Thursday, August 13, 2009

18+Den is upgraded with newly Zawgyi 2009


ဒီနေ့ ကျွန်တှော့ရဲ့ ဘလောဂ် တစ်ခုလုံးကို ဇှောဂျီစာလုံးအသစ် ၂၀၀၉ နဲ့ အစားထိုးလိုက်တယ်။ Stable Version လို့လည်း ယူဆလို့ ရနေပါပြီ။ ဒီဖောင့်အသစ်ဟာ Mark ရဲ့ အစွမ်းကြောင့် မြန်မြန် ထွက်လာတာပါ။ မြန်မြန် ဆိုတာတောင်မှ အခါပေါင်းများစွာ လိုနေတာတွေဖြည့်လိုက်၊ ပိုကောင်းအောင် လုပ်လိုက်နဲ့ တှောတှော အချိန်ပေးလိုက်ရမှာ အသေအချာပါပဲ။ ဒီစနစ်မှာ ပြောင်းလဲမှုတွေ အများကြီး ပါပါတယ်။ အရင်က အမျိုးအစားတွေ ကွဲပြားနေတဲ့ ရရစ်တွေ၊ ဟထိုးတွေ၊ အောက်မြစ်တွေကို စံစနစ် တစ်ခုထဲမှာ ထားလိုက်တယ်။ အဲဒါကြောင့် လူက မှားရိုက်ရင်တောင် Keyboard ကနေ အလိုလို ပြင်ပေးသွားပါလိမ့်မယ်။ ဖောင့်အသစ် သွင်းထားတဲ့သူ အနေနဲ့ ဖောင့်အဟောင်းနဲ့ ရေးထားတဲ့ စာတွေကို အရင်အတိုင်း မြင်ရပါမယ်။ ဒါပေမယ့် ဖောင့်အဟောင်း သုံးနေဆဲ လူတွေကတော့ ဖောင့်အသစ်နဲ့ ရေးထားတာတွေကို ဖတ်ရှုရင် အမြင်မှားယွင်းနေပါလိမ့်မယ်။ လက်ကွက်အပြောင်းအလဲ သိပ်မရှိပါဘူး။ ကိုယ့်ဘလော့မှာ ရေးထားတဲ့ အရင်ကစာတွေကိုလည်း Keymaster မှာပါတဲ့ Converter ကနေ တစ်စကဿကန့် အတွင်း ပြောင်းပေးနိုင်ပါတယ်။ ကျွန်တှော့ရဲ့ ဘလော့မှာ ပိုစ့်ပေါင်း ၁၄၀၀ ကျှော ရှိတယ်။ Space ခံထားတဲ့ အကဿခရာပေါင်း သုံးသန်းခွဲလောက် ရှိပါတယ်။ ဒါကို ၁.၁ စကဿကန့်အတွင်းမှာ ပြောင်းပေးနိုင်တာ တွေ့ရပါတယ်။ အပြင်က Word လိုမျိုးပှေါမှာ ရိုက်ထားတဲ့ စာကို ပြောင်းလဲတာ အရမ်းလွယ်ကူတာ တွေ့ရပါလိမ့်မယ်။ ဘလော့တွေမှာ ဆိုရင်တော့ အဆင့်လေး နဲနဲ ရှိပါတယ်။ အဲဒီလို ပြောင်းလဲပုံ အဆင့်ဆင့်ကို မနက်ဖြန်ကျမှ ရေးပါတော့မယ်။ ဇှောဂျီဖောင့် သုံးနေတဲ့သူတွေ အနေနဲ့ကတော့ အရင်အဟောင်းအစား ဒီဖောင့်ကို အဆင့်မြှင့်တင် အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီအသစ်ကို အသုံးပြုမယ်ဆိုရင် Search Engine တွေအနေနဲ့ စနစ်ကျတဲ့ Keyword တွေကို သတ်သတ်မှတ်မှတ် ရွေးချယ်လာနိုင်မှာမို့ ကိုယ့်ဝဘ်ဆိုဒ်ရဲ့ Ranking တွေလည်း တက်လာ နိုင်ပါတယ်။ မည်သူ့ကိုမှ မစည်းရုံးပါ။ ကိုယ်နဲ့ အဆင်ပြေတဲ့ဟာကို သုံးတာ ကိုယ့်အတွက် စိတ်အချမ်းသာဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော့အတွက်ကတော့ ဒီဟာက အဆင်အပြေဆုံး ဖြစ်နေတာမို့ ဒါလေးကိုပဲ ဆက်လက် ရွေးချယ်လိုက်ပါတယ် ခင်ဗျား။


No response to “18+Den is upgraded with newly Zawgyi 2009”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz