Thursday, October 15, 2009

ဆင်ဖမ်းမယ် ကျားဖမ်းမယ်

ဒီနေ့မနက် မဆုဝေက ကိုနိုင်မွန်အောင်သွင်ရဲ့ ကဗျာလေးတစ်ပုဒ် ပို့လာတယ်။ ဒီကဗျာနာမည်ကို ကြားကြားချင်းပဲ ကျွန်တှောလည်း ကဗျာတစ်ပုဒ် ရေးဖြစ်လိုက်တယ်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တဲ့။


ဆင်ဖမ်းမယ် ကျားဖမ်းမယ်


ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။
မြန်မြန်ပြေး၊ ဝေးဝေးပစ်၊ မြင့်မြင့်ခုန်မယ်။
မိုးကောင်းကင်ကို ဒူးနဲ့တိုက်မယ်။
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။

ဆင်ပေါက်တို့၊ ကျားပေါက်တို့ သီချင်းတွေကို
အကျယ်ကြီးဖွင့်မယ်။

သန်းခေါင်ယံအိမ်မက်ဆိုးတွေနဲ့
စီးချင်းထိုးမယ်။
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။

လက်ဖျံနှစ်ဖက်မှာ
ဇွဲတွေ၊ သတဿတိတွေကို တက်တူးထိုးမယ်။

စိတ်ကူးရောက်ရာ ပေါက်ရာအတိုင်း
ကျွဲရိုင်းတစ်ကောင်ကိုပါ ဖမ်းပြလိုက်ချင်သေးတယ်။

နိုင်မွန်အောင်သွင်



ဆင်ဖမ်းမယ် ကျားဖမ်းမယ်

ဆင်ဖမ်းမယ်
ကျားဖမ်းမယ်
နှစ်ပေါင်းများစွာထဲက ကြုံးဝါးထားတယ်
ခြေလှမ်းများက သိုင်းကွက်နင်းတယ်
လက်နက်အားလုံး ပြင်ဆင်ထားတယ်
ပါးစပ်ကလည်း တတွတ်တွတ် ပြောတယ်
ဆင်ဖမ်းမယ်
ကျားဖမ်းမယ်
ဆင်တွေလည်း အိုစနာ ကျနေပြီး
ကျားတွေလည်း အစွယ်ကျိုးနေပြီး
ကျုပ်တို့အားလုံး
သူ့ကြုံးဝါးသံကြီး ကြားကြားနေရသေးတယ်
ဆင်ဖမ်းမယ် ကျားဖမ်းမယ်။

ညီလင်းဆက်
15 Oct, 2009

3 Responses to “ဆင်ဖမ်းမယ် ကျားဖမ်းမယ်”

ဆင်ဖမ်း ကျားဖမ်းသွားပါတယ်။

Anonymous said...

နောက်ဆုံးတော့ ခြင်ရိုက်မပြတာဘဲ ကံကောင်း......... :D

Yinnyein said...

ဝေးတယ်ပဲပြောပြော
ဘာကို ဆိုလိုချင်တာလဲ မသိဘူး :P

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz