ရာဇဝင်များရဲ့သတို့သမီး (၁)
ကျယ်ပြန့်သော မြက်ရိုင်းကွင်းပြင်ကြီး။ နားထဲတွင် လေတိုက်သံ တိုးတိုးလေးကို ကြားနေရသည်။ ခါးလယ်လောက်အထိ ရောက်နေသော မြက်ရိုင်းပင်များသည် တိုက်ခတ်နေသော လေသွားရာ လမ်းကြောင်းကို ဆီးခံရင်း ယိမ်းနွဲ့နေကြသည်။ နေရောင်သည် ခပ်နွေးနွေး ဖြာကျနေ၏။ဆောင်းဦးပေါက်မှာ ကျတဲ့ နေရောင်ဆိုတော့ ရွှေအိုရောင် ခပ်နွေးနွေးလို့ပဲ စိတ်ထဲမှာ သူထင်နေမိသည်။ မှိုင်းမှိုင်းဝေဝေနှင့် လင်းနေတာမျိုး ဖြစ်သည်။ သူ အဲဒီမြက်ရိုင်းတောကြီးကို အပှေါစီးမှ မြင်နေရသည်။ အဆုံးမရှိလို့ ထင်ရလောက်အောင် တပြန့်တပြောကြီး ဖြစ်သည်။ တကယ်တော့ ဒီမြက်ရိုင်းတောကြီး၏ အနားသတ်တွင် မတ်စောက်သော မြစ်ကမ်းပါးကြီး ရှိနေလေသည်။
သူ့အကြည့်များကို ဘယ်မှညာ၊ ညာမှဘယ်သို့ ရွှေ့ပြောင်း စူးစိုက်လိုက်ချိန်တွင် မြက်ရိုင်းတောထဲမှ တစ်စုံတစ်ရာကို သတိပြုမိလိုက်မိလေသည်။ ကလေးငယ်တစ်ယောက်။ နေရောင်သည် မိုးထားသော မြက်ရိုင်းပင်များကြောင့် သူ့ကို အနှောက်အယှက် ဖြစ်စေပုံ မေပါှေပ။ အေပါှမွ ဖြတ်တိုက်နေသော လေနုအေးနှင့် မြက်ပင်များကြားက တိုးဝှေ့ဝင်လာသော လေအေးများကလည်း သူ့ကို ထိုအပူဒဏ်မှ ကာကွယ်ပေးနေပုံ ရသည်။ သူအိပ်ပျှောနေသည်ဟု ထင်မိသည်။ သဲကြိုးပြတ်ကို သံချိတ်နှင့် ပြန်ဆက်ထားသော သူ၏ တာရာဖိနပ်လေးသည် သူ့ခြေရင်းမှာ အစီအစဉ်မကျနစွာ ပြန့်ကျဲနေသည်။ အရောင်ပြယ် နေပြီဖြစ်သော ကချင်လွယ်အိတ် အနွမ်းလေးထဲက လောက်စာလုံး တစ်ချို့က ဘေးကို ထွက်ကျလို့ နေသည်။ ကလေးငယ်၏ မျက်နှာမှာ အိပ်နေရင်း ပြုံးနေသည်။ သူအိပ်မက်တွေထဲမှာ ပျှောစရာ တွေ့နေပြီ ထင်ပါရဲ့။
အားမာန်ပါလှသော လှံချက် ရင်ဝကို တိုက်ရိုက် စူးနစ်သွားချိန်တွင် ဟစ်အှောလိုက်သော အသံနှစ်ခုက ဆက်တိုက် ထွက်ပှေါလို့လာသည်။ တစ်သံက ဂုဏ်ယူဝင့်ကြွားစွာ ကြုံးဝါးလိုက်သော အသံဖြစ်ပြီး နောက်တစ်သံက ထွက်သက်နှင့် ဝင်သက်ကို နောက်ဆုံး ပိုင်းဖြတ်ခြင်း ခံလိုက်ရသဖြင့် နာကျင် စူးရှစွာ မြည်တမ်းလိုက်သော ရင်ခေါင်းသံ ဖြစ်သည်။ လေသည် တဟူးဟူးနှင့် တိုက်နေသည်။ နွေလေပူများ ဖြစ်သည်။ ပတ်ဝန်းကျင်တွင် အသံဟူသမျှ တိတ်ဆိတ်နေ၏။ အဆိုပါ အသံနှစ်ခုကြောင့် တိတ်ဆိတ်သွားတာပဲလား၊ ဒါမှမဟုတ် အဆိုပါ အသံနှစ်ခုကို ထင်ရှားစေချင်လို့ အရာအားလုံးက အသံတွေ တိတ်နေခဲ့တာလား ဆိုတာကိုတော့ မည်သူမှ တိတိကျကျ ပြောနိုင်မည် မထင်ပေ။ လဲကျနေသူ၏ ရင်ဝမှ သွေးများက မြင်မကောင်းအောင် စီးကျနေသည်။ မြင်းပှေါမှလူသည် ထိုသူ၏ ရင်ဝမှ လှံကို ဆွဲနှုတ်ယူလိုက်သည်။ သွေးများက ပွက်ခနဲ ထွက်ကျလာပြန်သည်။ မြေပြင်မှလူမှာ အသက်ဝိညာဉ် ကင်းမဲ့လို့နေပြီ ဖြစ်သည်။ မြင်းပှေါမှလူသည် လှံကို အားမာန်အပြည့်ဖြင့် ဆုပ်ကိုင်ရင်း မြစ်ကမ်းပါးထိပ်သို့ မြင်းကို အသော့နှင် သွားလိုက်သည်။ ကမ်းပါးထိပ်သို့ ရောက်သောအခါ မြစ်တစ်ဖက်ကမ်းမှ တောင်တန်းကြီးများကို ကြည့်လိုက်ပြီး စူးစူးနစ်နစ် ကြုံးဝါးအှောဟစ် လိုက်ပြန်သည်။ မြစ်ရေသည် စီးဆင်းမြဲ စီးဆင်းလျက်၊ လေပူများကလည်း တိုက်ခတ်မြဲ တိုက်ခတ်လျက်၊ သို့သှော ဘာမှ မပြောင်းလဲသော ထိုကာလတွင် အရင်က လူနှစ်ယောက် ရှိခဲ့ရာမှ အခုတော့ လူတစ်ယောက် သေဆုံးပြီး လူတစ်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထိုသူသည် ကမ်းပါးထိပ်မှ မြင်းကို မြစ်ဆီသို တဟုန်ထိုး ဆင်းချသွားပြီး ကမ်းစပ်သို့ ရောက်သောအခါမှ မြင်းပှေါက ခုန်ဆင်းလိုက်သည်။ ထို့နောက် လက်ယာလက်ဖြင့် မြစ်ကမ်းစပ်မှ သဲပွင့်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မြစ်ထဲသို့ ဖြန့်ကျဲ ချလိုက်သည်။ ပြီးလျှင် ထုံးထားသော ဆံထုံးကို ဖြေချလိုက်ပြီး ခေါင်းကို ရေထဲသို့ နှစ်ပစ်လိုက်သည်။ သူ့လှံတွင် စွန်းထင်းနေသော ရန်သူ၏ သွေးစေးများသည်လည်း မြစ်ရေနှင့်အတူ မျောပါသွားလေသည်။ သူ့တွင် ဘဝအသစ် စလေပြီ။
မြစ်သည် ဘာမှမသိသလို ငြိမ်သက်စွာ စီးဆင်းလို့နေ၏။ သူကြားလိုက်ရသော စူးစူးနစ်နစ် အသံများ၊ ရဲရဲနီသော သွေးစေးများ၊ လူတစ်ယောက်၏ ပြတ်သားသော ဆုံးဖြတ်ချက် ကြုံးဝါးသံများကိုတော့ သူ့ရင်ထဲမှာပဲ သိမ်းထားလိုက်ပုံ ရသည်။ ဒီအဖြစ်အပျက် တစ်ခုတည်းမှမဟုတ်။ သူသိရှိ သိမ်းဆည်းထားခဲ့သော အကြောင်းအရာ အဖြစ်အပျက် မျိုးစုံ ရှိသည်။ ခေတ်အဆက်ဆက် သူကြားခဲ့ရသော အသံများစွာ ရှိသည်။ ဒါပေမယ့် သူဘယ်သူ့ကိုမှ မပြောပြပါ။ ပြောဖို့လည်း မလိုအပ်ပါ။ သူ့တာဝန်က စောင့်ကြည့်သိမ်းဆည်း သွားဖို့ပဲ ဖြစ်သည်။ ဒါပေမယ့်လည်း သူတစ်ယောက်တည်း ရှိနေချိန်များ၊ တိတ်ဆိတ်ချိန်များ ဆိုလျှင်တော့ ထိုအဖြစ်အပျက်များကို တိုးတိုးတိတ်တိတ် သူရေရွတ်တတ်သည်။ အကျိုးအကြောင်းကို ဆန်းစစ်တတ်သည်။ တိတ်ဆိတ်သော ညများတွင် မြစ်ဆီမှ ထူးဆန်းသော အသံတို့ကို ကြားရတတ်သည် ဟူသော အဖြစ်အပျက်မျိုးကို ကိုယ်တိုင် သှောလည်းကောင်း၊ တဆင့်စကားဖြင့် သှောလည်းကောင်း ကြားဖူးကြ ပေလိမ့်မည်။ သူပြောနေသော ဘာသာစကားကို နားလည်အောင် ကြိုးစားဖူးသူများ ရှိခဲ့ပါရဲ့လား။ သူတစ်ခုခု ပြောနေတယ်လို့ရော ခံစားမိကြပါရဲ့လား။ ဒါမှမဟုတ် သင်တို့မသိသော အဖြစ်အပျက် ရာဇဝင်များ သူ့ထံမှ သိမ်းဆည်းထားတယ်လို့ရော စဉ်းစားကြည့်မိ ပါရဲ့လား။
သူ့နားထဲသို့ ဂီတသံ တိုးတိုးလေးက လေစီးကြောင်းအတိုင်း ဝင်ရောက်လို့လာသည်။ ဂီတသံသည် နီးသွားလိုက် ဝေးသွားလိုက်နှင့် ဖြစ်နေရာမှ တစတစ ပီပြင်လို့ လာလေပြီ။ ဂီတသံနှင့်အတူ မြက်ရိုင်းလွင်ပြင်၏ အစွန်းက မြစ်ဆီမှ ရေစီးသံတို့က ပိုမိုကျယ်လောင် လာသလို ခံစားရသည်။ သူသည် လေတိုးသံနှင့် ဂီတသံတို့ကို အလိုက်သင့် ခံစားရင်း မြစ်ပြင်ကျယ်ကြီးကို ငေးမောကြည့်နေမိသည်။ နေသည် အနောက်ဘက် မိုးကုပ်စက်ဝန်းမှာ မေးတင်လို့ နေချေပြီ။ ရွှေအိုရောင် အလင်းတန်းများက ပိုပြီးပိုပြီး မှိုင်းညို့တောက်ပလာသည်။ အိပ်တန်းသို့ ပြန်လာသော ငှက်များက မြက်ရိုင်းကွင်းပြင်ကို ဖြတ်ပြီး ပျံသန်းသွားကြသည်။ အိပ်ပျှောနေသော ကလေးငယ်သည် နိုးထလို့လာသည်။ ထို့နောက် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကမ်းပါးဆီသို့ မြက်ပင်များကို ဖြတ်သန်းကာ ပြေးသည်။ ကမ်းပါးစွန်းကို ရောက်တော့ သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။ ထို့နောက် ဝင်လုဆဲ နေမင်းကြီးကို စူးစူးစိုက်စိုက် ကြည့်ရှုရင်း လက်အုပ် ချီလိုက်သည်။ သူ့နှုတ်ခမ်းဖျားမှ မောရသုတ်တှောကို ရွတ်ဖတ်သံက ရေစီးသံများကြားမှာ ညင်ညင်သာသာ ထွက်ပှေါလို့ လာလေသည်။ ထိုနေ့အဖို့ နေဝင်သွားခဲ့ပြီ။
(ရေးထားတာ ကြာလှပြီ။ မေ့နေတာ။ ဒီနေ့မှ ကွန်ပျူတာ ရှင်းရင်း တွေ့လို့ တင်လိုက်ဖြစ်တယ်။ ဒီစာလေးကို ကိုငှက်ရဲ့ ရာဇဝင်များရဲ့ သတို့သမီး သီချင်းကို စိတ်နှစ်ကိုယ်နှစ် ခံစားပြီး ရေးဖြစ်တာပါ။ ပုံစံကတော့ Script ပုံစံ ပိုပေါက်မယ် ထင်တယ်။ ဒီသီချင်းကို MTV ရိုက်တဲ့အခါ ဘယ်လို ရိုက်မယ်ဆိုပြီး မုဒ်သွင်းပြီး ရေးဖြစ်တာပါ။)