Saturday, May 23, 2009

Structure of MARC format

Structure of MARC format


Data Record တစ်ခုဟာ အမြဲတမ်း Leader နဲ့ စတယ်။ သူက စာလုံးပေါင်း ၂၄လုံး နေရာယူတယ်။ Leader ရဲ့နောက်က Directory ဆိုတာ တဆက်တည်း ပါလာမယ်။ Directory က နောက်ကပါလာမယ့် Variable Fields တွေရဲ့ နေရာကို ညွှန်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်တယ်။ Directory ဟာ သုညကနေ ၁၁အထိ စာလုံး ၁၂လုံး နေရာယူထားတယ်။ ပထမ သုံးလုံးက သက်ဆိုင်ရာ Tag ကို ကိုယ်စားပြုတယ်။ ဒုတိယ ၄လုံးက အဲဒီ Field မှာ ထည့်သွင်းမယ့် ဒေတာရဲ့ ပမာဏကို ဖှောပြတယ်။ တတိယ ၅လုံးက အဲဒီ ဒေတာရဲ့ နေရာကို ဖှောပြတယ်။ Directory ရဲ့နောက်မှာ Variable Fields တွေ ရှိတယ်။ သူ့မှာ Variable Control Fields နဲ့ Variable Data Fields ဆိုပြီး နှစ်ပိုင်း ရှိတယ်။ VCF က 001-008 အထိ ဂဏန်းသုံးလုံးနဲ့ အမျိုးအစား ခွဲခြားထားတယ်။ VCF မှာ Indicator တွေ Subfield Codes တွေ မရှိဘူး။ VDF မှာတော့ 010-08X အထိ Number and Code Fields နဲ့ Classification and Call No. Fields ဆိုပြီးတော့ သက်ဆိုင်ရာ အချက်အလက်တွေကို သိုမှီးတယ်။ VDF မှာတော့ Indicators တွေ Subfield Codes တွေ ရှိတယ်။ အဲဒီရဲ့ နောက်မှာတော့ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ Heading Field ပါလာပါတယ်။ သူက 100 ကနေ 887 အထိ ပုံစံအမျိုးမျိုး ခွဲခြားထားတယ်။ Field တစ်ခုနဲ့ အခြားတစ်ခုကို (|) ဆိုတဲ့ Field Terminator သကေဿငတကို အသုံးပြုပြီး ခွဲခြားထားတယ်။ အားလုံးပြီးသွားရင်တော့ Record Terminator သကေဿငတ တစ်ခုခုကို နောက်ဆုံးမှာ ထည့်သွင်းပေးရမယ်။

  • Leader
  • Directory
  • Variable Fields

ဒီသုံးခုက MARC ဖွဲ့စည်းပုံရဲ့ အဓိက ကျောရိုးပါပဲ။ Variable Fields မှာ အပိုင်းနှစ်ခု ရှိတယ်။

  • Variable Control Fields
  • Variable Data Fields

အဲဒီနှစ်ခုထဲမှာမှ Variable Data Fields ကို မျိုးတူစုတွေ ခွဲလိုက်ရင်

  • Number and Code Fields (01X-04X)
  • Classification and Call No. Fields (05X-08X)
  • Heading Fields (1XX-8XX)
  • Main Entry Fields (1XX)
  • Title and Title related Fields (20X-24X)
  • Edition, Imprint, Etc. Fields (25X-28X)
  • Physical Description, Etc. Fields (3XX)
  • Series Statement Fields (4XX)
  • Note Fields (5XX)
  • Subject Access Fields (6XX)
  • Added Entry Fields (70X-75X)
  • Linking Entry Fields (76X-78X)
  • Series Added Entry Fields (80X-83X)
  • Holdings, Location, Alternate Graphics, Etc. Fields (841-88X)

အဲဒီလို အမျိုးအစားတွေ ခွဲထားတယ်။ သက်ဆိုင်ရာ နေရာမှာ သက်ဆိုင်ရာ သတ်မှတ် ကုဒ်တွေကို ထည့်ပေးရတယ်။



Leader

Leader ဆိုတာက MARC ဖှောမတ်မှာ ထိပ်ဆုံးက နေရာယူထားတဲ့ ကဏဿဍတစ်ခုပါ။ သူ့မှာ Indicator တွေ Subfield တွေ မပါဝင်ပါဘူး။ Leader Field ဟာ အချက်အလက် ထည့်သွင်းရာမှာ 00 ကနေ 23 အထိ ၂၄နေရာ ယူထားတယ်။ ဥပမာ-

(*****nam##22*****#a#4500) လို့တွေ့ရင်

Image Hosted by ImageShack.us

၁။ သုညကနေ နံပတ်၎အထိ နေရာဟာ Record Length ကို ညွှန်းတာပါ။

၂။ နံပတ်ငါး နေရာကတော့ Record Status ကို ညွှန်းပါတယ်။ ဒီနေရာမှာ Record Status အနေနဲ့ အသုံးပြုတဲ့
a - Increase in encoding level
c - Corrected or revised
d - Deleted
n - New
p - Increase in encoding level from prepublication
စတာတွေကို သိထားရပါမယ်။ အထက်က ဥပမာမှာ အဲဒီနေရာမှာ (n) ကိုတွေ့ရတာကြောင့် ဒါဟာ New Status အနေနဲ့ ပြကြောင်း သိနိုင်ပါတယ်။

၃။ နံပတ်ခြောက် နေရာက Type of Record ကို ညွှန်းပါတယ်။ TOR အနေနဲ့
a - Language material
c - Notated music
d - Manuscript notated music
e - Cartographic material
f - Manuscript cartographic material
g - Projected medium
i - Nonmusical sound recording
j - Musical sound recording
k - Two-dimensional nonprojectable graphic
m - Computer file
o - Kit
p - Mixed materials
r - Three-dimensional artifact or naturally occurring object
t - Manuscript language material
စတဲ့ Variable တွေကို အသုံးပြုပါတယ်။ ဒီနေရာမှာ (a) ကိုတွေ့ရတဲ့အတွက် ဒါဟာ Language Material ဆိုတာ သိနိုင်ပါတယ်။

၎။ နံပတ်ခုနစ် နေရာက Bibliographic Level ကိုဖှောပြပါတယ်။
a - Monographic component part
b - Serial component part
c - Collection
d - Subunit
i - Integrating resource
m - Monograph/Item
s - Serial
ဒီနေရာမှာ (M) ကိုတွေ့ရတဲ့အတွက် ဒါဟာ (Monograph/Item) အနေနဲ့ သိနိုင်ပါတယ်။

၅။ နံပတ်ရှစ် နေရာက Type of Control ဆိုတာကို ပြပါတယ်။ ဒီနေရာမှာ (#) ဆိုတာက No Specific Type ကို ရည်ညွှန်းပြီး၊ (a) ဆိုတာက Archival ကို ရည်ညွှန်းပါတယ်။

၆။ နံပတ်ကိုး Character Encoding Scheme မှာတော့ (#) ဆိုတာ MARC-8 ဖှောမတ်ကို ကိုယ်စားပြုပြီး၊ (a) ကတော့ UCS/Unicode ဖှောမတ်ကို ညွှန်ပြပါတယ်။

၇။ နံပတ်တစ်ဆယ် နေရာက Indicator Count ကိုပြောတာပါ။ Indicator ဟာ နှစ်လုံးပဲ ရှိတဲ့အတွက် အမြဲတမ်း (2) လို့ ထည့်ပေးရပါတယ်။

၈။ နံပတ်ဆယ့်တစ် နေရာက Subfield Codes Count ဆိုတာကို ပြောတာပါ။ အမြဲတမ်း (2) လို့ ထည့်ပေးရပါတယ်။

၉။ နံပတ်ဆယ့်နှစ်ကနေ ဆယ့်ခြောက် အထိ နေရာငါးခုက Base address of data တွေကို ပြပါတယ်။

၁၀။ နံပတ်ဆယ့်ခုနစ် Encoding Level မှာ
# - Full level
1 - Full level, material not examined
2 - Less-than-full level, material not examined
3 - Abbreviated level
4 - Core level
5 - Partial (preliminary) level
7 - Minimal level
8 - Prepublication level
u - Unknown
z - Not applicable
ဆိုပြီး သတ်မှတ်နိုင်ပါတယ်။ ဥပမာမှာတော့ အဲဒီနေရာမှာ (#) လို့ ပြထားတဲ့အတွက် Full Level Encoding လို့ သိနိုင်ပါတယ်။

၁၁။ နံပတ်ဆယ့်ရှစ် နေရာကတော့ Descriptive cataloging form ကို ပြပါတယ်။ သူက လေးမျိုး ရှိပါတယ်။
# - Non-ISBD
a - AACR 2
i - ISBD
u – Unknown
ဥပမာမှာ (a) လို့ ထည့်သွင်းထားတာကြောင့် AACR2 ကတ်တလောက် စနစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

၁၂။ နံပတ်ဆယ့်ကိုး နေရာဟာ Multipart resource record level ကို ညွှန်းပါတယ်။
# - Not specified or not applicable
a - Set
b - Part with independent title
c - Part with dependent title
၁၃။ နံပတ်နှစ်ဆယ် နေရာက Length of the length-of-field portion ဆိုတဲ့ Directory ကဏဿဍက Length of Field မှာရှိတဲ့ စာလုံး အရေအတွက်ကို ထည့်ပေးရတာပါ။ အဲဒီနေရာမှာ အမြဲတမ်း (4) ဂဏန်းကိုပဲ ထည့်ပေးရပါတယ်။

၁၄။ နံပတ်နှစ်ဆယ့်တစ် နေရာက Length of the starting-character-position portion ကို ညွှန်းပါတယ်။ ဒီနေရာမှာလည်း အမြဲတမ်း (5) ဂဏန်းကိုပဲ ထည့်ပေးရပါတယ်။

၁၅။ နံပတ်နှစ်ဆယ့်နှစ် နေရာက Length of the implementation-defined portion ကို ညွှန်းပါတယ်။ ဒီနေရာမှာ အမြဲတမ်း (0) ဂဏန်းကိုပဲ ထည့်ပေးရပါမယ်။

၁၆။ နံပတ်နှစ်ဆယ့်သုံး နေရာက ဘာသတ်မှတ်ချက်မှ မရှိသေးတဲ့ Undefined နေရာပါ။ အဲဒီမှာလည်း အမြဲတမ်း (0) ကိုပဲ ထည့်ပေးရပါတယ်။

Leader ကဏဿဍျပီး၏။

Remark: ပုံတွေနဲ့ စာတွေနဲ့ ရောတင်ရတာ ဒီအပှေါမှာ တှောတှောခက်တယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့သူ၊ ဒါမှမဟုတ် သိချင်တဲ့သူ၊ ဒါမှမဟုတ် သင်ပေးချင်တဲ့သူ ရှိရင် မေးလ်သာ ပို့ပါတော့ခင်ဗျာ။


No response to “Structure of MARC format”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz