွာ စီးဆင်းလို့နေ၏။ သူကြားလိုက်ရသော စူးစူးနစ်နစ် အသံများ၊ ရဲရဲနီသော သွေးစေးများ၊ လူတစ်ယောက်၏ ပြတ်သားသော ဆုံးဖြတ်ချက် ကြုံးဝါးသံများကိုတော့ သူ့ရင်ထဲမှာပဲ သိမ်းထားလိုက်ပုံ ရသည်။ ဒီအဖြစ်အပျက် တစ်ခုတည်းမှမဟုတ်။ သူသိရှိ သိမ်းဆည်းထားခဲ့သော အကြောင်းအရာ အဖြစ်အပျက် မျိုးစုံ ရှိသည်။ ခေတ်အဆက်ဆက် သူကြားခဲ့ရသော အသံများစွာ ရှိသည်။ ဒါပေမယ့် သူဘယ်သူ့ကိုမှ မပြောပြပါ။ ပြောဖို့လည်း မလိုအပ်ပါ။ သူ့တာဝန်က စောင့်ကြည့်သိမ်းဆည်း သွားဖို့ပဲ ဖြစ်သည်။ ဒါပေမယ့်လည်း သူတစ်ယောက်တည်း ရှိနေချိန်များ၊ တိတ်ဆိတ်ချိန်များ ဆိုလျှင်တော့ ထိုအဖြစ်အပျက်များကို တိုးတိုးတိတ်တိတ် သူရေရွတ်တတ်သည်။ အကျိုးအကြောင်းကို ဆန်းစစ်တတ်သည်။ တိတ်ဆိတ်သော ညများတွင် မြစ်ဆီမှ ထူးဆန်းသော အသံတို့ကို ကြားရတတ်သည် ဟူသော အဖြစ်အပျက်မျိုးကို ကိုယ်တိုင် သှောလည်းကောင်း၊ တဆင့်စကားဖြင့် သှောလည်းကောင်း ကြားဖူးကြ ပေလိမ့်မည်။ သူပြောနေသော ဘာသာစကားကို နားလည်အောင် ကြိုးစားဖူးသူများ ရှိခဲ့ပါရဲ့လား။ သူတစ်ခုခု ပြောနေတယ်လို့ရော ခံစားမိကြပါရဲ့လား။ ဒါမှမဟုတ် သင်တို့မသိသော အဖြစ်အပျက် ရာဇဝင်များ သူ့ထံမှ သိမ်းဆည်းထားတယ်လို့ရော စဉ်းစားကြည့်မိ ပါရဲ့လား။

သူ့နားထဲသို့ ဂီတသံ တိုးတိုးလေးက လေစီးကြောင်းအတိုင်း ဝင်ရောက်လို့လာသည်။ ဂီတသံသည် နီးသွားလိုက် ဝေးသွားလိုက်နှင့် ဖြစ်နေရာမှ တစတစ ပီပြင်လို့ လာလေပြီ။ ဂီတသံနှင့်အတူ မြက်ရိုင်းလွင်ပြင်၏ အစွန်းက မြစ်ဆီမှ ရေစီးသံတို့က ပိုမိုကျယ်လောင် လာသလို ခံစားရသည်။ သူသည် လေတိုးသံနှင့် ဂီတသံတို့ကို အလိုက်သင့် ခံစားရင်း မြစ်ပြင်ကျယ်ကြီးကို ငေးမောကြည့်နေမိသည်။ နေသည် အနောက်ဘက် မိုးကုပ်စက်ဝန်းမှာ မေးတင်လို့ နေချေပြီ။ ရွှေအိုရောင် အလင်းတန်းများက ပိုပြီးပိုပြီး မှိုင်းညို့တောက်ပလာသည်။ အိပ်တန်းသို့ ပြန်လာသော ငှက်များက မြက်ရိုင်းကွင်းပြင်ကို ဖြတ်ပြီး ပျံသန်းသွားကြသည်။ အိပ်ပျှောနေသော ကလေးငယ်သည် နိုးထလို့လာသည်။ ထို့နောက် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကမ်းပါးဆီသို့ မြက်ပင်များကို ဖြတ်သန်းကာ ပြေးသည်။ ကမ်းပါးစွန်းကို ရောက်တော့ သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။ ထို့နောက် ဝင်လုဆဲ နေမင်းကြီးကို စူးစူးစိုက်စိုက် ကြည့်ရှုရင်း လက်အုပ် ချီလိုက်သည်။ သူ့နှုတ်ခမ်းဖျားမှ မောရသုတ်တှောကို ရွတ်ဖတ်သံက ရေစီးသံများကြားမှာ ညင်ညင်သာသာ ထွက်ပှေါလို့ လာလေသည်။ ထိုနေ့အဖို့ နေဝင်သွားခဲ့ပြီ။


(ရေးထားတာ ကြာလှပြီ။ မေ့နေတာ။ ဒီနေ့မှ ကွန်ပျူတာ ရှင်းရင်း တွေ့လို့ တင်လိုက်ဖြစ်တယ်။ ဒီစာလေးကို ကိုငှက်ရဲ့ ရာဇဝင်များရဲ့ သတို့သမီး သီချင်းကို စိတ်နှစ်ကိုယ်နှစ် ခံစားပြီး ရေးဖြစ်တာပါ။ ပုံစံကတော့ Script ပုံစံ ပိုပေါက်မယ် ထင်တယ်။ ဒီသီချင်းကို MTV ရိုက်တဲ့အခါ ဘယ်လို ရိုက်မယ်ဆိုပြီး မုဒ်သွင်းပြီး ရေးဖြစ်တာပါ။)

15 Responses to “ရာဇဝင်များရဲ့သတို့သမီး (၁)”

MTV အတွက်ဆိုရင်တော့ ဒီscript လေးက အရမ်းကောင်းပါတယ်။ Word Verification ကိုဖြုတ်ထားလို့ရမလား မသိဘူး။ သူက ဘာမှထွေထွေထူးထူး မဟုတ်တော့လေ။

Anonymous said...

Main character နေရာမှာ လူမင်းတော့ မထည့်နဲ့နော်။ (မြန်မာမင်းသားတွေ တစ်ယောက်မှ မထည့်လိုက်နဲ့)

AMMK

Anonymous said...

nyilynnseck.com မှာ ရေးထားတဲ့
ဝတ္ထုတိုများ
* အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင်
* အခန်းအမှတ် သုည
* စောက်ရူး
* စာအုပ်အဟောင်းဆိုင်က ကောင်မလေးအတွက် မရေးဖြစ်ခဲ့မိသော အမှတ်တရစာ
* ကျွန်တော်နှင့် အခြားသော အရာများ
* ဗန့်ဂိုးကော်ဖီ
* ကြောင်
* တောင်ကုန်းလေးတစ်ခုပေါ်က ဘယ်တော့မှ ပြန်မတွေ့တော့သော နေကြာပန်းများ အကြောင်း
* ဓာတ်လှေကားထဲမှာ
* ပထမဆုံးနဲ့ နောက်ဆုံး
* အနီရောင်မင်နဲ့ ရေးခဲ့မိသောစာ
ဝတ္ထုရှည်
* နေ့အိပ်ညပျော်တော်တီးတော်
ကဗျာ
1. ကြယ်တွေမွတ်သိပ်တဲ့မြို့က ချစ်သူရဲ့ ညတွေ
2. ကိုယ်ပိုင်ဘာသာစကား
3. ကျွန်တော် အဝေးဆုံး ရောက်သွားတဲ့အခါ
4. ကျွန်တော်နဲ့ စကားပြောခြင်း
5. ကျွန်တော့် အခန်းထဲက သူမထွက်ခွါသွားသောအခါ
6. ကျွန်တော်နဲ့ ကတိကဝတ်များ (အိုင်ဒီယာ မဂ္ဂဇင်း)
7. ကြေးစား
8. ကျောက်ခေတ်မြို့တော်သူ
9. ကျောင်းပုံပြင်
10. ကျောင်းသူ့ကျိန်စာ
11. ခရီးသွားခြင်း
12. ခရစ္စတီးနားရဲ့ကမ္ဘာ
13. ခိုးစားတဲ့သစ်သီး
14. ခရီးသွားခြင်း
15. ခေတ်သစ်သုဘဒ္ဒါ
16. ခွေးဇာတ်
17. ချစ်သူ (၁)
18. ချစ်သူ (၂)
19. ချစ်သူပန်ဆင်ရန်
20. ခြေရာကောက်
21. ဂျစ်ပစီ
22. ငါ့ကိုလေးလံစေသူများ (အိုင်ဒီယာ မဂ္ဂဇင်း)
23. ငါတို့ကိုခြားထားတဲ့ ဆူးရိုးတံခါးတွေ ဝေးသွားတဲ့အခါ
24. ငါ့ဓါးသွားများ ငါ့ကိုယ်ထဲ ပြန်မစိုက်မီအထိ
25. ငါ့ရဲ့မြင်းမှာ အတောင်မပါခဲ့ဘူး
26. ငါးစာများ
27. ငြီးငွေ့ခြင်း
28. ငှက်ကလေး အိမ်မပြန်တဲ့နေ့
29. စုန်း
30. စုန်း (၂)
31. ဆုတောင်း
32. ညီမလေးနဲ့ ကျောင်းတော်ရဲ့ အဝေးမှာ
33. ညီမလေးက လက်သည်းမရှိတဲ့ ကြောင်တစ်ကောင်
34. ညီမလေးမသိတဲ့ အရောင်များ
35. ညလူ
36. တောပန်း
37. တစ်ကောင်ကြွက်
38. တိုးတိုးလေးနဲ့ တိုတိုလေး
39. တစ်ထောင့်တစ်ည
40. တိမ်တွေနဲ့ တည်တဲ့မြို့
41. နှင်း
42. နေကြာဒဏ္ဍာရီ
43. နှုတ်ဆက်ခြင်း
44. နတ်သမီးလွမ်းချင်း
45. နားခါးတယ်
46. နွေရာသီတေးကို ဆိုခဲ့သော ချစ်သူ
47. ပင့်ကူ
48. ပင်လယ်
49. ပြတိုက်များ
50. ပျောက်ကွယ်ခဲ့ရသော
51. ပျောက်ဆုံးခြင်း
52. ပင်လယ်ကိုသွားတာ ငါးဖမ်းဖို့
53. ဖက်ဆွတ်မိုး
54. ဖွဲမီး
55. ဗန်ဂိုးရဲ့ နေကြာခင်းတွေထဲမှာ
56. မင်းသားလေးနဲ့ ပန်းကလေး
57. မုဆိုး
58. မုဆိုးများနဲ့ သူတော်စင်များ
59. မိုးမိသူများ
60. မျက်ကန်းမြို့တော်
61. မျက်ကန်းတေးသွား ၂ဝဝ၅
62. မြွေ (၁)
63. မြွေ (၂)
64. မွေးနေ့
65. ရနံ့တွေ ခူးနေမိတဲ့ကောင်
66. ရယ်စရာ မောစရာ
67. ရာဇဝင်
68. လရောင်နဲ့ မှောင်နေတဲ့ကောင်
69. အောက်ပြည်က ဗန်ပိုင်းယား
70. ရွာရိုးကိုးပေါက်
71. ရွက်ပုန်းကောင်
72. ရွာချလိုက်တော့မိုး (အိုင်ဒီယာ မဂ္ဂဇင်း)
73. လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ်နိုင်တော့ပြီ
74. လမ်းညွှန်တိုင်
75. လေးသည်တော်
76. သိုးမည်း
77. အိုစီပေးလ်တွေ သိပ်မပေးနဲ့
78. သိဒ္ဓတ္ထ
79. သူငယ်ချင်းသို့
80. သူရူးမှတ်တမ်း
81. ဟမ်းဖုန်းကြီးနဲ့ လည်ကတုံးနဲ့
82. အဲဒီညက နေဝင်တယ်
83. အေးစက်သော ခေါင်းလောင်းထိုးသံတွေ ကြားတဲ့အခါ
84. အန္ဓ
85. အတ္ထုပ္ပတ္တိ
86. အိပ်စက်ခြင်းများနဲ့ ငါနိုးနေခဲ့သူ
87. အိပ်ပျော်နေခဲ့သော ချစ်သူသို့
88. အမည်မဲ့
89. အမာရွတ်များ
90. အလင်းခေါ်သံ
91. အလံဖြူ
92. အနုပညာမျိုးစေ့နှင့်အတူ
93. နေကြတ်ခြင်း

အဲဒီ စာတွေအားလုံးကို တစ်ထိုင်တည်းဖတ်ချင်တဲ့အတွက် မေးလ်ကို ပို့ပေးနိုင်မယ့်နည်းလမ်းလေးရှိရင် ပို့ပေးစေချင်ပါတယ်။ ဖတ်ပြီးသားတွေလည်း ပါပေမဲ့ အားလုံးစုစုစည်းစည်းလေး ဖတ်ရရင် ပိုကောင်းပါတယ်။ အင်တာနက်ကို ဆိုင်မှာသုံးရတဲ့အတွက် တစ်ပုဒ်ချင်းဖွင့်ဖတ်ရတာ အရမ်းအဆင်မပြေလို့ပါ။ အကုန်လုံး တစုတစည်းတည်းမရှိရင်တောင် စုဆောင်းထားသလောက် ပို့ပေးနိုင်ရင် အဆင်ပြေမှာပဲ။ ဘာကိုမှ ခွင့်ပြုချက်မရဘဲ ယူမသုံးပါဘူး။ စာဖတ်ချင်ရုံသက်သက်ပါလို့ အာမခံပါတယ်။ တကယ်လို့ တစ်နေ့နေ့မှာ စာအုပ်အဖြစ် ထုတ်ဖို့ရှိလာခဲ့ရင် layout ချပေးချင်တဲ့အထိ စာတွေကို စုစည်းထားချင်လို့ပါ။ Feed ကနေ Subscribe တော့ လုပ်ထားတယ်။ အရင်က blog ထဲ ၀င်ပြီးဖတ်နေကျမို့ subscribe လုပ်ထားတာ သိပ်မကြာသေးဘူး။

If you want, send to
nightlamp.lampnight

နှင်း ကဗျာလေး အရမ်းနှစ်သက်လို့ postcard လုပ်ထားမိတယ်။ အပြင်မှာ မဖြန့်ပါဘူး၊ အမှတ်တရပါ။

Talkii said...

@AMMK

မြန်မာမင်းသားတွေ တစ်ယောက်မှ မထည့်နဲ့ဆိုတော့ ဘယ်သူကို ထည့်ပါ့။ ဆရာ အှောပီကျယ် ကာတွန်းထဲကလို ကျွန်တှောတို့လဲ ကြည့်စရာက ဒါပဲရှိတာ ဆိုသလို ဖြစ်နေပြီ။ :)

Anonymous said...

@ Talkii

အသစ်ရှာ တင်လိုက်ပေါ့။
ဥပမာ - စာရေးဆရာ ကိုယ်တိုင်ဖြစ်ဖြစ်

ဒါဆိုရင်တော့ ဝက်ဝက်ကွဲနေမှာပဲ။
(ရှုံးမှာ)

AMMK

Anonymous said...

http://www.nyilynnseck.com/ က ကဗျာတွေ နဲ့ ၀တ္ထုတိုတွေ အကုန်ပေးဖတ်ဖို့ လင့်ခ်လေးတွေ ထားပေးစေချင်တယ်။
တချို့ဟာတွေက ဘလော့ထဲမှာ မရှိဘူးလေ။

စာဖတ်သူ

NLS said...

ဟုတ်ကဲ့ ကျွန်တှော အားတဲ့တစ်ရက် အားလုံးကို ပို့ပေးနိုင်အောင် ကြိုးစားကြည့်ပါမယ်။ နှစ်သက်တယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ အခုလောလောဆယ်တော့ တှောတှောလေး အလုပ်ပိနေတာမို့ ဒီဘက်တောင် မလှည့်နိုင်သေးဘူး ဖြစ်နေတယ်။

Word Verification က မထည့်ရင် မရပါဘူး ခင်ဗျာ။ သူမထည့်ထားရင် Spam Comment တွေ တရဟော ဝင်လို့ပါ။ ဒါကိုတော့ သည်းခံပါ။

ကိုညီလင်းဆက် ကိုတော့ တကယ်လေးစားပါတယ်။
ဒီလောက် ရေးနိုင်လုပ်နိုင်တာကို အားကျမိတယ်။

khinmyatnwe said...

သိပ်မတွေးစေချင်ပါ... main character..
စာရေးသူက...သင့်တော်သောသူကို...
ပုံတင်ထားပါတယ်..
တခုတော့ရှိတယ်..
ဘလော့ဂ်မှာလို...Word Verification ထဲ့ဘို့...
MTV မှာဘာလုပ်ရမယ်လို့တော့တွေးထားရမယ်..

Anonymous said...

Who knows where to download XRumer 5.0 Palladium?
Help, please. All recommend this program to effectively advertise on the Internet, this is the best program!

Vigor said...

HI.reading your post, good writing..:)

လာဖတ်ပါတယ်ဗျာ

ံHi Bro,
ရာဇဝင်များရဲ့ သတို့သမီးရဲ့ သီချင်းလေးကို ပြန်ရှာနားထောင်ရင်း ဒီစာလေးကို ဒုတိယအကြိမ်လာဖတ်တာပါ။ ရင်ထဲမှာတော့ မုဒ်အသစ်တမျိုးနဲ့ ခံစားလိုက်ရတယ်။VCDအဟောင်းကြီးက မြင်ကွင်းတွေ ပျောက်အောင်တော့ ကြိုးစားမေ့လိုက်ရသေးတယ်။

သျှင် said...

ဆရာရေ...သတို့ သမီးနှစ်ဘယ်တော့လာမှာလဲဟင်...
.သွားလည်နေကျဘလော့များ Link ချိတ်ထားပါတယ်ရှင့် ကျေးဇူးပါနော်..

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz