Wednesday, August 5, 2009

နေကြတ်ခြင်း

ကိုတာရာမင်းဝေ ကွယ်လွန်တဲ့ အထိမ်းအမှတ် ကဗျာလေးတစ်ပုဒ် ရေးဖြစ်တယ်။ အသိတစ်ယောက်ကတော့ နင်နဲ့ဘာဆိုင်လို့ ရေးရတာလဲလို့ မေးပါတယ်။ အခုခေတ်ပှေါစာပေ ပြောင်းလဲမှုမှာ ကိုတာရာမင်းဝေဟာ အဓိကလူတစ်ယောက်လို့ ကျွန်တှော ယုံကြည်တယ်။ ကျွန်တှောတို့ ကိုယ်တိုင်လည်း ကိုတာရာမင်းဝေရဲ့ စာပေလွှမ်းမိုးမှု အများကြီးကို ခံခဲ့ရတာပါ။ စာလုံးအနုအရွလေးတွေကို ခေတ်ပှေါကဗျာတွေထဲ ထည့်တဲ့နေရာမှာ ကိုတာရာမင်းဝေကို ဘယ်သူမှ မမှီဘူးလို့ ထင်မိတယ်။ ဒါကြောင့် ဒီကဗျာလေးကို ၂ရက်တိတိ သေသေချာချာ စကားလုံးရွေးချယ် မုဒ်အပြည့်သွင်းပြီး အမှတ်တရ ရေးခဲ့ပါတယ်။ (စကားမစပ် သူကွယ်လွန်သွားတာကို နေကြတ်တာနဲ့ နှိုင်းယှဉ်ပြီး ရေးရလားလို့တော့ ပေါက်တက်ကရတွေ မဝေဖန်ကြပါနဲ့ခင်ဗျာ)




နေကြတ်ခြင်း


မျက်လှည့်ဆရာ ပါးစပ်ထဲ မြိုချလိုက်သလိုမျိုး
မီးတောက်ဟာ ရုတ်တရက် ကွယ်ပျောက်သွား
ဖူးပွင့်တော့မယ့် ပန်းကလေးတစ်ပွင့်တောင်
ထိတ်ခနဲ လန့်ဖြန့်ပြီး ပြန်ငုံသွားရရှာတယ်
နေကြတ်ပြီမေမေ
စကြဝဠာတောအုပ်တွေထဲက
တောရဲတိရစဿဆာန်တွေအားလုံး
ဝေါခနဲ တိတ်ဆိတ်သွားကြ
အားလုံးရဲ့ အကြည့်ဟာ ပျောက်ဆုံးသွားသောအရာ
တစ်သက်လုံး လင်းခဲ့သမျှ ခဏလေး အမှောင်ကျသွားခဲ့တာပါ
ကျွန်တှောတို့ မခံနိုင်ခဲ့ကြဘူး
လှုပ်ရှားနေတဲ့ အရာတွေ တစ်ချိန်မှာ ရပ်တန့်သွားမယ်
ငြိမ်သက်နေတဲ့ အရာတွေလည်း တစ်ချိန်မှာ လူးလွန့်လာမယ်
ရနေတာတွေအားလုံး တစ်ချိန်မှာ ပျောက်ဆုံးပြီး
မရခဲ့သေးတာတွေအားလုံး တစ်ချိန်မှာ ပှေါလာမယ်
နေကြတ်ပြီ
နဂါးငွေ့တန်းရဲ့ အခန်းထဲမှာ
ကမဿဘာရဲ့ ဂြိုဟ်ရံလကို ခြုံလွှာလို အကာအကွယ်ယူပြီး
နေဟာ မြွေတစ်ကောင်လို အရေခွံလဲခဲ့ပြီ။



July 27, 2009

PS. ဒီကဗျာလေးကို မနှောရဲ့ အရှေ့မြို့ရိုးကနံနက်ခင်း ဆိုတဲ့ ကဗျာပြပွဲလေးမှာလည်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။

No response to “နေကြတ်ခြင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz