Wednesday, August 12, 2009

Lea & Perrins


Image Hosted by ImageShack.us


ရေးမယ်ရေးမယ်နဲ့ လုပ်နေတာ နဲနဲကြာသွားတယ်။ လျှက်တစ်ပြက် အတွဲ(၂) အမှတ်(၄၅) စာမျက်နှာ ၇ မှာ တောင်သမန်ကျေးရွာစုထဲက ရွှေလဝန်းဘုရားကို ပြုပြင်ရင်း ရှေးဟောင်းပစဿစည်းတွေ ထွက်လာတဲ့အကြောင်း ပါပါတယ်။ ရှေးဟောင်းပစဿစည်းတွေနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာ မရှိပေမယ့် ဓာတ်တှောတွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးမှာ Lea & Perrins ဆိုတဲ့ နာမည် ပါတယ်တဲ့။ ကျွန်တှော စိတ်ဝင်စားသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနာမည်ကို ရင်းနှီးနေလို့ပါ။ ရင်းနှီးတဲ့ အကြောင်းကလည်း Beef Steak ကြိုက်လို့ပါပဲ။ အဲဒီနာမည်နဲ့ ဆော့က Beef Steak နဲ့စားရင် သိပ်ကောင်းတာကိုး။

Lea & Perrins ဆိုတဲ့ Sauce ကို 1800 နှစ်များမှာ ဝုစတားရှီယားနယ်က မစဿစတာဂျွန်လီယာနဲ့ မစဿစတာဝီလျံပါရင်းတို့က ဖန်တီးခဲ့ကြပါသတဲ့။ 1829 ကစလို့ အမေရိကန်ပြည်တွင်းကို တင်သွင်းခဲ့ကြပါတယ်။ ကမဿဘာမှာလည်း ယနေ့တိုင် နာမည်ကျှော တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဌာပနာက ထွက်လာတဲ့ ပုလင်းမှာ လှူဒါန်းတဲ့ ခုနှစ်က သာသနာနှစ် ၂၄၃၇၊ ကောဇာသကဿကရာဇ် ၁၂၅၅ ဆိုတော့ ခရစ်နှစ် 1893 ပေါ့။ လှူတဲ့သူကလည်း မနဿတလေးမှာနေတဲ့ ဗန်းမှောမြို့ဆိုင်ရာ ဝန်စာရေး ဦးလူတုပ် လို့ ဆိုထားတာကြောင့် အဂဿငလိပ်တွေ မနဿတလေးမှာ အခြေစိုက်လာကြတဲ့ သီပေါမင်း လက်ထက်လောက်မှသာ ဒီလို အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်ပုလင်းတွေ မနဿတလေးကို ရောက်လာတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါကြောင့် ဒီဌာပနာတိုက်ထဲက တွေ့ရတဲ့ ပုလင်းတွေဟာ ၁၈၈၀ ခုနှစ် ပတ်ဝန်းကျင်လောက်ကသာ ဖြစ်ပါလိမ့်မယ်။ ဒီပုလင်းခွံ မနဿတလေးက ဝန်စာရေး တစ်ယောက်ရဲ့အိမ်ကို ရောက်နေတာက ပိုပြီး ထူးဆန်းတယ်။ ဝန်စာရေးကပဲ ကြိုက်လို့ ဝယ်စားတာလား။ ဒါမှမဟုတ် အဂဿငလိပ်အရာရှိ တစ်ယောက်ယောက်ကနေ လက်ဆောင်ပေးထားတာလား။ ဒါမှမဟုတ် သူ့မိန်းမ မမယ်ဖော့က ခင်ရာမင်ရာ အဂဿငလိပ်ဆီကနေ ပုလင်းလေးလှလို့ တောင်းထားတာလား ဆိုတာ လျှောက်စဉ်းစားကြည့်နေမိတယ်။ နောက်မှ အဲဒီဝန်စာရေး ဦးလူတုပ်အကြောင်း ရှာကြည့်ဦးမယ်။ သီပေါမင်း ပူတှောမမာခင်က ဗန်းမှောမြို့ဝန်နာမည်က ဦးလူကြီးတဲ့။ သူက စစ်ပွဲမှာ မအောင်လို့ အရိုက်အရာကနေ ရုတ်သိမ်းခံရပြီး မနဿတလေးမှာပဲ အခြေချ နေထိုင်သွားသတဲ့။ သူလည်း အရင်က စာရေးကြီးပဲ။ စာရေးကြီးကနေ ရာထူးတက်ပြီး မြို့ဝန်ဖြစ်သွားတာ။ သူသေတော့ ၁၈၈၇။ နာမည်ဆင်ဆင်တူနေလို့ မှတ်ထားလိုက်တာ။ ဝက်မစွက်ဒိုင်ယာရီ ပြန်ရှာကြည့်ရင် ဦးလူတုပ်အကြောင်းလည်း တွေ့ကောင်းတွေ့နိုင်သေးတယ်။ ဘာရယ်မဟုတ်ပါဘူး။ ဟိုရောက်ဒီရောက်ပေါ့။ အခုန ပုလင်းလေးလည်း မမေ့နဲ့ဦး။ မြန်မာပြည်မှာဆို စီးတီးမတ်ထဲ အဲဒီပုလင်း ရှာဝယ်လို့ ရပါတယ်။ Beefsteak လေးနဲ့သာ တွဲဖက်စားကြည့် သိပ်ကောင်းပဲ။ အဟုတ်။



PS: If you think my characters are something wrong, believe I m not wrong and it's because of newly Zawgyi 2009, by Mark! :D . Thanks Mark for all of his effort and great idea! All posts will be converted to new Zawgyi very soon. Hope you love it too.


No response to “Lea & Perrins”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz