Thursday, May 21, 2009

Library Management System


ခုတလော ဘာသာရပ်တစ်ခုကို လေ့လာဖြစ်တယ်။ စာကြည့်တိုက်ပညာနဲ့ ပတ်သက်တဲ့ Library Management System တစ်ခုပါ။ စာကြည့်တိုက် တစ်ခုနဲ့ တစ်ခုကြားမှာ စနစ်ကျတဲ့ ပုံစံတစ်ခု ရှိနေမှ ဒေတာတွေကို ဖလှယ်ရာမှာ အဆင်ပြေမယ်။ တကိုယ်ရေသုံး ဒါမှမဟုတ် ကိုယ့်စာကြည့်တိုက်လေး တစ်ခုအတွက်ပဲ သက်သက် သုံးမယ် ဆိုရင်တော့ Opensource CMS တစ်ခုခု အပှေါမှာLibrary Management System တစ်ခုရေးဖို့က မခက်ခဲဘူး။ ဒါပေမယ့် အခုနကလို Large Scale အတွက် စဉ်းစားမယ် ဒါမှမဟုတ် နိုင်ငံတကာ စံချိန်စညွှံန်း မီချင်တယ် ဆိုရင်တော့ တှောတှော မလွယ်ဘူးဆိုတာ တွေ့လာတယ်။ Field တစ်ခုကို နာမည်အတွက် သတ်မှတ်ထားတယ် ဆိုရင် လူတိုင်းက အဲဒီ Field မှာ နာမည်ရေးဖို့ လိုတယ်။ ပြီးတော့ ဒီ Field ဟာ နာမည်အတွက်ဆိုတာကို စက်ကသိနိုင်ဖို့ သတ်မှတ်ထားတဲ့ Metadata တွေကို တိတိကျကျ ပေးရပြန်တယ်။ ဒါက စက်နားလည်ဖို့။ စာရင်းထည့်တဲ့ သူတွေကလည်း သတ်မှတ်ထားတဲ့ နေရာတွေမှာ ထည့်သွင်းဖို့ လိုအပ်သေးတယ်။ ဒါကို Classification မျိုးတူစုပြုလုပ်ခြင်း လို့ ခှေါတယ်။ ဒီအတွက်က ဒူဝီစနစ် DDC (Dewey Decimal Classes)၊ LCC (Library of Congress Classification)၊ MARC (Machine Readable Catalog) စတာတွေကို သိဖို့ လိုပြန်တယ်။ ဒါတွေကလည်း တစ်ခုနဲ့တစ်ခု သတ်မှတ်ပုံ မတူဘူး။ ဥပမာ- စာအုပ်တွေ မျိုးတူစု ခွဲတာကို Library Of Congress က အခြေခံအနေနဲ့ ဒီလိုခွဲတယ်။

  • Class A - General Works
  • Class B - Philosophy, Psychology, Religion
  • Class C - Auxiliary Sciences of History (General)
  • Class D - World History (except American History)
  • Class E and F - American History
  • Class F - Local History of the United States and British, Dutch, French, and Latin America
  • Class G - Geography, Anthropology, Recreation
  • Class H - Social Sciences
  • Class J - Political Science
  • Class K - Law
  • Class L - Education
  • Class M - Music
  • Class N - Fine arts
  • Class P - Language and Literature
  • Class Q - Science
  • Class R - Medicine
  • Class S - Agriculture
  • Class T - Technology
  • Class U - Military Science
  • Class V - Naval Science
  • Class Z - Bibliography, Library Science, and General Information Resources

ဒီဟာကိုပဲ ဒူဝီစနစ်မှာ ဒီလို ခွဲခြားတယ်။

  • 000 – Computer science, information & general works
  • 100 – Philosophy and psychology
  • 200 – Religion
  • 300 – Social sciences
  • 400 – Language
  • 500 – Science
  • 600 – Technology
  • 700 – Arts and recreation
  • 800 – Literature
  • 900 – History, geography, and biography

ဒါက လူသုံးများတဲ့ စနစ်နှစ်ခုပဲ ရှိသေးတယ်။ ပြီးတော့ စာအုပ်ကို ပထမအဆင့် အမျိုးအစား ခွဲတာပဲ ရှိသေးတယ်။ အဲဒီလို အခြေခံ အမျိုးအစားအောက်မှာတင် Subclass တွေကလည်း အများကြီး ရှိနေသေးတယ်။ စာကြည့်တိုက် တစ်ခုက DDC စနစ်ကို သုံးတယ်၊ နောက်တစ်ခုက LCC စနစ်ကို သုံးတယ် ဆိုရင်ပဲ ပထမအဆင့်မှာ စပြီး ကွဲနေပြီ။ ဥပမာ Technology ဆိုတာကို LCC စနစ်အရဆိုရင် Class T မှာ ထားတယ်။ ကွန်ပျူတာကိုလည်း Class T Field ဆိုတာ Technology နဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်ချက် ပေးထားတဲ့အတွက် စက်က ပရိုဂရမ်အရ ဒါကို သိတယ်။ ဒါပေမယ့် ဒီ Technology ကိုပဲ DDC စနစ်မှာ 600 ဆိုတဲ့ Class အနေနဲ့ ထားတယ်။ တကယ်လို့ LCC စနစ်နဲ့ အသုံးပြုနေတဲ့ စာကြည့်တိုက် တစ်ခုမှာ DDC စနစ်သုံးထားတဲ့ ဒေတာဘေ့စ် တစ်ခုကို ဖတ်ခိုင်းရင် တလွဲတွေ ထွက်လာပါလိမ့်မယ်။

စာကြည့်တိုက်တွေမှာ စာအုပ်တွေ စုဆောင်းတဲ့အခါ တာဝန်တွေ အဆင့်ဆင့် ရှိပါတယ်။ ကိုယ့်စာကြည့်တိုက်ရဲ့ အမျိုးအစားကိုလိုက်ပြီး စာအုပ်တွေ စုဆောင်းကြတယ်။ စုဆောင်းပြီးရင် တံဆိပ်ရိုက်တာ၊ တိုက်ပိုင်စာရင်း သွင်းတာ၊ မျိုးတူစုပြုတာ၊ ကတ်တလောက် သွင်းတာ၊ လေဘယ်ကပ်တာတွေ ဆောင်ရွက်ကြရပါတယ်။ ဒီနေရာမှာ မျိုးတူစုပြုတာနဲ့ ကတ်တလောက် သွင်းခြင်းဟာ အထူးအရေးပါတဲ့ လုပ်ငန်းနှစ်ခု ဖြစ်ပါတယ်။ မျိုးတူစု ပြုတဲ့နေရာမှာ ပြုစုသူဟာ လက်တန်းပြုလုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ စာအုပ်နာမည် ဖတ်ကြည့်ရုံလောက်နဲ့ စာအုပ်အမျိုးအစားကို ခွဲခြားလို့ မရနိုင်ပါဘူး။ ဥပမာ- ဆရာကြီး မင်းသုဝဏ်ရဲ့ ပန်းနှင့်ပင်စည် ဆိုတဲ့ စာအုပ်ဟာ ပန်းပင်တွေအကြောင်း ရေးထားတဲ့ စာအုပ် မဟုတ်ပါဘူး။ ဒါကိုသာ နာမည်လေးပဲ ဖတ်ပြီး ဒူဝီစနစ်ရဲ့ မျိုးတူစုအမှတ် 580 (ရုကဿခဗေဒ) အောက်မှာ ထားမယ်ဆိုရင် လုံးဝ လွဲမှားသွားပါလိမ့်မယ်။ ဒါကြောင့် မျိုးတူစု ပြုစုတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ စာအုပ်တွေကို ဖတ်ကြရပါတယ်။ ကတ်တလောက် ပြုလုပ်ရာမှာတော့ ပိုပြီး လက်ဝင်လာပါတယ်။ စာရေးသူအမည်၊ စာအုပ်အမည်၊ ပူးတွဲတာဝန်ရှိသူများ၊ ပုံနှိပ်ခြင်းအကြိမ်၊ ပုံနှိပ်ရာအရပ်၊ ထုတ်ဝေသူ (စာအုပ်တိုက်)၊ ထုတ်ဝေခုနှစ်၊ စာမျက်နှာ (သို့) အုပ်တွဲ အရေအတွက်၊ ပုံများ၊ စာစဉ်အမည်နဲ့ အမှတ်၊ မှတ်ချက်၊ မျိုးတူစု၊ စာရေးသူအမည်အတိုကောက်၊ တိုက်ပိုင်အမှတ် စတာတွေကို ထည့်သွင်းပေးရပါတယ်။

ကိုယ်က စိတ်ဝင်စားမှုသာ ရှိတယ် လေ့လာစရာ စာအုပ်စာတမ်းတွေကလည်း မရှိ၊ ဒီပညာရပ်ကိုလည်း အသေးစိတ် မသင်ကြားခဲ့ရတော့ အင်တာနက်ကို အားကိုးရပါတယ်။ တကဿကသိုလ် ဗဟိုစာကြည့်တိုက်ကို ပြေးပြီး မသိတာတွေ မေးရပါတယ်။ သူသုံးတဲ့ အသုံးအနှုန်းတွေက ဘာကို ပြောချင်တာလည်း ဆိုတာသိအောင် စာကြည့်တိုက်ပညာ အဘိဓာန် လှန်ရပါတယ်။ Authority File ဆိုတာက ကတ်တလောက်စနစ်မှာ အသုံးပြုတဲ့ သီးသန့် အမည်တွေ၊ ပညာရပ်ခေါင်းစဉ်တွေ ဖြစ်တယ်ဆိုတာ သိရတော့တယ်။ ဒီအထဲက စာလုံးတွေကို တွေ့ရင် အပြင်လူတွေ အနေနဲ့ ရုတ်တရက် မသိနိုင်ဘူး။ စာကြည့်တိုက် ပညာရှင် အချင်းချင်းသာ သိနိုင်တဲ့ သီးသန့်စကားလုံး စနစ်တွေ ဖြစ်ပါတယ်။ Catalogue နဲ့ Bibliography နှစ်ခုကို ခွဲခြားပြီး မြင်နိုင်အောင်ကို တှောတှော ကြိုးစားခဲ့ရတယ်။ အရင်ကတည်းက ဒီနှစ်ခု မတူဘူး ဆိုတာကိုတော့ သိတယ်။ ဒါပေမယ့် ဘယ်လိုမတူတာလဲ ပြောပါဆိုရင် ပြောဖို့က ခက်နေမျိုး ဖြစ်ပါတယ်။ Transliteration ကြောင့် မျက်စိနဲနဲ လည်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ Bibliography (စာစုစာရင်း)ဟာ ပိုအသေးစိတ်တယ်။ ပိုပြီး တိကျတဲ့ အချက်အလက်ကို ပြောနိုင်တယ်။ ကတ်တလောက် ဆိုတာကလည်း စာစုစာရင်းပါပဲ။ ဒါပေမယ့် ကတ်တလောက်က အဲဒီ Bibliography တွေအားလုံးကို ရွေးချယ် ထုတ်နုတ်ပြတာမျိုး ဖြစ်ပါတယ်။ (ဒီ မျိုးတူစုပြုခြင်း (Classification)၊ Bibliography (စာစုစာရင်း) စတဲ့ အမည်တွေကို ဆရာဇှောဂျီ မြန်မာမှု ပြုခဲ့တယ်လို့ မှတ်သားရပါတယ်)

ကဒ်တွေပှေါမှာ၊ စာအုပ်ထဲမှာ အချက်အလက်တွေ ရေးသွင်းကြတာကတော့ ဟိုးအရင်ကတည်းက စာကြည့်တိုက်ပညာရှင်တွေ လုပ်ခဲ့ကြတာ အခုထိပါပဲ။ အခုနောက်ပိုင်း ကွန်ပျူတာစနစ် ဖွံ့ဖြိုးလာတော့ ဒီဟာကို ကွန်ပျူတာပှေါ တင်လာကြတယ်။ ပထမတော့ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြဘူး။ ပုံစံအမျိုးမျိုး လုပ်ကြတာပဲ။ ဒီလိုကနေ တဖြေးဖြေးချင်း ဘုံစနစ်တစ်ခု ဖြစ်လာအောင် ကြိုးပမ်းလာကြတယ်။ သူက နံပတ်တစ် နေရာမှာ ဒါကိုထည့်ရင် ကိုယ်လည်း ဒါကိုပဲ ထည့်မယ်ပေါ့။ အဲဒီမှာ အကျိုးများတာက ဘာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချက်အလက်တွေကို တိုက်ရိုက် ဖလှယ်သုံးလို့ ရလာတာပဲ ဖြစ်ပါတယ်။ ဒါကလည်း ကွန်ပျူတာရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတစ်ခုနဲ့တစ်ခု ဘာသာစကား မတူရင်တောင် စာကြည့်တိုက်က အချက်အလက်တွေကို ယူကြည့်လို့ ရတာမျိုး ဖြစ်လာတယ်။ စာကို မသိရင်တောင် ကုဒ်တွေကို ဖတ်ပြီး ဘယ်ဘာသာရပ်နဲ့ ပတ်သက်တဲ့ ဒေတာမျိုးလဲ ဘယ်နိုင်ငံကလဲ ဆိုတာကို သိနိုင်ပါတယ်။ ဒီလိုနဲ့ Union Catalogue တွေ ဖြစ်ထွန်းလာပါတယ်။ ပြောရရင် ပုံစံခွက် တစ်ခု လုပ်ထားတယ်။ ဟင်းထည့်တဲ့နေရာမှာ ဟင်းထည့်၊ ထမင်းထည့်တဲ့နေရာ ထမင်းထည့်၊ တို့စရာထည့်တဲ့နေရာ တို့စရာထည့်ကြတော့ ဘာသာစကားနဲ့စာ အနေနဲ့သာ ကွဲပြားကောင်း ကွဲပြားမယ်။ ဒေတာက စနစ်တကျ သူ့နေရာနဲ့သူ ဖြစ်လာတာပါပဲ။

စာအုပ်တွေ ရေးကြတဲ့အခါ စာရေးသူ တစ်ယောက်ရဲ့ နာမည်ဟာ အမျိုးမျိုး ရှိနိုင်တယ်။ မြန်မာပြည် အနေနဲ့ အနောက်နိုင်ငံတွေကလို Surname, First Name စတာတွေ မရှိပေမယ့် ကလောင်နာမည် အမျိုးမျိုး ရှိနေတယ်။ ဥပမာ ဒဂုန်ခင်ခင်လေးဆိုရင် ခင်ခင်လေး၊ ခင်လေး၊ ရတနာပုံထိပ်တင်လှိုင်၊ ယုဝတီလေနီ၊ နားကြီးမျက်စိကြီး၊ ကလောင်ရှင်တစ်ဦး၊ K.L.K (ကုမဿမာရီ)၊ K.L.K (Mandalay)၊ မြကလောင်၊ ရေနန်းသူဇာ၊ ရွှေကလောင်၊ အာကောင်နီ၊ ဒဂုန်ခင်ခင်လေး၊ ယုဝတီ၊ အယ်ဒီတာတစ်ဦး စသည်ဖြင့် ကလောင်အမည် အမျိုးမျိုးနဲ့ ရေးတတ်တယ်။ ဒါပေမယ့် ဒီ ၁၅ခုစလုံးက ဒဂုန်ခင်ခင်လေး တစ်ဦးထဲပဲ။ ဒါကို မသိဘဲနဲ့ တစ်ယောက်ချင်း အနေနဲ့ စာရင်းမှတ်မယ်ဆိုရင် လူ၁၅ယောက် ဖြစ်နေပါလိမ့်မယ်။ နိုင်ငံခြားမှာ ဆိုရင် ကလောင်နာမည်တွေ သိပ်မသုံးကြပါဘူး။ သူတို့ အမည်ရင်းနဲ့ပဲ ရေးကြတာ များတယ်။ ဒါပေမယ့် သူတို့ ဆီမှာလည်း နာမည်တူနေတဲ့ စာရေးသူတွေ ရှိတတ်တယ်။ MARC စနစ်မှာ Authority Control ဆိုတာ ရှိပါတယ်။ အဲဒီကောင်က စာကြည့်တိုက်တွေ အပိုင်းကနေ အဲဒီလို ကွဲပြားမှုတွေကို ထိန်းချုပ်ပေးနိုင်တယ်။ ဒါက စာအုပ်သက်သက် အတွက်ပဲ ရှိပါသေးတယ်။ နိုင်ငံခြားမှာတော့ အသံသွင်းတိပ်ခွေတွေ၊ ဗွီဒီယို အခွေတွေကိုပါ သိမ်းကြတဲ့အခါ ဘယ်သူက ဘယ်နေရာမှာ ဘာအတွက် လုပ်တယ်ဆိုတဲ့ အရာတွေကိုပါ ခွဲခြား သိမ်းပေးရတဲ့ Name/Title Combination ဆိုတာမျိုးတွေပါ ပါလာပါတယ်။ ဥပမာ- စိုင်းထီးဆိုင်ရဲ့ သီချင်းအသံသွင်းတစ်ခု သိမ်းတယ်ဆိုရင် စိုင်းထီးဆိုင် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သိမ်းရုံနဲ့ မလုံလောက်ပါဘူး။ (စိုင်းထီးဆိုင်- အသက်၅ဝပြည့်မွေးနေ့အခမ်းအနား) စသည်ဖြင့် သတ်သတ်မှတ်မှတ် သိမ်းပေးရပါတယ်။

ကိုယ်က နိုင်ငံတကာသုံး စံစနစ်တစ်ခုကို ကိုယ့်ပြည်တွင်းအတွက် သုံးချင်တာဆိုတော့ ဒီပညာရပ်နဲ့ ပတ်သက်တာတွေ လိုက်ဖတ်ရတယ်။ သူများတွေ ရေးထားတဲ့ ပြည်တွင်းက ဆော့(ဖ်)ဝဲတွေ၊ ပြည်ပက ဆော့(ဖ်)ဝဲတွေကို လေ့လာရတယ်။ ကွန်ပျူတာမှာ လုပ်ချင်တဲ့အတွက် ကွန်ပျူတာ ဖှောမတ်တွေကိုလည်း လေ့လာရတယ်။ တကယ်တမ်းတော့ စာကြည့်တိုက် ပညာရှင် တစ်ယောက်သာ ကွန်ပျူတာပညာကို လေ့လာပြီး လုပ်မယ်ဆိုရင် ပိုကောင်းမှာပဲ။ သူ့အနေနဲ့ဆိုရင် ဘာသာရပ် တစ်ခုကိုပဲ လေ့လာစရာ လိုတော့မယ်။ စာကြည့်တိုက်ပညာသုံး စကားလုံးတွေကလည်း သူနဲ့ အကျွမ်းဝင်ပြီးသား ဖြစ်နေတဲ့အတွက် ပိုမြန်မယ်လို့ ထင်မိတယ်။ ဘာသာရပ် မတူတဲ့အခါ အသုံးပြုတဲ့ စကားလုံးတွေရဲ့ အနက်ကလည်း မတူဘူး။ ဥပမာ Tag ဆိုတာကို ကွန်ပျူတာမှာ သုံးတဲ့ပုံစံနဲ့ စာကြည့်တိုက်ပညာမှာ သုံးတဲ့ ပုံစံခြင်း မတူပါဘူး။ အထက်မှာ ပြောခဲ့သလို ပါဆင်နယ်အတွက် သုံးမယ် ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ကြိုက်တဲ့ Variable နာမည်တွေပေး၊ ကြိုက်တဲ့ Metadata Scheme တည်ဆောက်ပြီး လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဒီလို လုပ်တာဟာ နောင်တချိန် ကိုယ့်ဒေတာကို အခြားသူတွေနဲ့ Syncronize လုပ်ချင်တဲ့အခါ အရမ်းဒုကဿခ ရောက်ပါလိမ့်မယ်။ ကျွန်တှောတို့ဆီမှာ အဲဒီလို ဆော့ဖ်ဝဲလ်မျိုးတွေ မတွေ့ရသေးဘူး။ လိုက်ဘရီတွေမှာ သုံးနေကျတဲ့ဟာတွေကလည်း ပြောရရင် ကိုယ်တစ်ကိုယ်တည်း သုံးလို့ရတဲ့ စစဿစတမ်မျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ ဒီစနစ်ကို လေ့လာချင်တဲ့အခါ နိုင်ငံခြား ဆော့ဖ်ဝဲလ်တွေ သူတို့ရေးထားတာတွေကိုပဲ အားကိုးနေရတယ်။ အဲဒီအခါမှာ မြန်မာစာကို ရိုက်သွင်းလို့ မရနိုင်တာမို့ အခက်အခဲတွေ ကြုံရပြန်တယ်။ ပြီးတော့ သူသုံးတဲ့ ပါရာမီတာတွေကို လိုက်မှတ်ရတာနဲ့ ခေါင်းကို လည်ထွက်နေတယ်။

ဒါတွေကို လုပ်ရင်းလုပ်ရင်း လေ့လာရင်း ကျွန်တှော သူတို့ကို သိပ်ချီးကျူးမိတယ်။ လုပ်ထားလိုက်တာ အရမ်းထောင့်စေ့တယ်။ ဟာကွက် မရှိလောက်အောင်ပဲ။ ဟာကွက် ရှိနေခဲ့ရင်လည်း ဘယ်လို ဖြေရှင်းမယ်ဆိုတာကို အမြဲလုပ်နေကြတယ်။ ကျွန်တှော မကြာခဏ ပြောဖူးသလို အရာတိုင်းဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ တစ်ခု မရှိရင် အခြားတစ်ခု လုပ်လို့ မရတဲ့ဟာတွေ ရှိတယ်။ ဒီလိုက်ဘရီစနစ်မှာ Indicator ဆိုတာတွေ ရှိတယ်။ ပွိုင့်တာ နှစ်ခုပေါ့။ တချို့အပိုင်းမှာ အင်ဒီကေတာတွေက စာလုံးဘယ်နှစ်လုံး ကျှောမယ်၊ ဖြတ်မယ် ဆိုတာတွေကို ညွှန်ပြတယ်။ The Cities of Myanmar ဆိုတဲ့ နာမည်တစ်ခုဆိုရင် သူတို့က ရှေ့ဆုံးက The+Space (၄) နေရာကို ကျှောပြီး Cities ကနေ စအလုပ်လုပ်တယ်။ အဂဿငလိပ်စာမှာတော့ ဒီလို ၄နေရာ ခွဲမယ်လို့ ပြောရတာ လွယ်တာပေါ့။ မြန်မာစာကျတော့ ပုံစံက ပြောင်းသွားပြီ။ အဂဿငလိပ်စာလုံး ဖွဲ့စည်းပုံနဲ့ မြန်မာစာလုံး ဖွဲ့စည်းပုံက မတူညီတော့ သူတို့သုံးတဲ့စနစ်ကို Localize (မြန်မာမှု) လုပ်ရတာ တှောတှောခက်ပါတယ်။ မြန်မာစာလုံး Wordbreak မပြောနဲ့ Syllable (ဝဏဿဏ) တစ်ခုတည်းကိုတောင် တိတိပပ ဖြတ်တဲ့စနစ် ကျွန်တှောတို့ဆီမှာ မရှိသေးဘူး။ အဲဒီအခါမှာ အရင်တုန်းက ကျွန်တှောတို့ လေ့လာခဲ့တဲ့ အရာတွေက အသုံးဝင်လာတယ်။ Rule တွေ ရေးလို့ ရလာတယ်။ ဒါတွေကိုသာ တကယ်လို့ အရင်တုန်းက မလေ့လာခဲ့ဖူးဘူးဆိုရင် အခု ဒီစနစ်ကို လေ့လာချိန်မှာ ဘယ်လိုဖြေရှင်းရမယ် သိတော့မှာ မဟုတ်ဘူး။ အင်တာနက်ဟာ ကျွန်တှော့အတွက်တော့ မရှိမဖြစ် အရေးကြီးပါတယ်။ ဒီကနေ ကျောင်းတက်စရာ မလိုဘဲ ပညာရပ်ပေါင်းများစွာ သင်ယူနိုင်ခဲ့တယ်။ အခုလောလောဆယ်တော့ ဒီဘာသာရပ်မှာ နဲနဲ ရှုပ်ထွေးနေတုန်းပဲ။ သူတို့ရှင်းထားတဲ့ ဝဘ်ဆိုဒ် တစ်ခုလုံးကို စက်ထဲသွင်းပြီး ဖတ်နေဖြစ်တယ်။ ဒီပညာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူ ရှိတယ်ဆိုရင် ကျွန်တှော တပည့်ခံချင်သေးတယ်။ Everything is connected to everything else!


No response to “Library Management System”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz