Sunday, July 19, 2009

Population of Myanmar 2006-2007

Population of Myanmar 2006-2007


Update!

မနေ့က ကျွန်တှော လောလောနဲ့ တင်လိုက်မိတဲ့ Population by State & Division and Sex မှာ အမှားအယွင်း နဲနဲ ပါသွားတဲ့အတွက် တောင်းပန်ချင်တယ်။ စာလေးနဲနဲ မှားရိုက်လိုက်မိတာက လူဦးရေ သိန်းဂဏန်းလောက် ပိုထွက်သွားတယ်။ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်က အချက်အလက်တချို့ မှားသွားပါတယ်။ (မိုးတွေ တအားရွာနေပေမယ့် ခုထိမီးမလာသေးလို့ LED ဖန်ချောင်းလေးနဲ့ မလင်းတလင်း ရိုက်ရတာကြောင့်လည်း ပါပါလိမ့်မယ်။ ဆင်ခြေ) နောက်ပိုင်း ဒေတာတွေမှာတော့ အမှားအယွင်းကင်းကင်း ဖြစ်နိုင်အောင် လုပ်ထားပါတယ်။ ကွန်မန့်ထဲမှာ ကိုဝီရှီမီ ပြောထားတာတဲ့ အသက်အလိုက် လူဦးရေဇယားကို ပြန်စစ်ထားပါတယ်။ အဲဒီမှာ အမှားမပါပါဘူး။ မြန်မာပြည်မှာ အသက်ကြီးလာလေလေ လူဦးရေ နည်းသွားလေလေပါပဲ။ နောက်ထပ်လည်း သိပ်စိတ်ဝင်စရာကောင်းတဲ့ အချက်အလက်တွေကို တင်ပြပေးသွားပါဦးမယ်။



Myanmar Statistical Year Book 2007 ထွက်လာတော့ ပြေးဝယ်လိုက်ပါတယ်။ စာအုပ်အပြင် စီဒီဗားရှင်းလည်း ရှိတယ်။ ဘာယူယူ ၈၀၀၀ မို့လို့ စာအုပ်ပဲ ယူလာခဲ့တယ်။ ကျွန်တှော့အတွက်တော့ ဒီကိန်းဂဏန်းတွေဟာ စိတ်ဝင်စားစရာ အတိပါပဲ။ သခဿငျာကိုလည်း စိတ်မဝင်စား၊ စီးပွားရေးလည်း စိတ်မဝင်စားပေမယ့် ဒီကိန်းဂဏန်းတွေကို ကြည့်ပြီး ဆက်စပ် စဉ်းစားကြည့် ရတာမျိုးကိုတော့ အထူးပဲ စိတ်ဝင်စားမိပြန်တယ်။ စာအုပ်ထဲက အချက်အလက်တချို့ကို ကူးယူပြီး ကွန်ပျူတာနဲ့ Analyze လုပ်ကြည့်ပါတယ်။ အာရုံကျတာလေးတွေကို Chart လေးတွေ လုပ်ထားဖြစ်တာ ဝေမျှလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၆-၂၀၀၇ လူဦးရေဟာ 56515000 ဖြစ်တာမို့ လူဦးရေ တိုးနှုန်း ၂.၀၅နဲ့ တွက်ကြည့်ရင် ၂၀၁ဝမှာ သန်းခြောက်ဆယ် ပြည့်လာမှာ ဖြစ်ပါတယ်။ မနဿတလေးက လူဦးရေ အများဆုံးနဲ့ ရတနာပုံFC လိုပဲ ဗိုလ်စွဲနေပါတယ် (ဆွေမျိုးပေါက်ဖှောတွေများ များနေသလားလို့)။ ကယားပြည်နယ်ကတော့ လူဦးရေ အနည်းဆုံး ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသမီး အများဆုံးမှာလည်း မနဿတလေးက ဗိုလ်စွဲပါတယ်။ ကယား၊ မွန်၊ ပဲခူး၊ ရှမ်း၊ ဧရာဝတီဒေသတွေမှာ ယောက်ျားဦးရေဟာ မိန်းမဦးရေထက် များတာကို တွေ့ရတယ်။ ကျန်ဒေသတွေမှာတော့ မိန်းမက များပါတယ်။ ယောက်ျားမိန်းမ ဦးရေ ကွာခြားချက်မှာတော့ သိပ်ကွာခြားတာ မတွေ့ရပါဘူး။ ဒါက ပြည်နယ်၊ တိုင်းအလိုက် လူဦးရေ ဇယားပါ။

နောက်တစ်ခုက အသက်အရွယ်အလိုက် လူဦးရေပါ။ မွေးစကလေး အများဆုံးဆိုတာ သိပ်မထူးဆန်းပေမယ့် အသက် ကြီးလာလေလေ လူဦးရေ နည်းလာလေလေ ဖြစ်နေတာက ထူးဆန်းတယ်လို့ ထင်မိတယ်။ သူများနိုင်ငံတွေရော အဲလိုပဲလားလို့ စဉ်းစားမိတယ်။ ငယ်ငယ်တုန်းက ကွန်တိုမြေပုံ သင်ရသလိုမျိုး ဘာတွေ့လို့ ဘာဖြစ်တယ် ဆိုတာမျိုး လေ့လာကြည့်မယ်ဆိုရင် စိတ်ဝင်စားစရာပါ။ ဘာရယ်မဟုတ်ပါဘူး။ ကိန်းဂဏန်း အချက်အလက်တွေ လိုအပ်သူများရှိရင် အလွယ်တကူ ကိုးကားနိုင်အောင်လို့ပါ။


Population of Myanmar by States & Divisions and Sex (2006 Oct 1)




Population of Myanmar by Age Group and Sex (2006 Oct 1)




Remark: Data extracted from Statistical Yearbook 2007 by Central Statistical Organization, Ministry of National Planning and Economic Development.

No response to “Population of Myanmar 2006-2007”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz