Monday, August 17, 2009

မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၄)


မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၄)




နယ်မြေရွှေ့ပြောင်းလာသော ဒါဝင်၏ လူများသည် အားဒမ်နှင့် အေးမကို ရုတ်တရက်တွေ့ပြီး လန့်ဖြန့်ကာ ထွက်ပြေးခဲ့ကြရာ ပထမတော့ ထိုနေရာနှင့် သိပ်မနီးမဝေး ဒေသတွင် တစ်လကြာ စခန်းချကြ၏ (ထိုဒေသကို သူတို့က တလဟု ခှေါကြ၏။ ထိုမှတဖန် ဆက်လက်ထွက်ခွာလာကြရာ သူတို့ ပဲများ ဝင်ခိုးသောအရပ် ပဲခိုး၊ ထိုမှဆက်ပြီး ပင်လယ်ကမ်းခြေအရပ် သောင်အငူလေး တိုးထွက်နေသော သောင်ငူ၊ ထိုဒေသမှာလည်း သူတို့ အခြေချရန် မနှစ်သက်ပြန်သောကြောင့် အနောက်ယွန်းယွန်းသို့ ဆက်လက် ထွက်ခွာကြပြန်ရာ တစ်နေရာ အရောက်တွင် မိုးကာလရောက်လာပြီး သွားရေးလာရေး ခက်ခဲကာ လွန်စွာ ဒုကဿခရောက်ကြလေသည်။ ထို့ပြင် ခရီးတလျှောက် ရခဲ့သော ဒဏ်ရာဒဏ်ချက်များမှာလည်း ပြင်းထန်သောကြောင့် ပြည်တည်၍ နေလေပြီ။ ထို့ကြောင့် ထိုနေရာတွင်ပင် ခေတဿတခဏ စတိရွာတည်ကာ အခြေချကြတော့မည်ဟု ဆုံးဖြတ်ကြလေသည်။ ထိုဒေသကိုလည်း စတိခေတဿတဟု အမည်ပေးလေ၏။ (မည်မျှ တိုက်ဆိုင်သနည်းဆိုသှော ထိုနေရာမှာ လွန်လေသော နှစ်ပေါင်းများစွာက သျှရီခေတဿတရာ (သရေခေတဿတရာ) ဟု အမည်တွင်ခဲ့သောဟူ၏)

ဒါဝင်၏ လူများမှာ ယခင်က အယောက် ၅ဝခန့် ရှိခဲ့သှောလည်း ကြမ်းတမ်းသော ခရီးလမ်းနှင့် ရာသီဥတု၊ တောရဲသားကောင်တို့ကြောင့် ယခုတော့ ၁၅ယောက်လောက်သာ ကျန်တော့သည်။ ထို စတိခေတဿတနေရာတွင် သူတို့ကို အဓိက ဒုကဿခပေးနေသော အကောင်ကြီး လေးကောင်လည်း ရှိသေးသည်။ ကြောင်ကြီး၊ ဖားကြီး၊ ခွေးကြီးနှင့် ငန်းကြီးတို့ ဖြစ်ကြလေသည်။

ကြောင်ကြီးသည် လွန်စွာကြောင်သော အကောင်ကြီးဖြစ်သည်။ သူ့မျက်လုံးများမှာ လွန်စွာမှ ကြောင်တောင်တောင် နိုင်လေသည်။ ကြောင်ကြီးသည် စားစရာကိုပဲ ရှာနေတတ်သည်။ စားပြီးလျှင် ထပ်စားရမည့်အရေးကို ချောင်းတတ်သလို ထပ်စားရမည်ကိုလည်း သိနေသော အကောင်ကြီး ဖြစ်၏။ ယင်းတို့က မကျွေးလျှင် ခိုးစားတတ်သေးသည်။ ထို့ကြောင့် ဒါဝင်လူများမှာ အစားအစာ ရလာရင် ဟိုဖွက်ရ ဒီဖွက်ရနှင့် ကိုယ့်ပစဿစည်းနှင့်ကိုယ် ဒုကဿခများရရှာသည်။

သူတို့တဲတွေရှေ့မှာ ခွေခွေခွေခွေ အမြဲနေတတ်သော ထိုအကောင်ကိုတော့ ခွေကြီးဟု အမည်ပေးထား၏။ နောင်မှ ကာလရွေ့လျောပြီး ခွေးကြီး ဖြစ်လာသောဟူ၏။ ခွေးကြီးက အချိန်ပြည့် အူသည်။ ထိုအူသံသည် လွန်စွာ ဆွေးဆွေးမြေ့မြေ့ ရှိလှသည်။ ချစ်သူ ခွဲခွာခြင်း ခံရသော လူများ ညည်းညူနေသလိုမျိုး အချစ်ကို တမ်းတကာ အူနေသလားလို့ သူတို့တွေ ထင်မြင်မိသည်။ မည်သို့ပင်ဆိုစေ ခွေးကြီးကတော့ ရည်းစားလူလု အူနုကျွဲခတ်ခံရသော လူပမာ နေ့စဉ်မပြတ် အူနေလေရာ သူတို့သည်လည်း အလွမ်းအဆွေး ဓာတ်ခံရှိသော လူများပီပီ ခွေးအူသံတွင် မျောပါကာ ဘာကိုလွမ်းမှန်းမသိ လွမ်းဆွေးရင်း ချုံးချုံးကျကုန်သော ဟူ၏။

နောက်ထပ် ပြသဿသနာကောင်တစ်ကောင်ကို ယူဆောင်လာသည်မှာ မိန်းမတစ်ယောက်ဖြစ်သည်။ ထိုမိန်းမမှာ အပျိုကြီးလည်းဖြစ်သည်။ သူတစ်နေ့တစ်နေ့ သိချင်နေသည်မှာ သူ့ဘဝမှာ ယောက်ျားရမှ ရပါဦးမလားဟူသော မေးခွန်းပင်ဖြစ်သည်။ (ယင်းအပျိုကြီးမှာ ဇီဇာကြောင်လွန်းခြင်း၊ နေရာတကာပါခြင်း၊ ပစိပစပ်များခြင်း၊ ရစ်ခြင်း၊ ဆရာကြီးလုပ်ခြင်း စသော အမူအကျင့်များကြောင့် ဒါဝင်ယောက်ျားများက ရှောင်ကြလေ၏)။ ထိုမေးခွန်းကို တွေ့သည့်သူတိုင်းကို မေးသည်။ မေးလွန်းသဖြင့် အခြားသူများက သူ့တွေ့လျှင် ရှောင်ပြေးရသောဟူ၏။ နောက်ဆုံးတွင် မေးစရာမရှိသောအခါ သစ်ပင်တွင်ကပ်နေသော ယင်းအကောင်ကို တို့ဘဝမှာ ယောက်ျားရဖို့ အခွင့်အရေးလေးများ ရှိပါဦးမလားဟယ် ဟု ကနွဲ့ကလျ သွားမေးသောကာလ ယင်းသတဿတဝါက ခေါင်းတဆတ်ဆတ် ညိမ့်လေသတတ်။ ထိုအခါ ဝမ်းသာလုံးဆို့ပြီး ဒင်းကလေးက ချောမှာလားဟု ဆက်မေး၏။ ယင်းအကောင်ကလည်း ခေါင်းထပ်ညိမ့်ပြန်၏။ ထိုမှစပြီး မိန်းမအချင်းချင်း သတင်းလွေ့လွေ့ ဖြစ်သွားကာ ရှေ့ဖြစ်ဟောတတ်သော အကောင်တစ်ကောင်ဟု သတ်မှတ်ပြီး နတ်သဖွယ် ကိုးကွယ်ကြလေသည်။ အစားအစာ ရှာ၍ရလျှင် ယောက်ျားကို အသာထာပြီး ယင်းအကောင်ကို ဦးစွာ သွားပသကြ၏။ (ဗုဒဿဓတရားတှောထဲမှ ရွှေဆွဲပြားဆွဲပြီး မာန်တက်နေသော အကောင်မှာ ယင်းအကောင်၏ ဘိုး၊ဘေး တှောစပ်လေသည်) ထိုကဲ့သို့ မုန့်လေးပဲလေးနှင့် သွားသွားမေးလျှင် ခေါင်းညိတ်တတ်သောကြောင့် မုန့်တင်ညိတ်ဟု အစက အမည်ပေးကြလေသည်။ (ဝဂ်တူစကားလုံးများ ပြောင်းလဲတတ်သည်ဟူသော မြန်မာစကားထုံးတမ်းတို့အရ မုန့်မှပုန့်၊ နသတ်မှတသတ်ပြောင်း အောက်မြစ်ကျေပြီး ပုတ်ဖြစ်လာ၏။ ညိတ်မှ တသတ်က တစ်ချောင်းငင်ဖြစ်ပြီး ညိုဖြစ်လာရာမှ နောက်ပိုင်း ပုတ်သင်ညိုဟု ခှေါကြကြောင်း ပျောက်ကွယ်သွားပြီဖြစ်သော လိပိဗေဒကျမ်းတို့က ဆိုလေသည်)

ကမဿဘာဦး လူသားများ ဖြစ်သည်နှင့်အညီ ဉာဏ်အားဖြင့် နည်းပါးသေးသည့်အလျောက် ယင်းတို့ မသိသည့် အချက်မှာ ယင်းသို့သော ပုတ်သင်ညိုကောင်များသည် ဘာမေးမေး၊ ဘာပြောပြော ခေါင်းညိတ်တတ်သည် ဆိုသော အချက်ပင် ဖြစ်လေ၏။ ဤသို့ဖြင့် မေးရင်းမေးရင်းမှ ပုတ်သင်ညိုလေးရေ ငါ့ရည်းစားကို ဟိုကောင်မ မျက်စပစ်နေတယ် ဆိုတာ ဟုတ်လားဟင် ဆိုသော မေးခွန်းမျိုး၊ ဟိုကောင်မ ငါ့နေရာလုဖို့ ကြံနေတာ ဟုတ်တယ်မဟုတ်လား ဆိုသော မေးခွန်းမျိုးများ ပါလာရမှ စပြီး ဒုကဿခရောက်ကြလေ၏။ ပုတ်သင်ညိုက မေးသမျှ ခေါင်းညိတ်၏။ ထိုအခါ ဒေါမနသဿသတွေ ပွားများကြပြီး အချင်းချင်း တုတ်တပြက် ခဲတပြက် (ကျောက်ခေတ်သာ ရှိသေးသောကြောင့် ဓား မပှေါသေး) ဖြေရှင်းကြကုန်၏။ မိန်းမများအချင်းချင်း ဖြစ်သောစစ်ပွဲသည် ယောက်ျားများကို ကူးစက်တက်ရကား ယောက်ျားများလည်း အချင်းချင်း သတ်ကုန်ကြ၏။ ထိုအကောင်ကောင်းမှု အကြောင်းပြု၏ ဒါဝင်လူများမှာ တစ်ရပ်ထဲ နေနေသှောလည်း အစိတ်စိတ် အမွှာမွှာကွဲကာ တစ်ဦးကိုတစ်ဦး အယုံအကြည် မရှိကြတော့ပေ။ ဖက်ဒရယ်မူကြောင့် ဒါဝင်ပြည်ထောင်စု ပြိုကွဲတော့မည့် အရေးကို ပြေးမြင်ကြသော ဒါဝင်လူကြီးသူမများမှာ ယင်းပြသဿသနာကို ဖြေရှင်းဖို့ရန် ခေါင်းခဲကြရလေသည်။

နောက်ဆုံး အကောင်တစ်ကောင်ကား ငန်းကြီးဟု အမည်ရလေ၏။ ငန်းကြီးမှာ ယခုသင်တို့ မြင်ဖူးကြသော အရွယ်အစား မဟုတ်ပါ။ ကမဿဘာဦးသတဿတဝါ ဖြစ်သောကြောင့် အတှောကြီးလေ၏။ ယင်းငန်းကြီးသည် ယခင်ဘဝက တဏှာရာဂ အင်မတိအင်မတန် ကြီးမားသော လူယောက်ျားတစ်ဦး ဖြစ်ခဲ့ပုံ ရပါ၏။ အဘယ်ကြောင့်ဆိုသော ငန်းဘဝ ရောက်နေသည့်တိုင် မိန်းမမြင်တိုင်း လည်ပင်းကြီးဆန့် နှုတ်သီးကြီး ရှေ့ထိုးထိုးပြီး အတင်းအဓမဿမ လိုက်လေသောကြောင့် ဒါဝင်မိန်းမများမှာ ဟိုနေရာ စုတ်ပြဲ ဒီနေရာစုတ်ပြဲ ဟိုနေရာ သွေးခြေဥ ဒီနေရာ သွေးခြေဥ ဖြစ်ကြရလေ၏။ ယင်းငန်း အလိုက်ကို ခံရ၍ ကြောက်လန့်ပြီး ပြေးရာမှ ချောက်ထဲကျသေသူလည်း သုံးလေးယောက် ရှိသောဟူ၏။ မည်သို့ပင် ဒါဝင်လူများ တပ်ပျက်နေပါစေ ငန်းကြီးကတော့ မိန်းမမြင်တိုင်း လိုက်ထိုးတုန်းပင်၊ မှီရာလေးကို ကိုက်ဆွဲလိုက်ချင်တုန်းပင်။ ကြာလာတော့ ဒါဝင်လူများမှာ ဆီးချုပ်ဝမ်းချုပ်ပင် ဖြစ်လာကြသည် ဆို၏။ မတှော သူတို့သတိမေ့နေတုန်း မောင်ရွှေငန်းက မတှောရာဝင်ဆွဲ မတှောရာဝင်ထိုးလျှင် ကိုယ်ကျိုးနည်းကုန် ကြမည်ပေါ့။ ထို့ကြောင့် ဒါဝင်မိန်းမများခများ အမျိုးသမီးငန်းစောင့်ရှင်များ တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ကင်းစောင့်ကြရသည်အထိ အလုပ်ရှုပ်ကြရတော့သည်။

ထို့ကြောင့် သူတို့သည် အဆိုပါ ကြီးလေးကြီး ပြသဿသနာကို ဖြေရှင်းဖို့ရာ အစည်းအဝေး မကြာခဏ ထိုင်ကြရတော့သည်။ သို့ရာတွင် အစည်းအဝေးများ၏ ထုံးစံအတိုင်း လိုရာသို့ မရောက်နိုင် ပြောချင်ရာတွေပြော ငြင်းချင်ရာတွေ ငြင်းပြီး မည်သည့်အခါမှ ပြသဿသနာ ပြေလည်သွားသည် မရှိဘဲ အစည်းအဝေး ထိုင်ခြင်းသည်သာ အဖတ်တင်သောဟူ၏။ နောက်ဆုံးတွင်တော့ သူတို့ လူများ လျော့နည်းလာရခြင်းမှာ လွန်စွာ စိုးရိမ်ရသော အခြေအနေ ဖြစ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်ကို ရလေသည်။ ထိုပြသဿသနာကိုတော့ မိမိတို့ အနစ်နာခံကာ ဖြေရှင်းပေးပါမည်ဟု လူယောက်ျား ၁ဝယောက်စလုံးက လူမိန်းမ ၅ယောက်ကို အံကြိတ်ခါ အာမခံလေသည်။ ဤနေရာတွင် အလျင်းသင့်၍ ပြောလိုသည်မှာ အဆိုပါ ဒါဝင်လူများမှာ အားဒမ်နှင့် အေးမ၊ ဒညင်းမယ်တို့ကဲ့သို့ မဟုတ်ကြပေ။ သူတို့သည် သဘာဝတရားကြီး အကြောင်းကို ကောင်းကောင်း သိလေ၏။ ယောက်ျားဟူသည် အဘယ်နည်း၊ မိန်းမဟူသည် အဘယ်နည်းမှ အစ အဆိုပါယောက်ျားနှင့် မိန်းမတို့ တက်ညီလက်ညီ ပူးပေါင်းပါက မည်သို့သော ရလဒ်များ ထွက်ပှေါလာတတ်ကြောင်းကိုလည်း သိသောဟူ၏။ လွန်စွာ ထူးချွန်သော ဒါဝင်လူများပါပေ။ အဆိုပါ ယောက်ျားတို့၏ အနစ်နာခံချက်ကို ဒါဝင်မိန်းမများက သနားသဖြင့် လက်ခံကာ လူဦးရေ တိုးပွားအောင် ဆောင်ရွက်ကြလေတော့သည်။ ထိုသို့ဖြင့် သူတို့သည် အနဿတရာယ် ကြီးလေးကြီး၏ ပြသဿသနာကို မဖြေရှင်းနိုင်သှောငြားလည်း လွန်စွာ အရေးကြီးလှသော လူဦးရေ တိုးတက်မှု ပြသဿသနာကြီးကို ကိုင်တွယ်နိုင်ခဲ့ ကြပေသည်။


ပေါက်တတ်ကရကိုမှ အားပါးတရ ဖတ်ချင်သူများအတွက် :D


No response to “မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၄)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz