Tuesday, September 8, 2009

ရေသည်ယောက်ျားလို


ပြည်သူလူထုလက်ဝယ် လည်ပတ်သုံးစွဲနေသော ငွေစကဿကူများထဲတွင် သုံးစွဲရန်မသင့်သော ဟောင်းနွမ်း၊ ချို့ယွင်းငွေများအား တန်ဖိုးတူ၊ အမျိုးအစားတူ ငွေစကဿကူအသစ်များဖြင့် ရန်ကုန်မြို့ပှေါရှိ မြန်မာ့စီးပွားရေး ဘဏ်များ၌ ၂၀၀၉ ခုနှစ် ဩဂုတ် ၃ရက်မှစ၍ ၁ဝကျပ်တန်မှ ၂ဝဝကျပ်တန်အထိ ငွေစကဿကူ အမျိုးအစား (၅)မျိုးကို တစ်ပတ် နှစ်ရက် တနလဿငာ၊ သောကြာနေ့များတွင် လည်းကောင်း၊ ဩဂုတ် ၁ဝရက်မှ စတင်ပြီး ဗုဒဿဓဟူးနေ့ တစ်ရက်တိုးကာ တစ်ပတ်သုံးရက် သတ်မှတ်၍ လည်းကောင်း လဲလှယ်ပေးခဲ့သည်။ တစ်ဖန် ဩဂုတ် ၂ဂရက်မှ စတင်၍ ၅ကျပ်တန်၊ ၅ဝဝကျပ်တန် နှစ်မျိုးကိုပါ ထပ်တိုးပြီး လဲလှယ်ပေးသဖြင့် ငွေစကဿကူ အမျိုးအစား (၇)မျိုးထိ လဲလှယ်ပေးနေကြောင်း၊ လာရောက်လဲလှယ်မှုပှေါ မူတည်၍ တစ်ဦးလျှင် အရွက် ၂၀၊ ၃၀ စသည်ဖြင့် လဲလှယ်ပေးနေပြီး မသမာမှုများ မဖြစ်ပှေါစေရန်အတွက် အရွက် ၅ဝနှင့်အထက် လဲလှယ်လိုသူများကို သက်ဆိုင်ရာဘဏ်ခွဲမန်နေဂျာထံ လျှောက်လွှာဖြင့် တင်ပြ၍ စိစစ်ပြီး လဲလှယ်ပေးလျက်ရှိကြောင်း၊ ငွေစကဿကူအများဆုံး လာရောက်လဲလှယ်လျက်ရှိသော မြို့နယ်များမှာ ရန်ကုန်မြို့ပှေါရှိ ဘဏ်ခွဲ(၃) ဗိုလ်ဆွန်ပက်လမ်းရှိ မြန်မာနိုင်ငံတှော ဗဟိုဘဏ် ငွေလဲလှယ်ရေး ကောင်တာတို့ ဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှ လူ ၁ဝဝခန့်ကို အဆင်ပြေ လွယ်ကူစွာ လဲလှယ်ပေးလျက်ရှိကြောင်း၊ မြို့ပှေါရှိ ဘဏ်ခွဲများနှင့် နှိုင်းယှဉ်ပါက မြို့စွန်ရှိ ဘဏ်ခွဲများတွင်မူ လာရောက်လဲလှယ်မှု နည်းပါးကြောင်း၊ သို့သှော အနည်းဆုံး လူ ၂ဝမှ ၃ဝအထိ လာရောက် လဲလှယ်ကြကြောင်း သတင်းရရှိသည်။

ကြေးမုံသတင်းစာ
ဩဂုတ် ၈ ရက်၊ ၂၀၀၉။


ဒီနေ့ မြန်မာ့ သတင်းစာတွေထဲ ပါလာတဲ့ စိတ်ဝင်စားဖွယ် သတင်းလေး တစ်ပုဒ်ပါ။ မှတ်သားဖွယ် ကောင်းတာမို့ မှတ်သားထားလိုက်ပါတယ်။ ဒီလို လဲလှယ်ပေးတာ အတှောပဲ ကောင်းမွန်တဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ မဟုတ်ရင် ဧရာမ စတိုးဆိုင်ကြီးတွေဆီက ပြန်အမ်းတဲ့ ငွေတွေတောင် စုတ်ပြဲ ရိရှောနေပြီး ဘာအဆင်းသဏဿဌာန်မှ မပှေါလွင်တော့ပါဘူး။ တခါတခါ ပြန်အမ်းစရာ အနုတ်မရှိလို့ဆိုပြီး မြိုခဲ့ရတဲ့ သကြားလုံးလည်း မနည်းတော့ပါဘူး။ နေ့တဓူဝ လည်ပတ်နေတဲ့ ပိုက်ဆံတွေဆိုရင် ကိုင်လိုက်တဲ့အခါ မှိုတွေလို အမှုန့်မျိုးတွေတောင် ကပ်ပါနေတတ်ပါတယ်။ ချီးအထပ်ထပ်နဲ့ ဆီသည်မလက်သုတ် ဆိုတဲ့ စကားနေရာမှာ စပယ်ယာလက်ကပိုက်ဆံ လို့တောင် ပြောင်းသုံးရတော့မယ့် အနေအထားမျိုး ရောက်နေခဲ့တာပါ။ အခုလို ငွေစကဿကူ အစုတ်အပြဲ အဖာအထေး အညစ်အပတ် အနွမ်းအကြေ အမွဲအခြောက် အပျော့အပြဲ အရိအရွဲလေးတွေကို အသစ်ချပ်ချွတ် တောင့်တောင့်ရောင့်ရောင့် သစ်သစ်လွင်လွင် စိုစိုပြေပြေ သိကဿခာရှိရှိ ရွှေဘိုမင်းကြိုက် ငွေစကဿကူ အသစ်လေးတွေနဲ့ လဲလှယ်ပေးတယ် ကြားရတော့ ကျွန်တှောဖြင့် အရမ်းကို ဝမ်းသာသွားမိတာပါပဲ။ ဒါပေမယ့်ဗျာ........

လူတစ်ယောက်ကို တစ်ရက် အရွက် သုံးဆယ်တဲ့။ ကဲ ထားပါတော့ ငါးကျပ်တန် အရွက်သုံးဆယ် (၁၅ဝကျပ်) လဲလှယ်ဖို့အရေး ထုံးစံအတိုင်း ပူအိုက်မွန်းလှောင်နေတဲ့ အခန်းထဲမှာ ဖောင်တွေ ဖြည့်ရမယ်။ အဲဒီကိုသွားတဲ့အတွက် အလုပ်ကနေ နေ့တစ်ဝက်လောက် လစ်ထွက်ရမယ်။ ချွေးတွေထွက်မယ်။ အနည်းဆုံးကတော့ သတင်းစာထဲမှာ ပါတဲ့ ပုံအတိုင်းဆိုရင် သမဝါယမခေတ်ကလို မပြောင်းလဲတဲ့ တန်းလေးတော့ စီရဦးမှာပဲ။ ၅ဝနဲ့အထက် လဲလှယ်လိုခဲ့ရင်တော့တဲ့ မသမာမှုတွေ မဖြစ်အောင်လို့တဲ့ မန်နေဂျာဆီမှာ လျှောက်လွှာ တင်ရမယ်တဲ့။ ၅ကျပ်တန် အရွက်ငါးဆယ်ဆိုတော့ ကျပ်နှစ်ရာ့ငါးဆယ်ပေါ့။ အဲဒီ နှစ်ရာ့ငါးဆယ်လေးအတွက် မန်နေဂျာ ရာထူး ယူထားတဲ့သူက စိစစ်ရမယ်။ လက်မှတ်တွေ ထိုးပေးရမယ်ဆိုတော့ မန်နေဂျာတွေကို ၂၅ဝလေးနဲ့ ဒုကဿခပေးသလိုမျိုး ဖြစ်နေမလားရယ်လို့ တွေးမိတာကြောင့် တှောတှောလေး အားနာသွားပါတယ်။ ဒီလို ဘဏ်မန်နေဂျာကြီးများက မသမာမှုတွေကို အလွန်ရိုးစင်း ထိမိတဲ့နည်းနဲ့ ထိန်းချုပ်ထားပေမယ့် ကျွန်တှော့အထင် အေးဂျင့်တွေတော့ ရှိနေဦးမယ်လို့ ထင်မိတယ်။ အေးဂျင့်ဆိုတာက ကြီးကြီးကျယ်ကျယ် ပြောလိုက်မိတာပါ။ အကျိုးတှောဆောင် တန်းစီပေးတဲ့ ကောင်လေးတွေ၊ ကိုယ့်ကိုယ်စား လဲလှယ်ပေးတဲ့ လူတွေကို ပြောချင်တာပါ။ ဒါက ဒီနေရာမှာမှ မဟုတ်ပါဘူး။ ရုပ်ရှင်ရုံ၊ ပတ်စပို့ရုံး၊ တယ်လီဖုံး အခွန်ဆောင်တဲ့နေရာ၊ ဟိုနေရာ ဒီနေရာ သူတို့ ရှိနေကြတာကိုး။ မှောင်ခိုဆိုလား ဘာဆိုလား ခှေါကြရဲ့။ ကျွန်တှောကတော့ အကျိုးဆောင်လေးတွေလို့ပဲ ခံယူထားပါတယ်။

ပြောမယ့်သာ ပြောနေတာပါ။ တကယ်တော့ ဒါတွေက အရင်က ကြုံခဲ့ဖူးတာတွေနဲ့ ချိန်ထိုးနေမိတဲ့ ကျွန်တှော့ အတွေး သက်သက်တွေပါ။ သတင်းထဲမှာ အဆင်ပြေ လွယ်ကူလို့လည်း ပါနေသေးတာမို့ ကျွန်တှော ထင်တဲ့အတိုင်း မဟုတ်ဘဲ ပြုံးရွှင်နေတဲ့ ဘဏ်ဝန်ထမ်းတွေက လာလဲလှယ်တဲ့ သူတွေကို ပျူပျူငှာငှာ ပြောဆိုပြီး အအေးခန်းထဲမှာ ငါးမိနစ်လောက် ထိုင်ခိုင်းထား၊ ပြီးတာနဲ့ ရပါပြီရှင်ဆိုပြီး လက်မှတ်လေး တစ်ချက်ထိုး၊ ကိုယ်လဲထားတဲ့ ငွေအသစ်လေးတွေကို ရေသည်ယောက်ျားလို ဝင့်ဝင့်ကြွားကြွားကြီး ကိုင်ပြီး ထွက်လာရတာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲလေ။ နောက်တစ်ရက် အားတဲ့နေ့ကျရင် ကိုယ့်အိတ်ထဲက ပိုက်ဆံအစုတ်လေးတွေ စုပြီး သွားထုတ်ကြည့်ပါဦးမယ်။ အင်း အရွက် သုံးဆယ်ထက်တော့ ကျှောလို့ မဖြစ်ဘူး ထင်ပါရဲ့။ ဘဏ်မန်နေဂျာကြီးတွေ ကိုယ့်ကြောင့် အလုပ်ပိုသွားမှာကို စိုးရိမ်လို့ပါ။


စာကြွင်း။ Something is better than nothing တဲ့။ ဒီအတိုင်း ကြည့်နေတာထက် ဒီလိုလေး လဲလှယ်ပေးတာကိုပဲ ကျွန်တှောတို့မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြရတာ အမှန်ပါပဲခင်ဗျာ။

No response to “ရေသည်ယောက်ျားလို”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz