Sunday, May 31, 2009

မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၃)

မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၃)


ပထမတော့ အားဒမ်သည် မရိပ်မိသေးချေ။ ဒညင်းမယ်လေးကို ကြည့်လိုက်တိုင်း ရေကန်ထဲ ဆင်းဆင်းနေသည်ကိုသာ တွေ့ရသည်။ သူစကားလှမ်းပြောသည်ကိုပင် ပြန်မပြော။ အေးမကလည်း ထူးထူးဆန်းဆန်း ခုတလောမှ ဒညင်းမယ်လေးနှင့် ပတ်သက်သမျှ ဘာပြသဿသနာမှ မလုပ်ချေ။ ထိုသို့သာ အမြဲတမ်း အေးအေးချမ်းချမ်းဆိုလျှင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။ အခုတော့ အေးမ ပြသဿသနာ မရှာတော့သော အခါမှ ဒညင်းမယ်လေးက သူ့ကို ရှောင်နေလေပြီ။ သူ့စိတ်သည် မရိုးမရွ ဖြစ်လာ၏။ ခါတိုင်းမြင်နေကျ စကဿခုအာရုံလေး မမြင်တွေ့ရတော့သဖြင့်လည်း ခြေဖဝါးကို ဓါးနှင့်ခွဲ ဆားပက်ပြီးမှ မီးကင်ခံရရှာသော ဗိမဿမသာရမင်းကြီးလို ခံစားရလေသည်။ သူ့အပှေါကို တစ်ခုခုများ ငြိုငြင်နေသလားလို့ အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ရှာ၏။ အေးမနှင့် အမြဲတမ်း ဒီလိုကြီး ပူးတွဲပူးတွဲ လုပ်နေလို့များ အမျက်သိုလေသလားလို့လည်း စေ့စေ့ပေါက်ပေါက် တွေးမိလေ၏။ ဤသို့ ဆိုလျှင်တော့ သူ့အနေဖြင့် ဘယ်လိုမှ မတတ်နိုင်။ ဘုရားသခင် စီစဉ်ထားသည်ကိုး။ ဒါဆိုရင် ဘာကြောင့် ဒညင်းမယ်လေး သူ့ကို သိသိသာသာကြီး ရှောင်နေရသနည်း။ ဤသို့ဖြင့် အခါမလပ် အားဒမ်၏ စိတ်တွင် ယင်းအတွေးများ ဝင်နေလေရာ အိပ်ပျှောနေလျှင်တောင်မှ ဒညင်း၊ ဒညင်းဟု ရေရွတ်သည်အထိ ဖြစ်လာသည်။ (နောင်သောအခါ အားဒမ် အိပ်ပျှောနေစဉ် တွေးနေသော ဒညင်းဒညင်းကို Dream Dream ဟု ခှေါကြလေသည်)။

တစ်ရက်တော့ သူအေးမကို အဘယ်ကြောင့် ဒညင်းမယ်လေး သူတို့နှင့် မနေဘဲ ရေကန်ထဲ ဆင်းဆင်းနေသည့် အကြောင်းကို တီးခေါက်လေ၏။ အေးမကတော့ အမူအရာမပျက်ဘဲ အို.. ဒါကတော့ရှင် ရှင်နဲ့ ကျွန်မကြားထဲ သူဝင်ပြီး ခလောက်ဆန်မိတာ သိသွားလို့ နောင်တရပြီး ခပ်ဝေးဝေးမှာ နေတာဖြစ်မှာပေါ့လို့ ဆိုလေ၏။ ဒီကောင်မ မရှိတာ ဘာအရေးများလဲ.. ကျွန်မတစ်ယောက်လုံး ရှိပါသေးတယ်ရှင့်.. အရင်ထဲက အားဒမ်ရဲ့ မူပိုင်က အေးမဆိုတာ အားလုံး အားလုံး သိကြတာပဲ.. ရှင်ကလဲ ကျွန်မကိုပဲ ချစ်တယ် ချစ်တယ် တတွတ်တွတ် ပြောနေပြီးမှ ဘာအခုမှ ဒညင်းမယ်အတွက် ပူပန်နေရတာလဲ ဟု မျက်တောင်လေးချီကာ ပြောလိုက်သေးသည်။ ပြီးတော့ သူ့ရင်အုပ်ကျယ်ကြီးကို ခေါင်းအပ်ပြီး အတင်းဖက်ထားပြန်သည်။ အရင်ကတော့ ဒီလို အချိန်လေးတွေဟာ သာယာသည်ပေါ့။ ယခုအခါတွင်တော့ စိတ်ညစ်စရာ ဖြစ်နေပေပြီ။

အားဒမ်သည် အတင်းဖက်တွယ်နေသော အေးမ၏ လက်များကို ခွါထုတ်လိုက်ပြီး လေပူတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်၏။ ဒါကြောင့်လည်း မိန်းမတွေ ဉာဏ်နည်းတယ်လို့ ပြောတာနေမှာဟု တွေးလိုက်မိသည်။ စဉ်းစားကြည့်လျှင် ရေကြည့်လိုက်လျှင်တောင်မှ လက်ငါးချောင်း မပြည့်ချင်တဲ့ လူ့လောကကြီးထဲတွင် အားနွဲ့သူ မိန်းမသားလေး တစ်ယောက်တည်း သူတို့ကို ခွဲပြီး သွားနေတာ ဘယ်လောက် အထီးကျန်လိုက်မလဲ။ သူတောင်မှ ရေကန်ထဲ ကြာကြာမနေနိုင်၊ နှုတ်ခမ်းများ ပြာတက်ပြီး တကိုယ်လုံး တုန်ခါ လာတက်သည်။ ဒညင်းမယ်လေး တနေကုန် တနေခန်း ရေထဲမှာ နေနေတာ ဘယ်လောက် ချမ်းရှာလိမ့်မလဲ။ သူ့ခမျာ အေးမလို ဖက်ထားစရာ ယောက်ျားသားလည်း မရှိပြန်တာ ဘယ်လောက် သနားစရာ ကောင်းလိုက်သလဲ။ သူသာ ဒညင်းမယ်လေးနား ရှိလျှင်တော့ အနည်းဆုံး အကိုလို မောင်လို စိတ်မျိုးနဲ့ သူမ ဖက်ထားချင် ဖက်ထားလို့ ရသည်ပေါ့။ ဒီထက် ပိုဆိုးတာက အဲဒီရေကန်။ အဲဒီရေကန်မှာ မွေးဖွားရှင်သန်နေကြတဲ့ အကောင်တွေက အများကြီးရယ်။ သူတောင် ဟိုးတခါ ရေဆင်းချိုးတုန်းက လက်ကို ငါးတွတ်လို့ အမြန်ပြန်တက်ခဲ့ရဖူးသည်။ နောက်တကြိမ်တွင်တော့ မင်းသုဝဏ်၏ မျှော့နက်မည်းကြီး တွယ်လေ၏။ ဒီအနဿတရာယ်တွေကို ဒညင်းမယ်လေး သိမှ သိပါရဲ့လား။ အားဒမ်သည် တွေးမိလေ တွေးမိလေ ဒညင်းမယ်လေး၏ မျက်လုံးရွဲကြီးကိုလည်းကောင်း၊ ပါးနီနီလေးကိုလည်းကောင်း၊ ရှည်လျား သွယ်ပြောင်းသော လက်ချောင်းလေးများကိုလည်းကောင်း၊ တခစ်ခစ်ရယ်သံ လွင်လွင်လေးကိုလည်းကောင်း၊ စိတ်ကောက်လျှင် ထှောပြီး စူထားတတ်သော နှုတ်ခမ်းထူထူလေးကိုလည်းကောင်း မျက်လုံးထဲတွင် တရေးရေး မြင်ယောင်နေလေတော့သည်။

တနေ့။ ထိုနေ့သည်လည်း နေသာပြီး မိုးမရွာပါ။ လေပြေများက ဒဂုန်တာရာ ပြောသလို တနော့နော့ တိုက်နေပြီး အေးမသည် သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးနေသော မျောက်များကိုကြည့်ကာ ဂျူးကဲ့သို့ ဘုရားရေ.. ဘုရားရေဟု အဆက်မပြတ် တနေ၏။ အားဒမ်သည် သူခူးလာသော သီဟိုဠ်စေ့ များကို မီးဖုတ်ပြီး ရည်ရွယ်ချက်ရှိရှိ အေးမကို ကျွေးနေ၏။ ထိုအစေ့များ များများစားလျှင် သွေးတက်ပြီး အလွန် အိပ်ပျှောတတ်ကြောင်း သူသိထားသည်။ မကြာမီပင် အေးမသည် မထူးခြားသော မြင်ကွင်းကြောင့်လည်းကောင်း သီဟိုဠ်စေ့ တန်ခိုးကြောင့်လည်းကောင်း သွေးတက်ပြီး ပျင်းရိလေးလံလာကာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျှောသွားလေတော့၏။ ထိုကဲ့သို့ အေးမ နှစ်ခြိုက်စွာ အိပ်ပျှောမည့် အချိန်ကို အားဒမ် စောင့်နေခဲ့သည်မှာ တှောတှောကြာခဲ့လေပြီ။ အခုလို အခွင့်ကောင်း ကြုံသည်နှင့် ရေကန်ရှိရာသို့ ပြေးတော့သည်။ သနားစရာ ဒညင်းမယ်လေးသည် ရေကန်ထဲမှ တဆတ်ဆတ်တုန်ကာ သူ့ကို ကြည့်နေလေ၏။ အားဒမ်သည် ရေထဲသို့ ဖြေးဖြေးဆင်းပြီး ဒညင်းမယ်လေးအနားသို့ တိုးကပ်သွားလေ၏။ ယခင်က ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်ကာယကလေးမှာ ယခုအခါ အတှောချောင်ကျသွားပါလားဟု သူတွေးမိလိုက်သည်။ ဒညင်းမယ်လေးသည်လည်း သူဆင်းလာသော အခါမှ မျက်ရည်များ ပေါက်ပေါက်ပေါက်ပေါက် ကျလာကာ ရက်စက်လိုက်တာ ရက်စက်လိုက်တာဟု မြည်တမ်းလေသည်။ အားဒမ်သည် ဒညင်းမယ်လေးကို သူ၏ သန်မာသော လက်ကြီးဖြင့် ခနဿဓာကိုယ်အတွင်းသို့ နစ်ဝင်လုမတတ် ထွေးဖက်လိုက်ပြီး ဘာဖြစ်လို့ ကိုယ့်ကို ရှောင်နေရတာလဲကွယ်ဟု ကျှောဆွေ၏ လေသံဖြင့် မေးလေသည်။ ဒညင်းမယ်လေးသည် မျက်ရည်မပြတ်ဘဲ ညှိုးငယ်သော မျက်နှာလေးဖြင့် ဦးသမီးကို သေစေချင်နေတာ သမီးသိတယ်.. သမီးသိတယ်.. ဦးသိပ်ရက်စက်တယ် စသည်ဖြင့် တတွတ်တွတ် ပြောရင်းငို ငိုရင်းပြောလေ၏။

အားဒမ်သည် လက်နှစ်ဖက်ဖြင့် ဒညင်းမယ်လေး၏ မျက်နှာကို မော့လိုက်ပြီး အိုကွယ် မဟုတ်လိုက်တာ.. ကိုယ်မင်းကို ဘာများ အပြစ်လုပ်မိလို့လည်းကွယ်.. မင်းမရှိလို့ ကိုယ်အထီးကျန်နေတာ မင်းသိရဲ့လား ဘာညာဖြင့် ယောက်ျားတို့ တပ်အပ်သော အဋဿဌာရသဿသ မ်ားကို ဝမ်းတွင်းပါ တတ်ပြီးသည့်ပမာ စကားကို စီကာစဉ်ကာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောလေ၏။ ထိုကျမှ ဒညင်းမယ်လေးက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေသည်။ အားဒမ်သည် နားထောင်ရင်း နားထောင်ရင်း အေးမကို လည်ပင်းညှစ်သတ်ချင်စိတ် တဖွားဖွား ပှေါလာ၏။ ဒညင်းမယ်လေးကိုကား သနားပြီးရင်းသနား ရင်ခွင်မှာသာ အပ်ထားလိုက်ချင်တော့၏။ ဒညင်းမယ်လေးက သမီးသိပ်ကြောက်တာပဲ ဦးရယ် ဟုပြောပြီး ခေါင်းလေး မော့လိုက်သောအခါ အားဒမ်သည် မည်သို့ စိတ်ကူးပေါက်သွားသည်မသိ သူမ၏ နှုတ်ခမ်းဖူးဖူးလေးအား တရှိုက်မက်မက် နမ်းမိလေတော့သည်။ အေးမကိုပင် သူတစ်ခါမှ ဤသို့ မနမ်းစဖူး။ မနမ်းစဖူး အနမ်းထူးသောကြောင့် သူတို့နှစ်ဦးသားမှာ သဘာဝတရား၏ လျှို့ဝှက်ထားသော သဘောတရားကို ရှာဖွေတွေ့ရှိပြီး ယင်းရေအလျဉ်တွင် တသွင်သွင်မျောပါကာ ပတ်ဝန်းကျင်ကို အမေ့ကြီး မေ့နေကြသည်။ ကန်ဘေးသစ်ပင်ထက်မှ မျောက်များက အုန်းသီးများကို ထုရိုက် အားပေးနေကြပြီး ခွေးများက အူသံပေးကာ ချီးယားလုပ်၏။ တောက်တဲ့က တောက်တဲ့တောက်တဲ့ မြည်သံကို အားဒမ်နားတွင် တှောတယ် တှောတယ်ဟု ကြား၏။ ဒေါင်းများက ကမဿဘာ့ဖလား ဘောလုံးပွဲ သီချင်းဖြစ်သော အိုဝေး..အို…ဝေး..အိုးဝေ ဟူသော အိုးဝေသီချင်းဖြင့် တပ်လှန့်၏။ အားဒမ်တွင် မျှော့သုံးကောင် တွယ်ကပ်နေပြီး၊ ဒညင်းမယ်လေးတွင်တော့ ရှစ်ကောင်ခန့် တွယ်ကပ်နေလေပြီ။ ထိုအခိုက် အေးမသည် အေးစက်သောရေ၏ အထိအတွေ့ကြောင့် မိန်းမော အိပ်ပျှောနေရာမှ လန့်နိုးလာပြီး အားဒမ်နှင့် ဒညင်းမယ်လေးတို့၏ ဖရန့်ကစ်ကို တွေ့သွားကာ အောင်မလေး အရပ်ကတို့ရေဟု အာခေါင်သံကြီးဖြင့် ကြုံးအှောလိုက်လေတော့သည်။


No response to “မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၃)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz