Friday, May 15, 2009

Diary 15.05.2009


အဆင်မပြေမှုတွေ ကြုံခဲ့ရတာ တစ်နှစ်ပြည့်တော့မယ်။ ဆက်တိုက်ဆိုသလို ကိုယ်ဘာမှ မလုပ်ရဘဲ ကိုယ့်စိတ်ကို ညစ်ညူးအောင် လုပ်ခဲ့ကြတဲ့ အရာတွေ မကုန်နိုင်သေးပါလားလို့ အံ့အားသင့်မိတယ်။ တစ်ရက်တစ်ရက် အိမ်ကလူတွေရဲ့ ပြသဿသနာပေါင်းစုံကို ဖြေရှင်းနေရတာနဲ့ တကယ်ကို ထွက်ပြေးချင်တယ်။ သူတို့ ပြသဿသနာတွေကို နားထောင်ရှင်းလင်းပေး နေရာတာနဲ့ပဲ ကိုယ့်ပြသဿသနာကိုတောင် ပြောပြခွင့် မရတော့ဘူး။ ပြောချင်စိတ်လည်း မရှိပါဘူး။ ကျွန်တှောက ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ့်ပြသဿသနာကိုယ်ရှင်း၊ ကိုယ့်လှေကိုယ်ထိုး ဒါမျိုးပဲ။ ဒီလို ကျွန်တှောက မပြောတော့ သူတို့က ကျွန်တှော့မှာ ဘာအခက်အခဲမှ မရှိဘူး ထင်ကြတယ်။ ၁၅နှစ်သားထဲက တစ်ယောက်တည်း နေလာခဲ့တာ။ အခုကျမှ လူပေါင်းစုံနဲ့ ဆက်ဆံ နေရတော့ အရင်က တစ်ရက်နေလို့မှ စကားတစ်ခွန်းတောင် ပြောချင်မှ ပြောဖြစ်တဲ့ ကျွန်တှော အခုတော့ စကားပေါင်းစုံ ပြောရတယ်။ စကားပေါင်းစုံ ကြားရတယ်။

အိမ်မှာ အမွှေဘုရင် သူငယ်ချင်းတစ်ကောင် ရှိတယ်။ စောက်သုံးမကျတဲ့ မိန်းမတစ်ယောက်ကြောင့် ဒုကဿခမျိုးစုံ ကြုံရတဲ့ အကိုနဲ့ သူ့သား ရှိတယ်။ ထမင်းဟင်းချက်ဖို့ မိန်းမနှစ်ယောက် ခှေါထားရတယ်။ နှစ်ယောက်သာဆိုတယ် နှစ်သိန်းလောက် ရှိတယ်။ တစ်ရက်တစ်ရက် သူတို့ကို ပြောနေရတာနဲ့တင် တှောတှော ညစ်လာတယ်။ ကိုယ်အပြင်သွားရင် အိမ်ကဖုန်းနဲ့ နယ်တွေ ခှေါကြတယ်။ ကြိုသွင်းငွေ တစ်သိန်းခွဲ သွင်းထားတာကို ရလနဲ့ အကုန်ပြောပစ်တယ်။ ထားတော့ ပိုက်ဆံကုန်တာကို မပြောလိုဘူး။ အဲဒီမှာ နောက်ဆက်တွဲ ပြသဿသနာတွေက လာပါလေရော။

ဖုန်းခက တစ်သိန်းခွဲမှာ ၁၄၉ကျပ် ကျှောသွားလို့တဲ့ ဖုန်းက အပိတ်ခံလိုက်ရတယ်။ ဖုန်းအပိတ်ခံရတော့ ဖုန်းရုံးကိုသွားတယ်။ ဗိုလ်ဆွန်ပက်လမ်းက ဖုန်းရုံး။ အဲဒီရုံးက ကျွန်တှော မသွားချင်ဆုံး ရုံးတွေထဲက တစ်ခု။ တစ်ခါသွားမိရင် တစ်နေကုန်ပြီး လူတစ်ကိုယ်လုံး နွမ်းနယ်သွားလောက်အောင် ဒုကဿခပေးတဲ့ရုံး။ မတတ်နိုင်ဘူး အပိတ်ခံထားရတော့လည်း ဒဏ်ကြေးဆောင်ဖို့ သွားရပြန်တယ်။ ကျွန်တှော စဉ်းစားလို့ မရဘူး။ ဆက်သွယ်ရေးဆိုတာ အစိုးရကို နိုင်ငံခြားငွေ အများဆုံး ရှာပေးတဲ့ ဌာနတစ်ခု။ ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ ဖုန်းတစ်လုံး ဒှေါလာ ၂၀၀၀ လောက် ပေးဝယ်ရတဲ့ဌာန။ တစ်ရက်တစ်ရက်ကို ဝင်ငွေ သိန်းရာပေါင်းများစွာ ရှာပေးတဲ့ဌာန။ ကျွန်တှောတို့က ဖုန်းကို အလကား ဆက်နေတာ မဟုတ်ဘူး။ ကျွန်တှောတို့က ကာစတမ်မာ။ ဒီကာစတမ်မာတွေကြောင့် ဒီဝင်ငွေ ရနေတယ် ဆိုတဲ့ ကမဿဘာတစ်ဝှန်းလုံး လက်ခံထားတဲ့ စီးပွားရေး သဘောတရားကို သူတို့ သဘောမပေါက်ဘူး။ ကျွန်တှော ငွေလက်ကျန်စစ်တဲ့ အခန်းက ဝင်ပေါက် တစ်ပေါက်ပဲ ရှိတယ်။ ပြူတင်းပေါက်တောင် မရှိဘူး။ အဲဒီအခန်းမှာ လူတွေနဲ့ ပြည့်ကျပ်နေတယ်။ ဝင်လိုက်တာနဲ့ အညှီနဲ့တွေ၊ ချွေးနံ့တွေ၊ လေပူတွေ ဝုန်းခနဲ နှာခေါင်းထဲကို တန်းဝင်လာလိုက်တာ ခေါင်းတောင် မူးနောက်သွားတယ်။ လူတိုင်းကို ကြည့်လိုက်ရင် ချွေးသံတရွှဲရွှဲနဲ့ ပင်ပန်းတကြီး တိုးဝှေ့နေရတယ်။ သူတို့ အလုပ်ခန်းထဲမှတော့ အဲယားကွန်းနဲ့ ဘာနဲ့။ အပြင်ကလူတွေကတော့ ကျွဲတွေ နွားတွေ ဖြစ်နေတယ်။ ကြွေးစာရင်းစစ်တာကလည်း စနစ်တကျ မရှိဘူး။ စစ်ပြီးလို့ စာအုပ်ပြန်ပေးတော့လည်း အှောနေတဲ့ မိန်းမက အခန်းထဲက။ ဘယ်လိုလုပ် အပြင်ကလူက ကြားရမလဲ။ အဲဒီတော့ ဘာလုပ်ရသလဲဆိုတော့ မြန်မြန်ပြီးအောင် သူအှောတာကို ကိုယ်က ထပ်ဆင့် အှောပေးရပြန်တယ်။ လှောစပီကာကြီးကို ဖြစ်လို့။ ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတှောနွား သွားကျောင်းပေးနေရတာ။ ချွေးတလုံးလုံးနဲ့ ရုပ်ပျက်ဆင်းပျက် တစ်နာရီလောက် ဖြစ်ပြီးတော့မှ စာအုပ်လေးက ထွက်လာတယ်။ ဒီစာအုပ် ထွက်လာရင် အကြွေးစာရင်းရှင်းဖို့ ထပ်ပြီး တစ်နာရီလောက် တန်းစီရဦးမယ်။ လူတန်းကြီး ဆိုတာကလည်း မြွေလိမ်မြွေကောက်တောင် မဟုတ်တော့ဘူး။ ဒါနဲ့ စိတ်ပျက်လက်ပျက် ပြန်ထွက်လာတော့တယ်။ ပိုက်ဆံ ၁၅၀၀ ပေးပြီး အန်ဒါဂရောင်း ချန်နယ်ကနေ သွားတော့မယ်။ ပြောချင်တာကဗျာ.. ဒီလောက် ပိုက်ဆံဝင်တဲ့ ဌာနက ဒီလို နေရာမှာ ပြည်သူလူထုကို၊ သူတို့ကို ငွေလာပေးတဲ့သူကို သက်သက်သာသာလေး အဆင်ပြေပြေ အလုပ်ပြီးစေဖို့ အဲယားကွန်းလေးတွေ ၁ဝလုံးလောက် တပ်ပေးမယ်၊ ခုံလေးတွေ လုပ်ထားပေးပြီးတော့ လာဆောင်တဲ့သူတွေကို သက်သက်သာသာလေး ထိုင်ခိုင်းထားမယ်၊ Token ယူတဲ့ စနစ်နဲ့ ပြီးတဲ့သူကို နံပတ်လေး ပြောမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဒီစနစ်က ဘာမှ မခက်ခဲသလို ဘယ်လောက်မှလည်း ကုန်တဲ့ဟာ မဟုတ်ဘူး။ လူတွေလည်း ပိုက်ဆံပေးရတာခြင်း အတူတူ ကိုယ်ရောစိတ်ပါ သက်သာတယ်။ ကျွန်တှော အဲဒီအခန်းထဲမှာ ဘာတွေးနေမိတယ် ထင်လဲ။ ဒီအခန်းထဲက လူတစ်ယောက်ယောက် အသက်ရှူရပ်ပြီး သေသွားရင် ကောင်းမယ်လို့။ ဒီလောက် အလုံပိတ်အခန်းထဲမှာ လေမရ၊ အောက်စီဂျင်မရနဲ့ ကျွန်တှောအပါအဝင် လူတွေအားလုံး စိတ်ဇောတစ်ခုထဲနဲ့ ဒုကဿခကိုတောင် ဂရုမပြုနိုင်ကြဘူး။ အဲ လျှို့ဝှက်လမ်းတွေကျတော့ တစ်မျိုး။ အဲဒီလို ဖုန်းဘေလ်တွေ ဘာတွေကို ကိုယ်စား သွင်းပေးတဲ့ ဝန်ဆောင်မှုကုမဿပဏီတွေ ရှိတယ်။ သူတို့ကို တစ်လ ၁၅၀၀ လောက် ပေးရတယ်။ သူတို့ကျတော့ ဘယ်လို ပိုင်တယ် မသိဘူး။ စာအုပ်တွေ အထုပ်လိုက် ယူလာတယ်။ သူများတွေ တန်းစီတဲ့နေရာ စီစရာ မလိုဘူး။ အခန်းထဲ တိုက်ရိုက်သွားရုံပဲ။ ခဏနေတော့ ပြန်ထွက်လာတယ်။ တန်းစီနေတဲ့ ကောင်တွေက သောက်ရူးတွေလား။ ဆက်ပြောရင် ကုန်မှာ မဟုတ်တော့ဘူး။ ဒါနဲ့ပဲ တခြားဘယ်အလုပ်မှ ဆက်မလုပ်နိုင်ဘဲ ပြန်ခဲ့ရတယ်။ အဲဒီအလုပ် တစ်ခါတည်း ပြီးပြတ်သွားလား ဆိုတော့လည်း မပြီးပြတ်ဘူး။ ဒီတော့ ဒေါသထွက်ရတယ်။ စိတ်ညစ်ညူးရတယ်။ အခုနကလို ဖုန်းတွေပြောလို့ ချုပ်ခြယ်ချင်တာ တားမြစ်ချင်တာ မဟုတ်ဘူး။ ဒီလို ဒုကဿခတွေ ကြုံရမှာစိုးလို့ ပိုက်ဆံအများကြီး ကြိုသွင်းထားတာ။ ကိုယ်လည်း ကိုယ့်လက်ကိုင်ဖုန်းနဲ့ပဲ ပြောတာ။ ဒါကို မတရား ပြောကြတော့ ဒီနောက်ဆက်တွဲ ပြသဿသနာတွေကို ကိုယ်က လိုက်ရှင်းရရော။ ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့ အချိန်ဆိုရင် ဘာနဲ့ သွားသွင်းမလဲ။

တခါတလေ တချို့တွေ လုပ်လိုက်တဲ့ ကိစဿစလေး တစ်ခုဟာ သူတို့ အထင်တော့ သေးသေးလေးပဲ၊ ဒါပေမယ့် တကယ့်နောက်ဆက်တွဲ ပြသဿသနာတွေက အများကြီးရယ်။ ဘဝကြီးကို တှောတှော စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။ က်ြန္ေတာှ မေပ်ာှရြွင္ဘူး။ လွတ်မြောက်ရာ တစ်ခုခုကို ရှာတွေ့ချင်နေတယ်။ တစ်ရက်တစ်ရက် မွန်းကြပ်မှုတွေကြားမှာ ဘာအနုပညာမှလည်း လုပ်လို့ မရဘူး။ စိတ်ကူးလေးတွေ ထွက်လာရင်တောင် လက်က မရေးနိုင်ဘူး၊ ရေးချင်စိတ် ဖြစ်မလာဘူး။ အနုပညာမပြောနဲ့ တခြား ထမင်းစားဖို့တောင် ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး ဖြစ်နေတယ်။ စနေဂြိုဟ်များ သက်ရောက်နေသလားကွယ်။


No response to “Diary 15.05.2009”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz