Friday, September 4, 2009

Diary 04.09.2009


ဒီလတွေမှာ စိတ်ဓာတ်နဲနဲ ကျချင်တယ်။ ဘာလို့ ကျချင်တာလဲ မမေးပါနဲ့ ဖြေချင်တဲ့စိတ်လည်း မရှိပါဘူး။ မေးခွန်းတွေကို စိတ်ပျက်ပါတယ်။ အတွေ့အကြုံ ရှိထားဖူးလို့ ကျချင်နေတဲ့ စိတ်ဓာတ်ကို မကျအောင် လမ်းကြောင်းလွှဲဖို့ပဲ ကြိုးစားပါတယ်။ တနေ့ကတော့ အမေ့ဆီက မမျှောလင့်ဘဲ ပိုက်ဆံလေး ရောက်လာလို့ တှောတှော ဝမ်းသာသွားတယ်။ ဒါနဲ့ အဲဒါလေး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အတွေးအမြင်ရယ်၊ ချင်းတွင်းရယ်၊ တင်နိုင်တိုးရဲ့ ရတနာပုံခေတ် ထိပ်တန်းနန်းတွင်း အရာရှိကြီးများ စာအုပ်ရယ်၊ ပုဂံအဘိဓာန် စာအုပ်ရယ်၊ ပြည့်စုံ (သွေးသောက်)ရဲ့ ဒုတိယကမဿဘာစစ်ကြီးအတွင်း ဂျပန့်လက်အောက် ရောက်ခဲ့စဉ် စာအုပ်ရယ်၊ ပါရဂူရဲ့ ရာဇာနှင့် သာသနာ စာအုပ်ရယ်၊ မောင်မောင်ညွန့် (မန်းတကဿကသိုလ်)ရဲ့ သုတရိပ်မြုံ စာရဂုံ စာအုပ်ရယ်၊ ဦးထွန်းရီရဲ့ ကုန်းဘောင်ခေတ် ဘုရင်များ မုဒဿဓါဘိသိက်ခံယူပုံ စာအုပ်ရယ်၊ မောင်ခင်မင် (ဓနုဖြူ)ရဲ့ ဆရာနှင့်တပည့် တပည့်နှင့်ဆရာ စာအုပ်ရယ်၊ ဦးမြတ်ကျှောရဲ့ ပုဂံခေတ် ကျောက်စာအဘိဓာန် စာအုပ်ရယ် တထောကြီး ဝယ်ပစ်လိုက်တယ်။ ဒီလိုအခ်ိန္မွာ အေပ်ာှအပါး မရွာခ်င္ပါဘူး။ အဲဒီလို ရွာလို့ ရလာတဲ့ အေပ်ာှအပါးဟာ ခဏပဲ။ ကျချင်နေတဲ့ စိတ်ဓာတ်ကို ဆွဲတင် မပေးနိုင်ဘူး။ မိတ်ဆွေတစ်ယောက် ခှေါလို့ ဟိုနေ့က နာမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ သွားစားရပါတယ်။ ပိုက်ဆံရှင်းတော့ နှစ်သိန်းခွဲလောက် ရှင်းရတယ်။ သူကတော့ အေးအေးဆေးဆေးပဲ။ အိတ်ဝဝကြီးထဲကနေ ပက်ခနဲ ထုတ်ပေးလိုက်တာပဲ။ ကိုယ်ကတော့ အှော ငါ့ပိုက်ဆံဆို ဒါမျိုး ဘယ်တော့မှ စားဖြစ်မယ် မထင်ဘူးလို့ တွေးမိလိုက်ပါတယ်။ ကံကောင်းလိုကောင်းငြား ထီထိုးလိုက်ပါသေးတယ်။ ရှေ့ဆုံး နှစ်လုံးအထိပဲ တူတဲ့အထိ ကံကောင်းပါတယ်။ ပြည်ကို ရောက်ခဲ့တုန်းက အကောက်တောင်ကို မေ့ပြီး မသွားခဲ့မိတာကို နာကျည်းလို့ မဆုံးပါဘူး။ ပြီးတော့ ဖုန်းဆက်ပြီး ဘယ်မှာလဲ ဘာလုပ်နေလဲ မေးသူများကို အလွန် မုန်းတီးနေပါတယ်။ နောင်ကျရင် အနှိပ်ခန်းမှာ အနှိပ်ခံနေတာလို့ ပြန်ပြောမယ်လို့ စဉ်းစားနေမိတယ်။ ဒီရက်ပိုင်း အိပ်တဲ့အခါ ခဏခဏ ဘီလူးစီးခံရပါတယ်။ ပထမတော့ တွန်းထိုး ရုန်းကန်နေမိသေးတယ်။ နောက်တော့ စီးချင်သလောက် စီးစမ်းကွာလို့ ငြိမ်နေလိုက်တော့ ကောင်းကောင်းမွန်မွန် အိပ်ပျှောသွားပါတယ်။ ပတ်ကြမ်းတိုက်တယ် ဆိုတဲ့စကားကို နဲနဲသဘောကျလာတယ်။ ရင့်ရင့်သီးသီး စကားပြောမိတဲ့အခါ ဘာလို့ ဒီလို ရင့်သီးတဲ့စကား ပြောရတာလဲလို့ ဘယ်သူမှ မစဉ်းစားကြောင်း အဖြေထွက်ပါတယ်။ ဝအနဲ့ ကပဿပလီကို ပြောခဲ့ဖူးတဲ့ ကြောင်ကြာကြာ ရေမငုပ်ပါဘူး၊ ကြာပှေါရေတင်လည်း ခဏပါ ဆိုတဲ့ စကားကို ကြောင်သေသွားပြီ၊ ကြာဖက်နဲ့ ရေသောက်လို့လည်း ရနေပြီလို့ ပြောင်းပြောချင်စိတ်လည်း လောလောဆယ် ပေါက်နေမိတယ်။ လောလောဆယ် လမ်းဘေး အခွေဆိုင်က သရဲကား လက်ရွေးစဉ် ငါးခွေ ဝယ်ထားတယ်။ စာအုပ်ဖတ်လို့ စိတ်ထဲမရှင်းမရှင်း ဖြစ်တဲ့အခါ ကိုယ့်စာအုပ်တွေထဲ ပြန်ရှာရင်း အဖြေထုတ်ပါတယ်။ သိပ်ပျင်းလာတဲ့အခါ သရဲကားတွေ ထိုင်ကြည့်တယ်။ ကိုယ်စိတ်မဝင်စားတဲ့သူ၊ ကိုယ်နဲ့ အဆင်မပြေတဲ့သူ၊ ကိုယ့္ကိုဒုကဿခေပးတဲ့သူ၊ ကိုယ့္အေပါှ မကောင်းတဲ့လူ ဘာတွေလုပ်နေလဲ၊ ဘာတွေကြံစည်နေလဲ ဆိုတာ လုံးဝလုံးဝ စိတ်မဝင်စားပါ။ သူတို့က ကိုယ်လုပ်သမျှ လိုက်ကြည့်၊ ကိုယ်ရေးသမျှ လိုက်ဖတ်ပြီး သောက်အားအားရှိ ဝေဖန်လေကန်တာတော့ တှောတှော အံ့ဩနေမိသည်။ နောက်လထဲ သူငယ်ချင်း သဘေဿငာသား တစ်ယောက်ရဲ့ မဂဿငလာဆောင်မှာ လူပျိုရံလုပ်ဖို့ ပင့်ဖိတ်ထားတာကြောင့် သွားလုပ်ရပါဦးမယ်။ သူအခါတစ်သောင်းမက ပြောဖူးသော ဒီတစ်ခါတော့ အချစ်စစ် တွေ့ပြီ ဆိုသော စကားကိုလည်း သတိရမိပြီး ရယ်ချင်ပက်ကျိ ဖြစ်နေပါကြောင်း။


No response to “Diary 04.09.2009”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz