Wednesday, September 30, 2009

Microsoft Security Essentials











Microsoft ကနေ ဒီနေ့မှာပဲ Microsoft Security Essentials ကို အားလုံးအတွက် အခမဲ့ ထုတ်ပေးလိုက်ပါတယ်။ ပထမအကြိမ် ဇွန်လကုန်ပိုင်းမှာ Beta Version ထုတ်ခဲ့စဉ်က လူပေါင်း ၇၅၀၀၀ အတွက်သာ စမ်းသပ်သုံးစွဲဖို့ ကန့်သတ် ထုတ်ဝေပေးခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ Version 1 အနေနဲ့ မိုက်ခရိုဆော့(ဖ်)က အကန့်အသတ်မရှိ ပေးလိုက်ပါပြီ။

ကျွန်တှော့ စက်ထဲမှာက အရင်က NOD32 ကို တင်ထားပါတယ်။ ဒါကို ကျွန်တှောသုံးခဲ့တာ ၂၀၀၆ ကတည်းကဆိုတော့ သံယောဇဉ်လည်း တွယ်မိနေပါသေးတယ်။ နောက်တစ်ခုက NOD32 ဟာ အခြား Antivirus Program တွေနဲ့ မတူတဲ့ စွမ်းဆောင်ချက်တွေ ရှိပါတယ်။ Virus Definition တွေကို  နေ့တိုင်းလိုလို Update လုပ်ပေးနေတာမို့ ဗိုင်းရပ်စ်တစ်မျိုးမျိုး စပှေါတာနဲ့ တစ်ရက်နှစ်ရက်လောက် အတွင်းမှာ ဒီစနစ်က ကာကွယ်ပြီးသား ဖြစ်နေပါပြီ။ Scan လုပ်တဲ့ နေရာမှာလည်း အတွင်းထဲထိ ရောက်သလို မြန်ဆန်မှုလည်း ရှိပါတယ်။ NOD32ကို စတင်သုံးစွဲမိကတည်းက အခုအချိန်အထိ Virus, Trogans, Spy, Malware စတာတွေကို မကြောက်ရတော့တာ ဒီနေ့အထိပါပဲ။ သုံးစွဲခဲ့ဖူးသမျှ AV Software တွေထဲမှာ NOD32ဟာ အကောင်းဆုံးပါ။ ဒါကြောင့်လည်း NOD ကို ဖျက်ရမှာ လက်တွန့်နေခဲ့မိတယ်။

ဒီနေရာမှာ အရေးကြီးတာ တစ်ချက်က စက်တစ်လုံးထဲမှာ Anitivirus Software တွေ အမျိုးမျိုး တပ်ဆင်ထားတာမျိုး မလုပ်မိဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ ယေဘုယျ အနေနဲ့ စက်တစ်လုံးမှာ Firewall (လုံထိန်း) တစ်ခုနဲ့ Antivirus (ပိုးသတ်လက်နက်) တစ်ခု စုစုပေါင်း နှစ်မျိုး ရှိဖို့ပဲ လိုပါတယ်။ သုံးလေးငါးမျိုး လျှောက်တင်ရင် စက်ကို လေးလံစေသလို၊ ဒုကဿခလည်း ပေးပါတယ်။ အချို့စက်တွေမှာ ဝင်းဒိုးတက်မလာတော့တာ ကြုံရပါတယ်။ ဒါကြောင့် MSE ကို သုံးကြည့်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ ကိုယ့်ဆီက NOD32 ကို အရင်ဖျက်ရတာပါ။ စမ်းသပ် သုံးစွဲကြည့်ချင်လို့လည်း ပါပါတယ်။

အရင်တုန်းက ထုတ်ထားတဲ့ Windows Defender ကိုတော့ ကျွန်တှော သိပ်သဘောမကျပါဘူး။ Virus ရန်ကို ကာကွယ်နိုင်စွမ်းလည်း သိပ်မရှိဘူးလို့ ထင်မိသလို Interface ကလည်း ရှုပ်ထွေးတယ်လို့ ထင်မိတယ်။ အခု ထုတ်လိုက်တဲ့ ဟာကတော့ ဒီဇိုင်းအနေနဲ့ ရိုးရိုးလေးနဲ့ သေသပ်သလို လုပ်ဆောင်မှု အပိုင်းတွေကလည်း မခက်ခဲတာကို တွေ့ရပါတယ်။ တခြား ပရိုဂရမ်တွေကို သုံးနေရင်းနဲ့ စက်ကို Scan ဖတ်ကြည့်တဲ့ အခါမှာလည်း အခြားစနစ်တွေလို သိသိသာသာ နှေးကွေးသွားတာမျိုး မဖြစ်ပါဘူး။ ကွန်ပျူတာစွမ်းအင်ကို အနည်းဆုံး အသုံးပြုပြီး အထက်မြက်ဆုံး အကာအကွယ် ပေးမယ်လို့ မိုက်ခရိုဆော့ဖ်က ဆိုထားပါတယ်။ ဒါပေမယ့် ဒါဟာ ဗိုင်းရပ်(စ်)တွေ၊ မောဝဲ(လ်) တွေရဲ့ တိုက်ခိုက်မှုကိုပဲ အကာအကွယ် ပေးသွားမှာပါ။ အခြား Enterprise Software တွေလိုတော့ Utilities တွေ စုံစုံလင်လင် ပါမှာ မဟုတ်ပါဘူး။ Symantec ရဲ့ အင်ဂျင်နီယာချုပ် ယန်းမက်ဂါးကတော့ MSE ဟာ တှောတှောလေးကို အဆင့်နိမ့်သေးတဲ့ စနစ်တစ်ခုလို့ နှိမ့်ချဝေဖန်မှု ပြုထားပါတယ်။ MSE ဟာ Virus တွေကို သိနိုင်စွမ်းအား အလွန်ကောင်းပေမယ့် အဲဒီလို သိနိုင်စွမ်းအား ကောင်းမှုကြောင့် တခုခုမှာ ပြသဿသနာ ကြုံလာနိုင်တယ်လို့ သူက ဆိုပါတယ်။

ကျွန်တှော့ရဲ့ အတွေ့အကြုံအရတော့ ဗိုင်းရပ်(စ်)တွေ၊ စပိုင်ဝဲ(လ်)တွေ ကိုက်ခံရတယ် ဆိုတာဟာ သုံးစွဲသူရဲ့ အဓိက အားနည်းချက်ကြောင့် ဖြစ်ပါတယ်။ ဒါတွေ အဓိက ရှိတဲ့ နေရာတွေ ဆိုတာကလည်း Porn Site တွေ၊ Serial Key ရှာတဲ့ ဆိုက်တွေပါ။ နောက်တစ်ခုက သူများက လင့်တစ်ခု ပေးတိုင်း သဘောတွေ့ပြီး နှိပ်ကြည့်ချင်ကြတဲ့ သူတွေပါ။ ကိုယ့်ကို ပေးတဲ့ သူဟာ ဘယ်လောက် စိတ်ချရသလဲ။ ကိုယ်သွားမယ့်ဆိုက်ဟာ ဘယ်လောက် စိတ်ချရမလဲ ဆိုတာ သေသေချာချာ မသိခဲ့ရင် သူများလင့်ပေးတိုင်း လိုက်မနှိပ်ကြည့်ဖို့ လိုအပ်ပါတယ်။ Porn Sites တွေကို သွားတယ် ဆိုရင်လည်း အကောင်ပလောင် မရှိတဲ့ ဆိုက်ဟာ ဘယ်ဟာတွေလဲ ဆိုတာကို ဝါရင့် ကျွမ်းကျင်သူ ပညာရှင်များ သုတေသနသမားများ၊ လေ့လားစူစမ်းအား ကောင်းသူများ၊ ဝါသနာရှင်များ ထံမှာ မေးမြန်းပြီးမှ သွားသင့်ပါတယ်။ Porn တွေရှာမယ် ဆိုပြီး Porn, xxx စတဲ့ Keywords တွေနဲ့သာ ရှာမယ် ဆိုရင်တော့ စက်ဟာ အကောင်ကိုက်ခံရဖို့ ၁၀၀% သေချာပါတယ်။ နောက်တစ်ခုက ဘယ်လောက်ခင်ခင် ဘယ်သူဖြစ်ဖြစ် ကိုယ့်စက်မှာ USB Stick လာတပ်သုံးမယ်ဆိုရင် Scan စစ်ဖြစ်အောင် စစ်ပါ။ ဘယ်သူ့ကိုမှ မယုံပါနဲ့။ .exe နဲ့ ဆုံးတဲ့ Link တွေ ဆိုရင်တော့ ဘာလေးလဲလို့တောင် မစူးစမ်းပါနဲ့။ ဝေးဝေးရှောင်ဖို့ လိုပါမယ်။

ကိုယ်ဟာ ဟိုဟိုဒီဒီ နေရာမရွေး သွားတတ်သူ ဆိုရင်တော့ အခုမှ အသစ်ဖြစ်တဲ့ ဒီကောင်ကို သုံးမယ့်အစား၊ အခြား Enterprise Level Antivirus ဆော့ဝဲလ်တွေကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ Freeware အနေနဲ့ဆိုရင် Avira တို့ Avast တို့ ရှိပါတယ်။ ဒီကောင်ကို သုံးမယ်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ ဝင်းဒိုးဟာ Genuine Windows ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီကောင်ကို တစ်လ နှစ်လလောက် သုံးစွဲကြည့်ပါမယ်။ အခက်အခဲတွေ ကြုံလာရင် အားလုံးသိနိုင်အောင် ကျွန်တှော ထပ်ပြောပြသွားပါမယ်။


Minimum system requirements for Microsoft Security Essentials

  • Operating System: Genuine Windows XP (Service Pack 2 or Service Pack 3); Windows Vista (Gold, Service Pack 1, or Service Pack 2); Windows 7
  • For Windows XP, a PC with a CPU clock speed of 500 MHz or higher, and 1 GB RAM or higher.
  • For Windows Vista and Windows 7, a PC with a CPU clock speed of 1.0 GHz or higher, and 1 GB RAM or higher.
  • VGA display of 800 × 600 or higher.
  • 140 MB of available hard disk space.
  • An Internet connection is required for installation and to download the latest virus and spyware definitions for Microsoft Security Essentials.
  • Internet Browser:
  • Windows Internet Explorer 6.0 or later.
  • Mozilla Firefox 2.0 or later.
  • Microsoft Security Essentials also supports Windows XP Mode in Windows 7. For more information see the system requirements for Windows XP Mode in Windows 7


No response to “Microsoft Security Essentials”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz