Monday, July 13, 2009

ေဇာှဂ်ီကိစဿစ


ဇှောဂျီနဲ့ ပတ်သက်တဲ့ ပေါက်တက်ကရ လျှောက်ရေးနေရတာတွေ ဖတ်နေရတော့ တှောတှော စိတ်ပျက်လာတယ်။ မဆိုင်တာ ဆွဲဆွဲပြီး ကိုယ့်နာမည်ပါ တွဲတွဲပါလာတတ်လို့ ပိုစိတ်ပျက်တယ်။ စိတ်ပျက်တယ်ဆိုတာ စိတ်ညစ်တာကို ပြောတာမဟုတ်ဘူး။ တစ်ခါ၊ နှစ်ခါ၊ သုံးလေးခါ ဘာမှပြန်မပြောချင်လို့ ငြိမ်နေတာကို သူတို့ကိုယ်သူတို့ သိပ်မှန်တယ်လို့ ထင်နေကြလား မသိဘူး။

ဒီလိုဒီလို ရေးနေကြတဲ့ သူတွေဟာ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅မှာ အင်တာနက် မသုံးခဲ့ဘူးတဲ့ သူတွေလို့ပဲ ယူဆမိတယ်။ အဲဒီကာလက အင်တာနက်မှာ မြန်မာနဲ့ ပတ်သက်တဲ့ ဒေတာဆိုတာ မြန်မာလိုမပြောနဲ့ အဂဿငလိပ်လိုတောင် ဖြစ်ဖြစ်မြောက်မြောက် ရှိလှတာ မဟုတ်ဘူး။ အခုလို အင်တာနက်မှာ မြန်မာဒေတာတွေ များပြားနေတာဟာ ဇှောဂျီပှေါလာလို့ရယ်၊ မြန်မာဘလော့ဂါတွေကြောင့်ရယ် ဆိုတာ ဖင်ပိတ်ငြင်းချင်လည်း ငြင်းကြပေါ့။ သမိုင်းဆိုတာ ဖျောက်လို့ မရပါဘူး။

ဇှောဂျီနဲ့ရေးရေး မြန်မာသရီးနဲ့ရေးရေး လုပ်တတ်တဲ့သူတွေအတွက် ခွဲခြားဖို့၊ ပြစေချင်တဲ့ဟာနဲ့ ပြဖို့ဆိုတာ ဘာမှ မခက်ခဲဘူးဆိုတာ မေးနေစရာတောင် မလိုဘူး။ ပြန်ဖြေနေရတာတောင် အချိန်ကုန်သေးတယ်။ သိပ်သိချင်တယ် ဆိုရင်တော့ http://www.soemin.net ကိုစိုးမင်းဘလော့မှာ မရေးခင်လေး လေ့လာကြည့်ပေါ့။ တိုင်းရင်းသားစာတွေ ပျက်အောင် ဖျက်နေသလိုလို ဘာလိုလို လျှောက်ပြောနေတာကတော့ ညံ့ဖျင်းရာ၊ Domain Knowledge နဲလွန်းအားကြီးတာ သိပ်သိသာတယ်။ ထပ်ပြောပြဦးမယ်။ ၂၀၀၄ အင်တာနက်ပှေါမှာ တိုက်ရိုက်စာရေးမယ်လုပ်တော့ ဇှောဂျီကလွဲလို့ ကျန်တဲ့ဘယ်ဟာမှ အဆင်မပြေဘူး။ ဘရောက်ဇာတွေကလည်း Support မလုပ်သေးဘူး။ ပထမဆုံး အဆင်ပြေတာ Firefox မှာ။ ဒါကြောင့် ဒါကို သုံးခဲ့တာပဲ။ ဒါကို အခုမှ စသုံးပြီး ဟိုဟာကဘာဖြစ်တယ် ဒီဟာကဘာဖြစ်တယ် လျှောက်အှောနေတာ ေတာှေတာှ ဆိုးတဲ့ ကိစဿစပဲ။ ဇှောဂျီပဲဖြစ်ဖြစ်၊ သူယောင်မယ်ပဲဖြစ်ဖြစ် ယူဇာဆိုတာ အဆင်ပြေတဲ့ဟာကို အသုံးပြုမှာပဲ။ အခုလည်း မြန်မာသရီး သုံးနေတဲ့သူ အများကြီးရယ်။ အဲဒါ ဘာဖြစ်သလဲ။ ဇှောဂျီနဲ့ ရေးထားတဲ့ဟာ ဘာမှမလုပ်ဘဲ မြန်မာသရီးနဲ့ ပြမလား။ java script လေးတစ်ခုပဲ ကိုယ့်စာမျက်နှာထဲ ထည့်ဖို့လိုတယ်။ ဇှောဂျီလည်း မကြိုက်ဘူး မြန်မာသရီးလည်း မကြိုက်ဘူးဆိုရင် ကိုယ့်ဘာသာ ဖောင့်ခရီရေတာ ဆော့(ဖ်)ဝဲတစ်ခုသုံးပြီး စိတ်ကြိုက် ဖောင့်လုပ်လည်း ရတယ်။ ယူနီကုဒ်မသုံးလို့ သေမသွားဘူး။ အလုပ်ဖြစ်တဲ့ဟာနဲ့ အဆင်ပြေတာကို သုံးတာပေါ့။ ဘယ်သူကမှလည်း ရိုက်ပြီး မသုံးခိုင်းပါဘူး။

နောက်တစ်ခုက အစိုးရက ဇှောဂျီကိုထွင်ပြီး တိုင်းရင်းသား ဘာသာစကားတွေ ပျက်စီးအောင် လုပ်နေသလိုလို ဘာလိုလိုနဲ့ ဂုဏ်တက်အောင် သွားလုပ်နေသေးတယ်။ ၂၀၀၄တုန်းက ဗိုလ်ချုပ်မြင့်ဆွေဆိုတာ ဘယ်နားနေမှန်းတောင် မသိသေးဘူး။ အခုမှ ဘယ်ကနေဘယ်လို ဆက်စပ်ပြီး တီထွင်စဉ်းစားလိုက်တယ် မသိဘူး။ တှောတှောလည်း တှောတဲ့ ဉာဏ်ကြီးရှင်တွေပါပဲ။ အစိုးရဆန့်ကျင်တဲ့ ဘလော့တွေအားလုံး ဇှောဂျီကို သုံးနေကြတာကိုတော့ ချန်ထားကြပြန်တယ်။

ထပ်ပြီးရှင်းရှင်းပြောရရင် ဒီနေရာက ဖိနပ်ချွတ်မှ သွားလို့ရတယ်ဆိုရင် ဖိနပ်ချွတ်ပေါ့။ ဒီနေရာက ခေါင်းစည်းရမယ်ဆို ခေါင်းစည်းရမှာပေါ့။ ကိုယ်က လုပ်ချင်တာကိုး။ ဒီလိုပဲ ကိုယ်သွားတဲ့ Website က ဇှောဂျီနဲ့ ရေးထားထား၊ ဝင်းဖောင့်နဲ့ ရေးထားထား၊ မြန်မာသရီးနဲ့ ရေးထားထား ကိုယ်က အဲဒီက ဒေတာကို သိချင်၊ လိုချင်တယ်ဆိုရင် ဖောင့်လေး ထည့်လိုက်ပေါ့။ မလိုချင် မဖတ်ချင်လည်း မထည့်နဲ့ပေါ့။ ဘာများ ခက်တာမို့လို့လဲကွယ်။ ယူနီကုဒ် ဆိုတာ စနစ်တစ်ခု၊ ဖောင့်ဆိုတာက အပှေါယံကရုပ် ဆိုတာကိုတော့ ခွဲခြားသိမှ ဖြစ်မယ်။ နောက်တစ်ခုက ဒီလိုရေးနေတဲ့သူတွေဟာ ဘယ်လောက်များ ဒေတာတွေနဲ့ လုပ်ကိုင်နေရသလဲ၊ ဆော့(ဖ်)ဝဲတွေနဲ့ တွဲပြီး အသုံးပြုဖူးသလဲ၊ ဘယ်စနစ်မှာ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ ဆိုတာတွေရော သိရဲ့လားလို့ မေးချင်ပါသေးတယ်။

ကျွန်တှောကိုယ်တိုင် ဟိုးအရင်ထဲက ဇှောဂျီကို သုံးခဲ့တာ။ မြန်မာစာပရောဂျတ် တစ်ခုအတွက် ဒေတာတွေ စုဆောင်းရာမှာ ကျွန်တှော့အတွက် အဆင်ပြေတဲ့အတွက် ဒါကို ဆက်သုံးခဲ့တယ်။ စာလုံးလေး တစ်သောင်း၊ နှစ်သောင်း မဟုတ်ဘူး။ ကုဋေနဲ့ ချီနေတာ။ ဒါတွေကို ဆော့(ဖ်)ဝဲတွေနဲ့ တွဲတဲ့အခါ ဇှောဂျီရဲ့ အားနည်းချက် တချို့ကြောင့် အခက်အခဲတွေနဲ့ ကြုံရတယ်။ ယူနီကုဒ်စနစ်က စာရိုက်ရတာ ဇှောဂျီထက်တောင် ပိုလွယ်ကူသေးတယ်။ Sorting, Breaking တွေမှာလည်း ပိုလွယ်သေးတယ်။ ဒါပေမယ့် သူ့ပြသဿသနာက အဲဒီစနစ် အသုံးပြုထားတဲ့ ဖောင့်တချို့က သိပ်လေးလွန်းအားကြီးတယ်။ နုတ်ပဒ်မှာ ရေးထားတဲ့ စာလုံး သုံးလေးသောင်းကိုတောင် တှောတှော ဖွင့်ယူရတယ်။ ဒီတော့ ကျွန်တှော့ ဒေတာတွေနဲ့ မကိုက်ဘူး။ နောက်တစ်ခုက မြန်မာယူနီကုဒ် စနစ်တချို့ကို မကြိုက်ဘူး။ ဒါလည်း ကျွန်တှော ရေးခဲ့ဖူးတယ်။ အဲဒီတော့ ဇှောဂျီကို အားမရပေမယ့်၊ စိတ်တိုင်းကျတဲ့ နောက်တစ်ခုလည်း မပှေါသေးတာမို့ ဒါကိုပဲ ဆက်သုံးတယ်။ ကျွန်တှော့ဆီက ပရောဒတ်တစ်ခု ထွက်တဲ့အခါ ယူနီကုဒ်စနစ်နဲ့ ပြစေချင်ရင် အဲဒီစနစ်အတိုင်း ပြပေးမယ်။ ဝင်းနဲ့ ပြစေချင်ရင်လည်း ပြပေးလို့ရတယ်။ ကျွန်တှော အဆင်ပြေတဲ့အရာကို ကျွန်တှောသုံးတာပဲ။

ဇှောဂျီပဲသုံး အဲဒါပဲကောင်းတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ယူဇာဆိုတာ သူတို့အတွက် အဆင်အပြေဆုံးဟာကို သူတို့ သုံးမှာပဲ။ ကျွန်တှောတို့က ဇှောဂျီပြန့်ပွားအောင် အဓိက လုပ်ခဲ့တယ် ဆိုရင်တောင် တနည်းအားဖြင့် ဟုတ်တယ်လို့ ဆိုနိုင်သလို မဟုတ်ဘူးလို့လည်း ဆိုနိုင်တယ်။ ကျွန်တှောတို့ လုပ်ခဲ့တုန်းက တခြားဖောင့်တွေကမှ ကျွန်တှောတို့အတွက် အဆင်မပြေတာကိုး။ တခြားဟာတွေ အဆင်ပြေခဲ့ရင် တခြားဟာတွေကိုလည်း ညွှန်းခဲ့မှာပေါ့။ ဒါကတော့ မတတ်နိုင်တော့ဘူး။ User ဆိုတာ ကြှောငြာတိုင်းလည်း သုံးနေတာမဟုတ်ဘူး။ သူတို့ အဆင်ပြေတဲ့ ပရောဒတ်ကို သုံးတာပဲ။ အဲဒီ Business Concept လေး သဘောပေါက်ရင် ဇှောဂျီက ဝင်းဖောင့်ခေတ်ကို တစ်ခန်းရပ်ခဲ့သလိုမျိုး ဇှောဂျီခေတ်ကို ကုန်အောင်လုပ်မယ့် နောက်တစ်ခုဟာ သူ့ထက်ပိုပြီး User တွေအတွက် အဆင်ပြေဖို့ လိုမယ်ဆိုတာ ပြောနေဖို့တောင် လိုမယ် မထင်တော့ပါဘူး။

နောက်ဆုံးတစ်ခုက ဇှောဂျီဟာ အခုအချိန်မှာ အင်တာနက်ယူဇာ ၉၉% သုံးနေကြတာမို့ သူတို့အနေနဲ့ ကုဒ်တစ်ခုခုကို ပြောင်းလိုက်တာနဲ့ လက်ရှိ အသုံးပြုနေတဲ့သူတွေအားလုံး ဒုကဿခရောက်ကုန်မှာပါပဲ။ ဒါကိုလည်း သူတို့အနေနဲ့ ထည့်တွက်မှာပဲ။ ကျွန်တှောကတော့ ယူဇာအနေနဲ့ ကန့်ကွက်ရမှာပဲ။ ဒီတော့ ဒီပြသဿသနာကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ကျွန်တှောတို့ စဉ်းစားကြည့်တယ်။ အဖြေတွေ့တယ်။ အချိန်မရသေးလို့ မလုပ်သေးတာပဲ ရှိတယ်။ ရရစ်တွေ၊ တစ်ချောင်းငင်တွေ၊ ဟထိုးတွေ မျိုးကွဲနေတာအားလုံး ဘာရိုက်ရိုက် တစ်မျိုးထဲဖြစ်အောင် လုပ်ပေးလို့ရတယ်။ ဒီစနစ် အကောင်အထည် ဖှောဖြစ်ခဲ့ရင် ဇှောဂျီစလုပ်ခဲ့တဲ့ သူတွေအားလုံးနဲ့ တိုင်ပင်ပြီး ကျွန်တှောတို့ ပြောင်းမယ်။ Normalization System လည်း ရှိပြီးသားပါ။ Search Engine တွေအနေနဲ့က အဲဒီလူတွေ လျှောက်ရေးနေသလို ဇှောဂျီနဲ့ရေးလို့ တခြားဟာတွေကို မသိဘူးဆိုတာ မရှိဘူး။ အဲဒါက Search Engine တွေအပိုင်းက လုပ်ရမယ့်အလုပ်။ သူတို့လုပ်လိမ့်မယ်။ ဘာမှမသိဘဲ နားမလည်ဘဲ လျှောက်ရမ်းသမ်း ရေးနေတာတွေ ရပ်တန်းက ရပ်သင့်နေပြီလို့ပဲ ပြောချင်တော့တယ်။



No response to “ေဇာှဂ်ီကိစဿစ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz