Friday, July 17, 2009

The Art of Blogging Seminar at Egress


ဒီနေ့ Egress မှာ E2 ကျောင်းသားတွေအတွက် ဆီမီနာ တစ်ခုပေးတယ်။ ခေါင်းစဉ်က The Art of Blogging လို့ ပေးထားတယ်။ ဒါပေမယ့် ရတဲ့အချိန်က ၂နာရီခွဲလောက်ပဲမို့ အများကြီး အတိုချုပ် ပြောရတယ်။ Blogging အကြောင်းကို ပထမ ပြောပြီးတော့ Online Security အကြောင်းကို အရှင်းဆုံးနဲ့ အမြင်သာဆုံးဖြစ်အောင် ပြောပြဖြစ်တယ်။ အွန်လိုင်းဟာ Secure မဖြစ်ဘူး။ ဒါကို လူတိုင်းသိဖို့ လိုတယ်။ အလုံပိတ် အခန်းထဲကနေ သုံးနေပေမယ့် ကိုယ့်ဒေတာတွေကို ဒါမှမဟုတ် ဘယ်ကနေ ဘယ်ကို ဆက်သွယ်နေတယ် ဆိုတာတွေကို စောင့်ကြည့်လို့ရတယ်။ အဲဒီအတွက် Secure tunnel & encryption တွေလိုတယ် ဆိုတာကို ပြောပြဖြစ်တယ်။ ဘန်းထားတဲ့ ဝဘ်ဆိုဒ်ကို ကျှောတယ်ဆိုတာ မခက်ခဲပေမယ့် Security ရဲ့ အနက်အဓိပဿပာယ်ဟာ အဲဒီထက် အများကြီး ပိုပါတယ်။ တှောတှောများများက ဒါကို မသိကြဘူးလို့ ယူဆမိပါတယ်။ နောင်တချိန် မြန်မာနိုင်ငံမှာ အင်တာနက် အရမ်းဖွံ့ဖြိုးလာတဲ့အခါ Information တွေရဲ့ အရေးပါပုံ၊ Information Leakage ဖြစ်ခြင်းရဲ့ ရလာဒ်ဆိုးတွေကို ခံစားလာရလိမ့်မယ်။ Encrypted မလုပ်ထားတဲ့ ဒေတာ မှန်သမျှကို အင်တာနက်ပှေါကနေ ဟက်ကာတွေ၊ Network Administrator တွေ၊ ISP တွေအနေနဲ့ အကုန်အကုန်အကုန် သိလို့ရတယ် ဆိုတဲ့ အကြောင်းလေးကို ဇောင်းပေးပြီး ပြောဖြစ်ခဲ့တယ်။ ကျောင်းသားတွေ အနေနဲ့ သတိထားစရာကို မြင်သွားတယ် ဆိုရင်ပဲ ဒီနေ့ ဆီမီနာလေးမှာ လျှာထွက်မတတ် ပြောရတာလေး အောင်မြင်တယ်လို့ ယူဆမိတယ်။ Blogging ဆိုတာ လွယ်ပါတယ်။ Ever Blogging ဖို့တော့ ခက်တယ်။ :) ဒီလိုမျိုး ဆီမီနာလေးတွေ ကမကထ ပြုလုပ်ပေးမယ့်သူတွေ များလာမယ်ဆို ကျွန်တှောတို့ အနေနဲ့ Knowledge ကို ဖြန့်ဝေရတာ ပိုထိရောက်မှု ရှိပါတယ်။ ကိုယ့်စရိတ်ကိုယ်ခံပြီး လိုက်လုပ်တာတွေတော့ ခေတဿတရပ်ထားတယ်။ တလောက စစ်ကိုင်းကို သွားလိုက်မိတာ စရိတ် တှောတှောပြောင်သွားလို့ ငြိမ်နေပါကြောင်း။


No response to “The Art of Blogging Seminar at Egress”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz