Tuesday, June 30, 2009

ကျွန်တှောနဲ့ ဝက်တုပ်ကွေး


မြန်မာပြည်မှာ H1N1 ဝက်တုပ်ကွေး ပထမဆုံး တစ်ယောက် တွေ့တယ်ဆိုတဲ့ သတင်းက တှောတှော့ကို ဟော့နေပါတယ်။ သွားလေရာနေရာမှာ အဲဒီအကြောင်း ပြောနေကြတယ်။ ကျွန်တှောကိုယ်တွေ့ကြုံတာလေး တစ်ခုကို ပြောပြချင်သေးတယ်။ ဒီရက်ပိုင်းမှာပဲ ကျွန်တှောလည်း ဟောင်ကောင်မှာ Workshop တစ်ခု သွားတက်ရတယ်။ ရန်ကုန်ကနေ ထိုင်း၊ ထိုင်းကနေမှ ဟောင်ကောင်ပေါ့။ ထိုင်းလေဆိပ်မှာတော့ ကျွန်တှောတို့က Transit ဆိုတော့ ဘာမှ စစ်ဆေးတာ မခံရဘူး။ ဟောင်ကောင်ဝင်ခါနီးတော့ Health Declaration Form ဖြည့်ရတယ်။ ချောင်းဆိုးနေလား၊ ဖျားနေလား၊ နှာရည်တရွှဲရွှဲ ဖြစ်နေလား ဘာညာပေါ့။ ကျွန်တှောတို့က ဘာမှမရှိတော့ All Clear ထားလိုက်တယ်။ ဒါပေမယ့် လေဆိပ်မှာ အင်မီဂရေးရှင်း ဖြတ်ခါနီးတော့ စစ်ဆေးတာ ခံရတယ်။ သူစစ်ဆေးတဲ့ ပုံစံက ကိုယ့်ဖောင်ကို ကိုယ်ကိုင်ထားပြီး သူတို့ သတ်မှတ်ထားတဲ့ နေရာကို သွားပေးရတယ်။ အဲဒီနေရာမှာ Sensor စနစ် တစ်ခု ရှိတယ်လို့ ထင်တယ်။ ပြီးတော့ မျက်နှာကာတွေ တပ်ထားတဲ့ သန့်သန့်ပြန့်ပြန့် စစ်ဆေးသူတွေလည်း ရှိတယ်။ ကိုယ်ပေးတဲ့ စာရွက်ကို ကြည့်ပြီး ကိုယ့်အခြေအနေကိုလည်း အကဲခတ်သေးတယ်။ ပြီးတော့ သူတို့ ရပ်ခိုင်းတဲ့ နေရာမှာ ရပ်နေရတယ်။ ကိုယ့်ဘာသာ စာရွက်မှာ ဘယ်လိုဖြည့်ထားထား အဲဒီမှာ Clear ဖြစ်မှ အထဲကို ဝင်ရတာမျိုးပါ။

ဒီလိုနဲ့ အဲဒီမှာ နေရင်း ပြန်မယ့်ညကျတော့ ကျွန်တှောလည်း လမ်းလျှောက်ရတာ များသွားလို့ တှောတှော ပင်ပန်းသွားတယ်။ ဟှောတယ် ပြန်ရောက်တော့ ၁၁နာရီကျှောကျှောပေါ့။ ဟောင်ကောင်ရာသီဥတုက စိုထိုင်းစကများများ ပူပူနွေးနွေးလည်း ရှိတာမို့ ချွေးစေးပြန်တာနဲ့ ကျွန်တှောလည်း ခေါင်းတွေလျှော ရေတွေချိုးမိတယ်။ ပြီးတော့ အဲယာကွန်းလေး ဖွင့်ပြီး စာဖတ်နေရင်းက အိပ်ပျှောသွားလိုက်တာ သတိရတော့ မနက် ၃နာရီ ထိုးတော့မယ်။ နှာတွေစေးပြီး မျက်စိတွေ နှာခေါင်းတွေ ပူနေသလို ဖြစ်လာတယ်။ ကျွန်တှောသိလိုက်တယ်။ ကျွန်တှော အအေးမိသွားပြီ။ ကျွန်တှောက အဲယားကွန်း လုံးဝ လုံးဝ မတည့်ဘူး။ အဲယားကွန်းနဲ့ အိပ်တာနဲ့ မနက်ဆို ဖျားတတ်တယ်။ ဒါနဲ့ အဲယားကွန်းပြန်ပိတ် စောင်ခေါင်းမြီးခြုံပြီး ပြန်အိပ်လိုက်တာ မနက် ၆နာရီထိုး နိုးလာတော့ လူက ခေါင်းပါကိုက်နေတယ်။ ပြီးတော့ အဲဒီမှာ အသားတွေ၊ ဘူဖေးတွေ နင်းကန်စားသောက်ပြီး အပူကန်လို့ နှာခေါင်းထဲ ဝက်ခြံက လာပေါက်နေသေးတယ်။ အဲဒီနေရာ ဝက်ခြံပေါက်တာ တကယ်ခံရခက်တာမျိုး။ ဒီလိုနဲ့ လေယာဉ်ပှေါ တက်တော့လည်း အဲယားကွန်းဒဏ်ကို ဆက်ခံရပြန်တယ်။ လေယာဉ်က အဲယားကွန်းက တစ်ယောက်ချင်းစီအတွက် သီးသန့်ထားတဲ့ စနစ်မဟုတ်တော့ ခေါင်းကို လေရိုက်တာကို ခံနေရတာ တှောတှောဆိုးတယ်။ သူများတွေကတော့ ဝက်တုပ်ကွေး မိနေတယ် ထင်မလားဘဲ။ ဒါနဲ့ လေယာဉ်မောင်တစ်ယောက်ကို Mask တောင်းပြီး နှာခေါင်းကို စည်းထားလိုက်တယ်။ အဲဒီနည်းက Sensitive ဖြစ်နေတဲ့ နှာခေါင်းကို ပြင်ပလေ တိုက်ရိုက်မထိတာမို့ အတှော သက်သာတယ်။ ထိုင်းရောက်တော့ ကျွန်တှော တှောတှော သက်သာနေပါပြီ။ ဒါပေမယ့် လေဆိပ် ဟိုဘက်ဒီဘက်ကို နှစ်ခေါက်လောက် လမ်းလျှောက်လိုက်ရတာ ပင်ပမ်းပြီး ပြန်ဖျားချင်သလိုလို ဖြစ်လာတယ်။ ထိုင်းကနေ ရန်ကုန် လေယာဉ်ပှေါမှာတော့ ကျွန်တှော အိပ်ပြီးလိုက်လာတယ်။ ဒီလေယာဉ်ကတော့ သီးသန့်စနစ် ပါတာမို့ ကျွန်တှော့ခေါင်းပှေါက လေပေါက်ကို ပိတ်ထားလိုက်တာ တှောတှောအိုကေသွားတယ်။ ရန်ကုန် ရောက်ခါနီးတော့ ကျွန်တှောတို့ကို Health Declaration Form ဖြည့်ရပြန်တယ်။ ကျွန်တှော ပထမတော့ နှာစေးနေတာ၊ ချောင်းဆိုးနေတာ၊ ဖျားချင်နေတာ၊ ကိုယ်လက်နဲနဲကိုက်တာတွေ ဖြည့်လိုက်ဦးမလို့ပဲ။ ကျွန်တှောဖြစ်နေတာ ဝက်တုပ်ကွေး မဟုတ်ဘူးဆိုတာ ကျွန်တှော့ကိုယ်ကျွန်တှော သေသေချာချာသိတယ်။ ဘာလို့လည်းဆိုတော့ ဒါမျိုးက ကျွန်တှော ဖြစ်နေကျကိုး။ ဒါပေမယ့် ဒီလို လကဿခဏာတွေ ဖြစ်နေပါတယ် ဆိုပြီး ကိုယ်ကဖြည့်လိုက်ရင် လေဆိပ်ရောက်တာနဲ့ ကျွန်တှော့မယ် ဆေးရုံတန်းပို့ခံရရင်ဖြင့် အလုပ်ပျက် အကိုင်ပျက်တော့မယ်။ ဒါနဲ့ ကျွန်တှောလည်း All Clear လုပ်လိုက်တယ်။ ကျွန်တှော ထင်တာက ဟောင်ကောင်မှာလိုပဲ ကျွန်တှောတို့ကို စက်တွေဘာတွေနဲ့ စစ်ဆေးဦးမယ် ထင်ထားတာ။ ဘာမှကို မစစ်ပါဘူးခင်ဗျာ။ ကျွန်တှောတို့ လေဆိပ်ထဲ ဝင်လာတယ်။ ပြီးတော့ စက်လှေခါးနဲ့ အောက်ထပ်ကို ဆင်းတယ်။ အဲဒီ အဆင်းနေရာလေးမှာ လူလေးငါးဆယ်ယောက် ထိုင်နေတယ်။ ဖြတ်သွားတဲ့ ခရီးသည်တွေကိုတော့ ဟိုကြည့်ဒီကြည့် ကြည့်နေကြတယ်။ အဲဒီထဲက တစ်ယောက်ယောက်ကို ကိုယ်ဖြည့်ထားတဲ့ ကဒ်လေး ပေးလိုက်ရုံပဲ။ ပြီးသွားရော။ ကျွန်တှောတောင် တှောတှော အံ့ဩသွားတယ်။ မျက်စိသက်သက်နဲ့ ကြည့်ရုံနဲ့တော့ ဒီရောဂါ ဖြစ်နေမနေ ဘယ်လိုမှ သေသေချာချာ မသိနိုင်ဘူး။ နောက်တစ်ခုက ကျွန်တှော့လို အအေးမိနေတဲ့သူ၊ ပြီးတော့ ပြန်လာတဲ့ နိုင်ငံက ဟောင်ကောင်နဲ့ ထိုင်း။ ဖြစ်နေတဲ့ လကဿခဏာတွေကလည်း တုပ်ကွေးလိုလို ဘာလိုလို။ တကယ်ဆို ကျွန်တှောဟာ သံသယရှိစရာ ခရီးသည်တစ်ယောက် ဖြစ်နေတာပဲ။ ဒါပေမယ့် ကျွန်တှောက အလုပ်ရှုပ်မှာစိုးလို့ ဒါတွေ မဖြစ်ပါဘူးလို့ ကဒ်ထဲမှာ ဖြည့်လိုက်တာနဲ့ ကျွန်တှော့ကို မစစ်ဆေးကြတော့ဘူး။ တကယ်ဘုရားစူး။ ဟောင်ကောင်လေဆိပ်ကလိုမျိုး အပူအာရုံခံ Sensor နားလည်း သွားရတာမျိုး မရှိဘူး။ ကျွန်တှောသာ တကယ်လို့ အဲဒီရောဂါဖြစ်နေရင် ဘယ်လိုလုပ်မတုန်း။ တှောတှောလေးတောင် စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ လေဆိပ်ကနေ အိမ်ပြန်ရောက်တော့ ကျွန်တှော ကိုယ်တှောတှော ပူလာတယ်။ ကိုယ်လက်တွေလည်း နာနေတယ်။ ဒါနဲ့ ရေနွေးတွေသောက်၊ ဆေးတွေသောက်၊ အကဿငျီထူထူဝတ်ပြီး အိပ်ပစ်လိုက်တာ မနက်ဆယ်နာရီမှ နိုးတယ်။ နဲနဲ ကျန်နေသေးတယ်။ ဒါနဲ့ ဆေးထပ်သောက်၊ ရေနွေးတွေ ထပ်သောက်၊ လေအေးအတိုက်မခံဘဲ နေလိုက်တာ နောက်နေ့မနက် အိပ်ယာထတော့ တှောတှောကောင်းသွားပြီ။ ဒါပေမယ့် ချောင်းဆိုးကတော့ နဲနဲ ကျန်ခဲ့တယ်။

ကျွန်တှော ဖြစ်တာကတော့ ကံကောင်းလို့ ဝက်တုပ်ကွေး မဟုတ်ခဲ့တာပါ။ Health Declaration Form မှာ အမှန် မဖြည့်ခဲ့တာကလည်း ပြောရရင် မှားတော့ မှားပါတယ်။ ဒါပေမယ့် အဲလို ဖြည့်ပြန်ရင်လည်း ကျွန်တှော့မယ် အလုပ်ပျက် အကိုင်ပျက် ဖြစ်ဦးမယ်။ တခြားသူတွေပါ ကိုယ့်ကြောင့် အလုပ်တွေ ရှုပ်ဦးမယ်။ မေတဿတာပို့တာ ခံရဦးမယ်။ ဒါကြောင့် ကျွန်တှော မဖြည့်ခဲ့တာ။ လေယာဉ်ဆိုက်တဲ့အထိ ကျွန်တှော အဲဒီမှာ ဖြည့်သင့်မဖြည့်သင့် စဉ်းစားရင်း ကွက်လပ်ချန်ထားတုန်း။ လေဆိပ်ထဲ ဝင်ခါနီးမှ All Clear ကိုယ့်ဘာသာ လုပ်လိုက်တာ။ ဒီလို ကျွန်တှော့လိုပဲ လုပ်ကြမယ့်သူတွေ အများကြီး ရှိမှာပဲ။ ဒါဟာ တှောတှော့ကို အနဿတရာယ် ကြီးပါတယ်။ ခရီးသည်တစ်ယောက်က အဲဒီကဒ်မှာ ဘာမှမဖြစ်ပါဘူး ရေးထားရုံနဲ့ လွှတ်ပေးလိုက်တာမျိုးက မဖြစ်သင့်ဘူး။ အားလုံးကို စစ်ဆေးသင့်တယ်လို့ ကျွန်တှောထင်တယ်။ ကျွန်တှော ပြန်လာတဲ့နေ့မှ အဲဒီလို မစစ်ဆေးတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနေ့က လုံးဝ မစစ်တာကတော့ အသေအချာပဲ။ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေသလိုမျိုး ခရီးသည်တွေကို စောင့်ကြည့်နေတာမျိုးပဲ ရှိခဲ့တာ။ အခု စတွေ့တယ်ဆိုတဲ့ ကလေးလေးလည်း အဲဒီနေ့က လေဆိပ်မှာ စစ်ဆေးတာ ခံရတုန်းက ဘာမှမရှိဘူးလို့ သတင်းစာတွေ၊ ဂျာနယ်တွေထဲ ပါပေမယ့် ကျွန်တှောပြန်လာတဲ့ နေ့ကတော့ ဘယ်သူ့ကိုမှ အဲလို စစ်ဆေးနေတာ မရှိခဲ့တာမို့ ကျွန်တှော့အနေနဲ့ လက်ခံဖို့က တှောတှော ခက်ခဲတယ်။ သူလည်း ကျွန်တှော့လိုပဲ All Clear လုပ်ပြီး ထွက်လာခဲ့သလားမှ မသိတာ။ ဒီလိုမျိုး ဘယ်နှစ်ယောက်တောင် ရှိနေမလဲ မသိဘူး။ ဒါတောင် အဲဒီကလေးမလေးရဲ့ ဆရာမကို ချီးကျူးဖို့ ကောင်းတယ်။ သူ့ကြောင့်သာ ဒီကလေးမှာ H1N1 ဖြစ်နေတာ သိခဲ့ရတာကိုး။ ဒီလိုမျိုး ညွှန်ပြတဲ့သူနဲ့ မတွေ့ဘဲ သာမန် တုပ်ကွေးထင်ပြီး ရမ်းဆေးသောက်နေတဲ့ သူတွေလည်း ဘယ်နှစ်ယောက်တောင် ရှိနေမလဲ မသိဘူး။ ကျွန်တှောတို့ မြန်မာတွေက ဗြူးဗြူးဗြဲဗြဲ ကြီးကြီးကျယ်ကျယ် ဖြစ်တာမျိုးမှ အလေးထားချင်ကြတာ။ ဒီရောဂါမျိုးက ကူးစက်တာသာမြန်တာ၊ သေတဲ့ ရာခိုင်နှုန်းကျတော့ နည်းတာမို့ သိပ်အလေးအနက် မထားတာမျိုးလားတော့လည်း မသိဘူး။ ကျွန်တှောတို့ အနေနဲ့ ပြီးစလွယ် လုပ်တာမျိုးတွေ၊ ဝတဿတရားကျေ လုပ်တာမျိုးတွေ၊ လူကြီးလာမှ လုပ်ပြတာမျိုးတွေ ရှောင်ရှားသင့်နေပြီလို့ ထင်မိပါတယ်ခင်ဗျား။ နာဂစ်မှာတုန်းကလည်း လူကြီးလာမယ်ဆိုမှ လုပ်ပြတာမျိုးတွေ အများကြီး ကျွန်တှော ကိုယ်တွေ့ကြုံခဲ့ရတယ်။ ကျွန်တှော ပြန်လာတာ၂၆ရက်နေ့ ဆိုတော့ အဲဒီ နေ့လည် ဘန်ကောက်အဲယားဝေးနဲ့ ပြန်လာတဲ့သူတွေ အားလုံး မေးကြည့်ရင် ကျွန်တှောပြောတာ ဟုတ်မဟုတ် သိပါလိမ့်မယ်။ ကျွန်တှောကတော့ ကိုယ်တွေ့ကြုံခဲ့ရတာမို့ နိုင်ငံခြားက လာတဲ့သူတိုင်းကို လေဆိပ်မှာ သေချာ စစ်ဆေးနေပါတယ် ဆိုတာကြီးကို ဘယ်လိုမှ ယုံလို့ မရဘူးဖြစ်သွားပါတယ်။ ဒီတော့ ကြည့်ကျက်သာ နေကြပေါ့ဗျာ။ ကျွန်တှောကတော့ ပြန်ရောက်တဲ့ အထိမ်းအမှတ်အဖြစ် မနေ့ညကတင် သူငယ်ချင်းတွေနဲ့ ချီးယားလုပ်ပြီးသွားပြီမို့ ဝက်တုပ်ကွေး ကင်းရှင်းကြောင်း သက်သေ ထူလိုက်နိုင်ပါတယ်။ အဲ ခါးလေးတော့ နဲနဲ ကိုက်နေတုန်းပဲ။ :D


No response to “ကျွန်တှောနဲ့ ဝက်တုပ်ကွေး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz