Thursday, August 20, 2009

The Moon Cannot Be Stolen


မနေ့ညက မြန်မာစာလုံးတွေကို Lemmatization လုပ်နေတုန်း လူတစ်ယောက်က ၃၈၀၅၉၉ နံပါတ်နဲ့ ဖုန်းဆက်လာတယ်။ နံပတ်ကလည်း ရင်းနှီးနေသလိုလိုဆိုတော့ ပထမတော့ ကိုယ့်သူငယ်ချင်း ထင်မိလိုက်တယ်။ နောက်မှ တမင်သက်သက် အနှောက်အယှက် ပေးမှန်း သိရတော့တယ်။ Insult လုပ်တာတင် မကတော့ဘူး Threating ပါလုပ်လာတယ်။ ဒါတွေကို ကျွန်တှော ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိစဿစနဲ့ကိုယ်တောင် ခေါင်းတွေ လည်ထွက်နေအောင် စဉ်းစားနေရတဲ့အထဲ အဆက်မပြတ် ဖုန်းဆက်ပြီး ဒီလို အနှောက်အယှက် ပေးတဲ့သူတွေကို အံ့ဩမိတယ်။ အလုပ်လုပ်နေတဲ့အချိန်မို့ ဘလိုင်းကြီး လာပြောနေတော့ စိတ်ကလည်း တိုမိသွားတယ်။ အရှိန်လေးနဲ့ ဉာဏ်ကွန့်မြူးပြီး လုပ်ရတဲ့ အလုပ်မှာ ဒီလို စိတ်တိုရတော့ လူက ဆက်လုပ်ချင်စိတ်တောင် မရှိတော့ဘူး။ ကိုယ့်ဆီလာတဲ့ဖုန်းကို မခြေမငံ ပြောမိပြန်ရင်လည်း သောက်ကြီးသောက်ကျယ်လို့ ပြောခံရဦးမယ်။ ကျွန်တှော လုပ်နေတဲ့ အလုပ်ကလည်း ဘယ်သူနဲ့မှ ပတ်သက်တာ မဟုတ်။ ဘယ်သူ့ လခမှ စားနေတာလည်း မဟုတ်။ အခုနောက်ပိုင်း ဘယ်သူကောင်းတယ်၊ မကောင်းဘူး ဘာမှလည်း မပြောဖြစ်ပါဘူး။ ဒီမြန်မာစာတွေနဲ့ ကိုယ့်ဟာနဲ့ကိုယ်တောင် အပတ်မလည်ဘူး။ ဘယ်သူတွေက ဘာတွေကို ဘယ်လို မကျေမနပ် ကြည့်မရ ဖြစ်နေလဲတော့ မသိ။ အဲဒီတော့ ဒီလိုလုပ်တာဟာ ကျွန်တှော့ကို သက်သက် ပါဆင်နယ် စိတ်ရှုပ်ထွေးအောင် လုပ်တယ်လို့ပဲ သတ်မှတ်လိုက်တယ်။ စိတ်ရှုပ်ထွေးတော့ အလုပ်က ပျက်ရော။ ကိုယ့်အတဿတကို လာထိပါးတာမို့ ဒေါမနသဿသ ဖြစ်နေတဲ့စိတ်က တှောတှောနဲ့ ငြိမ်မသွားဘူး။ အဲဒီအချိန်မှာ ဇင်ဘာသာထဲက ပုံပြင်လေးတစ်ပုဒ် သွားဖတ်မိလိုက်တယ်။ အဲဒီတော့မှ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိပြီး ကျွန်တှော့စိတ်ဟာ ပြန်လည် အေးမြသွားတော့တယ်။ နောက်ကျရင် ကျွန်တှော ဖတ်ဖြစ်တဲ့ ဇင်ပုံပြင်လေးတွေ တင်ပေးဦးမယ်။



The Moon Cannot Be Stolen

Ryokan, a Zen master, lived the simplest kind of life in a little hut at the foot of a mountain. One evening a thief visited the hut only to discover there was nothing to steal. Ryokan returned and caught him. "You have come a long way to visit me," he told the prowler, "and you should not return empty-handed. Please take my clothes as a gift." The thief was bewildered. He took the clothes and slunk away. Ryoken sat naked, watching the moon. "Poor fellow," he mused, "I wish I could have given him this beautiful moon."

No response to “The Moon Cannot Be Stolen”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz